မြို့ယောင်ဆောင်ထားတဲ့ တောကြီး (သို့) ရန်ကုန်

Unicode

ရန်ကုန်ဆိုတာ မြို့ယောင်ဆောင်ထားတဲ့ တောကြီး (သို့) အစစ်ဟန်ဆောင်ထားတဲ့အတုမြို ကြီးပါ

( မဟာရန်ကုန် မြို့တော်ကြီးရဲ့ အမှောင်ဖက်ခြမ်းကို ကွက်ကွက်ကွင်းကွင်း ဖော်ပြလိုက်တဲ့ စာတပုဒ်…..)

ရန်ကုန်မှာ ရနိူင်တာဆိုလို့ အတုတွေပဲရှိတယ်။ ရန်ကုန်မှာနေတာကြာလာတာနဲ့အမျှ သတိထားမိတာတစ်ခုက ရန်ကုန်မှာ အတုတွေပဲရတယ်ဆိုတာပါပဲ ။ ရန်ကုန်ကို စ,ရောက်လာပြီး နှစ်လသုံးလလောက်နေတော့ အရင်ဆုံးတောင့်တမိတာက နယ်က အစားအစာတွေကိုပါ။

ကျွန်တော်က အလယ်ပိုင်းသား ၊ ရန်ကုန်ကလူတွေကတော့ အညာလို့ လွယ်လွယ်ခေါ်တတ်ကြပေမဲ့ တကယ်တော့ မြေလတ်ဒေသပါ။ အညာကသက်သက် မြေလတ်ဒေသက သက်သက်မတူဘူးဆိုတာကို ရန်ကုန်ကလူတွေ နားမလည်ပါဘူး။

အဲ့တော့ မြေလတ်သား အကြေရန်ကုန်ရောက်တော့ အလယ်ပိုင်းအစားအစာတွေကို လွမ်းမိတာပေါ့ဗျာ၊ လွမ်းနေစရာလိုလို့လား .. ရန်ကုန်မှာအကုန်ရတာပဲ ဝယ်စားပေါ့ ဆိုရင် ပြောစရာဖြစ်လာပြီဗျ။ ဥပမာ အသုတ်ပေါ့

ရန်ကုန်က အသုတ်တွေကို စပြီးစားကြည့်တုန်းက တော်တော်အော်ဂလီဆန်မိတယ်။ တကယ်ပါ ခေါက်ဆွဲသုတ် ကြာဇံသုတ်ဆိုပြီး ရောင်းကြတယ်။ ဘယ်လိုခေါက်ဆွဲသုတ်လည်းဆိုတော့

ခေါက်ဆွဲကို ပဲငံပြာရည်နဲ့ကြော်ထားပြီးတော့ ဆီချက်ရယ် ဆောစ်အချဉ်ရည်ရယ် ငရုတ်သီးအကြမ်းမှုန့်ရယ် ထည့်နယ်ထားတာကို ခေါက်ဆွဲသုတ်လို့ခေါ်တာခင်ဗျ။ သူတို့ကတော့ပြောကြပါတယ် ရန်ကုန်သုတ်ဆိုပဲ။

အဲ့လိုအသုတ်ကို အညာကရွာတွေမှာ သွားနေတုန်းက တစ်ခါစားဖူးပါသေးတယ် ။ အဲ့ရွာကလူတွေ ရန်ကုန်မပြောနဲ့ ၊ မကွေးသားကိုတောင် အထင်ကြီးနေကြတဲ့ ရွာ ။ ဒါပေမဲ့ ရန်ကုန်မှာသုတ်တော့ ရန်ကုန်သုတ်ပေါ့လေ ။ အဲ့ဒါ ခေါက်ဆွဲသုတ်လို့ မခေါ်မှန်း နယ်ကလူတွေအကုန်သိပါတယ်။

နောက်ပြီး ဒေသအစားအစာတွေ ရွှေတောင်ခေါက်ဆွဲတို့ ၊ ကွေ့တယို ၊ ရှမ်းခေါက်ဆွဲ စတာတွေပေါ့။ ဂျင်းထည့်ထားတာတွေချည်းပဲ ..

