ကမ္ဘာ့အကြီးဆုံး ကျောက်သားဆင်တုတော်ကြီးရဲ့ သမိုင်းအကြောင်း

Unicode

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒီဆင်းတုတော်ကြီးကို တရုတ်နိုင်ငံ တန်မင်းဆက်(အေဒီ ၆၁၈- ၉၀၇ ) မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး မင်ဂျင်း ၊ ဒါဒူ နဲ့ကွင်ဂျီမြစ်သုံးခုပေါင်းဆုံရာတောင်နံရံမှာထွင်းထုထားတာပါ။

တရုတ်နိုင်ငံတောင်ပိုင်းဇီချွမ်ပြည်နယ်မြို့တော်Leshanရဲ့အရှေ့ဘက်Emei တောင်ရဲ့ မြစ်ကမ်းပါးတစ်ခုပေါ်မှာ ခက်ခက်ခဲခဲ အနုပညာမြောက် ထွင်းထုထားတာပါ။

ရုပ်ပွားတော်ကြီးကိုတရုတ်ဘုန်းတော်ကြီးHaithong က၇၁၃ခုနှစ်မှာဦးစီးတည်ဆောက်ခဲ့ပါတယ်။တစ်ချိန်ကဒီနေရာဟာရေစီးအလွန်ကြမ်းလှပြီးလှေသင်္ဘောများမကြာခဏမှောက်လေ့ရှိတာကြောင့် ဒီအန္တရာယ်ကို ပျောက်ကင်းစေခြင်း အလို့ငှာ ဘုန်းတော်ကြီးက တည်ဆောက်ခဲ့တာပါ။

ရုပ်ပွားတော်ကြီးထွင်းထုရာမှာထွက်လာတဲ့ကျောက်တုံးတွေဟာမြစ်ထဲကိုကျရောက်ပြီးမြစ်ရေစီးမှုကိုနှေးကွေးသွားစေတဲ့အတွက်ဒီဆင်းတုတော်ကြီးကို တည်ဆောက်ပြီး

နောက်ပိုင်းမှာ လှေ၊ သင်္ဘောနစ်မြုပ်မှုတွေအလွန်နည်းပါးသွားပါတယ်။ဘုန်းတော်ကြီးရဲ့ဆန္ဒပြည့်ဝခဲ့ပါတယ်။ ဘုန်းတော်ကြီးဟာ ရုပ်တုတော်ကြီး မပြီးဆုံးမီမှာ ကွယ်လွန်ခဲ့ပြီးတဲ့နောက် ရန်ပုံငွေနည်းပါးမှုကြောင့်

ရုပ်တုတည်ဆောက်ထွင်းထုခြင်းကို ရပ်တန့်ခဲ့ရပါတယ်။ နှစ် ၇၀ ကျော်မှ အလှူရှင်ပေါ်လို့ ပြန်ဆောက်နိုင်ပြီး အေဒီ ၈၀၃ခုနှစ် မှာ ပြီးအောင်တည်ဆောက်နိုင်ခဲ့ပါတယ်။

ရုပ်ပွားတော်ကြီးဟာ ၇၁မီတာ(၂၃၃ပေ)မြင့်မားပြီးဒီလိုအမျိုးအစားရုပ်ပွားတော်တွေထဲကအကြီးဆုံးဖြစ်ပါတယ်။ပုခုံးနှစ်ဖက်၇၉ပေကျယ်ပြီး လက်ချောင်းတွေကတော့၂၇ပေရှည်ပါတယ်။

မြစ်ကမ်းဘေးမှာတည်ဆောက်ထားတဲ့အတွက်ကုန်းလမ်း၊ရေလမ်းနှစ်မျိုးလုံးနဲ့ဖူးမျှော်နိုင်ပါတယ်။ရုပ်ပွားတော်ကြီးဘေးမှာအပေါ်ကိုတက်တဲ့လမ်းရှိပြီးဦးခေါင်းတော်နဲ့တစ်တန်းတည်းအမြင့်ကနေဖူးနိုင်ပါတယ်။အတက်အဆင်းလမ်းတွေကို ၈ရာစုခန့်တည်းက တည်ဆောက်ထားခဲ့တယ်လို့ သိရပါတယ်။

