ကိုယ်ပိုင်စီးပွားရေးလုပ်မယ့်သူတွေ ကိုယ့်ကိုယ်ကိုယ် မေးသင့်တဲ့ မေးခွန်းတချို့

Unicode

လခစားအလုပ်တစ်ခုရဖို့ ကျွန်တော်တို့ဟာ လူတွေ့အင်တာဗျူးတွေ ဖြေဆိုရပါတယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်တော့မယ်ဆိုရင် ပိုလို့တောင် မေးခွန်းတွေ ဖြေရပါလိမ့်မယ်။

businessman having questions and concrete wall

ဒီတစ်ခါ ဖြေရမယ့် မေးခွန်းတွေက ကိုယ်ကိုယ်တိုင်မေး ၊ ကိုယ်ကိုယ်တိုင်ဖြေ မေးခွန်းတွေ ဖြစ်ပါတယ်။ ဘယ်လို မေးခွန်းတွေဖြစ်မလဲ။

(၁) ဘယ်လိုလုပ်ငန်းစီးပွားရေးမျိုး စိတ်ဝင်စားသလဲ

စီးပွားရေးလုပ်ငန်းဆိုတာ အမျိုးအစားအများကြီး ရှိပါတယ်။ ပစ္စည်းရောင်းချင်တာလား ၊ ဝန်ဆောင်မှုပေးချင်တာလား။ ဝန်ဆောင်မှုပေးချင်တယ်ဆိုရင်လည်း ဘယ်လိုဝန်ဆောင်မှုမျိုးလဲ။

ကိုယ်လုပ်ချင်တဲ့ စီးပွားရေးကရော ဘယ်လိုစီးပွားရေးလုပ်ငန်းမျိုးလဲ။ အရင်ဆုံး ဒီမေးခွန်းမျိုး မေးရမှာပါ။

(၂) လုပ်ငန်းလည်ပတ်ဝင်ငွေမှန်တဲ့အထိ ကိုယ့်မှာ ငွေအင်အားရှိသလား

လုပ်ငန်းတစ်ခု ပုံမှန်လည်ပတ်နိုင်တဲ့အထိ တောင့်ခံထားနိုင်တဲ့ ငွေပင်ငွေရင်းရှိဖို့ အရေးကြီးပါတယ်။ ငွေပေါ်လောက်တဲ့အချိန်အထိ ကိုယ့်အရင်းအနှီးတွေက လုပ်ငန်းထဲ မြှပ်နှံထားရမှာ ဖြစ်လို့ ကနဦးကတည်းက မှန်းခြေ ရင်းနှီးမြှပ်နှံမှုစရိတ်ကို တွက်ချက်ထားသင့်ပါတယ်။

ဒီကြားထဲ ဝန်ထမ်းခန့်အပ်ရမှာ ဖြစ်လို့ ဝန်ထမ်းစရိတ်တွေနဲ့ တခြားရုံးစရိတ်ကုန်ကျငွေကိုပါ ထည့်တွက်ရမှာပါ။

businessman having questions and concrete wall

(၃) ဘယ်နေရာမှာ လုပ်ငန်းစမလဲ

နေရာကလည်း လုပ်ငန်းတစ်ခုကြီးပွားဖို့ အထောက်အပံ့ဖြစ်ပါတယ်။

စီးပွားရေးလုပ်မယ်ဆိုရင် နေရာအရွေးမှန်ဖို့ လိုပါတယ်။ ကိုယ်လုပ်မယ့် လုပ်ငန်းအမျိုးအစား ၊ ပေးမယ့် ထုတ်ကုန်နဲ့ ဝန်ဆောင်မှုပေါ် လိုက်ပြီး နေရာရွေးချယ်ရမှာပါ။

(၄) စွန့်စားရဲတဲ့စိတ်ရှိလား

စီးပွားရေးလုပ်တယ်ဆိုတာ မနက် ၉/ညနေ ၅ နာရီ ရုံးတက်ရုံးဆင်းအလုပ်မျိုး မဟုတ်ပါဘူး။ စီးပွားရေးလုပ်ငန်းဆိုတာ စွန့်စားခန်းဖွင့်တာနဲ့ တူနိုင်ပါတယ်။ လုပ်ငန်းတစ်ခု လုပ်ရင်းနဲ့ တွေ့လာရမယ့် အခက်အခဲတွေဆိုတာ ရုံးမှာလို သူ့အပိုင်း ကိုယ့်အပိုင်းခွဲပြီး ဖြေရှင်းရတာမျိုး မဟုတ်ပါဘူး။

နောက်ပြီး ဆုံးဖြတ်ချက်ချခြင်းနဲ့ လူတွေကို စီမံခန့်ခွဲရခြင်းကလည်း ကိုယ့်ခေါင်းကို ခပ်ပြင်းပြင်း လေ့ကျင့်ခန်းဆင်းခိုင်းတာနဲ့ တူနိုင်ပါတယ်။