မြီးရှည်ကို ရန်ကုန်တစ်မြို့လုံး ပတ်စားဖူးတယ် ကြိုက်လွန်းလို့ ၊ မြီးရှည်ဆိုတာ ရှမ်းခေါက်ဆွဲကို နန်းကြီးမုန့်ဖတ်ထည့်နယ်ထားတာပဲရှိတယ် ။ အစစ်မဟုတ်ဘူး ။ သူတို့က အဲ့ဒါတွေကို ဆိုင်ကြီးတွေမှာ တင်ရောင်းတာနော် ။ ဈေးကလည်းကြီးသေး အစစ်လည်းမဟုတ်ဘူး။

ရန်ကုန်သားတွေ ဒေသအစားအစာအစစ်ဆိုတာ စားဖူးတဲ့သူနည်းမယ်ဆိုတာ ပြောရဲတယ် ၊ လက်ဖက်ရည်ဆိုင်ထိုင်ရင် ကြိုက်တဲ့လက်ဖက်ရည်မှာလိုက် အချိုနည်းတာ များတာပဲကွာတယ် ၊ ရော်ဖျမ်း ရမ်းဖျော်တွေချည်းပဲ။ ပျစ်ခါးတို့ နှင်းဆီတို့ သွားမမှာနဲ့ ၊ ကြားတောင် မကြားဖူးဘူး။

ရန်ကုန်က ပဲနံပြားဆိုတာ အံ့ဩစရာ၊ နံပြားအချပ်လိုက်ကြီးနဲ့ စားတော်ပဲထည့်ထားတဲ့ ပန်းကန်လေးလာချပေးတာဗျာ ‘ဟာ မင်းတို့ပဲနံပြားကြီးက ဘယ်လိုကြီးလဲဟ’ ဆိုတော့ .. ‘ဒါ .. ရန်ကုန်ပဲနံပြားကွ’ ဆိုပဲ .. မသိရင် ကိုယ်ကပဲ တောသားလိုလိုနဲ့

နယ်မှာ ပဲနံတစ်ပွဲရဖို့ ပဲကိုနှပ်ရတယ် .. ဆီနဲ့ သကြားနဲ့ ဆားနဲ့ အချိုးကျသမအောင်မွှေနှပ်ပြီး နံပြားပေါ်မှာသုတ် လိပ်ပြီးကတ်ကြေးနဲ့ကိုက်ပေးတာ။ ရန်ကုန်မှာကတော့ ပဲပြုတ်သည်ဆီက ဝယ်ထားတဲ့အတိုင်းပဲ ထည့်ပြီးချပေးတာ ဆီတောင် တခါတလေမှပါတယ်။

ဂျင်းထည့်ခံနေရတာကို ဂုဏ်ယူနေကြတဲ့ကောင်တွေ ။ နန်းကြီးသုတ် No .. တစ်ဆိုင်မှမကောင်းဘူး ။ အုန်းနိူ့ခေါက်ဆွဲ ဘယ်မှာမှမရဘူး ။ နောက်တော့လည်း သဘောပေါက်လာတယ်

ရန်ကုန်မှာက အစားအစာတွေကို အမယ်တွေပုံပေးပြီး အထက်တန်းစတိုင်နဲ့ဂျင်းထည့်နေတယ်ဆိုတာကို ၊ အဲ့ဒီ ဂျင်းဆိုင်တွေကိုသွားဝယ်စားရင် ဆိုင်ရှင်တွေက မျက်နှာရှစ်ခေါက်ချိုးတွေနဲ့ ၊ မသိရင် သူတို့ဆီမှာလာတောင်းစားနေတာလိုလို ၊ အဲ့ဒါ ရန်ကုန်စတိုင်ပဲ ။

မြန်မာပြည်နေရတာ အဲ့တစ်ချက်လည်း အတော်စိတ်ပျက်ဖို့ကောင်းတယ် ။ ကြာတော့လည်း အဲ့ဒီမဟုတ်ကဟုတ်က အစားအစာတွေနဲ့ နေသားကျလာတယ် ။ ရန်ကုန်မှာ သိပ်ပြီးအပြင်ထွက်မစားဖြစ်တော့ဘူး ။
ပိုက်ဆံစုတယ် ၊ နယ်ပြန်မှ အဝပတ်စားတယ် ၊ အစစ်စားရတယ် ၊ တန်တယ် ၊ ဈေးကြီးတာကိုမပြောလိုပါဘူး။ တန်အောင် အစစ်လေးတော့ လုပ်ရောင်းသင့်တယ်။

နောက်တစ်ချက်က နယ်မှာ ရန်ကုန်ဆိုပြီး ဆိုင်းပုဒ်တပ်ထားတဲ့ဆိုင်ဆို လှည့်ကိုမကြည့်တော့တာ ရန်ကုန်လေသံဆိုတာရှိသေးတယ် ။ ခပ်ချွဲချွဲပျစ်ပျစ်အသံကိုပြောတာ

ယောက်ျားလေးဆို လူကြည့်တော့ ကျားကျားယားယားနဲ့ ၊ နွဲ့နှောင်းချွဲပျစ်နေတာ ၊ အစကတော့ အော်ဂလီဆန်တယ် ၊ နောက်တော့လည်း အသားကျသွားပြန်ရော၊ သူတို့က အညာသံပေါက်ရင် သိပ်သိတာဗျ ၊

စကားအသုံးအနူန်းတချို့ကလည်း မတူပြန်ဘူးလေ ၊ ကျွန်တော့်ဆို တောသားအသံနဲ့တဲ့။ ဪ .. ကျွန်တော်မှ စကားကို ဟိုမရောက်ဒီမရောက်မပြောတတ်တာ ၊ စကားပြောရင် ဒဲ့ပဲ ..

