တရုတ်နိုင်ငံရဲ့သမိုင်းကနေ အပြီးတိုင်ဖယ်ရှားခံလိုက်ရတဲ့ ရွှေမင်းသမီး ဇာတ်လမ်းထဲမှ မင်းသမီး ကျောက်ဝေ

Unicode

တရုတ်နိုင်ငံရဲ့သမိုင်းကနေ အပြီးတိုင်ဖယ်ရှားခံလိုက်ရတဲ့ ရွှေမင်းသမီး ဇာတ်လမ်းထဲမှ မင်းသမီး ကျောက်ဝေ

ငယ်ငယ်တုန်းက ကြည့်ခဲ့ရတဲ့ ရွှေမင်းသမီး တရုတ်ဇာတ်လမ်းတွဲထဲက ဟွမ်ကျူးကော်ကော်(ခေါ်) ရှောင်ယဲ့ကျီ အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ကျောက်ဝေဟာ တရုတ်နိုင်ငံရဲ့ ကွန်မြူနစ်ဆန်ဆန် ယူဆချက်များကြောင့်

တရုတ်နိုင်ငံသမိုင်းကနေ ဖျောက်ဖျက်ခံလိုက်ရတဲ့သူဖြစ်ပါတယ်။ ကျောက်ဝေဟာ သရုပ်ဆောင် ၊ အဆိုတော် ၊ဒါရိုက်တာဖြစ်သလို ဘီလီယံပေါင်းများစွာ ကြွယ်ဝ ချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လည်းဖြစ်ပါတယ်။

ကျောက်ဝေဟာ ၁၉၈၈ ခုနှစ်တုန်းက ထုတ်လွှတ်ခဲ့တဲ့ စီးရီးတစ်ခုဖြစ်တဲ့ “My Fair Princess” (ရွှေမင်းသမီး) ဇာတ်လမ်းတွဲနှင့် စတင်နာမည်ကြီးလာခဲ့တဲ့သူဖြစ်ပါတယ်။ ရွှေမင်းသမီးဇာတ်လမ်းတွဲရိုက်ကူးအပြီးမှာပဲ သူမပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွေကအများကြီးပါပဲ။

ကျောက်ဝေဟာ ၂၀၀၉ ခုနှစ်တုန်းက လည်း မူလန်ဇာတ်လမ်းထဲမှာ မူလန်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ ကျောက်ဝေးဟာ တရုတ်ပြည်ရဲ့ ရုပ်ရှင်ဘုရင်မတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

ရုပ်ရှင်ဇာတ်လမ်းတွေအများကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ ကျောက်ဝေဟာ စီးပွားရေးလုပ်ငန်းတွေမှာလည်း ပြိုင်စံရှားအောင်မြင်တဲ့ သူတစ်ယောက်ပါ။

အဘက်ဘက်မှာ ထူးချွန်နေတဲ့ကျောက်ဝေးတစ်ယောက် ၂၀၁၆ ခုနှစ်တုန်းက သူမရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းထဲ ထိုင်ဝမ်သရုပ်ဆောင်တစ်ယောက်ကို အဓိကသရုပ်ဆောင်အဖြစ် ထည့်သွင်းရိုက်ကူးမိရာမှစတင်ကာ

တရုတ်နိုင်ငံ အင်တာနက် အသုံးပြုသူများက သူမကို ထိုင်ဝမ်လွတ်လပ်ရေးအတွက် အားပေးထောက်ခံနေတဲ့သူလို့ စွပ်စွဲခဲ့ကြပါတယ်။

ထိုင်ဝမ်လူမျိုးကို အဓိကသရုပ်ဆောင်အဖြစ် ထည့်သုံးခဲ့မိတာကြောင့် ကျောက်ဝေကို တရုတ်ကွန်မြူနစ်ပါတီ(CCP) ကလည်း တော်တော်လေး အမြင်မကြည်ဖြစ်သွားခဲ့တာပါ။

ဒီလိုနဲ့ကျောက်ဝေနှင့်သူမရဲ့ ခင်ပွန်းဖြစ်သူတို့ရဲ့ စီးပွားရေးလုပ်ငန်းများကို ရင်းနှီးမြုပ်နှံသူများအား အထင်အမြင်လွဲမှားစေတယ်ဆိုတဲ့ စွပ်စွဲချက်ဖြင့် တရုတ်ပြည်မကြီးစတော့ရှယ်ယာများ ရောင်းဝယ်မှုကို ၅ နှစ်တိတိ တားမြစ်ခံလိုက်ရပါတယ်။

