စွန့်ပစ် ပလပ်စတစ်ဘူးများကိုအသုံးပြုကာ ဆင်းရဲနွမ်းပါးသူများအတွက် ရာနှင့်ချီတဲ့အိမ်များကို အခမဲ့ဆောက်လုပ်ပေးခဲ့တဲ့ အမျိုးသမီး
Unicode
ရှေ့နေတစ်ဦးအနေဖြင့် Ingrid Vaca Diez
အမည်ရှိအမျိုးသမီးတစ်ဦးဟာ
သူမ၏အမှုသည်များ၏အခွင့်အရေးအတွက်
အမြဲတမ်းရပ်တည်ပေးခဲ့ပါတယ်။
ယခုတစ်ကြိမ်တွင် ဆင်းရဲနွမ်းပါးသူများကိုကိုယ်ပိုင်အိမ်ရှိရန်ကူညီပေးနေသည့်
အခြားအကြောင်းရင်းတစ်ခုအတွက် သူမ ရပ်တည်နေပြန်ပါတယ်။
ဘိုလီးဗီးယားနိုင်ငံမှ ကျွမ်းကျင်ရှေ့နေဖြစ်တဲ့ Diez ဟာ ဗိသုကာပညာရှင်တစ်ဦးဖြစ်ရန်စိတ်ကူးမရှိပေမဲ့လည်း
သူမတို့အိမ်ကဟင်းလင်းပြင်မှာ စုဆောင်းထားတဲ့ပလပ်စတစ်ပုလင်းအလွတ်များကိုကြည့်ပြီး
ခင်ပွန်းဖြစ်သူက သူမအား ပလပ်စတစ်ဘူးတွေနဲ့တောင်
အိမ်ဆောက်လို့ရတယ်လို့ မှတ်ချက်ပေးခဲ့ပြီးနောက် ခင်ပွန်းဖြစ်သူရဲ့စကားများက သူမအား “
အမှိုက်ကနေ လိုအပ်နေတဲ့ မိသားစုတွေအတွက် တတ်နိုင်တဲ့
အိမ်တွေ တကယ်ဆောက်ပေးလိုက်ရင်ကော” ဆိုတဲ့အတွေးမျိုးတွေးလာစေခဲ့ပါတယ်။
သို့ပေမဲ့ ၎င်းအစီအစဉ်ကိုတွေးထားရုံသာရှိသေးတဲ့သူမဟာ ဒေသခံကျောင်းတစ်ကျောင်းသို့သွားရောက်လည်ပတ်ခဲ့ပြီး
ခရစ္စမတ်အတွက် သူတို့လိုချင်တာချရေးထားတဲ့စာတစ်စောင်ကို ကလေးငယ်များအား ရေးခိုင်းခဲ့ပါတယ်။
၎င်းတို့ထဲမှတစ်ဦးက သူမလိုချင်သည်မှာ လက်ရှိရာဘာနှင့်ပုံးများဖြင့် ပြုလုပ်ထားတဲ့
သူမတို့ရဲ့အိမ်သေးသေးလေးက အဆက်မပြတ် ယိုစိမ့်နေတာကြောင့်
သူမအနေနဲ့ သူမမိသားစုအတွက် အခန်းများများလိုချင်ကြောင်း
ရေးထားသည့်စာတစ်စောင်ကြောင့် သူမစိတ်မကောင်းဖြစ်သွားခဲ့ရပါတယ်။
သူမ၏စိတ်ကူးဟာ သူမ၏ နိုင်ငံရှိ ဆင်းရဲနွမ်းပါးတဲ့မိသားစုများအတွက်
အပြုသဘောဆောင်တဲ့အကျိုးသက်ရောက်မှုကို အမှန်တကယ်ပေးနိုင်ကြောင်းသဘောပေါက်သွားခဲ့တာကြောင့်
Diez ဟာ ပရောဂျက်ကို စတင်လိုက်ပါတော့တယ်။