သူတို့အသုံးအနူန်းတွေက ဟိုလိုလို ဒီလိုလို သိပ်လျှို့ဝှက်ချက်များတယ် ။ ကျွန်တော်က လူကဲခတ်တာရော မကောင်းမြင်တတ်တဲ့ ဗီဇကလည်းရှိနေတော့ ရန်ကုန်သားဆို မယုံလို့ သိပ်မပေါင်းဖြစ်တော့ဘူး ။

ရန်ကုန်သားတွေရဲ့ ထူးခြားချက်က သူတို့အိတ်ထဲမှာ တစ်ထောင်တန် နှစ်ရွက်နဲ့ နှစ်ရာတန်တစ်ရွက်ထက်ပိုမရှိတာပဲ ။ အေတီအမ် ကဒ်တွေ .. Shopping Centre Gift Card တွေတော့ အများကြီးပဲ ။

ဒါပေမဲ့ အဲ့ဒီ အေတီအမ် ကဒ်တွေထဲမှာ တစ်ထောင်ထက်ပိုမရှိတတ်သလို Gift Card တွေက သုံးလို့မရသေးဘူးကွလို့ပဲ ပြောလေ့ရှိပါတယ်။ မယုံရင် အနီးနားက ရန်ကုန်သားတစ်ယောက်ရဲ့ ပိုက်ဆံအိတ်ကို လှပ်ကြည့်လိုက် ၊

ဒါပေမဲ့ သူတို့က ပိုက်ဆံမရှိပေမဲ့ အမြဲတမ်း သပ်ရပ်သန့်ပြန့်နေအောင်ဝတ်စားထားတတ်ကြပါတယ်။ သူတို့နဲ့ အတူတူတစ်ဆိုင်ဆိုင်မှာစားရင် ဝိတ်တာက သူတို့ဆီက ပိုက်ဆံရှင်းဖို့စောင့်ပါတယ်။ တကယ်ရှင်းတာက တခြားတစ်ယောက်ပါ။

သူတို့ Brand တစ်ခုခုဝတ်ထားရင် အတုဖြစ်ဖို့များပါတယ် ။ ဒါပေမဲ့ သွားမပြောပါနဲ့ ။ ရန်ကုန်မှာ အတုပဲဝတ်ပါတယ် ။ နောက်ထူးခြားချက်တစ်ခုက အမြဲလိုလို ပိုက်ဆံပြတ်နေတာမျိုးပါ ။

လမကုန်သေးရင် လကုန်မှ .. လကုန်နေရင် နောက်လမှ .. အဒေါ်ဆီက ဦးလေးဆီက ရမှာ .. ဆိုတာမျိုး အမြဲပြောလေ့ရှိပါသေးတယ်။ ဘယ်တော့မှလည်း ရတယ်လို့ မကြားဖူးပါဘူး ။ ပိုက်ဆံလည်း အရမ်းချေးပါတယ် ။

ရန်ကုန်လေသံဆိုတာ ပိုက်ဆံချေးတဲ့နေရာမှာတော့ အရမ်းအသုံးဝင်ပါတယ် ။ ချွဲနွဲ့ အီညှစ်ပြီးတော့ သနားစဖွယ်ကိုချေးတာမျိုးပါ ။ အပြင်မှာသာအချေးခံရရင် သေပြီပဲ ။ မရမချင်းကို ကပ်တွယ်ချွဲပျစ်ပြီးတော့ကို ချေးတာမျိုးပါ။

ဘေးကကြားရင် ယောက်ျားချင်းကြိုက်နေတာလိုလို ၊ နောက်ဆုံး မချေးနိူင်ဘူးဆိုရင်တောင် အပြန်ကားခတော့ ပါအောင်တောင်းသွားတတ်ပါတယ် ။ ဖုန်းဘေလ်ဖြည့်ခိုင်းတာမျိုးကတော့ ရိုးသွားပါပြီ။

အေဘီစီ တို့ စီးတီးမတ်တို့ Store တွေအများကြီးရှိရင်တောင် သူတို့နားမှာ မဖွင့်ဖို့များပါတယ် ။ ရန်ကုန်သားဆိုပေမဲ့ ဖုန်းဘေလ်ဖြည့်ပေးမယ့် အသိမိတ်ဆွေက ရန်ကုန်မှာတစ်ယောက်မှမရှိပါဘူး။ နယ်ကလူတွေပဲရှိပါတယ် ။

