မျက်မမြင်အသင်းနဲ့ အရူးအသင်း ဘောလုံးကန်ကြတဲ့ အခါ

Unicode

“ဘောလုံးပွဲပုံပြင်”

တခါက မျက်မမြင်အသင်းနဲ့ အရူးအသင်း ဘောလုံးကန်ကြမယ်ဆိုလို့ ပရိသတ်ကလည်းကြိတ်ကြိတ်တိုး လာပြီးအားပေးကြတယ်။ ဘာတွေကို ဘယ်လိုကန်ကြလေမလဲပေါ့။

ပြိုင်ပွဲမစခင်မှာ မျက်မမြင်အသင်းရဲ့နည်းပြက သူ့ရဲ့အသင်းသားတွေကိုမှာတယ်။ “မင်းတို့က မျက်မမြင်တွေဆိုတော့အကြားနဲ့ ကန်ကြရမယ်။ မင်းတို့ကန်သွင်းရမယ့်ဂိုးပေါက်မှာ ငါခေါင်းလောင်းချိတ်ထားပေးမယ်

အဲဒီနေရာကို ဘောလုံးသယ်လာပြီး သွင်းကွာ။ ဘောလုံးမှာလည်းချူတပ်ပေးထားမယ်ကွာ။ ပြီးတော့မင်းတို့အချင်းချင်း သိရအောင်မင်းတို့ ဖိနပ်တွေမှာလည်း ချူ တပ်ပေးထားမယ်ကွာ၊ ရပြီလား”

“ရပြီဆရာ၊ဒါဆိုရင်တော့ အဆင်ပြေပြီဆရာ ”

မျက်မမြင်အသင်းကို သူ့နည်းပြမှာနေတာတွေ့တဲ့ အရူးအသင်းနည်းပြကလည်း ကွင်းထဲမှာ ထင်ရာလုပ်နေကြတဲ့သူ့ရဲ့အသင်းသားတွေကို လှမ်းခေါ်လိုက်တယ်။

အရူးတွေက အားလုံးကိုယ်လက်အင်္ဂါ ကောင်းကြပြီး ဗလကောင်းကောင်းနဲ့ ထောင်ထောင်မောင်းမောင်းတွေချည်းပဲ။ ဒါပေမဲ့ ဦးနှောက်မကောင်းကြဘူး။

သူ့အသင်းသားတွေကို မှာတာက “မှတ်ထားကြကွ ဘောလုံးကိုဂိုးပေါက်ထဲကို များများသွင်း ဖြစ်နိုင်ရင် မင်းတို့ (၁၁)ယောက်လုံး တစ်ယောက်တစ်ဂိုးသွင်းကြကွာ ဒါဆိုရင်ငါတို့နိုင်ပြီ မသွင်းနိုင်ရင်တော့ ငါရိုက်မှာနော်”

“ဟာ ! စိတ်ချဆရာ တစ်ယောက်တစ်ဂိုး ရအောင်သွင်းမှာ”

ဒီလိုနဲ့စကန်ကြတာ ငါးမိနစ်နဲ့ ပွဲကပြီးသွားတယ်။ ပြီးမှာပေါ့။ အဖြေကလည်း ကြည့်လေ။ (၁၁)ဂိုး ဂိုးမရှိ။ နိုင်သွားတာက မျက်မမြင်အသင်း။

နိုင်သာသွားရတယ် မျက်မမြင်တွေက ဂိုးသွင်းဖို့နေနေသာသာ ဘောလုံးတောင် မထိလိုက်ကြရဘူး။ အရူးတွေကဘဲ ကိုယ့်ဂိုးကိုယ် ပြန်သွင်းသွားကြတာ။

ဘာဖြစ်လို့လဲဆိုတော့ မျက်မမြင်တွေက စမ်းစမ်းစမ်းစမ်းနဲ့ ချူ သံကြားရာနောက် ပြေးလိုက်နေကြလို့ ရှုပ်ထွေးနေလေတော့ ဟိုဘက်ကို မကန်တော့ဘဲ

ဆရာမှာထားတဲ့အတိုင်း နီးလည်းနီး ရှင်းလည်းရှင်းတဲ့ ကိုယ့်ဂိုးမှန်းလည်း ကိုယ်မသိကြလေတော့ ကန်ထည့်လိုက်တာ ဂိုးတာပေါ့။ညအဓိက,က ဂိုးဝင်ဖို့ မဟုတ်လား။

