ရန်ကုန်မြို့မှာ မော်တော်ဆိုင်ကယ် မောင်းနှင်ခွင့် ပိတ်ပင်ခဲ့ရသည့် သမိုင်းကြောင်း…

Unicode

ရန်ကုန်မြို့မှာ မော်တော်ဆိုင်ကယ် မောင်းနှင်ခွင့် ပိတ်ပင်ခဲ့ရသည့် သမိုင်းကြောင်း..

လွန်ခဲ့တဲ့ရက်အနည်းငယ်က ဒီဗွီဘီသတင်းမှာ လာသွားခဲ့တဲ့ရန်ကုန်မှာ ဆိုင်ကယ်စီးခွင့်ပြန်လည်ပြုဖို့ တောင်းဆိုတဲ့အကြောင်း ကြည့်လိုက်ရတယ်.. ကမ္ဘာ့နိုင်ငံအတော်များများ စီးခွင့်ရှိပြီ.. ရန်ကုန်မှာစီးခွင့် မရှိလို့ ဝန်ကြီးချုပ်ဆီမှာ တောင်းဆိုမယ်လို့သိရပါတယ်..

ရန်ကုန်မှာ ဆိုင်ကယ်စီးခွင့်ပိတ်လိုက်တာ ဘာအကြောင်းကြောင့် ပိတ်တယ်ဆိုတာ တရားဝင်ကြော်ငြာခဲ့တာမရှိခဲ့ဘူး.. ဒါပေမယ့်ကျွန်တော်တို့ သိထားတာတော့ရှိပါတယ်။ ကျွန်တော်လည်းငယ်စဉ်ကတော့ motor cycle crazy တစ်ယောက်ပါပဲ..

1984/85 လောက်မှာ ၆ မိုင်ခွဲ မြေနီကုန်း သမိုင်း တို့က ဆိုင်ကယ်သူရဲတွေဟာ ကျွန်တော်ရဲ့ဘော်ဒါလည်းဟုတ် ဆရာလည်း ဟုတ်ပါတယ်.. ကျွန်တော်ကအားလုံးထဲမှာအသက်အငယ်ဆုံးပါ.. သူတို့ကကျွန်တော့်ထက် ၄ နှစ် ၅ နှစ်ကြီးကြပါတယ်.. ကျွန်တော်က ၁၇/၁၈ အရွယ်ပေါ့..

၆ မိုင်ခွဲကဘော်ဒါက လူကလည်းသန်တော့ Kawasaki-750 (အင်ဂျင်ပါဝါ ၇ ကောင်ခွဲ) ကိုစီးတယ်.. တစ်ရက်ဘော်ဒါတွေစုံတဲ့အချိန်မှာ သူကဟေ့ကောင် မင်းငါ့ဆိုင်ကယ်စီးချင်ရင် ဓာတ်မီးတိုင်တစ်တိုင် တွန်းပြလို့ပြောတယ်..

ကျွန်တော်ချာတိတ်တုန်းက လူကောင်ကပိန်သေးသေးဆိုတော့ မတွန်းန်ိုင်ဘူးလို့ သူကထင်နေတာ တစ်ကယ်တွန်းပြလိုက် တော့အံ့သြသွားပြီး သူ့ရဲ့ 750 ဆိုင်ကယ်ကြီးကိုပေး စီးပါတော့တယ်..

လက်ကိုင်အမျိုးအစားကတော့ easy rider မဟုတ်ပါဘူး.. sport type လို့ခေါ်တဲ့လက်ကိုင်အဖြောင့်ပါ.. နောက်ပိုင်းမှာတော့ ကျွန်တော့် Kawasaki-400 easy rider (line-4) တွေကိုပဲ အစီးများခဲ့တယ်..

စကော့ဈေး (ဗိုလ်ချုပ်ဈေး) ထဲမှာ မိုးကုတ်ကျောက်‌တွေ ဝယ်ရောင်းလုပ်ရင်းနဲ့ တစ်ဖက်မှာ ဆိုင်ကယ်ဝယ်/စီး/ရောင်းလုပ်ပါတယ်။ easy rider ဘီးကြီးတွေပဲ စီးနေကြဆိုတော့ ဘီးကြီးသမားတွေနဲ့ပဲ ပေါင်းဖြစ်ခဲ့တယ်..

