မြန်မာ့သမိုင်းမှတ်တမ်းများတွင်ပါသော ဒဏ္ဍာရီဆန်ဆန် ထူးဆန်းသည့် သရဲလိုလို သတ္တဝါ (ငေါင်း )အကြောင်း

Unicode

ငေါင်း (IPA|/ŋáʊ̃/) သည် မြန်မာ့သမိုင်းမှတ်တမ်းများတွင်ပါသော ဒဏ္ဍာရီဆန်ဆန် ထူးဆန်းသည့် လူတူသတ္တဝါတစ်မျိုးဖြစ်သည်။ ငေါင်းသတ္တဝါသည် ယုံတမ်းစကား (ဝါ) နာနာဘာဝတို့၏ ရုပ်ဆောင်ချက်ဖြစ်သည်ဟု ယုံကြည်ထားကြသည်။

ငုံးလို ကြက်လို သတ္တဝါဖြစ်ပြီး ခြေတစ်ချောင်းသာပါကာ လူနှင့် ဆင်တူသည်ဟု ဆိုသည်။ တောတွင်းတွင် ငေါင်းကိုဖမ်းလိုလျှင် ပိုက်၊ကျော့ စသည်နည်းများဖြင့် ဖမ်းမရပေ။ ငှက်ပျောဖက်ခင်း၍ ထောင်ထားပြီး ချော်လဲသွားမှ ဖမ်းနိုင်သည်ဟု ဆိုကြသည်။

ဂနန်းဘာသာစကားဖြင့် စောက်ကွန်း (ခြေတစ်ချောင်း အကောင်) ဟုခေါ်သည်။ ရှေးမြန်မာ့ တိုင်းရင်းဆေးနည်းများတွင် ထိပ်ကပ်နာပျောက်ဆေး ဖော်ဆပ်သည့်နေရာတွင် ဒေါင်းရိုး၊ ငေါင်းရိုးတို့လည်း အပါအဝင်ဖြစ်သည်ကို တွေ့ရသည်။

တိမ်သလ္လာပျောက်မျက်စဉ်းဆေးတွင်လည်း ငေါင်းရိုးပါဝင်သည်။

ငေါင်း သတ္တဝါပုံအား အထောက်အထားများအရ ပုံဖော်ထားခြင်းဖြစ်သည်။ ဝစ်ရှင်နရီ၊ အခမဲ့အဘိဓာန်တွင် ငေါင်း ကို ရှာဖွေကြည့်ရှုပါ။

သွင်ပြင်လက္ခဏာ ပြင်ဆင်

ငေါင်းသည် ခြေတစ်ချောင်းထောက်၍ လမ်းလျှောက်တတ်သည်။ ဦးခေါင်းနောက် နောက်စေ့နေရာတွင် အောက်ချင်းငှက်ကဲ့သို့ အချွန်အတက်ကြီးပါရှိသည်။

သစ်ပင်များအထက်သို့ လူတစ်ရပ်ကျော်ခုန်၍ အဆိုပါ အချွန်အတက်ကြီးဖြင့် ပေါက်ကာ ကြာကြာရပ်တည်နေနိုင်သည်။ ခြေတစ်ချောင်းသာရှိသော်လည်း အပြေးအလွန်မြန်သည်။ ဒူးဆစ်ကွေးမရပေ။ သစ်ပင်ကို မှီကာအိပ်စက်တတ်သည်။

အချို့အရပ်များတွင် အတောင်မပါဘဲ၊ လက်သာပါကြောင်း ထူးခြားစွာဆိုသည်။ ဖနောင့်ပြောင်းပြန်လှည့်နေသည့် အနေအထားရှိပြီး လက်မောင်းများ သန်မာသည်။

ခန္ဓာကိုယ်ပြားချပ်သည် စသည်ဖြင့် အမျိုးမျိုးကွဲပြားစွာ ဆိုကြပြန်သည်။ “ငေါင်းခြေတစ်ချောင်း မစားကောင်း” ဟုပင် ရှေးစကားပုံ ရှိသည်။

