ပင်လယ်ရေအောက်မှာ အသက်ရှင်နေထိုင်နေကြတဲ့ ထူးဆန်းဖွယ်ရာ မွန်းစတားများ
Unicode
ရိသတ်ကြီးရေ ဒီတစ်ခါဖော်ပြပေးမှာကတော့ ပင်လယ်သမုဒ္ဓရာတွေထဲက ထူးဆန်းလွန်းတဲ့ သတ္တဝါကြီးတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဒီသတ္တဝါတွေကို တစ်သက်နဲ့တစ်ကိုယ် မမြင်ဖူးသေးတဲ့ အကောင်ဆန်းကြီးတွေထဲလဲ ဖြစ်ပါတယ်။
ပရိသတ်ကြီး ကြည့်ရှုနိုင်စေရန်အတွက် ပုံလေးတွေ နဲ့ ဖော်ပြပေးထားပါတယ်နော်။
ဒီအကောင်ကြီးတွေဟာ ပင်လယ် သမုဒ္ဒရာတွေရဲ့အနက်ပိုင်းမှာနေထိုင်ကြတယ်လို့ ပညာရှင်တွေကယူဆထားပြီး သူတို့ဟာ ဘယ်လိုမျိုးစိတ်တွေကနေ ဆင်းသက်လာကြသလဲဆိုတာကိုတောင် မသိလို့ အားလုံးကို ခြုံငုံပြီး Sea Creatures လို့ပဲ အမည်ပေးထားကြရပါတယ်။
သူတို့ဟာ ပုံမှန်အချိန်မှာ မြင်တွေ့ရခဲလှတဲ့ အကောင်ကြီးတွေလည်း ဖြစ်ပါတယ်။ ပုံထဲမှာ ပြထားတဲ့အတိုင်း သူတို့ထဲက တချို့အကောင်တွေဟာ သေဆုံးချိန်မှာ ပင်လယ်ကမ်းစပ်သို့ သောင်လာတင်တဲ့အချိန်မှသာ တွေ့မြင်ခဲ့ကြရတာပဲ ဖြစ်ပါတယ်။
ဒီအကောင်ကြီးတွေဟာ ကမ္ဘာမြေမှ သတ္တဝါတွေရော ဟုတ်ရဲ့လားလို့တောင် ပရိသတ်ကြီးကို အထင်မြင်လွဲသွားစေနိုင်တဲ့ အကောင်ကြီးတွေပဲ ဖြစ်ပါတယ်။ အပြင်မှာ ကိုယ်တိုင်မြင်ဖူးချင်ရင်တော့ စွန့်စားမှပဲဖြစ်နိုင်ပါတယ်။
နောက်တစ်နည်းကတော့ အင်တာနက်မှာရှာဖွေတာပေါ့။ ပရိသတ်ကြီးအတွက် ယခုလို ထူးဆန်းတဲ့အကြောင်းအရာလေးတွေကို ရှာဖွေ တင်ဆက်ပေးအုန်းမှာ မို့လို့ စောင့်မျှော်ဖတ်ရှု ပေးကြပါအုန်းနော်။
Credit
Zaw Gyi
Credit