Credit

Zaw Gyi

လခစားအလုပ္တစ္ခုရဖို႔ ကြၽန္ေတာ္တို႔ဟာ လူေတြ႕အင္တာဗ်ဴးေတြ ေျဖဆိုရပါတယ္။ ကိုယ္ပိုင္လုပ္ငန္းလုပ္ေတာ့မယ္ဆိုရင္ ပိုလို႔ေတာင္ ေမးခြန္းေတြ ေျဖရပါလိမ့္မယ္။

ဒီတစ္ခါ ေျဖရမယ့္ ေမးခြန္းေတြက ကိုယ္ကိုယ္တိုင္ေမး ၊ ကိုယ္ကိုယ္တိုင္ေျဖ ေမးခြန္းေတြ ျဖစ္ပါတယ္။ ဘယ္လို ေမးခြန္းေတြျဖစ္မလဲ။

(၁) ဘယ္လိုလုပ္ငန္းစီးပြားေရးမ်ိဳး စိတ္ဝင္စားသလဲ

စီးပြားေရးလုပ္ငန္းဆိုတာ အမ်ိဳးအစားအမ်ားႀကီး ရွိပါတယ္။ ပစၥည္းေရာင္းခ်င္တာလား ၊ ဝန္ေဆာင္မႈေပးခ်င္တာလား။ ဝန္ေဆာင္မႈေပးခ်င္တယ္ဆိုရင္လည္း ဘယ္လိုဝန္ေဆာင္မႈမ်ိဳးလဲ။

ကိုယ္လုပ္ခ်င္တဲ့ စီးပြားေရးကေရာ ဘယ္လိုစီးပြားေရးလုပ္ငန္းမ်ိဳးလဲ။ အရင္ဆုံး ဒီေမးခြန္းမ်ိဳး ေမးရမွာပါ။

(၂) လုပ္ငန္းလည္ပတ္ဝင္ေငြမွန္တဲ့အထိ ကိုယ့္မွာ ေငြအင္အားရွိသလား

လုပ္ငန္းတစ္ခု ပုံမွန္လည္ပတ္ႏိုင္တဲ့အထိ ေတာင့္ခံထားႏိုင္တဲ့ ေငြပင္ေငြရင္းရွိဖို႔ အေရးႀကီးပါတယ္။ ေငြေပၚေလာက္တဲ့အခ်ိန္အထိ ကိုယ့္အရင္းအႏွီးေတြက လုပ္ငန္းထဲ ျမႇပ္ႏွံထားရမွာ ျဖစ္လို႔ ကနဦးကတည္းက မွန္းေျခ ရင္းႏွီးျမႇပ္ႏွံမႈစရိတ္ကို တြက္ခ်က္ထားသင့္ပါတယ္။

ဒီၾကားထဲ ဝန္ထမ္းခန႔္အပ္ရမွာ ျဖစ္လို႔ ဝန္ထမ္းစရိတ္ေတြနဲ႔ တျခား႐ုံးစရိတ္ကုန္က်ေငြကိုပါ ထည့္တြက္ရမွာပါ။

(၃) ဘယ္ေနရာမွာ လုပ္ငန္းစမလဲ

ေနရာကလည္း လုပ္ငန္းတစ္ခုႀကီးပြားဖို႔ အေထာက္အပံ့ျဖစ္ပါတယ္။

စီးပြားေရးလုပ္မယ္ဆိုရင္ ေနရာအေ႐ြးမွန္ဖို႔ လိုပါတယ္။ ကိုယ္လုပ္မယ့္ လုပ္ငန္းအမ်ိဳးအစား ၊ ေပးမယ့္ ထုတ္ကုန္နဲ႔ ဝန္ေဆာင္မႈေပၚ လိုက္ၿပီး ေနရာေ႐ြးခ်ယ္ရမွာပါ။

(၄) စြန႔္စားရဲတဲ့စိတ္ရွိလား

စီးပြားေရးလုပ္တယ္ဆိုတာ မနက္ ၉/ညေန ၅ နာရီ ႐ုံးတက္႐ုံးဆင္းအလုပ္မ်ိဳး မဟုတ္ပါဘူး။ စီးပြားေရးလုပ္ငန္းဆိုတာ စြန႔္စားခန္းဖြင့္တာနဲ႔ တူႏိုင္ပါတယ္။ လုပ္ငန္းတစ္ခု လုပ္ရင္းနဲ႔ ေတြ႕လာရမယ့္ အခက္အခဲေတြဆိုတာ ႐ုံးမွာလို သူ႔အပိုင္း ကိုယ့္အပိုင္းခြဲၿပီး ေျဖရွင္းရတာမ်ိဳး မဟုတ္ပါဘူး။

ေနာက္ၿပီး ဆုံးျဖတ္ခ်က္ခ်ျခင္းနဲ႔ လူေတြကို စီမံခန႔္ခြဲရျခင္းကလည္း ကိုယ့္ေခါင္းကို ခပ္ျပင္းျပင္း ေလ့က်င့္ခန္းဆင္းခိုင္းတာနဲ႔ တူႏိုင္ပါတယ္။

Credit