အဲဒီအထဲမှာ မြေနီကုန်းကဘော်ဒါတစ်ယောက်ကတော့ တစ်ကယ့်ဆရာကြီးပဲ.. လူမှုရေးအရ နာမည်မရေးတော့ပါဘူး.. နာမည်က ၂ လုံးထဲပါ.. သူနဲ့အနီးကပ်ပေါင်းခဲ့ရတာ တော်တော်ကြောက်ဖို့ကောင်းတယ် ။

တစ်ကယ့် ဂန်းစတား တစ်ယောက်လိုပဲ။ ဆံပင်က ကျောလယ်ထိရှိတယ် စစ်သုံးဖီးလ်ဂျက်ကက်အမြဲဝတ်တယ် ဂျင်းပန် အမြဲဝတ်ပြီးစစ်ဖိနပ် ကိုပဲအမြဲစီးတယ်..

သူကဘယ်ဖက်ခြေထောက်ဖြတ် ထားရပြီး နံရိုး ၃ ချောင်းကျိုးထားဘူးတယ်။ ခြေတုနဲ့ပါ ဆိုင်ကယ်အက်ဆီးဒင့်ကြောင့် ဖြစ်ခဲ့ရတာတွေချည်း ပါပဲ ။

ရန်ကုန်မှာ ကို–ိ ုးကြီးဆိုရင် ဆိုင်ကယ်သူရဲလောကမှာ မသိသူမရှိဘူး.. သူသောင်းကျန်းခဲ့တာတွေ ပြောရရင်အများကြီးပဲ.. သူက jumping တွေရော easyrider တွေရောအစုံစီးတယ် ။

၉၁ ဝန်းကျင် လောက်က ကျွန်တော်တို့ဘော်ဒါတွေ RC-2 လှိုင်တက္ကသိုလ်ဖက်က ပြန်လာကြတယ်.. ည ၇ နာရီလောက်ပေါ့ လှည်းတန်းအနီးစံရိပ်ငြိမ်မှတ်တိုင်နားမှာ အတူတူစီးလာတဲ့ ဘော်ဒါတစ်ယောက်က ကို–ိ ုးကြီးရဲ့ ဆိုက်ကယ်ကို ကျော်တက်လိုက်တယ်။

အဲဒါကို ကို–ိ ုးက နဲနဲမူးနေတာ့ စိတ်ဆိုးသွားတယ်.. ကျော်တက်သွားတာကို စိတ်ဆိုးပြီး သူစီးနေတဲ့ Yamaha DT ကို ကျွန်တော့်မျက်စိရှေ့မှာပဲ ဆွဲမှောက်ပစ်လိုက်တယ် ။ လူရောဆိုင်ကယ်ရောကတ္တရာလမ်းမပေါ်မှာ ဒရွတ်တိုက်သွားတာ တော်တော်ဝေးတယ်။

လူကတော့ လူးလှိမ့်ထလာပါတယ်.. သူ့ဆိုင်ကယ်က ကတ္တရာလမ်းနဲ့ ပွတ်တိုက်ပြီး မီးပန်းလေးတွေထွက်နေတယ်.. သူကမတ်တပ်ရပ်ပြီးကြည့်နေတယ်..

ဆိုင်ကယ်ဒရွတ်တိုက်ပါသွားပြီး လမ်းဘေးပလက်ဖေါင်းနဲ့တိုက်ပြီး ရပ်သွားတော့မှ စံရိပ်ငြိမ်နားက အအေးဆိုင်ထဲဝင်ပြီး ရေခဲသေတ္တာထဲက ဘီယာဘူးတစ်ဘူးထုတ် လိုက်ပြီး သူ့လက်က ဆိုင်ကယ်မှောက်တဲ့ ဒဏ်ရာတွေကို ဘီယာနဲ့လောင်းချလိုက်တယ်.. ပြီးတော့မှ စီးကရက်ဖွာပြီး ဘီယာသောက်နေတယ်..