ရုပ်ပွားတော်ကြီး တည်ရှိရာတောင်ကို Emei တောင်လို့ခေါ်ပြီး ဒီတောင်ပေါ်မှာ နှစ်ထောင်ချီ သက်တမ်းရှိတဲ့ အပင်များလည်းရှိနေပါတယ်။ အရင်တုန်းကတော့ ရုပ်ပွားတော်ကြီးမှာ ဘုံအမြင့် ၃၀ထပ် အမိုးရှိပြီး မွန်ဂိုကျူးကျော်သူတွေဖျက်စီးပစ်လိုက်တဲ့အတွက်

ယခုအခါမှာတော့ မရှိတော့ပါဘူး။

ရုပ်ပွားတော်ကြီးဟာလေဒဏ်မိုးဒဏ်ရာသီဥတုဒဏ်ကိုနှစ်ပေါင်း၁၃၀၀ကျော်ခံခဲ့ပေမယ့်ပျက်စီးခြင်းမရှိတဲ့အကြောင်းကတော့ထွင်းထုတည်ဆောက်စဉ်တုန်းကရေဆင်းမြောင်းတွေ၊ရေဆင်းပိုက်တွေထည့်သွင်းတည်ဆောက်ခဲ့တဲ့ပညာရှင်တွေရဲ့အိုင်ဒီယာကြောင့်လို့ သိရပါတယ်။

နှစ်စဉ် ထောင်သောင်းချီတဲ့ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့ရှိတဲ့ဒီရုပ်ပွားတော်ကြီးကို၁၉၉၆ခုနှစ်မှာယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် ထည့်သွင်းသတ်မှတ်ပြီး ထိမ်းသိမ်းခဲ့ပါတယ်။

Credit

Zaw Gyi

ကမာၻ႔အေမြအႏွစ္စာရင္းဝင္ ဒီဆင္းတုေတာ္ႀကီးကို တ႐ုတ္ႏိုင္ငံ တန္မင္းဆက္(ေအဒီ ၆၁၈- ၉၀၇ ) မွာ တည္ေဆာက္ခဲ့တာျဖစ္ၿပီး မင္ဂ်င္း ၊ ဒါဒူ နဲ႔ကြင္ဂ်ီျမစ္သုံးခုေပါင္းဆုံရာေတာင္နံရံမွာထြင္းထုထားတာပါ။

တ႐ုတ္ႏိုင္ငံေတာင္ပိုင္းဇီခြၽမ္ျပည္နယ္ၿမိဳ႕ေတာ္Leshanရဲ႕အေရွ႕ဘက္Emei ေတာင္ရဲ႕ ျမစ္ကမ္းပါးတစ္ခုေပၚမွာ ခက္ခက္ခဲခဲ အႏုပညာေျမာက္ ထြင္းထုထားတာပါ။

႐ုပ္ပြားေတာ္ႀကီးကိုတ႐ုတ္ဘုန္းေတာ္ႀကီးHaithong က၇၁၃ခုႏွစ္မွာဦးစီးတည္ေဆာက္ခဲ့ပါတယ္။တစ္ခ်ိန္ကဒီေနရာဟာေရစီးအလြန္ၾကမ္းလွၿပီးေလွသေဘၤာမ်ားမၾကာခဏေမွာက္ေလ့ရွိတာေၾကာင့္ ဒီအႏၲရာယ္ကို ေပ်ာက္ကင္းေစျခင္း အလို႔ငွာ ဘုန္းေတာ္ႀကီးက တည္ေဆာက္ခဲ့တာပါ။

႐ုပ္ပြားေတာ္ႀကီးထြင္းထုရာမွာထြက္လာတဲ့ေက်ာက္တုံးေတြဟာျမစ္ထဲကိုက်ေရာက္ၿပီးျမစ္ေရစီးမႈကိုေႏွးေကြးသြားေစတဲ့အတြက္ဒီဆင္းတုေတာ္ႀကီးကို တည္ေဆာက္ၿပီး