ထို့နောက် တရုတ်ပြည်ရဲ့ ရုပ်သံထုတ်လွှင့်မှုဝက်ဘ်ဆိုဒ်တွေပေါ်က သူမရဲ့ နာမည်တွေအားလုံးကို ဖြုတ်ချခံလိုက်ရပါတယ်။ တရုတ်အစိုးရက ကျောက်ဝေကို တရုတ်ပြည်ရဲ့ အင်တာနက်စာမျက်နှာတွေအားလုံးပေါ်ကနေ ဖြုတ်ချခဲ့ပြီး

တရုတ်ပြည်က အနုပညာရှင်စာရင်းထဲမှာ လုံးဝမရှိတော့တဲ့အထိ လုပ်ဆောင်ခဲ့တာပါ။ အခုလို တရုတ်အစိုးရရဲ့ ဆိုးဆိုးရွားရွားလုပ်ဆောင်ချက်တွေနဲ့ပတ်သတ်ပြီး ခိုင်လုံတဲ့အကြောင်းအရာ ရေရေရာရာ မရှိပေမယ့် နိုင်ငံရေးကြောင့်ဆိုတာ တော်တော်များများက သတိထားမိခဲ့ကြပါတယ်။

တရုတ်ကွန်မြူနစ်ပါတီက အခုလိုမျိုး နာမည်ကြီး ဘီလီယံနာအနုပညာရှင်တွေကို တိုက်ခိုက်နေခဲ့တာ ပထမဦးဆုံး အကြိမ်တော့ မဟုတ်တော့ပါဘူး။

မင်းသမီးကျောက်ဝေကတော့ နောက်ဆုံးနစ်နာသူဖြစ်ပြီး နောက်ထပ်လည်း သူတို့မျက်လုံးထဲကြည့်မရတဲ့သူတွေကို ဘယ်လို နှိပ်ကွပ်ဦးမလဲဆိုတာ ဆက်လက်ပြီးစောင့်ကြည့်သွားရဦးမှာပဲဖြစ်ပါတယ်။

crd-mmload

Zaw Gyi

တ႐ုတ္ႏိုင္ငံရဲ႕သမိုင္းကေန အၿပီးတိုင္ဖယ္ရွားခံလိုက္ရတဲ့ ေ႐ႊမင္းသမီး ဇာတ္လမ္းထဲမွ မင္းသမီး ေက်ာက္ေဝ

ငယ္ငယ္တုန္းက ၾကည့္ခဲ့ရတဲ့ ေ႐ႊမင္းသမီး တ႐ုတ္ဇာတ္လမ္းတြဲထဲက ဟြမ္က်ဴးေကာ္ေကာ္(ေခၚ) ေရွာင္ယဲ့က်ီ အျဖစ္ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ ေက်ာက္ေဝဟာ တ႐ုတ္ႏိုင္ငံရဲ႕ ကြန္ျမဴနစ္ဆန္ဆန္ ယူဆခ်က္မ်ားေၾကာင့္

တ႐ုတ္ႏိုင္ငံသမိုင္းကေန ေဖ်ာက္ဖ်က္ခံလိုက္ရတဲ့သူျဖစ္ပါတယ္။ ေက်ာက္ေဝဟာ သ႐ုပ္ေဆာင္ ၊ အဆိုေတာ္ ၊ဒါ႐ိုက္တာျဖစ္သလို ဘီလီယံေပါင္းမ်ားစြာ ႂကြယ္ဝ ခ်မ္းသာတဲ့ စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္လည္းျဖစ္ပါတယ္။

ေက်ာက္ေဝဟာ ၁၉၈၈ ခုႏွစ္တုန္းက ထုတ္လႊတ္ခဲ့တဲ့ စီးရီးတစ္ခုျဖစ္တဲ့ “My Fair Princess” (ေ႐ႊမင္းသမီး) ဇာတ္လမ္းတြဲႏွင့္ စတင္နာမည္ႀကီးလာခဲ့တဲ့သူျဖစ္ပါတယ္။ ေ႐ႊမင္းသမီးဇာတ္လမ္းတြဲ႐ိုက္ကူးအၿပီးမွာပဲ သူမပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ ဇာတ္လမ္းေတြကအမ်ားႀကီးပါပဲ။

ေက်ာက္ေဝဟာ ၂၀၀၉ ခုႏွစ္တုန္းက လည္း မူလန္ဇာတ္လမ္းထဲမွာ မူလန္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါေသးတယ္။ ေက်ာက္ေဝးဟာ တ႐ုတ္ျပည္ရဲ႕ ႐ုပ္ရွင္ဘုရင္မတစ္ေယာက္ဆိုရင္လည္း မမွားပါဘူး။