အခုနကကျော်တက်သွားတဲ့ သူငယ်ချင်းကလည်း ပြန်လည့်လာပြီး သူ့ဆိုင်ကယ်ကို ဆိုင်ရှေ့ယူလာပေးပါတယ်.. အချင်းချင်းစိတ်မဆိုးဖို့ပြောပြီး ဘီဟာသောက်ကြတယ်.. ပြီးတော့လမ်းခွဲပြီး အိမ်ပြန်ကြတယ်..

ဟံသာဝတီအဝိုင်းကြီးမှာ တာဝန်ကျတဲ့ယာဉ်ထိန်းရဲတွေဟာ အလှည့်ကျဂျူတီနဲ့ဆိုပေမယ့် သူနဲ့ရင်းနှီးတဲ့ ဘော်ဒါတွေများတယ် ။ ဆိုင်ကယ်ဦးထုပ်ဘယ်တော့မှ မဆောင်းတဲ့သူ့ကို မော်တော်ပီးကယ်တွေက ဟိုဖက်လှည့်သွားပြီး မမြင်ချင်ယောင်ဆောင်ပေးတယ် ။

တာဝန်ကျသူအသစ်ရောက်လာလို့ သူ့ကိုဝီစီမှုတ်ပြီးဖမ်းရင်မောင်းပြေးတယ်.. ပြီးတော့သူ့ဘော်ဒါတစ်ယောက်ခေါ်လာပြီး မောင်ခိုင်းတယ်.. သူကနောက်ကထိုင်တယ်..

သူ့ကိုဖမ်းတဲ့ယာဉ်ထိန်းရဲအနားမောင်းခိုင်းတယ်.. အနားရောက်တာနဲ့ ယာဉ်ထိန်းရဲရဲ့ ဦးထုပ်ကိုလက်နဲ့ ပုတ်ချပြီး ဘောလုံးလိုကန်ပစ်တယ်.. သူကအဲလောက် ထိသောင်းကျန်းတတ်တယ်..

အဲဒီခေတ်ကထောက်လှမ်းရေးခေတ်ဆိုတော့ ကို–ိ ုးကြီးတို့က ထောက်လှမ်းရေးကို ပေါင်းထားတော့ ဘယ်သူမှသူ့ကို ပြဿနာမလုပ်ရဲကြဘူး.. နောက်တစ်ခါ လှည်းတန်းမီးပွိုင့်မှာ ပြဿနာရှာပါသေးတယ်..

၉၀ ခုနှစ်ကျော်လောက်က လှည်းတန်းမီးပွိုင့်တိုင်တွေက အခုလိုအမြင့်ကြီးတွေမဟုတ်ဘူး.. လူ ၂ ရပ်အမြင့်နီးပါးလောက်ပဲ ရှိတယ်။ တိုင်အဖြောင့်တွေပါ။

တစ်ရက်မှာ Yamaha DTနဲ့ ကို–ိ ုးကြီးရောက်လာပြီး ဆိုင်ကယ်ကို မီးပွိုင့်ပလက်ဖေါင်းပေါ်မောင်းတက်တယ်.. ပြီးတော့ဆိုင်ကယ်ကို ဒေါက်ထောက်ပြီးအပေါ်တက်မတ်တပ်ရပ်လို့ Bossny မှုတ်ဆေးဘူး အနီဘူးနဲ့မှုတ်ပစ်လိုက်တယ်..

မီးပွိင့်ကအဝေးကကြည့်ရင် အကုန်နီကုန်တယ်.. ကားတွေအားလုံးမီးပွိုင့်မှာ ဒုက္ခရောက်ကုန်တယ်.. မော်တော်ပီကယ်မရှိတဲ့ တာဝန်ချိန်အပြီးမှာလုပ်ပစ်ခဲ့တာပါ..

အဲဒီတုန်းကတော့ ကို–ိ ုးကြီး ဘာပြသနာမှ မဖြစ်လိုက်ဘူးအေးဆေးပါပဲ.. ထောက်လှမ်းရေးအရှိန်နဲ့ အကာကွယ်ယူထားတာ.. သူ့အဖို့အထိနာသွားတာကတော့ အခုအငြိမ်းစားယူထားသူ ဗိုလ်ချုပ်မှုးကြီးရဲ့လမ်းကြောင်းထဲကို အတင်းထိုးဖေါက်ဝင်ပစ်လိုက်တဲ့ကိစ္စပါပဲ..