ဒီလိုနဲ့ တစ်ယောက်ပြီးတစ်ယောက် ကိုယ့်ဂိုးကိုယ်သွင်းလိုက်ကြတာ (၁၀)ဂိုးဖြစ်သွားတယ်။ ဂိုးသမားကလည်း မင်းတို့အလှည့် ပြီးပြီလား ငါ့အလှည့်လာထားဆိုပြီး ဘောလုံးလေးကို ဂိုးရှေ့ချပြီး နောက်ပေါက်လေးနဲ့ ကန်ထည့်လိုက်တာ ဂိုးတာပေါ့။

တစ်သင်းလုံး ထခုန်ကြတယ်။ ပျော်လိုက်ကြတာ။ သူတို့တစ်သင်းလုံး ဂိုးသွင်းကြရလို့လေ။

ဒီလိုနဲ့ပဲ မျက်မမြင်အသင်းကအရူးအသင်းကို တစ်ဂိုးမှ မသွင်းရဘဲ (၁၁)ဂိုး ဂိုးမရှိနဲ့နိုင်သွားတော့တယ်။

ဒီပုံပြင်လေးက ရလိုက်တာကတော့ လောကမှာ ဘယ်အရာတွေနဲ့ ဘယ်လိုပဲပြည့်စုံနေပါစေ အကြောင်းအကျိုး၊ အကောင်းအဆိုး ၊ အမှားအမှန်၊ ဓမ္မနဲ့အဓမ္မ ကို ခွဲခြားသိမြင်နိုင်သော

အသိဉာဏ်ပညာ မရှိလျှင် ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ဂိုးကိုယ်သွင်းမိပြီး ကိုယ်ကျိုးနည်းသွားနိုင်တယ် ဆိုတာပါပဲ။ “ခွဲခြားသိမြင်နိုင်သော အသိဉာဏ်ရှိကြပါစေ”

ဆရာလူထု ဦးလှပုံပြင်များ

Zaw Gyi

“ေဘာလုံးပြဲပုံျပင္”

တခါက မ်က္မျမင္အသင္းနဲ႔ အ႐ူးအသင္း ေဘာလုံးကန္ၾကမယ္ဆိုလို႔ ပရိသတ္ကလည္းႀကိတ္ႀကိတ္တိုး လာၿပီးအားေပးၾကတယ္။ ဘာေတြကို ဘယ္လိုကန္ၾကေလမလဲေပါ့။

ၿပိဳင္ပြဲမစခင္မွာ မ်က္မျမင္အသင္းရဲ႕နည္းျပက သူ႔ရဲ႕အသင္းသားေတြကိုမွာတယ္။ “မင္းတို႔က မ်က္မျမင္ေတြဆိုေတာ့အၾကားနဲ႔ ကန္ၾကရမယ္။ မင္းတို႔ကန္သြင္းရမယ့္ဂိုးေပါက္မွာ ငါေခါင္းေလာင္းခ်ိတ္ထားေပးမယ္

အဲဒီေနရာကို ေဘာလုံးသယ္လာၿပီး သြင္းကြာ။ ေဘာလုံးမွာလည္းခ်ဴတပ္ေပးထားမယ္ကြာ။ ၿပီးေတာ့မင္းတို႔အခ်င္းခ်င္း သိရေအာင္မင္းတို႔ ဖိနပ္ေတြမွာလည္း ခ်ဴ တပ္ေပးထားမယ္ကြာ၊ ရၿပီလား”

“ရၿပီဆရာ၊ဒါဆိုရင္ေတာ့ အဆင္ေျပၿပီဆရာ ”

မ်က္မျမင္အသင္းကို သူ႔နည္းျပမွာေနတာေတြ႕တဲ့ အ႐ူးအသင္းနည္းျပကလည္း ကြင္းထဲမွာ ထင္ရာလုပ္ေနၾကတဲ့သူ႔ရဲ႕အသင္းသားေတြကို လွမ္းေခၚလိုက္တယ္။

အ႐ူးေတြက အားလုံးကိုယ္လက္အဂၤါ ေကာင္းၾကၿပီး ဗလေကာင္းေကာင္းနဲ႔ ေထာင္ေထာင္ေမာင္းေမာင္းေတြခ်ည္းပဲ။ ဒါေပမဲ့ ဦးေႏွာက္မေကာင္းၾကဘူး။