႐ုပ္ရွင္ဇာတ္လမ္းေတြအမ်ားႀကီးမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ဖူးတဲ့ ေက်ာက္ေဝဟာ စီးပြားေရးလုပ္ငန္းေတြမွာလည္း ၿပိဳင္စံရွားေအာင္ျမင္တဲ့ သူတစ္ေယာက္ပါ။

အဘက္ဘက္မွာ ထူးခြၽန္ေနတဲ့ေက်ာက္ေဝးတစ္ေယာက္ ၂၀၁၆ ခုႏွစ္တုန္းက သူမ႐ိုက္ကူးခဲ့တဲ့ ဇာတ္လမ္းထဲ ထိုင္ဝမ္သ႐ုပ္ေဆာင္တစ္ေယာက္ကို အဓိကသ႐ုပ္ေဆာင္အျဖစ္ ထည့္သြင္း႐ိုက္ကူးမိရာမွစတင္ကာ

တ႐ုတ္ႏိုင္ငံ အင္တာနက္ အသုံးျပဳသူမ်ားက သူမကို ထိုင္ဝမ္လြတ္လပ္ေရးအတြက္ အားေပးေထာက္ခံေနတဲ့သူလို႔ စြပ္စြဲခဲ့ၾကပါတယ္။

ထိုင္ဝမ္လူမ်ိဳးကို အဓိကသ႐ုပ္ေဆာင္အျဖစ္ ထည့္သုံးခဲ့မိတာေၾကာင့္ ေက်ာက္ေဝကို တ႐ုတ္ကြန္ျမဴနစ္ပါတီ(CCP) ကလည္း ေတာ္ေတာ္ေလး အျမင္မၾကည္ျဖစ္သြားခဲ့တာပါ။

ဒီလိုနဲ႔ေက်ာက္ေဝႏွင့္သူမရဲ႕ ခင္ပြန္းျဖစ္သူတို႔ရဲ႕ စီးပြားေရးလုပ္ငန္းမ်ားကို ရင္းႏွီးျမဳပ္ႏွံသူမ်ားအား အထင္အျမင္လြဲမွားေစတယ္ဆိုတဲ့ စြပ္စြဲခ်က္ျဖင့္ တ႐ုတ္ျပည္မႀကီးစေတာ့ရွယ္ယာမ်ား ေရာင္းဝယ္မႈကို ၅ ႏွစ္တိတိ တားျမစ္ခံလိုက္ရပါတယ္။

ထို႔ေနာက္ တ႐ုတ္ျပည္ရဲ႕ ႐ုပ္သံထုတ္လႊင့္မႈဝက္ဘ္ဆိုဒ္ေတြေပၚက သူမရဲ႕ နာမည္ေတြအားလုံးကို ျဖဳတ္ခ်ခံလိုက္ရပါတယ္။ တ႐ုတ္အစိုးရက ေက်ာက္ေဝကို တ႐ုတ္ျပည္ရဲ႕ အင္တာနက္စာမ်က္ႏွာေတြအားလုံးေပၚကေန ျဖဳတ္ခ်ခဲ့ၿပီး

တ႐ုတ္ျပည္က အႏုပညာရွင္စာရင္းထဲမွာ လုံးဝမရွိေတာ့တဲ့အထိ လုပ္ေဆာင္ခဲ့တာပါ။ အခုလို တ႐ုတ္အစိုးရရဲ႕ ဆိုးဆိုး႐ြား႐ြားလုပ္ေဆာင္ခ်က္ေတြနဲ႔ပတ္သတ္ၿပီး ခိုင္လုံတဲ့အေၾကာင္းအရာ ေရေရရာရာ မရွိေပမယ့္ ႏိုင္ငံေရးေၾကာင့္ဆိုတာ ေတာ္ေတာ္မ်ားမ်ားက သတိထားမိခဲ့ၾကပါတယ္။

တ႐ုတ္ကြန္ျမဴနစ္ပါတီက အခုလိုမ်ိဳး နာမည္ႀကီး ဘီလီယံနာအႏုပညာရွင္ေတြကို တိုက္ခိုက္ေနခဲ့တာ ပထမဦးဆုံး အႀကိမ္ေတာ့ မဟုတ္ေတာ့ပါဘူး။

မင္းသမီးေက်ာက္ေဝကေတာ့ ေနာက္ဆုံးနစ္နာသူျဖစ္ၿပီး ေနာက္ထပ္လည္း သူတို႔မ်က္လုံးထဲၾကည့္မရတဲ့သူေတြကို ဘယ္လို ႏွိပ္ကြပ္ဦးမလဲဆိုတာ ဆက္လက္ၿပီးေစာင့္ၾကည့္သြားရဦးမွာပဲျဖစ္ပါတယ္။

crd-mmload