ဗိုလ်ချုပ်မှုကြီး နေရာယူပြီးမကြာခင်မှာ ဗိုလ်ချုပ်မှုးကြီးရဲ့ VIP လမ်းကြောင်းသွားနေတာကို ကို–ိ ုးကြီးက နောက်ကအမှီလိုက်ပြီး အတင်းဖေါက်ဝင်လိုက်တယ်..

ပြီးတော့ အဲဒီခေတ်က 929 ကားပေါ်မှာ ထိုင်လိုက်လာတဲ့ ဗိုလ်ချုပ်မှုးကြီးကား ဘေးပြတင်းပေါက်နား ယှဉ်လိုက်တယ်.. လှည့်အကြည့်မှာ ရုပ်ရှင်ထဲကလမ်း သရဲတွေအော်သလိုဝူး ဝါးနဲ့စူးစူးဝါးဝါးအော်ပြီး ဆိုင်ကယ်မောင်းပြေးပါတယ်..

ဗိုလ်ချုပ်မှုးကြီးလည်း တော်တော်လန့်သွားပြီး အရမ်းစိတ်ဆိုးသွားတယ်လို့ဆိုပါတယ်.. ဒါပေမယ့်သူ့နောက်ကိုတော့ ဘယ်တပ်ဖွဲ့ကမှ လိုက်ပြီးမဖမ်းကြပါဘူး.. အဲဒီည ၁၂ နာရီလောက်မှာတော့ ထောက်လှမ်းရေးအရာရှိအချို့နဲ့ ရပ်ကွက်လူကြီးရောက်လာပြီး သူ့ကိုခေါ်သွားပါတယ်။

မိသားစုကိုလည်းထောက်လှမ်းရေးကပြောတယ်.. ခင်ဗျားတို့ သားကို ဘယ်မှာမှ မစုံစမ်းပါနဲ့ တစ်လပြည့်ရင် ပြန်လွှတ်ပေးလိုက်မယ်လို့ဆိုပါတယ်။

ကျွန်တော်ကဖမ်းသွားတာ မသိလိုက်ဘူး.. သမိုင်းက သူငယ်ချင်းဆီရောက်လို့ ကို–ိ ုးကြီးပျောက်နေလို့မေးတော့ “ဂျပန်မှာ ဆိုင်ကယ်သွားပြိုင်နေတယ်လို့နောက်ပြီးပြောတယ်..

ပြီးမှအဖြစ်မှန်ကို သိရတာကထောက်လှမ်းရေးက ရေကြည်အိုင်ကို ခေါ်သွားပြီး LESSON ပေးတယ်လို့ပြောတယ်.. ကတုံးရိတ်ပြီးတော့ မနက်မိုးလင်းတာနဲ့ ဆိုင်ကယ်ပုံစံ လုပ်ထားတဲ့ သစ်သားတုံးပေါ်ခွထိုင်ပြီး လက်ကိုင်လိုလုပ်ထားတဲ့ ဒုတ်ကိုကိုင်ပြီးပါးစပ်က ခလေးတွေကားမောင်းသလို “ဝူး.. ဝူး.. ဝူး.. ဘုတ်.. ဘုတ်.. ဘုတ်” နဲ့အော်ခိုင်းပါတယ်..

မောလို့ ရပ်သွားရင် အောက်ဆင်းခိုင်းပြီး သူ့ရဲ့ခြေတုတစ်ဖက်ကိုဖြုတ် ခြေထောက်တစ်ဖက်တည်းရပ်ခိုင်းပြီး လက်နှစ်ဖက်ကိုဘေးဆန့်ပြီး လေယာဉ်ပျံမောင်းခိုင်းပါတယ်.. တစ်နေကုန်အောင် မောင်းရတယ်..

အဲဒီလိုနဲ့ရေကြည်အိုင်စခန်းမှာ တစ်လတိတိ LESSON ပေးခံလိုက်ရပါတယ်.. ကို–ိုးကြီးလည်း ဒီတစ်ခါတော့ တော်တော်လေးခံလိုက်ရပါတယ်.. အဲဒီကိစ္စလည်းဖြစ်ပြီးရော ရန်ကုန်မှာ ဆိုင်ကယ်စီးခွင့် လုံးဝပိတ်ပစ်လိုက်ပါတော့တယ်..