ဘူးအလွတ်များက အလွယ်တကူရှာနိုင်ပြီး ၎င်းတို့ဟာ အုတ်များထက် ပိုဈေးသက်သာပါတယ်။
ပလပ်စတစ်ဗူးအလွတ်များကိုပိုမိုခိုင်ခံ့ပြီး တာရှည်ခံစေရန်၊ Diez က ၎င်းတို့အား
အမှိုက်သရှိုက်နှင့်သဲများဖြင့်ဖြည့်သွင်းကာ ဘူးများကိုအုတ်ခဲများအဖြစ်အသုံးပြုကာ အိမ်များကို ဆောက်လုပ်ခဲ့ပြီး
စတုရန်းပေ ၁၈၃၀ ကျယ်ဝန်းတဲ့အိမ်တစ်လုံးအတွက်
ပလပ်စတစ် ဘူးအလွတ် ၃၆,၀၀၀ လုံးခန့်လိုအပ်သလို အိမ်ဆောက်ရာတွင်အတွေ့အကြုံမရှိပေမဲ့ Diez ဟာ သန်းပေါင်းများစွာသောဘူးအလွတ်များကိုအသုံးပြုကာ
အိမ်ခြေပေါင်း ၃၀၀ ကိုတည်ဆောက်ပေးနိုင်ခဲ့ပါတယ်။
Diez ရဲ့လုပ်ရပ်ဟာ တစ်ခါတစ်ရံတွင် ဈေးပေါပြီးတီထွင်ဖန်တီးမှုရှိတဲ့ဖြေရှင်းနည်းများက ပြဿနာများကိုဖြေရှင်းရာမှာကောင်းမွန်နိုင်ကြောင်းသက်သေပြနေပြီး
သူမမှာ ရန်ပုံငွေမရှိသလို အိမ်ဆောက်ရာမှာ အတွေ့အကြုံလည်းမရှိပေမယ့် Diez ဟာ ၎င်းတို့အိပ်မက်ထဲကအိမ်တစ်အိမ်ရဖို့လိုအပ်နေတဲ့မိသားစုတွေကို အပြည်အဝကူညီပေးနိုင်ခဲ့ပါတယ်။
Credit
Zaw Gyi
ေရွ႕ေနတစ္ဦးအေနျဖင့္ Ingrid Vaca Diez အမည္ရွိအမ်ိဳးသမီးတစ္ဦးဟာ သူမ၏အမႈသည္မ်ား၏အခြင့္အေရးအတြက္ အၿမဲတမ္းရပ္တည္ေပးခဲ့ပါတယ္။
ယခုတစ္ႀကိမ္တြင္ ဆင္းရဲႏြမ္းပါးသူမ်ားကိုကိုယ္ပိုင္အိမ္ရွိရန္ကူညီေပးေနသည့္ အျခားအေၾကာင္းရင္းတစ္ခုအတြက္ သူမ ရပ္တည္ေနျပန္ပါတယ္။
ဘိုလီးဗီးယားႏိုင္ငံမွ ကြၽမ္းက်င္ေရွ႕ေနျဖစ္တဲ့ Diez ဟာ ဗိသုကာပညာရွင္တစ္ဦးျဖစ္ရန္စိတ္ကူးမရွိေပမဲ့လည္း သူမတို႔အိမ္ကဟင္းလင္းျပင္မွာ စုေဆာင္းထားတဲ့ပလပ္စတစ္ပုလင္းအလြတ္မ်ားကိုၾကည့္ၿပီး
ခင္ပြန္းျဖစ္သူက သူမအား ပလပ္စတစ္ဘူးေတြနဲ႔ေတာင္ အိမ္ေဆာက္လို႔ရတယ္လို႔ မွတ္ခ်က္ေပးခဲ့ၿပီးေနာက္ ခင္ပြန္းျဖစ္သူရဲ႕စကားမ်ားက သူမအား “
အမႈိက္ကေန လိုအပ္ေနတဲ့ မိသားစုေတြအတြက္ တတ္ႏိုင္တဲ့ အိမ္ေတြ တကယ္ေဆာက္ေပးလိုက္ရင္ေကာ” ဆိုတဲ့အေတြးမ်ိဳးေတြးလာေစခဲ့ပါတယ္။
