နှစ်ပေါင်း(၂၅)နှစ်ကြာမှ လူ့လောကထဲကို ရောက်ခွင့်ရခဲ့တဲ့ ကလေးငယ်ရဲ့ အဖြစ်

Unicode

သာမန်အားဖြင့် ကိုယ်ဝန်ဆောင်ချိန်ဟာ (၈-၉-၁၀)လလောက်ဆိုရင် ကလေးတစ်ယောက် လူ့လောကထဲကို ရောက်လာနိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် Emma Wren လို့အမည်ရတဲ့ ကလေးမလေးကတော့ လူ့လောကထဲကို (၂၅)နှစ်ကြာမှ ရောက်လာခွင့် ရှိတဲ့သူ ဖြစ်ခဲ့ပါတယ်။

ဒီနေရာမှာ နည်းနည်း ရှုပ်ထွေးသွားနိုင်စရာ ရှိပါတယ်။ Emma ဟာ ကိုယ်ဝန်သက်နဲ့ နေခဲ့ရတာကတော့ ထုံးစံအတိုင်း ကိုးလလွယ် ဆယ်လဖွားပါဘဲ။ ဒါပေမယ့် Emma ဆိုတဲ့ သန္ဓေသားလေး ဖြစ်လာမယ့် သန္ဓေသားဟာ (၁၉၉၂)ကတည်းက အေးခဲထားခဲ့တဲ့ သန္ဓေသား ဖြစ်နေခဲ့လို့ပါဘဲ။

ဒါကြောင့် Emma ဟာ Longest Embryo ဆိုတဲ့ အရှည်ကြာဆုံးမှတ်တမ်းသစ်တစ်ခုကို ရေးထိုးနိုင်ခဲ့ပါတယ်။

Emma ရဲ့မိခင်ဟာ Tina Gibson ဖြစ်ပြီး၊ ပြန်တွက်ကြည့်ရင် Tina အသက်(၁)နှစ်အရွယ်သာရှိသေးချိန်မှာ Emma က အေးခဲသန္ဓေသားဘဝနဲ့ လတော်တော်လေး ရနေပြီဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ဟာ သာမန်ဆေးပညာအသိမရှိတဲ့ လူတွေအဖို့ မဖြစ်နိုင်စရာကိစ္စရပ်တစ်ခုအဖြစ် စုံကန်ငြင်းဆန်ရမယ့် အခြေအနေပါ။ ဒါပေမယ့် ဆေးပညာမှာ အခုလို သန္ဓေသားအေးခဲထားခြင်းအပြင်၊

ကိုယ်ဝန်မဆောင်လိုသူ(သို့)မဆောင်နိုင်သူ မိဘတွေအတွက် ဖန်ပြွန်သန္ဓေသား၊ အိမ်ထောင်ဘက်မယူဘဲ ကလေးရယူလိုသူတွေအတွက်လည်း မျိုးဗီဇအလှူ စတာတွေအပြင် ယောက်ျားတွေကတောင် ကိုယ်ဝန်ဆောင်နိုင်တဲ့ အချိန်ကိုရောက်နေပါပြီ။

Emma ဟာ အခြားမိဘတွေရဲ့ သန္ဓေဖြစ်ပြီး ယင်းသန္ဓေကို ခေတ်ပေါ်ဆေးပညာနဲ့ Frozen Embryo အဖြစ် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

ဒီ Frozen Embryo ကို မိခင်ဖြစ်သူ Tina က လက်ခံယူကာ လွှဲပြောင်းကိုယ်ဝန်ဆောင်ခဲ့ပြီး၊ နောက်ထပ် (၂၅)နှစ်ကြာမှ သမီးလေး Emma ကို လူလောကထဲအပြီးခေါ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Credit