ရန်ကုန်သားတွေဟာ လမ်းမလျှောက်ချင်ကြပါဘူး ။ ဘယ်သွားသွား တက်စီ နဲ့သွားချင်ကြပါတယ်။ ဒါပေမဲ့ တက်စီ ခ သူတို့ပေးမှာတော့ မဟုတ်ပါဘူး ။ သူတို့ရှိရာနေရာကိုလာမယ်ဆိုရင် မှတ်တိုင်တွေဘာတွေ သိပ်မညွှန်တတ်တာများပါတယ်။

တက်စီ နဲ့ပဲလာခိုင်းပါတယ် ။ သူတို့ဟာသူတို့တော့ လိုင်းကားတိုးစီးပါတယ် ။ ဘာပဲပြောပြော လူရှိန်တာပေါ့ .၊ ဘယ်မှလည်း လိုက်မပို့ချင်ကြပါဘူး ။ တနေရာရာလိုက်ပို့ခိုင်းရင် အဖေ အမေက တစ်ခုခုခိုင်းထားပြီလို့သား မှတ်လိုက်ပါ။

အိမ်ထဲက အိမ်ပြင်တောင် လိုက်ပို့မယ်မထင်ပါနဲ့ ။ အကူအညီဆိုရင် ဝေး .. ဖုန်းတောင်မကိုင်တော့ဘူး။ အဆောင် တိုက်ခန်းလို့ခေါ်တဲ့ အိမ်အတုတွေ ၊ ကိုယ်လိုချင်တာ ရဖို့အတွက် အပြုံးအတုတွေ ၊ ငွေပေးမှရတဲ့ ပျော်ရွှင်မှု့အတုတွေ ၊ စိတ်ထဲကမပါတဲ့ စကားသံအတုတွေ ၊

မက်မောမှု့တွေနဲ့ အချစ်မေတ္တာအတုတွေ ၊ စက်ရုပ်တွေလို နိစ္စဓူဝလည်ပတ်နေတဲ့ လူအတုတွေ ၊ ညနက်နက် နီယွန်မီးရောင်တွေနဲ့ အလွမ်းအတုတွေ ၊ ဖော်ရွေမှု့အတုတွေ ၊ ကြိုဆိုမှု့အတုတွေ ၊ချောက်ချတတ်တဲ့ ကူညီမှု့အတုတွေ ၊ ရန်ကုန်မှာနေနေရလို့ ပျော်နေရမယ်မထင်ပါနဲ့ ။

အစားအသောက်အတု ၊ အသုံးအဆောင်အတု ၊ အသိုင်းအဝိုင်း အတု ၊ သူငယ်ချင်း အတု ၊ ယောက်ျားအတု မိန်းမအတု ၊ အတုတွေများလွန်းလို့ အတုစော်နံပြီး မွန်းကျပ်ဖို့ကောင်းတဲ့မြို့ကြီးပါ ။

ရန်ကုန်မှာ အစစ်ဆိုတာ မရှိသလောက်ရှားတယ် ။ ဒါကြောင့်လည်း အစစ်တွေကိုလွမ်းလို့ အိမ်ပြန်ချင်နေကြရှာသူတွေချည်းပါပဲ ။

အကယ်၍များ တစ်ယောက်ယောက်ကများ ရန်ကုန်မှာပျော်တယ်လို့ ပြောလာခဲ့ရင် သူလည်း အတုတွေကြားထဲမှာ ဝါးမြိုခံလိုက်ရတဲ့ လူအတုဖြစ်နေလောက်ပြီပေါ့ဗျာ။ ကျွန်တော့်အတွက်တော့ ရန်ကုန်ဆိုတာ မြို့ယောင်ဆောင်ထားတဲ့ တောကြီး (သို့မဟုတ်) ”မြို့အတု” ကြီးပါပဲ ။ ZAP (Credit)

Zaw Gyi

ရန္ကုန္ဆိုတာ ၿမိဳ႕ေယာင္ေဆာင္ထားတဲ့ ေတာႀကီး (သို႔) အစစ္ဟန္ေဆာင္ထားတဲ့အတုၿမိဳ ႀကီးပါ

( မဟာရန္ကုန္ ၿမိဳ႕ေတာ္ႀကီးရဲ႕ အေမွာင္ဖက္ျခမ္းကို ကြက္ကြက္ကြင္းကြင္း ေဖာ္ျပလိုက္တဲ့ စာတပုဒ္…..)