အထောက်အထား ပြင်ဆင်

ငေါင်းနှင့်ပက်သက်ပြီး အခိုင်လုံဆုံးသော အထောက်အထားမှာ ကုန်းဘောင်မင်းဆက် ရွှေတိုက်တွင် ထားရှိသည့် ရွှေနန်းစဉ် လက်သုံးပုရပိုက်ဖြူဖြစ်သည်။

အဆိုပါဆေးရေးပုရပိုက်တွင် လူမျောက်ငရွှေမောင်၊ ကိန္နရာအသေခြောက်၊ နဂါးဂဠုန်အသေခြောက်၊ ရေသူမ၊ နဂါးငါးကောင်၊ ကျွန်းဖိုကျွန်းမပင် စသည်အကြောင်းအရာတို့နှင့် အတူ လူငေါင်းပုံများပါ ပါဝင်သည်။

ဘိုးတော်ဘုရားလက်ထက်က တောင်ငူမြို့ မြတ်စောညီနောင် ဘုရားမှ ဖမ်းယူရရှိသည်။ တောင်ငူမြို့ဝန်မှ ဆက်သသည့် အဆိုပါ ငေါင်းတွင် လက်နှစ်ဖက်၊ ခြေတစ်ဖက် ပါဝင်သည်။ လက်နှစ်ဖက်ကို အတောင်များသဖွယ် ဘေးနှစ်ဖက်သို့ ဖြန့်ကားထားသည်။

အမျိုးသမီးမျက်နှာနှင့် ဆင်တူသော မျက်နှာပုံစံရှိသည်။ ဆံပင်တိုပြီး အသံမှာ ငှက်သံကဲ့သို့ ဖြစ်သည်။ အသားမစားဟုဆိုသည်။

ငေါင်းသတ္တဝါသည် ကိုယ်ခန္ဓာပြားချပ်၏။ လက်နှစ်ဖက်ပါကာ လက်မောင်းများထွားကြိုင်း၏။ အရပ် ငါးပေတစ်လက်မခန့် ရှိသည်။ ဒူးဆစ်မရှိ။ ခြေတစ်ချောင်းသာ ပါ၏။

ခြေဖဝါးသည် အနောက်ဘက်သို့ လှည့်နေပြီး ဖနှောင့်သည် အရှေ့တွင်ရှိသည်။ ခါးတစ်ဆစ် ခြေမျက်စိ တစ်ဆစ် နှစ်ဆစ်သာပါ၏။ နဖူးသည် ခြောက်လက်မကျော် ကျယ်၍ပြောင်၏။ မေးကောက်သည်။

ခေါင်းနောက်စေ့တွင် ပေါက်ချွန်းပမာ၊ အမောက်ပမာ အရိုးကြီးပါရှိသည်။ သစ်ပင်ထူထပ်သော တောနက်ကြီးများတွင် နေထိုင်တတ်သည်။

သစ်ပင်တစ်ပင်မှ တစ်ပင် ကူးပြောင်းသွားလာတတ်၏ဟု လေ့လာတွေ့ရှိချက်အား ကချင်ပြည်နယ် နန်းမွန်ရွာ အမတ်ဟောင်းတစ်ဦးမှ ရေးသားဖူးကြောင်း ငှက်အမျိုးအနွယ်လဲမဟုတ်ပါ အတောင်မပါရှိပါ။

ငေါင်းကောင်သည် လူနှင့်တူသော သတ္တဝါဖြစ်ပြီး ဆံပင်အလွန်ကောင်းသည်။ ငေါင်း၏ဆံပင်ကို ဆံစု(ဆံတု)လုပ်ပါက ဆံပင်ကောင်းသည်ဟု အယူရှိသဖြင့် ရှေးခေတ် အမျိုးသမီးများ ငေါင်း၏ဆံပင်ကို ဆံစု(ဆံတု)လုပ်ကြလေ့ရှိ ပါသည်။

၎င်းသတ္တဝါသည် ခြေတဆစ်လက်တဆစ်သာရှိသောကြောင့် လူကဲ့သို့ကွေး၍ မရချေ။ သို့သော် အလွန်အပြေးသန်သည်။ ကမ္ဘာပေါ်တွင် အပြေးအသန်ဆုံးဖြစ်သည့် ခွေးပင်လိုက်၍ မမှီနိုင်ပေ။

