ရေခဲသေတ္တာထဲမှာ လုံးဝ မထည့်ထားသင့်တဲ့ အသီးအနှံ (၁၀) မျိုး

Unicode

ယနေ့ခေတ်မှာ ကျွန်မတို့တွေက ဈေးကနေဖြစ်ဖြစ် ကိုယ့်စိုက်ခင်းခြံထဲကနေထွက်တာပဲဖြစ်ဖြစ် ဟင်းသီးဟင်းရွက်တွေ သစ်သီးဝလံတွေကို မချက်ပြုတ်ခင်မှာ ရေနဲ့ဆေးကြောပြီးရေခဲသေတ္တာထဲကို အလွယ်တကူ ထည့်သိမ်းလေ့ရှိကြပါတယ်။

အစားအစာတွေကို ကြာခံစေချင်တာရယ် လတ်လတ် ဆတ်ဆတ် စားချင်တာရယ်ကြောင့် ရေခဲသေတ္တာထဲထည့်သိမ်းကြတာမဟုတ်ပါလား။

ဒီလိုထည့်သိမ် းတဲ့အခါ ထည့်သင့်မထည့်သင့်တာ သေချာသိရှိထားဖို့ လိုမယ်ထင်ပါတယ်။

ရေခဲသေတ္တာထဲ မထည့်သင့်တာကို ထည့်မိတဲ့အခါ ဟင်းသီးဟင်းရွက်တွေ ပျက်စီးသွားနိုင်ပြီး ခန္ဓာကိုယ်အတွက် အကျိုးမရှိစေမှု ဖြစ်စေတဲ့အတွက် သိရှိထားတဲ့အခါရှောင်ရှားရလွယ်ကူတာပေါ့။

(၁) ခရမ်းချဉ်သီး – ခရမ်းချဉ်သီးမှည့်ကိုရေခဲသေတ္တာထဲထည့်သိမ်းမိတဲ့အခါ ခရမ်းချဉ်သီးကအရည်တွေထွက်လာပြီး မနှစ်မြို့စရာဖြစ်သွားပါ တယ်။

ခရမ်း ချဉ်သီး က တအားမှ ည့်ပြီးများနေရင်တော့ ဆော့စ်လုပ်ပြီး သိမ်းဆည်းနိုင်ပါတယ်။

ခရမ်းချဉ်သီးအစိမ်းကို ထည့်သိမ်းမိရင်တော့ ခရမ်းချဉ်သီးကမရင့်မှည့်တော့ဘဲ အနီရောင် အ ဖြစ်ပြောင်းလဲသွားခြင်းမရှိတော့ပါ။

ခရမ်း ချဉ်သီးကိုရင့်မှည့်စေချင်ရင် အခန်းတွင်း အပူချိန်မှာဘဲ သိမ်းဆည်း ထားသင့်ပါတယ်။

ခရမ်းချဉ်သီးကို သိုလှောင်သိ မ်းဆည်းချင်ရင် နေရောင်ခြည် အ နည်းငယ်ရတဲ့နေရာမှာ သိုလှောင်သိမ်းဆည်းဖို့အကောင်းဆုံးပါ။

(၂) ဖရုံသီး – ဖရုံသီးကအေးပြီးခြောက်သွေ့တဲ့နေရာမှာ သိုလှောင်သိမ်းဆည်းသင့်တယ်ဆိုပေမဲ့ စိုစွတ်တဲ့နေရာဖြစ်လို့မရပါဘူး ဥပမာ (ရေခဲ သေတ္တာ) ပေါ့။

အထူးသဖြင့် ဖရုံသီ းကိုသိမ်းဆည်းမယ်ဆို ပူပြီးစိုစွတ်တဲ့နေရာကို ရှောင်ရှားသင့်ပါတယ်။

ဖရုံသီးပုပ်ခြင်းကို ကြိုတင်ကာကွယ်ရန် ဖရုံသီးသိမ်းဆည်း တဲ့အခါ သမံသ လင်း၊ ကွ န် ကရစ် မျက်နှာပြင်များပေါ်တွင် တိုက်ရိုက်ထားခြင်းထက် ကတ္ထူပြားပေါ်မှာထားသင့်ပါတယ်။

(၃) အာ လူး – အာလူးကိုအေးခဲအောင်ထားတဲ့အခါ ကစီဓာတ်ကနေသကြားဓာတ်ကိုပြောင်းတဲ့အတွက်ကြောင့် အာလူးချိုစေချင်ရင်တော့ ရေခဲသေတ္တာထဲ ထည့်သင့်ပါတ ယ်။

အာလူးကိုအေးပြီးခြောက်သွေ့ကာ အလင်းရောင်မရနိုင်တဲ့နေရာမှာ အညှောင့်မထွက်လာစေရန်အတွက်ထားသင့်ပါတယ်။

အာလူးကို ကြက်သွန်နားမှာထ ား တဲ့အခါ ပုပ်ခြင်းကိုဖြစ်စေတဲ့အတွက် ဝေးဝေးမှာထားသင့်ပါတယ်။

(၄) ကြက် သွန်နီ – ကြက်သွန်ဖြူ ကြက်သွန်ကိုရေခဲသေတ္တာထဲထည့်သိမ်းတဲ့အခါ ပျော့ဖတ်ပြီးတော့ မှိုစွဲနိုင်တဲ့အတွက် မထည့်သင့်ပါဘူး။