ရန္ကုန္မွာ ရႏိူင္တာဆိုလို႔ အတုေတြပဲရွိတယ္။ ရန္ကုန္မွာေနတာၾကာလာတာနဲ႔အမွ် သတိထားမိတာတစ္ခုက ရန္ကုန္မွာ အတုေတြပဲရတယ္ဆိုတာပါပဲ ။ ရန္ကုန္ကို စ,ေရာက္လာၿပီး ႏွစ္လသုံးလေလာက္ေနေတာ့ အရင္ဆုံးေတာင့္တမိတာက နယ္က အစားအစာေတြကိုပါ။

ကြၽန္ေတာ္က အလယ္ပိုင္းသား ၊ ရန္ကုန္ကလူေတြကေတာ့ အညာလို႔ လြယ္လြယ္ေခၚတတ္ၾကေပမဲ့ တကယ္ေတာ့ ေျမလတ္ေဒသပါ။ အညာကသက္သက္ ေျမလတ္ေဒသက သက္သက္မတူဘူးဆိုတာကို ရန္ကုန္ကလူေတြ နားမလည္ပါဘူး။

အဲ့ေတာ့ ေျမလတ္သား အေၾကရန္ကုန္ေရာက္ေတာ့ အလယ္ပိုင္းအစားအစာေတြကို လြမ္းမိတာေပါ့ဗ်ာ၊ လြမ္းေနစရာလိုလို႔လား .. ရန္ကုန္မွာအကုန္ရတာပဲ ဝယ္စားေပါ့ ဆိုရင္ ေျပာစရာျဖစ္လာၿပီဗ်။ ဥပမာ အသုတ္ေပါ့

ရန္ကုန္က အသုတ္ေတြကို စၿပီးစားၾကည့္တုန္းက ေတာ္ေတာ္ေအာ္ဂလီဆန္မိတယ္။ တကယ္ပါ ေခါက္ဆြဲသုတ္ ၾကာဇံသုတ္ဆိုၿပီး ေရာင္းၾကတယ္။ ဘယ္လိုေခါက္ဆြဲသုတ္လည္းဆိုေတာ့

ေခါက္ဆြဲကို ပဲငံျပာရည္နဲ႔ေၾကာ္ထားၿပီးေတာ့ ဆီခ်က္ရယ္ ေဆာစ္အခ်ဥ္ရည္ရယ္ င႐ုတ္သီးအၾကမ္းမႈန႔္ရယ္ ထည့္နယ္ထားတာကို ေခါက္ဆြဲသုတ္လို႔ေခၚတာခင္ဗ်။ သူတို႔ကေတာ့ေျပာၾကပါတယ္ ရန္ကုန္သုတ္ဆိုပဲ။

အဲ့လိုအသုတ္ကို အညာက႐ြာေတြမွာ သြားေနတုန္းက တစ္ခါစားဖူးပါေသးတယ္ ။ အဲ့႐ြာကလူေတြ ရန္ကုန္မေျပာနဲ႔ ၊ မေကြးသားကိုေတာင္ အထင္ႀကီးေနၾကတဲ့ ႐ြာ ။ ဒါေပမဲ့ ရန္ကုန္မွာသုတ္ေတာ့ ရန္ကုန္သုတ္ေပါ့ေလ ။ အဲ့ဒါ ေခါက္ဆြဲသုတ္လို႔ မေခၚမွန္း နယ္ကလူေတြအကုန္သိပါတယ္။

ေနာက္ၿပီး ေဒသအစားအစာေတြ ေ႐ႊေတာင္ေခါက္ဆြဲတို႔ ၊ ေကြ႕တယို ၊ ရွမ္းေခါက္ဆြဲ စတာေတြေပါ့။ ဂ်င္းထည့္ထားတာေတြခ်ည္းပဲ ..

ၿမီးရွည္ကို ရန္ကုန္တစ္ၿမိဳ႕လုံး ပတ္စားဖူးတယ္ ႀကိဳက္လြန္းလို႔ ၊ ၿမီးရွည္ဆိုတာ ရွမ္းေခါက္ဆြဲကို နန္းႀကီးမုန႔္ဖတ္ထည့္နယ္ထားတာပဲရွိတယ္ ။ အစစ္မဟုတ္ဘူး ။ သူတို႔က အဲ့ဒါေတြကို ဆိုင္ႀကီးေတြမွာ တင္ေရာင္းတာေနာ္ ။ ေဈးကလည္းႀကီးေသး အစစ္လည္းမဟုတ္ဘူး။

ရန္ကုန္သားေတြ ေဒသအစားအစာအစစ္ဆိုတာ စားဖူးတဲ့သူနည္းမယ္ဆိုတာ ေျပာရဲတယ္ ၊ လက္ဖက္ရည္ဆိုင္ထိုင္ရင္ ႀကိဳက္တဲ့လက္ဖက္ရည္မွာလိုက္ အခ်ိဳနည္းတာ မ်ားတာပဲကြာတယ္ ၊ ေရာ္ဖ်မ္း ရမ္းေဖ်ာ္ေတြခ်ည္းပဲ။ ပ်စ္ခါးတို႔ ႏွင္းဆီတို႔ သြားမမွာနဲ႔ ၊ ၾကားေတာင္ မၾကားဖူးဘူး။