၎င်းတို့ကို ဖမ်းဆီးရန်မှာ ၎င်းတို့ကျက်စားရာ ပါတ်ဝန်းကျင် တောင်စောင်းတနေရာတွင် ဝါးဖက်(ဝါးပိုးဖက်)များကို ခင်းထားရပြီး ဖက်ခင်းထားသည့် တောင်စောင်းဘက်သို့ ၎င်းတို့ကို မောင်းနှင်လိုက်သည့်အခါ

၎င်းတို့သည် ဖက်များကိုနင်းမိကာ ခြေချော်၍ တောင်အောက်သို့ လိမ့်ကျသွားတတ်ပါသည်။ ထိုအခါမျိုးမှာ တောင်အောက်မှစောင့်၍ ဖမ်းရပါသည်။

၎င်းငေါင်းကောင်သည် လဲကျရာမှ ထလိုလျှင် သစ်ပင်ငယ်လေးများရှိရာသို့ လူးလှိမ့်ပြီး ထိုသစ်ပင်ငယ်လေးများကို ကိုင်တွယ်ဆွဲယူပြီးထ ကြရသည်။ ၎င်းတို့ လဲကျရာမှ မထ နိုင်မှီ အမိဖမ်းရသည်။

ဟုမ္မလင်း၊ ဗန်းမော်၊ ဝိုင်းမော်၊ မိုးကောင်းမြို့ အနီးတဝိုက်ရွာများတွင် ငေါင်းကို တွေ့ဖူးကြသည်ဆိုသည်။ နောက်ဆုံးတွေ့ခဲ့သည့် မှတ်တမ်းမှာ ၁၉၅၅ တွင် ကချင်ပြည်နယ် ကဝါးပွန်းရွာမှ ရွာသား ဝဂျစ်ခန်သည်

သစ်ခွဲကြောင်းတွင် လက်ညပ်နေသော ငေါင်းတစ်ကောင်အား ဖမ်းဆီးခဲ့မှုဖြစ်သည်။ ဆယ်လော်ရွာရဲစခန်းတွင် တစ်ညထားပြီး နောက်နေ့တွင် သေဆုံးသွားသည်ဆိုသည်။

သူတို့ကို ယဉ်ပါးအောင်မွေး၍ မရချေ။ အုပ်စုဖွဲ့နေထိုင်တတ်ကြပြီး အကြီးဆုံးအကောင်မှာ လူ ၁၀နှစ်သားအရွယ်ခန့် ရှိသည်။ ငေါင်း….ငေါင်း ဟုအော်မြည်တတ်သဖြင့် ငေါင်းဟု ခေါ်ရခြင်းဖြစ်သည်။

ရှေးအခါက ဒေါနတောင်တန်းတွင် အများအပြားတွေ့ရတတ်ပြီး ယခုအခါမှာတော့ မရှိသလောက်ကို ရှားသွားပြီဖြစ်ပါသည်။ သူတို့၏ အရိုးကို ဆေးတံရိုးလုပ်ပြီး သောက်လျှင် သွားခိုင်သည်ဟု ရှေးလူကြီးများက ဆိုကြသည်။

[၁] အချုပ်အားဖြင့်ဆိုသော် ငေါင်းသည် နာနာဘာဝမဟုတ်သလို ငှက်လည်းမဟုတ်ပေ။ လက်နှင့်ခေါင်း သဏ္ဌာန်ပါဝင်ပြီး ထူးဆန်းသည့် သတ္တဝါဆန်းတစ်မျိုးဖြစ်ပြီး အမျိုးတုံးရှားပါးသည်ဟု ဆိုရမည်ဖြစ်သည်။

(Google မှကူးယူဖော်ပြခြင်းဖြစ်ပါတယ်ဗျ)

Zaw Gyi

ေငါင္း (IPA|/ŋáʊ̃/) သည္ ျမန္မာ့သမိုင္းမွတ္တမ္းမ်ားတြင္ပါေသာ ဒ႑ာရီဆန္ဆန္ ထူးဆန္းသည့္ လူတူသတၱဝါတစ္မ်ိဳးျဖစ္သည္။ ေငါင္းသတၱဝါသည္ ယုံတမ္းစကား (ဝါ) နာနာဘာဝတို႔၏ ႐ုပ္ေဆာင္ခ်က္ျဖစ္သည္ဟု ယုံၾကည္ထားၾကသည္။