ကြက်သွန်ကို အာလူးနဲ့ဝေးတဲ့အေးပြီးခြောက်သွေ့တဲ့နေရာတွင်သာ သိုလှောင်သင့်ပါတယ်။

(၅) ကန်စွန်းဥ – ကန်စွန်းဥကို ရေခဲသေတ္တာထဲထည့်သိမ်းလျှင် အတွင်းသားမာလာပြီး အရသာမရှိတော့သည်ကိုဖြစ်စေပါတယ်။

ကန်စွန်းဥကို သိုလှောင်သိမ်းဆည်းမည်ဆိုလျှင် အေးပြီးခြောက်သွေ့ကာ လေဝင်လေ ထွက် ကောင်းမွန်သည့် နေရာတွင် သိမ်းဆည်းသင့်ပါတယ်။

ကန်စွန်ဥသည်လည်း ကြက်သွန်ဥအနီးအနားမှာထားတဲ့အခါ ပုပ်ခြင်းကိုဖြစ်စေနိုင်ပါတယ်။

(၆) သခွားသီး၊ ခရမ်းခေါင်းသီး၊ ငရုပ်သီး – အပူပိုင်းဒေသမှာပေါက်သည့်အသီးတွေက အေးသည့်အခြေအနေကို မနှစ်မြို့ခြင်းသည်သဘာဝပါ။

ထို့ ကြောင့်ထိုအသီးတွေကို ရေခဲသေတ္တာထဲထည့်သိမ်းမိတဲ့အခါ အချို့နေရာများတွင် ပျော့ကာ အချိုင့်အခွက်များဖြစ်ပေါ်လာခြင်းကို ဖြစ်စေနိုင်ပါတယ်။




(၈) ပန်းသီး၊ သစ်တော်သီး – ပန်းသီး၊သစ်တော်သီးတို့ကို ရေခဲသေတ္တာထဲမှာ ကြာရှည်စွာ သိမ်းဆည်းသည့်အခါ အရသာနဲ့ ပါဝင်ဓာတ်ပစ္စည်းတွေဆုံးရှုံးနိုင်ပါတယ်။

(၉) ငှက်ပျောသီး – ငှက်ပျောသီးကို ရေခဲသေတ္တာထဲထည့်သိမ်းသိမ်းသည့်အခါ ငှက်ပျောခွံက အမဲရောင်အဖြစ်ပြောင်းသွားပြီး ငှက်ပျောအရသာ မချိုခြင်းကိုလည်းဖြစ်စေနိုင်ပါတယ်။

(၁၀) ဖရဲသီး – ဖရဲသီးကိုရေခဲသေတ္တာထဲထည့်သိမ်းလျှင်လည်း ဖရဲ သီး၏အနံ့နှင့် လှပသည့်အနီရောင်သည် အရောင်ပြောင်းသွားနိုင်သည့်အတွက် ၃ရက်ထက်ပိုပြီးမသိမ်းပါဘူး။

ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံများသိမ်းဆည်းတဲ့အခါ အခန်းတွင်းအပူချိန်နှင့်နေရောင်ခြည် တိုက်ရိုက်မရနိုင်သည့်နေရာများတွင် သိမ်းဆည်းခြင်းသ ည် အကောင်းဆုံးပါ။

အစိုဓာတ်ကိုလျှော့ချရန်အတွက် ပလတ်စတစ်အိတ် (သို့)လေဝင်လေထွက် ကောင်းမွန်သည့်ဖလား၊

ခွက်ဖြင့် သိမ်းဆ ည်း ခြင်း လည်းပြုလု ပ်နိုင်ပါတယ်ပလတ်စတစ်အိတ်ကိုချည်ပိတ်ပြီးသိမ်းဆည်းခြင်းကိုတော့ မပြုလုပ်သင့်ပါ။

အသီးများရင့်မှည့်မှုကိုနှေးကွေးစေပြီး လျှင်လျှင်မြန်မြန် ပျက်စီးနိုင်သည့်အတွက်ကြောင့်ပါ။

သစ်သီးဝလံများ အမြန်ရင့်မှည့်စေလိုလျှင် ပန်းသီး၁လုံးအား ၅ခြမ်း ၆ခြမ်းစိတ်ကာ ထိုအသီးနားတွင်ထားခြင်းအားဖြင့် ပန်းသီးမှထုတ်လွှတ်လိုက်တဲ့ အီသိုင်းလင်းဓာတ်ကသစ်သီးဝလံများကို အမြန်မှည့်စေပါတယ်။

Credit

Zaw Gyi























(၇) စိမ်းစားဥ – စိမျးစားဥကို အေးပွီးခွောကျသှေ့တဲ့နရောမှာ မဖုံးဘဲနဲ့ ၃ပတ်ေလာက်ထားႏိုင်ပါတယ်။

စိမ်းစားဥကို အလွာလိုက်လွီးပြီး ပလတ် စတဈအိ တ်နဲ႔ ထုတ်ပိုးကာရေခဲေသ တ္ တာထဲ သိမ်းမည်ဆိုၾလႇင် ၂ပတ်ခန်႕ သိမ်းလို႔ေတာ့ရပါတယ်။

စိမ်းစားဥက ရေဖြင်႕ထိမိၾလႇင် မႈိစွဲတတ်သည်ကိုေတာ့သတိထားရပါမယ္။









Credit