ရန္ကုန္က ပဲနံျပားဆိုတာ အံ့ဩစရာ၊ နံျပားအခ်ပ္လိုက္ႀကီးနဲ႔ စားေတာ္ပဲထည့္ထားတဲ့ ပန္းကန္ေလးလာခ်ေပးတာဗ်ာ ‘ဟာ မင္းတို႔ပဲနံျပားႀကီးက ဘယ္လိုႀကီးလဲဟ’ ဆိုေတာ့ .. ‘ဒါ .. ရန္ကုန္ပဲနံျပားကြ’ ဆိုပဲ .. မသိရင္ ကိုယ္ကပဲ ေတာသားလိုလိုနဲ႔

နယ္မွာ ပဲနံတစ္ပြဲရဖို႔ ပဲကိုႏွပ္ရတယ္ .. ဆီနဲ႔ သၾကားနဲ႔ ဆားနဲ႔ အခ်ိဳးက်သမေအာင္ေမႊႏွပ္ၿပီး နံျပားေပၚမွာသုတ္ လိပ္ၿပီးကတ္ေၾကးနဲ႔ကိုက္ေပးတာ။ ရန္ကုန္မွာကေတာ့ ပဲျပဳတ္သည္ဆီက ဝယ္ထားတဲ့အတိုင္းပဲ ထည့္ၿပီးခ်ေပးတာ ဆီေတာင္ တခါတေလမွပါတယ္။

ဂ်င္းထည့္ခံေနရတာကို ဂုဏ္ယူေနၾကတဲ့ေကာင္ေတြ ။ နန္းႀကီးသုတ္ No .. တစ္ဆိုင္မွမေကာင္းဘူး ။ အုန္းႏိူ႔ေခါက္ဆြဲ ဘယ္မွာမွမရဘူး ။ ေနာက္ေတာ့လည္း သေဘာေပါက္လာတယ္

ရန္ကုန္မွာက အစားအစာေတြကို အမယ္ေတြပုံေပးၿပီး အထက္တန္းစတိုင္နဲ႔ဂ်င္းထည့္ေနတယ္ဆိုတာကို ၊ အဲ့ဒီ ဂ်င္းဆိုင္ေတြကိုသြားဝယ္စားရင္ ဆိုင္ရွင္ေတြက မ်က္ႏွာရွစ္ေခါက္ခ်ိဳးေတြနဲ႔ ၊ မသိရင္ သူတို႔ဆီမွာလာေတာင္းစားေနတာလိုလို ၊ အဲ့ဒါ ရန္ကုန္စတိုင္ပဲ ။

ျမန္မာျပည္ေနရတာ အဲ့တစ္ခ်က္လည္း အေတာ္စိတ္ပ်က္ဖို႔ေကာင္းတယ္ ။ ၾကာေတာ့လည္း အဲ့ဒီမဟုတ္ကဟုတ္က အစားအစာေတြနဲ႔ ေနသားက်လာတယ္ ။ ရန္ကုန္မွာ သိပ္ၿပီးအျပင္ထြက္မစားျဖစ္ေတာ့ဘူး ။
ပိုက္ဆံစုတယ္ ၊ နယ္ျပန္မွ အဝပတ္စားတယ္ ၊ အစစ္စားရတယ္ ၊ တန္တယ္ ၊ ေဈးႀကီးတာကိုမေျပာလိုပါဘူး။ တန္ေအာင္ အစစ္ေလးေတာ့ လုပ္ေရာင္းသင့္တယ္။

ေနာက္တစ္ခ်က္က နယ္မွာ ရန္ကုန္ဆိုၿပီး ဆိုင္းပုဒ္တပ္ထားတဲ့ဆိုင္ဆို လွည့္ကိုမၾကည့္ေတာ့တာ ရန္ကုန္ေလသံဆိုတာရွိေသးတယ္ ။ ခပ္ခြၽဲခြၽဲပ်စ္ပ်စ္အသံကိုေျပာတာ

ေယာက္်ားေလးဆို လူၾကည့္ေတာ့ က်ားက်ားယားယားနဲ႔ ၊ ႏြဲ႕ေႏွာင္းခြၽဲပ်စ္ေနတာ ၊ အစကေတာ့ ေအာ္ဂလီဆန္တယ္ ၊ ေနာက္ေတာ့လည္း အသားက်သြားျပန္ေရာ၊ သူတို႔က အညာသံေပါက္ရင္ သိပ္သိတာဗ် ၊

စကားအသုံးအႏူန္းတခ်ိဳ႕ကလည္း မတူျပန္ဘူးေလ ၊ ကြၽန္ေတာ့္ဆို ေတာသားအသံနဲ႔တဲ့။ ဪ .. ကြၽန္ေတာ္မွ စကားကို ဟိုမေရာက္ဒီမေရာက္မေျပာတတ္တာ ၊ စကားေျပာရင္ ဒဲ့ပဲ ..