Zaw Gyi

သာမန္အားျဖင့္ ကိုယ္ဝန္ေဆာင္ခ်ိန္ဟာ (၈-၉-၁၀)လေလာက္ဆိုရင္ ကေလးတစ္ေယာက္ လူ႔ေလာကထဲကို ေရာက္လာႏိုင္ၿပီ ျဖစ္ပါတယ္။ ဒါေပမယ့္ Emma Wren လို႔အမည္ရတဲ့ ကေလးမေလးကေတာ့ လူ႔ေလာကထဲကို (၂၅)ႏွစ္ၾကာမွ ေရာက္လာခြင့္ ရွိတဲ့သူ ျဖစ္ခဲ့ပါတယ္။

ဒီေနရာမွာ နည္းနည္း ရႈပ္ေထြးသြားႏိုင္စရာ ရွိပါတယ္။ Emma ဟာ ကိုယ္ဝန္သက္နဲ႔ ေနခဲ့ရတာကေတာ့ ထုံးစံအတိုင္း ကိုးလလြယ္ ဆယ္လဖြားပါဘဲ။ ဒါေပမယ့္ Emma ဆိုတဲ့ သေႏၶသားေလး ျဖစ္လာမယ့္ သေႏၶသားဟာ (၁၉၉၂)ကတည္းက ေအးခဲထားခဲ့တဲ့ သေႏၶသား ျဖစ္ေနခဲ့လို႔ပါဘဲ။

ဒါေၾကာင့္ Emma ဟာ Longest Embryo ဆိုတဲ့ အရွည္ၾကာဆုံးမွတ္တမ္းသစ္တစ္ခုကို ေရးထိုးႏိုင္ခဲ့ပါတယ္။

Emma ရဲ႕မိခင္ဟာ Tina Gibson ျဖစ္ၿပီး၊ ျပန္တြက္ၾကည့္ရင္ Tina အသက္(၁)ႏွစ္အ႐ြယ္သာရွိေသးခ်ိန္မွာ Emma က ေအးခဲသေႏၶသားဘဝနဲ႔ လေတာ္ေတာ္ေလး ရေနၿပီျဖစ္ပါတယ္။

ဒီအျဖစ္အပ်က္ဟာ သာမန္ေဆးပညာအသိမရွိတဲ့ လူေတြအဖို႔ မျဖစ္ႏိုင္စရာကိစၥရပ္တစ္ခုအျဖစ္ စုံကန္ျငင္းဆန္ရမယ့္ အေျခအေနပါ။ ဒါေပမယ့္ ေဆးပညာမွာ အခုလို သေႏၶသားေအးခဲထားျခင္းအျပင္၊

ကိုယ္ဝန္မေဆာင္လိုသူ(သို႔)မေဆာင္ႏိုင္သူ မိဘေတြအတြက္ ဖန္ႁပြန္သေႏၶသား၊ အိမ္ေထာင္ဘက္မယူဘဲ ကေလးရယူလိုသူေတြအတြက္လည္း မ်ိဳးဗီဇအလႉ စတာေတြအျပင္ ေယာက္်ားေတြကေတာင္ ကိုယ္ဝန္ေဆာင္ႏိုင္တဲ့ အခ်ိန္ကိုေရာက္ေနပါၿပီ။

Emma ဟာ အျခားမိဘေတြရဲ႕ သေႏၶျဖစ္ၿပီး ယင္းသေႏၶကို ေခတ္ေပၚေဆးပညာနဲ႔ Frozen Embryo အျဖစ္ ေျပာင္းလဲခဲ့တာ ျဖစ္ပါတယ္။

ဒီ Frozen Embryo ကို မိခင္ျဖစ္သူ Tina က လက္ခံယူကာ လႊဲေျပာင္းကိုယ္ဝန္ေဆာင္ခဲ့ၿပီး၊ ေနာက္ထပ္ (၂၅)ႏွစ္ၾကာမွ သမီးေလး Emma ကို လူေလာကထဲအၿပီးေခၚေဆာင္ခဲ့တာ ျဖစ္ပါတယ္။

Credit