လေးစားစွာဖြင့် မူရင်းရေးသားသူ

Zaw Gyi

ရန္ကုန္ၿမိဳ႕မွာ ေမာ္ေတာ္ဆိုင္ကယ္ ေမာင္းႏွင္ခြင့္ ပိတ္ပင္ခဲ့ရသည့္ သမိုင္းေၾကာင္း..

လြန္ခဲ့တဲ့ရက္အနည္းငယ္က ဒီဗြီဘီသတင္းမွာ လာသြားခဲ့တဲ့ရန္ကုန္မွာ ဆိုင္ကယ္စီးခြင့္ျပန္လည္ျပဳဖို႔ ေတာင္းဆိုတဲ့အေၾကာင္း ၾကည့္လိုက္ရတယ္.. ကမာၻ႔ႏိုင္ငံအေတာ္မ်ားမ်ား စီးခြင့္ရွိၿပီ.. ရန္ကုန္မွာစီးခြင့္ မရွိလို႔ ဝန္ႀကီးခ်ဳပ္ဆီမွာ ေတာင္းဆိုမယ္လို႔သိရပါတယ္..

ရန္ကုန္မွာ ဆိုင္ကယ္စီးခြင့္ပိတ္လိုက္တာ ဘာအေၾကာင္းေၾကာင့္ ပိတ္တယ္ဆိုတာ တရားဝင္ေၾကာ္ျငာခဲ့တာမရွိခဲ့ဘူး.. ဒါေပမယ့္ကြၽန္ေတာ္တို႔ သိထားတာေတာ့ရွိပါတယ္။ ကြၽန္ေတာ္လည္းငယ္စဥ္ကေတာ့ motor cycle crazy တစ္ေယာက္ပါပဲ..

1984/85 ေလာက္မွာ ၆ မိုင္ခြဲ ေျမနီကုန္း သမိုင္း တို႔က ဆိုင္ကယ္သူရဲေတြဟာ ကြၽန္ေတာ္ရဲ႕ေဘာ္ဒါလည္းဟုတ္ ဆရာလည္း ဟုတ္ပါတယ္.. ကြၽန္ေတာ္ကအားလုံးထဲမွာအသက္အငယ္ဆုံးပါ.. သူတို႔ကကြၽန္ေတာ့္ထက္ ၄ ႏွစ္ ၅ ႏွစ္ႀကီးၾကပါတယ္.. ကြၽန္ေတာ္က ၁၇/၁၈ အ႐ြယ္ေပါ့..

၆ မိုင္ခြဲကေဘာ္ဒါက လူကလည္းသန္ေတာ့ Kawasaki-750 (အင္ဂ်င္ပါဝါ ၇ ေကာင္ခြဲ) ကိုစီးတယ္.. တစ္ရက္ေဘာ္ဒါေတြစုံတဲ့အခ်ိန္မွာ သူကေဟ့ေကာင္ မင္းငါ့ဆိုင္ကယ္စီးခ်င္ရင္ ဓာတ္မီးတိုင္တစ္တိုင္ တြန္းျပလို႔ေျပာတယ္..

ကြၽန္ေတာ္ခ်ာတိတ္တုန္းက လူေကာင္ကပိန္ေသးေသးဆိုေတာ့ မတြန္းန္ိုင္ဘူးလို႔ သူကထင္ေနတာ တစ္ကယ္တြန္းျပလိုက္ ေတာ့အံ့ၾသသြားၿပီး သူ႔ရဲ႕ 750 ဆိုင္ကယ္ႀကီးကိုေပး စီးပါေတာ့တယ္..

လက္ကိုင္အမ်ိဳးအစားကေတာ့ easy rider မဟုတ္ပါဘူး.. sport type လို႔ေခၚတဲ့လက္ကိုင္အေျဖာင့္ပါ.. ေနာက္ပိုင္းမွာေတာ့ ကြၽန္ေတာ့္ Kawasaki-400 easy rider (line-4) ေတြကိုပဲ အစီးမ်ားခဲ့တယ္..