ငုံးလို ၾကက္လို သတၱဝါျဖစ္ၿပီး ေျခတစ္ေခ်ာင္းသာပါကာ လူႏွင့္ ဆင္တူသည္ဟု ဆိုသည္။ ေတာတြင္းတြင္ ေငါင္းကိုဖမ္းလိုလွ်င္ ပိုက္၊ေက်ာ့ စသည္နည္းမ်ားျဖင့္ ဖမ္းမရေပ။ ငွက္ေပ်ာဖက္ခင္း၍ ေထာင္ထားၿပီး ေခ်ာ္လဲသြားမွ ဖမ္းႏိုင္သည္ဟု ဆိုၾကသည္။

ဂနန္းဘာသာစကားျဖင့္ ေစာက္ကြန္း (ေျခတစ္ေခ်ာင္း အေကာင္) ဟုေခၚသည္။ ေရွးျမန္မာ့ တိုင္းရင္းေဆးနည္းမ်ားတြင္ ထိပ္ကပ္နာေပ်ာက္ေဆး ေဖာ္ဆပ္သည့္ေနရာတြင္ ေဒါင္း႐ိုး၊ ေငါင္း႐ိုးတို႔လည္း အပါအဝင္ျဖစ္သည္ကို ေတြ႕ရသည္။

တိမ္သလႅာေပ်ာက္မ်က္စဥ္းေဆးတြင္လည္း ေငါင္း႐ိုးပါဝင္သည္။

ေငါင္း သတၱဝါပုံအား အေထာက္အထားမ်ားအရ ပုံေဖာ္ထားျခင္းျဖစ္သည္။ ဝစ္ရွင္နရီ၊ အခမဲ့အဘိဓာန္တြင္ ေငါင္း ကို ရွာေဖြၾကည့္ရႈပါ။

သြင္ျပင္လကၡဏာ ျပင္ဆင္

ေငါင္းသည္ ေျခတစ္ေခ်ာင္းေထာက္၍ လမ္းေလွ်ာက္တတ္သည္။ ဦးေခါင္းေနာက္ ေနာက္ေစ့ေနရာတြင္ ေအာက္ခ်င္းငွက္ကဲ့သို႔ အခြၽန္အတက္ႀကီးပါရွိသည္။

သစ္ပင္မ်ားအထက္သို႔ လူတစ္ရပ္ေက်ာ္ခုန္၍ အဆိုပါ အခြၽန္အတက္ႀကီးျဖင့္ ေပါက္ကာ ၾကာၾကာရပ္တည္ေနႏိုင္သည္။ ေျခတစ္ေခ်ာင္းသာရွိေသာ္လည္း အေျပးအလြန္ျမန္သည္။ ဒူးဆစ္ေကြးမရေပ။ သစ္ပင္ကို မွီကာအိပ္စက္တတ္သည္။

အခ်ိဳ႕အရပ္မ်ားတြင္ အေတာင္မပါဘဲ၊ လက္သာပါေၾကာင္း ထူးျခားစြာဆိုသည္။ ဖေနာင့္ေျပာင္းျပန္လွည့္ေနသည့္ အေနအထားရွိၿပီး လက္ေမာင္းမ်ား သန္မာသည္။

ခႏၶာကိုယ္ျပားခ်ပ္သည္ စသည္ျဖင့္ အမ်ိဳးမ်ိဳးကြဲျပားစြာ ဆိုၾကျပန္သည္။ “ေငါင္းေျခတစ္ေခ်ာင္း မစားေကာင္း” ဟုပင္ ေရွးစကားပုံ ရွိသည္။

အေထာက္အထား ျပင္ဆင္

ေငါင္းႏွင့္ပက္သက္ၿပီး အခိုင္လုံဆုံးေသာ အေထာက္အထားမွာ ကုန္းေဘာင္မင္းဆက္ ေ႐ႊတိုက္တြင္ ထားရွိသည့္ ေ႐ႊနန္းစဥ္ လက္သုံးပုရပိုက္ျဖဴျဖစ္သည္။

