လမ်းဘေးခွေးများရဲ့ ပြုစုပျိုးထောင်မှုနဲ့အတူ ကြီးပြင်းလာခဲ့ရတဲ့ ရုရှားနိုင်ငံက ကလေးငယ်

Unicode

ခွေးများရဲ့ပြုစုပျိုးထောင်မှုန‌ဲ့ကြီးပြင်းလာတဲ့လူတစ်ယောက်ဟာသူကလေးဘ၀တုန်းကလေလွင့်ခွေးတွေသူ့ကိုဘယ်လိုကယ်တင်ခဲ့ကြောင်းကိုပြောပြခဲ့ပါတယ်။

IvanMishukovဟာသူ့အသက်၅နှစ်တုန်းကခွေးတွေဆိကနေကယ်တင်ခံခဲ့ရပါတယ်။အဲ့ဒီခွေးတွေဟာသူရဲ့တစ်ခုတည်းသောမိသားစုဖြစ်ပြီးနှစ်နှစ်လောက်အတူတူနေခဲ့ကြပါတယ်။

မော်စကိုမြို့အနီးReutovရှိဒေသခံမုန့်ဆိုင်တစ်ခုကုိမနက်တိုင်းခွေးများနှင့်အတူ သူဟာ လိုက်သွားလေ့ရှိပါတယ်။ သူ့ကိုအဲ့လိုတွေ့ရှိရတဲ့အခါမှာ တစ်ကမ္ဘာလုံး သူ့ရဲ့ဇာတ်လမ်းဟာပျံ့နှံ့ခဲ့ပါတယ်။

Ivan ကိုကယ်ထုတ်ခဲ့ပြီး သန့်ရှင်ပြီးနောက် တွေ့ရပုံ

ယခုအချိန်မှာIvanလို့လည်းခေါ်ကြတဲ့Vanyaဟာသူ့အနေနဲ့လေလွင့်ခွေးတွေအပေါ်အကြွေးတင်နေကြောင်းပြောပြခဲ့ပါတယ်။ပုံမှန်အားဖြင့်တော့သူဟာ သူ့ရဲ့အတိတ်ဇာတ်ကြောင်းကို ပြောပြ‌ေလ့မရှိပါဘူး။

ခုချိန်မှာလည်း သူဟာ စက်ရုံတစ်ရုံမှာ အလုပ်လုပ်ကာ ကိုယ်ပိုင်ဘ၀နဲ့ အေးချမ်းစွာ နေထိုင်နေပြီဖြစ်ပါတယ်။ ” တကယ်လို့ခွေးတွေကြောင့်သာမဟုတ်ရင် ကျွန်တော်လမ်းပေါ်မှာ အသက်ရှင်နိုင်မှာမဟုတ်ပါဘူး

ဒါပေမယ့် ကျွန်တော့်ကိုတွေ့ရှိပြီး ကယ်တင်ပေးခဲ့တဲ့ရဲကိုလည်းကျေးဇူးတင်သလိုကျွန်တော့်ကိုပြုစုပြိုထောင်ပေးခဲ့တဲ့မွေးစားမိခင်ကိုလည်း ကျေးဇူးတင်ပါတယ် ” ဆိုပြီး ပြောခဲ့ပါတယ်။

မိဘမဲ့ဂေဟာ၌ ပျော်နေပုံ

Ivanဟာအရက်သမားအဖိုးနဲ့အတူနေထိုင်ခဲ့ရတာဖြစ်ပြီးနောက်မကြာခင်မှာသူ့ကိုအဖိုးဖြစ်သူကိုယ်တိုင်ပဲလမ်းပေါ်စွန့်ပစ်ခဲ့ပါတယ်။အဲ့နောက်ကလေးလေးကလည်းလမ်းဘေးခွေးတွေနဲ့ပဲအတူတူနေခဲ့ရပါတယ်။

ရဲများကသူ့ကိုခွေးတွေဆိကနေကယ်ထုတ်ဖို့၃ကြိမ်ကြိုးစားခဲ့ကြရပါတယ်။ ခွေးတွေက‌လည်း သူတို့ကလေးတွေအနားကို လူတွေအကပ်မခံကြတာ သဘာ၀ပါပဲ။

“ကျွန်တော်ခွေးတွေကိုချစ်သလိုသူတို့ကလည်း ကျွန်တော်ကိုချစ်ကြတယ်”လို့သူဟာပြောခဲ့ပါတယ်။ခွေးတွေရဲ့နာမည်ကတော့Jesse,Goga,Mashaနဲ့Sevaတို့ပဲဖြစ်ကာသူတို့ရှာဖွေရသမျှအစာကိုသူနဲ့ခွဲဝေစားသောက်ရင်းအချိန်တွေဖြတ်သန်းခဲ့ကြပါတယ်။

”သူတို့ကကျွန်တော့်ကိုအေးချမ်းတဲ့ညတွေမှာနွေးထွေးအောင်လုပ်ပေးကြတယ်၊ ကျွန်တော်ရဲ့မျက်နှာကိုလည်း လျှာနဲ့လျက်ပေးပြီး ကျွန်တော်ကို အနမ်းပေးကြပါတယ်”လို့ကလေးဘ၀ကအဖြစ်အပျက်တွေကိုသူဟာ မျက်ရည်ဝဲရင်း ပြောပြခဲ့ပါတယ်။