သူတို႔အသုံးအႏူန္းေတြက ဟိုလိုလို ဒီလိုလို သိပ္လွ်ိဳ႕ဝွက္ခ်က္မ်ားတယ္ ။ ကြၽန္ေတာ္က လူကဲခတ္တာေရာ မေကာင္းျမင္တတ္တဲ့ ဗီဇကလည္းရွိေနေတာ့ ရန္ကုန္သားဆို မယုံလို႔ သိပ္မေပါင္းျဖစ္ေတာ့ဘူး ။

ရန္ကုန္သားေတြရဲ႕ ထူးျခားခ်က္က သူတို႔အိတ္ထဲမွာ တစ္ေထာင္တန္ ႏွစ္႐ြက္နဲ႔ ႏွစ္ရာတန္တစ္႐ြက္ထက္ပိုမရွိတာပဲ ။ ေအတီအမ္ ကဒ္ေတြ .. Shopping Centre Gift Card ေတြေတာ့ အမ်ားႀကီးပဲ ။

ဒါေပမဲ့ အဲ့ဒီ ေအတီအမ္ ကဒ္ေတြထဲမွာ တစ္ေထာင္ထက္ပိုမရွိတတ္သလို Gift Card ေတြက သုံးလို႔မရေသးဘူးကြလို႔ပဲ ေျပာေလ့ရွိပါတယ္။ မယုံရင္ အနီးနားက ရန္ကုန္သားတစ္ေယာက္ရဲ႕ ပိုက္ဆံအိတ္ကို လွပ္ၾကည့္လိုက္ ၊

ဒါေပမဲ့ သူတို႔က ပိုက္ဆံမရွိေပမဲ့ အၿမဲတမ္း သပ္ရပ္သန႔္ျပန႔္ေနေအာင္ဝတ္စားထားတတ္ၾကပါတယ္။ သူတို႔နဲ႔ အတူတူတစ္ဆိုင္ဆိုင္မွာစားရင္ ဝိတ္တာက သူတို႔ဆီက ပိုက္ဆံရွင္းဖို႔ေစာင့္ပါတယ္။ တကယ္ရွင္းတာက တျခားတစ္ေယာက္ပါ။

သူတို႔ Brand တစ္ခုခုဝတ္ထားရင္ အတုျဖစ္ဖို႔မ်ားပါတယ္ ။ ဒါေပမဲ့ သြားမေျပာပါနဲ႔ ။ ရန္ကုန္မွာ အတုပဲဝတ္ပါတယ္ ။ ေနာက္ထူးျခားခ်က္တစ္ခုက အၿမဲလိုလို ပိုက္ဆံျပတ္ေနတာမ်ိဳးပါ ။

လမကုန္ေသးရင္ လကုန္မွ .. လကုန္ေနရင္ ေနာက္လမွ .. အေဒၚဆီက ဦးေလးဆီက ရမွာ .. ဆိုတာမ်ိဳး အၿမဲေျပာေလ့ရွိပါေသးတယ္။ ဘယ္ေတာ့မွလည္း ရတယ္လို႔ မၾကားဖူးပါဘူး ။ ပိုက္ဆံလည္း အရမ္းေခ်းပါတယ္ ။

ရန္ကုန္ေလသံဆိုတာ ပိုက္ဆံေခ်းတဲ့ေနရာမွာေတာ့ အရမ္းအသုံးဝင္ပါတယ္ ။ ခြၽဲႏြဲ႕ အီညႇစ္ၿပီးေတာ့ သနားစဖြယ္ကိုေခ်းတာမ်ိဳးပါ ။ အျပင္မွာသာအေခ်းခံရရင္ ေသၿပီပဲ ။ မရမခ်င္းကို ကပ္တြယ္ခြၽဲပ်စ္ၿပီးေတာ့ကို ေခ်းတာမ်ိဳးပါ။

ေဘးကၾကားရင္ ေယာက္်ားခ်င္းႀကိဳက္ေနတာလိုလို ၊ ေနာက္ဆုံး မေခ်းႏိူင္ဘူးဆိုရင္ေတာင္ အျပန္ကားခေတာ့ ပါေအာင္ေတာင္းသြားတတ္ပါတယ္ ။ ဖုန္းေဘလ္ျဖည့္ခိုင္းတာမ်ိဳးကေတာ့ ႐ိုးသြားပါၿပီ။