အဆိုပါေဆးေရးပုရပိုက္တြင္ လူေမ်ာက္ငေ႐ႊေမာင္၊ ကိႏၷရာအေသေျခာက္၊ နဂါးဂဠဳန္အေသေျခာက္၊ ေရသူမ၊ နဂါးငါးေကာင္၊ ကြၽန္းဖိုကြၽန္းမပင္ စသည္အေၾကာင္းအရာတို႔ႏွင့္ အတူ လူေငါင္းပုံမ်ားပါ ပါဝင္သည္။

ဘိုးေတာ္ဘုရားလက္ထက္က ေတာင္ငူၿမိဳ႕ ျမတ္ေစာညီေနာင္ ဘုရားမွ ဖမ္းယူရရွိသည္။ ေတာင္ငူၿမိဳ႕ဝန္မွ ဆက္သသည့္ အဆိုပါ ေငါင္းတြင္ လက္ႏွစ္ဖက္၊ ေျခတစ္ဖက္ ပါဝင္သည္။ လက္ႏွစ္ဖက္ကို အေတာင္မ်ားသဖြယ္ ေဘးႏွစ္ဖက္သို႔ ျဖန႔္ကားထားသည္။

အမ်ိဳးသမီးမ်က္ႏွာႏွင့္ ဆင္တူေသာ မ်က္ႏွာပုံစံရွိသည္။ ဆံပင္တိုၿပီး အသံမွာ ငွက္သံကဲ့သို႔ ျဖစ္သည္။ အသားမစားဟုဆိုသည္။

ေငါင္းသတၱဝါသည္ ကိုယ္ခႏၶာျပားခ်ပ္၏။ လက္ႏွစ္ဖက္ပါကာ လက္ေမာင္းမ်ားထြားႀကိဳင္း၏။ အရပ္ ငါးေပတစ္လက္မခန႔္ ရွိသည္။ ဒူးဆစ္မရွိ။ ေျခတစ္ေခ်ာင္းသာ ပါ၏။

ေျခဖဝါးသည္ အေနာက္ဘက္သို႔ လွည့္ေနၿပီး ဖေႏွာင့္သည္ အေရွ႕တြင္ရွိသည္။ ခါးတစ္ဆစ္ ေျခမ်က္စိ တစ္ဆစ္ ႏွစ္ဆစ္သာပါ၏။ နဖူးသည္ ေျခာက္လက္မေက်ာ္ က်ယ္၍ေျပာင္၏။ ေမးေကာက္သည္။

ေခါင္းေနာက္ေစ့တြင္ ေပါက္ခြၽန္းပမာ၊ အေမာက္ပမာ အ႐ိုးႀကီးပါရွိသည္။ သစ္ပင္ထူထပ္ေသာ ေတာနက္ႀကီးမ်ားတြင္ ေနထိုင္တတ္သည္။

သစ္ပင္တစ္ပင္မွ တစ္ပင္ ကူးေျပာင္းသြားလာတတ္၏ဟု ေလ့လာေတြ႕ရွိခ်က္အား ကခ်င္ျပည္နယ္ နန္းမြန္႐ြာ အမတ္ေဟာင္းတစ္ဦးမွ ေရးသားဖူးေၾကာင္း ငွက္အမ်ိဳးအႏြယ္လဲမဟုတ္ပါ အေတာင္မပါရွိပါ။

ေငါင္းေကာင္သည္ လူႏွင့္တူေသာ သတၱဝါျဖစ္ၿပီး ဆံပင္အလြန္ေကာင္းသည္။ ေငါင္း၏ဆံပင္ကို ဆံစု(ဆံတု)လုပ္ပါက ဆံပင္ေကာင္းသည္ဟု အယူရွိသျဖင့္ ေရွးေခတ္ အမ်ိဳးသမီးမ်ား ေငါင္း၏ဆံပင္ကို ဆံစု(ဆံတု)လုပ္ၾကေလ့ရွိ ပါသည္။

၎သတၱဝါသည္ ေျခတဆစ္လက္တဆစ္သာရွိေသာေၾကာင့္ လူကဲ့သို႔ေကြး၍ မရေခ်။ သို႔ေသာ္ အလြန္အေျပးသန္သည္။ ကမာၻေပၚတြင္ အေျပးအသန္ဆုံးျဖစ္သည့္ ေခြးပင္လိုက္၍ မမွီႏိုင္ေပ။