သူ႔အသင္းသားေတြကို မွာတာက “မွတ္ထားၾကကြ ေဘာလုံးကိုဂိုးေပါက္ထဲကို မ်ားမ်ားသြင္း ျဖစ္ႏိုင္ရင္ မင္းတို႔ (၁၁)ေယာက္လုံး တစ္ေယာက္တစ္ဂိုးသြင္းၾကကြာ ဒါဆိုရင္ငါတို႔ႏိုင္ၿပီ မသြင္းႏိုင္ရင္ေတာ့ ငါ႐ိုက္မွာေနာ္”

“ဟာ ! စိတ္ခ်ဆရာ တစ္ေယာက္တစ္ဂိုး ရေအာင္သြင္းမွာ”

ဒီလိုနဲ႔စကန္ၾကတာ ငါးမိနစ္နဲ႔ ပြဲကၿပီးသြားတယ္။ ၿပီးမွာေပါ့။ အေျဖကလည္း ၾကည့္ေလ။ (၁၁)ဂိုး ဂိုးမရွိ။ ႏိုင္သြားတာက မ်က္မျမင္အသင္း။

ႏိုင္သာသြားရတယ္ မ်က္မျမင္ေတြက ဂိုးသြင္းဖို႔ေနေနသာသာ ေဘာလုံးေတာင္ မထိလိုက္ၾကရဘူး။ အ႐ူးေတြကဘဲ ကိုယ့္ဂိုးကိုယ္ ျပန္သြင္းသြားၾကတာ။

ဘာျဖစ္လို႔လဲဆိုေတာ့ မ်က္မျမင္ေတြက စမ္းစမ္းစမ္းစမ္းနဲ႔ ခ်ဴ သံၾကားရာေနာက္ ေျပးလိုက္ေနၾကလို႔ ရႈပ္ေထြးေနေလေတာ့ ဟိုဘက္ကို မကန္ေတာ့ဘဲ

ဆရာမွာထားတဲ့အတိုင္း နီးလည္းနီး ရွင္းလည္းရွင္းတဲ့ ကိုယ့္ဂိုးမွန္းလည္း ကိုယ္မသိၾကေလေတာ့ ကန္ထည့္လိုက္တာ ဂိုးတာေပါ့။ညအဓိက,က ဂိုးဝင္ဖို႔ မဟုတ္လား။

ဒီလိုနဲ႔ တစ္ေယာက္ၿပီးတစ္ေယာက္ ကိုယ့္ဂိုးကိုယ္သြင္းလိုက္ၾကတာ (၁၀)ဂိုးျဖစ္သြားတယ္။ ဂိုးသမားကလည္း မင္းတို႔အလွည့္ ၿပီးၿပီလား ငါ့အလွည့္လာထားဆိုၿပီး ေဘာလုံးေလးကို ဂိုးေရွ႕ခ်ၿပီး ေနာက္ေပါက္ေလးနဲ႔ ကန္ထည့္လိုက္တာ ဂိုးတာေပါ့။

တစ္သင္းလုံး ထခုန္ၾကတယ္။ ေပ်ာ္လိုက္ၾကတာ။ သူတို႔တစ္သင္းလုံး ဂိုးသြင္းၾကရလို႔ေလ။

ဒီလိုနဲ႔ပဲ မ်က္မျမင္အသင္းကအ႐ူးအသင္းကို တစ္ဂိုးမွ မသြင္းရဘဲ (၁၁)ဂိုး ဂိုးမရွိနဲ႔ႏိုင္သြားေတာ့တယ္။

ဒီပုံျပင္ေလးက ရလိုက္တာကေတာ့ ေလာကမွာ ဘယ္အရာေတြနဲ႔ ဘယ္လိုပဲျပည့္စုံေနပါေစ အေၾကာင္းအက်ိဳး၊ အေကာင္းအဆိုး ၊ အမွားအမွန္၊ ဓမၼနဲ႔အဓမၼ ကို ခြဲျခားသိျမင္ႏိုင္ေသာ

အသိဉာဏ္ပညာ မရွိလွ်င္ ဘယ္သူပဲျဖစ္ျဖစ္ ကိုယ့္ဂိုးကိုယ္သြင္းမိၿပီး ကိုယ္က်ိဳးနည္းသြားႏိုင္တယ္ ဆိုတာပါပဲ။ “ခြဲျခားသိျမင္ႏိုင္ေသာ အသိဉာဏ္ရွိၾကပါေစ”

ဆရာလူထု ဦးလွပုံျပင္မ်ား