Navy တွင် ဗိုလ်လောင်း ဖြစ်ခဲ့စဉ်

ယနေ့ချိန်ပုံ

Credit

Zaw Gyi

ေခြးမ်ားရဲ႕ျပဳစုပ်ိဳးေထာင္မႈန‌ဲ့ႀကီးျပင္းလာတဲ့လူတစ္ေယာက္ဟာသူကေလးဘ၀တုန္းကေလလြင့္ေခြးေတြသူ႔ကိုဘယ္လိုကယ္တင္ခဲ့ေၾကာင္းကိုေျပာျပခဲ့ပါတယ္။

IvanMishukovဟာသူ႔အသက္၅ႏွစ္တုန္းကေခြးေတြဆိကေနကယ္တင္ခံခဲ့ရပါတယ္။အဲ့ဒီေခြးေတြဟာသူရဲ႕တစ္ခုတည္းေသာမိသားစုျဖစ္ၿပီးႏွစ္ႏွစ္ေလာက္အတူတူေနခဲ့ၾကပါတယ္။

ေမာ္စကိုၿမိဳ႕အနီးReutovရွိေဒသခံမုန႔္ဆိုင္တစ္ခုကုိမနက္တိုင္းေခြးမ်ားႏွင့္အတူ သူဟာ လိုက္သြားေလ့ရွိပါတယ္။ သူ႔ကိုအဲ့လိုေတြ႕ရွိရတဲ့အခါမွာ တစ္ကမာၻလုံး သူ႔ရဲ႕ဇာတ္လမ္းဟာပ်ံ႕ႏွံ႔ခဲ့ပါတယ္။

ယခုအခ်ိန္မွာIvanလို႔လည္းေခၚၾကတဲ့Vanyaဟာသူ႔အေနနဲ႔ေလလြင့္ေခြးေတြအေပၚအေႂကြးတင္ေနေၾကာင္းေျပာျပခဲ့ပါတယ္။ပုံမွန္အားျဖင့္ေတာ့သူဟာ သူ႔ရဲ႕အတိတ္ဇာတ္ေၾကာင္းကို ေျပာျပ‌ေလ့မရွိပါဘူး။

ခုခ်ိန္မွာလည္း သူဟာ စက္႐ုံတစ္႐ုံမွာ အလုပ္လုပ္ကာ ကိုယ္ပိုင္ဘ၀နဲ႔ ေအးခ်မ္းစြာ ေနထိုင္ေနၿပီျဖစ္ပါတယ္။ ” တကယ္လို႔ေခြးေတြေၾကာင့္သာမဟုတ္ရင္ ကြၽန္ေတာ္လမ္းေပၚမွာ အသက္ရွင္ႏိုင္မွာမဟုတ္ပါဘူး

ဒါေပမယ့္ ကြၽန္ေတာ့္ကိုေတြ႕ရွိၿပီး ကယ္တင္ေပးခဲ့တဲ့ရဲကိုလည္းေက်းဇူးတင္သလိုကြၽန္ေတာ့္ကိုျပဳစုၿပိဳေထာင္ေပးခဲ့တဲ့ေမြးစားမိခင္ကိုလည္း ေက်းဇူးတင္ပါတယ္ ” ဆိုၿပီး ေျပာခဲ့ပါတယ္။

Ivanဟာအရက္သမားအဖိုးနဲ႔အတူေနထိုင္ခဲ့ရတာျဖစ္ၿပီးေနာက္မၾကာခင္မွာသူ႔ကိုအဖိုးျဖစ္သူကိုယ္တိုင္ပဲလမ္းေပၚစြန႔္ပစ္ခဲ့ပါတယ္။အဲ့ေနာက္ကေလးေလးကလည္းလမ္းေဘးေခြးေတြနဲ႔ပဲအတူတူေနခဲ့ရပါတယ္။

ရဲမ်ားကသူ႔ကိုေခြးေတြဆိကေနကယ္ထုတ္ဖို႔၃ႀကိမ္ႀကိဳးစားခဲ့ၾကရပါတယ္။ ေခြးေတြက‌လည္း သူတို႔ကေလးေတြအနားကို လူေတြအကပ္မခံၾကတာ သဘာ၀ပါပဲ။

“ကြၽန္ေတာ္ေခြးေတြကိုခ်စ္သလိုသူတို႔ကလည္း ကြၽန္ေတာ္ကိုခ်စ္ၾကတယ္”လို႔သူဟာေျပာခဲ့ပါတယ္။ေခြးေတြရဲ႕နာမည္ကေတာ့Jesse,Goga,Mashaနဲ႔Sevaတို႔ပဲျဖစ္ကာသူတို႔ရွာေဖြရသမွ်အစာကိုသူနဲ႔ခြဲေဝစားေသာက္ရင္းအခ်ိန္ေတြျဖတ္သန္းခဲ့ၾကပါတယ္။

”သူတို႔ကကြၽန္ေတာ့္ကိုေအးခ်မ္းတဲ့ညေတြမွာေႏြးေထြးေအာင္လုပ္ေပးၾကတယ္၊ ကြၽန္ေတာ္ရဲ႕မ်က္ႏွာကိုလည္း လွ်ာနဲ႔လ်က္ေပးၿပီး ကြၽန္ေတာ္ကို အနမ္းေပးၾကပါတယ္”လို႔ကေလးဘ၀ကအျဖစ္အပ်က္ေတြကိုသူဟာ မ်က္ရည္ဝဲရင္း ေျပာျပခဲ့ပါတယ္။

Credit