သို႔ေပမဲ့ ၎အစီအစဥ္ကိုေတြးထား႐ုံသာရွိေသးတဲ့သူမဟာ ေဒသခံေက်ာင္းတစ္ေက်ာင္းသို႔သြားေရာက္လည္ပတ္ခဲ့ၿပီး ခရစၥမတ္အတြက္ သူတို႔လိုခ်င္တာခ်ေရးထားတဲ့စာတစ္ေစာင္ကို ကေလးငယ္မ်ားအား ေရးခိုင္းခဲ့ပါတယ္။
၎တို႔ထဲမွတစ္ဦးက သူမလိုခ်င္သည္မွာ လက္ရွိရာဘာႏွင့္ပုံးမ်ားျဖင့္ ျပဳလုပ္ထားတဲ့သူမတို႔ရဲ႕အိမ္ေသးေသးေလးက အဆက္မျပတ္ ယိုစိမ့္ေနတာေၾကာင့္
သူမအေနနဲ႔ သူမမိသားစုအတြက္ အခန္းမ်ားမ်ားလိုခ်င္ေၾကာင္း ေရးထားသည့္စာတစ္ေစာင္ေၾကာင့္ သူမစိတ္မေကာင္းျဖစ္သြားခဲ့ရပါတယ္။
သူမ၏စိတ္ကူးဟာ သူမ၏ ႏိုင္ငံရွိ ဆင္းရဲႏြမ္းပါးတဲ့မိသားစုမ်ားအတြက္ အျပဳသေဘာေဆာင္တဲ့အက်ိဳးသက္ေရာက္မႈကို အမွန္တကယ္ေပးႏိုင္ေၾကာင္းသေဘာေပါက္သြားခဲ့တာေၾကာင့္ Diez ဟာ ပေရာဂ်က္ကို စတင္လိုက္ပါေတာ့တယ္။
ဘူးအလြတ္မ်ားက အလြယ္တကူရွာႏိုင္ၿပီး ၎တို႔ဟာ အုတ္မ်ားထက္ ပိုေဈးသက္သာပါတယ္။
ပလပ္စတစ္ဗူးအလြတ္မ်ားကိုပိုမိုခိုင္ခံ့ၿပီး တာရွည္ခံေစရန္၊ Diez က ၎တို႔အား အမႈိက္သရႈိက္ႏွင့္သဲမ်ားျဖင့္ျဖည့္သြင္းကာ ဘူးမ်ားကိုအုတ္ခဲမ်ားအျဖစ္အသုံးျပဳကာ အိမ္မ်ားကို ေဆာက္လုပ္ခဲ့ၿပီး
စတုရန္းေပ ၁၈၃၀ က်ယ္ဝန္းတဲ့အိမ္တစ္လုံးအတြက္ ပလပ္စတစ္ ဘူးအလြတ္ ၃၆,၀၀၀ လုံးခန႔္လိုအပ္သလို အိမ္ေဆာက္ရာတြင္အေတြ႕အႀကဳံမရွိေပမဲ့ Diez ဟာ သန္းေပါင္းမ်ားစြာေသာဘူးအလြတ္မ်ားကိုအသုံးျပဳကာ အိမ္ေျခေပါင္း ၃၀၀ ကိုတည္ေဆာက္ေပးႏိုင္ခဲ့ပါတယ္။
Diez ရဲ႕လုပ္ရပ္ဟာ တစ္ခါတစ္ရံတြင္ ေဈးေပါၿပီးတီထြင္ဖန္တီးမႈရွိတဲ့ေျဖရွင္းနည္းမ်ားက ျပႆနာမ်ားကိုေျဖရွင္းရာမွာေကာင္းမြန္ႏိုင္ေၾကာင္းသက္ေသျပေနၿပီး
သူမမွာ ရန္ပုံေငြမရွိသလို အိမ္ေဆာက္ရာမွာ အေတြ႕အႀကဳံလည္းမရွိေပမယ့္ Diez ဟာ ၎တို႔အိပ္မက္ထဲကအိမ္တစ္အိမ္ရဖို႔လိုအပ္ေနတဲ့မိသားစုေတြကို အျပည္အဝကူညီေပးႏိုင္ခဲ့ပါတယ္။
Credit