ေနာက္ပိုင္းမွာ ေလွ၊ သေဘၤာနစ္ျမဳပ္မႈေတြအလြန္နည္းပါးသြားပါတယ္။ဘုန္းေတာ္ႀကီးရဲ႕ဆႏၵျပည့္ဝခဲ့ပါတယ္။ ဘုန္းေတာ္ႀကီးဟာ ႐ုပ္တုေတာ္ႀကီး မၿပီးဆုံးမီမွာ ကြယ္လြန္ခဲ့ၿပီးတဲ့ေနာက္ ရန္ပုံေငြနည္းပါးမႈေၾကာင့္

႐ုပ္တုတည္ေဆာက္ထြင္းထုျခင္းကို ရပ္တန႔္ခဲ့ရပါတယ္။ ႏွစ္ ၇၀ ေက်ာ္မွ အလႉရွင္ေပၚလို႔ ျပန္ေဆာက္ႏိုင္ၿပီး ေအဒီ ၈၀၃ခုႏွစ္ မွာ ၿပီးေအာင္တည္ေဆာက္ႏိုင္ခဲ့ပါတယ္။

႐ုပ္ပြားေတာ္ႀကီးဟာ ၇၁မီတာ(၂၃၃ေပ)ျမင့္မားၿပီးဒီလိုအမ်ိဳးအစား႐ုပ္ပြားေတာ္ေတြထဲကအႀကီးဆုံးျဖစ္ပါတယ္။ပုခုံးႏွစ္ဖက္၇၉ေပက်ယ္ၿပီး လက္ေခ်ာင္းေတြကေတာ့၂၇ေပရွည္ပါတယ္။

ျမစ္ကမ္းေဘးမွာတည္ေဆာက္ထားတဲ့အတြက္ကုန္းလမ္း၊ေရလမ္းႏွစ္မ်ိဳးလုံးနဲ႔ဖူးေမွ်ာ္ႏိုင္ပါတယ္။႐ုပ္ပြားေတာ္ႀကီးေဘးမွာအေပၚကိုတက္တဲ့လမ္းရွိၿပီးဦးေခါင္းေတာ္နဲ႔တစ္တန္းတည္းအျမင့္ကေနဖူးႏိုင္ပါတယ္။အတက္အဆင္းလမ္းေတြကို ၈ရာစုခန႔္တည္းက တည္ေဆာက္ထားခဲ့တယ္လို႔ သိရပါတယ္။

႐ုပ္ပြားေတာ္ႀကီး တည္ရွိရာေတာင္ကို Emei ေတာင္လို႔ေခၚၿပီး ဒီေတာင္ေပၚမွာ ႏွစ္ေထာင္ခ်ီ သက္တမ္းရွိတဲ့ အပင္မ်ားလည္းရွိေနပါတယ္။ အရင္တုန္းကေတာ့ ႐ုပ္ပြားေတာ္ႀကီးမွာ ဘုံအျမင့္ ၃၀ထပ္ အမိုးရွိၿပီး မြန္ဂိုက်ဴးေက်ာ္သူေတြဖ်က္စီးပစ္လိုက္တဲ့အတြက္

ယခုအခါမွာေတာ့ မရွိေတာ့ပါဘူး။႐ုပ္ပြားေတာ္ႀကီးဟာေလဒဏ္မိုးဒဏ္ရာသီဥတုဒဏ္ကိုႏွစ္ေပါင္း၁၃၀၀ေက်ာ္ခံခဲ့ေပမယ့္ပ်က္စီးျခင္းမရွိတဲ့အေၾကာင္းကေတာ့ထြင္းထုတည္ေဆာက္စဥ္တုန္းကေရဆင္းေျမာင္းေတြ၊ေရဆင္းပိုက္ေတြထည့္သြင္းတည္ေဆာက္ခဲ့တဲ့ပညာရွင္ေတြရဲ႕အိုင္ဒီယာေၾကာင့္လို႔ သိရပါတယ္။

ႏွစ္စဥ္ ေထာင္ေသာင္းခ်ီတဲ့ ကမာၻလွည့္ခရီးသြားမ်ား လာေရာက္ေလ့ရွိတဲ့ဒီ႐ုပ္ပြားေတာ္ႀကီးကို၁၉၉၆ခုႏွစ္မွာယူနက္စကိုက ကမာၻ႔အေမြအႏွစ္အျဖစ္ ထည့္သြင္းသတ္မွတ္ၿပီး ထိမ္းသိမ္းခဲ့ပါတယ္။

Credit