၎တို႔ကို ဖမ္းဆီးရန္မွာ ၎တို႔က်က္စားရာ ပါတ္ဝန္းက်င္ ေတာင္ေစာင္းတေနရာတြင္ ဝါးဖက္(ဝါးပိုးဖက္)မ်ားကို ခင္းထားရၿပီး ဖက္ခင္းထားသည့္ ေတာင္ေစာင္းဘက္သို႔ ၎တို႔ကို ေမာင္းႏွင္လိုက္သည့္အခါ

၎တို႔သည္ ဖက္မ်ားကိုနင္းမိကာ ေျခေခ်ာ္၍ ေတာင္ေအာက္သို႔ လိမ့္က်သြားတတ္ပါသည္။ ထိုအခါမ်ိဳးမွာ ေတာင္ေအာက္မွေစာင့္၍ ဖမ္းရပါသည္။

၎ေငါင္းေကာင္သည္ လဲက်ရာမွ ထလိုလွ်င္ သစ္ပင္ငယ္ေလးမ်ားရွိရာသို႔ လူးလွိမ့္ၿပီး ထိုသစ္ပင္ငယ္ေလးမ်ားကို ကိုင္တြယ္ဆြဲယူၿပီးထ ၾကရသည္။ ၎တို႔ လဲက်ရာမွ မထ ႏိုင္မွီ အမိဖမ္းရသည္။

ဟုမၼလင္း၊ ဗန္းေမာ္၊ ဝိုင္းေမာ္၊ မိုးေကာင္းၿမိဳ႕ အနီးတဝိုက္႐ြာမ်ားတြင္ ေငါင္းကို ေတြ႕ဖူးၾကသည္ဆိုသည္။ ေနာက္ဆုံးေတြ႕ခဲ့သည့္ မွတ္တမ္းမွာ ၁၉၅၅ တြင္ ကခ်င္ျပည္နယ္ ကဝါးပြန္း႐ြာမွ ႐ြာသား ဝဂ်စ္ခန္သည္

သစ္ခြဲေၾကာင္းတြင္ လက္ညပ္ေနေသာ ေငါင္းတစ္ေကာင္အား ဖမ္းဆီးခဲ့မႈျဖစ္သည္။ ဆယ္ေလာ္႐ြာရဲစခန္းတြင္ တစ္ညထားၿပီး ေနာက္ေန႔တြင္ ေသဆုံးသြားသည္ဆိုသည္။

သူတို႔ကို ယဥ္ပါးေအာင္ေမြး၍ မရေခ်။ အုပ္စုဖြဲ႕ေနထိုင္တတ္ၾကၿပီး အႀကီးဆုံးအေကာင္မွာ လူ ၁၀ႏွစ္သားအ႐ြယ္ခန႔္ ရွိသည္။ ေငါင္း….ေငါင္း ဟုေအာ္ျမည္တတ္သျဖင့္ ေငါင္းဟု ေခၚရျခင္းျဖစ္သည္။

ေရွးအခါက ေဒါနေတာင္တန္းတြင္ အမ်ားအျပားေတြ႕ရတတ္ၿပီး ယခုအခါမွာေတာ့ မရွိသေလာက္ကို ရွားသြားၿပီျဖစ္ပါသည္။ သူတို႔၏ အ႐ိုးကို ေဆးတံ႐ိုးလုပ္ၿပီး ေသာက္လွ်င္ သြားခိုင္သည္ဟု ေရွးလူႀကီးမ်ားက ဆိုၾကသည္။

[၁] အခ်ဳပ္အားျဖင့္ဆိုေသာ္ ေငါင္းသည္ နာနာဘာဝမဟုတ္သလို ငွက္လည္းမဟုတ္ေပ။ လက္ႏွင့္ေခါင္း သဏၭာန္ပါဝင္ၿပီး ထူးဆန္းသည့္ သတၱဝါဆန္းတစ္မ်ိဳးျဖစ္ၿပီး အမ်ိဳးတုံးရွားပါးသည္ဟု ဆိုရမည္ျဖစ္သည္။

(Google မွကူးယူေဖာ္ျပျခင္းျဖစ္ပါတယ္ဗ်)