ေအဘီစီ တို႔ စီးတီးမတ္တို႔ Store ေတြအမ်ားႀကီးရွိရင္ေတာင္ သူတို႔နားမွာ မဖြင့္ဖို႔မ်ားပါတယ္ ။ ရန္ကုန္သားဆိုေပမဲ့ ဖုန္းေဘလ္ျဖည့္ေပးမယ့္ အသိမိတ္ေဆြက ရန္ကုန္မွာတစ္ေယာက္မွမရွိပါဘူး။ နယ္ကလူေတြပဲရွိပါတယ္ ။

ရန္ကုန္သားေတြဟာ လမ္းမေလွ်ာက္ခ်င္ၾကပါဘူး ။ ဘယ္သြားသြား တက္စီ နဲ႔သြားခ်င္ၾကပါတယ္။ ဒါေပမဲ့ တက္စီ ခ သူတို႔ေပးမွာေတာ့ မဟုတ္ပါဘူး ။ သူတို႔ရွိရာေနရာကိုလာမယ္ဆိုရင္ မွတ္တိုင္ေတြဘာေတြ သိပ္မၫႊန္တတ္တာမ်ားပါတယ္။

တက္စီ နဲ႔ပဲလာခိုင္းပါတယ္ ။ သူတို႔ဟာသူတို႔ေတာ့ လိုင္းကားတိုးစီးပါတယ္ ။ ဘာပဲေျပာေျပာ လူရွိန္တာေပါ့ .၊ ဘယ္မွလည္း လိုက္မပို႔ခ်င္ၾကပါဘူး ။ တေနရာရာလိုက္ပို႔ခိုင္းရင္ အေဖ အေမက တစ္ခုခုခိုင္းထားၿပီလို႔သား မွတ္လိုက္ပါ။

အိမ္ထဲက အိမ္ျပင္ေတာင္ လိုက္ပို႔မယ္မထင္ပါနဲ႔ ။ အကူအညီဆိုရင္ ေဝး .. ဖုန္းေတာင္မကိုင္ေတာ့ဘူး။ အေဆာင္ တိုက္ခန္းလို႔ေခၚတဲ့ အိမ္အတုေတြ ၊ ကိုယ္လိုခ်င္တာ ရဖို႔အတြက္ အၿပဳံးအတုေတြ ၊ ေငြေပးမွရတဲ့ ေပ်ာ္႐ႊင္မႈ႕အတုေတြ ၊ စိတ္ထဲကမပါတဲ့ စကားသံအတုေတြ ၊

မက္ေမာမႈ႕ေတြနဲ႔ အခ်စ္ေမတၱာအတုေတြ ၊ စက္႐ုပ္ေတြလို နိစၥဓူဝလည္ပတ္ေနတဲ့ လူအတုေတြ ၊ ညနက္နက္ နီယြန္မီးေရာင္ေတြနဲ႔ အလြမ္းအတုေတြ ၊ ေဖာ္ေ႐ြမႈ႕အတုေတြ ၊ ႀကိဳဆိုမႈ႕အတုေတြ ၊ေခ်ာက္ခ်တတ္တဲ့ ကူညီမႈ႕အတုေတြ ၊ ရန္ကုန္မွာေနေနရလို႔ ေပ်ာ္ေနရမယ္မထင္ပါနဲ႔ ။

အစားအေသာက္အတု ၊ အသုံးအေဆာင္အတု ၊ အသိုင္းအဝိုင္း အတု ၊ သူငယ္ခ်င္း အတု ၊ ေယာက္်ားအတု မိန္းမအတု ၊ အတုေတြမ်ားလြန္းလို႔ အတုေစာ္နံၿပီး မြန္းက်ပ္ဖို႔ေကာင္းတဲ့ၿမိဳ႕ႀကီးပါ ။

ရန္ကုန္မွာ အစစ္ဆိုတာ မရွိသေလာက္ရွားတယ္ ။ ဒါေၾကာင့္လည္း အစစ္ေတြကိုလြမ္းလို႔ အိမ္ျပန္ခ်င္ေနၾကရွာသူေတြခ်ည္းပါပဲ ။

အကယ္၍မ်ား တစ္ေယာက္ေယာက္ကမ်ား ရန္ကုန္မွာေပ်ာ္တယ္လို႔ ေျပာလာခဲ့ရင္ သူလည္း အတုေတြၾကားထဲမွာ ဝါးၿမိဳခံလိုက္ရတဲ့ လူအတုျဖစ္ေနေလာက္ၿပီေပါ့ဗ်ာ။ ကြၽန္ေတာ့္အတြက္ေတာ့ ရန္ကုန္ဆိုတာ ၿမိဳ႕ေယာင္ေဆာင္ထားတဲ့ ေတာႀကီး (သို႔မဟုတ္) ”ၿမိဳ႕အတု” ႀကီးပါပဲ ။ ZAP (Credit)