စေကာ့ေဈး (ဗိုလ္ခ်ဳပ္ေဈး) ထဲမွာ မိုးကုတ္ေက်ာက္‌ေတြ ဝယ္ေရာင္းလုပ္ရင္းနဲ႔ တစ္ဖက္မွာ ဆိုင္ကယ္ဝယ္/စီး/ေရာင္းလုပ္ပါတယ္။ easy rider ဘီးႀကီးေတြပဲ စီးေနၾကဆိုေတာ့ ဘီးႀကီးသမားေတြနဲ႔ပဲ ေပါင္းျဖစ္ခဲ့တယ္..

အဲဒီအထဲမွာ ေျမနီကုန္းကေဘာ္ဒါတစ္ေယာက္ကေတာ့ တစ္ကယ့္ဆရာႀကီးပဲ.. လူမႈေရးအရ နာမည္မေရးေတာ့ပါဘူး.. နာမည္က ၂ လုံးထဲပါ.. သူနဲ႔အနီးကပ္ေပါင္းခဲ့ရတာ ေတာ္ေတာ္ေၾကာက္ဖို႔ေကာင္းတယ္ ။

တစ္ကယ့္ ဂန္းစတား တစ္ေယာက္လိုပဲ။ ဆံပင္က ေက်ာလယ္ထိရွိတယ္ စစ္သုံးဖီးလ္ဂ်က္ကက္အၿမဲဝတ္တယ္ ဂ်င္းပန္ အၿမဲဝတ္ၿပီးစစ္ဖိနပ္ ကိုပဲအၿမဲစီးတယ္..

သူကဘယ္ဖက္ေျခေထာက္ျဖတ္ ထားရၿပီး နံ႐ိုး ၃ ေခ်ာင္းက်ိဳးထားဘူးတယ္။ ေျခတုနဲ႔ပါ ဆိုင္ကယ္အက္ဆီးဒင့္ေၾကာင့္ ျဖစ္ခဲ့ရတာေတြခ်ည္း ပါပဲ ။

ရန္ကုန္မွာ ကို–ိ ုးႀကီးဆိုရင္ ဆိုင္ကယ္သူရဲေလာကမွာ မသိသူမရွိဘူး.. သူေသာင္းက်န္းခဲ့တာေတြ ေျပာရရင္အမ်ားႀကီးပဲ.. သူက jumping ေတြေရာ easyrider ေတြေရာအစုံစီးတယ္ ။

၉၁ ဝန္းက်င္ ေလာက္က ကြၽန္ေတာ္တို႔ေဘာ္ဒါေတြ RC-2 လႈိင္တကၠသိုလ္ဖက္က ျပန္လာၾကတယ္.. ည ၇ နာရီေလာက္ေပါ့ လွည္းတန္းအနီးစံရိပ္ၿငိမ္မွတ္တိုင္နားမွာ အတူတူစီးလာတဲ့ ေဘာ္ဒါတစ္ေယာက္က ကို–ိ ုးႀကီးရဲ႕ ဆိုက္ကယ္ကို ေက်ာ္တက္လိုက္တယ္။

အဲဒါကို ကို–ိ ုးက နဲနဲမူးေနတာ့ စိတ္ဆိုးသြားတယ္.. ေက်ာ္တက္သြားတာကို စိတ္ဆိုးၿပီး သူစီးေနတဲ့ Yamaha DT ကို ကြၽန္ေတာ့္မ်က္စိေရွ႕မွာပဲ ဆြဲေမွာက္ပစ္လိုက္တယ္ ။ လူေရာဆိုင္ကယ္ေရာကတၱရာလမ္းမေပၚမွာ ဒ႐ြတ္တိုက္သြားတာ ေတာ္ေတာ္ေဝးတယ္။

လူကေတာ့ လူးလွိမ့္ထလာပါတယ္.. သူ႔ဆိုင္ကယ္က ကတၱရာလမ္းနဲ႔ ပြတ္တိုက္ၿပီး မီးပန္းေလးေတြထြက္ေနတယ္.. သူကမတ္တပ္ရပ္ၿပီးၾကည့္ေနတယ္..

ဆိုင္ကယ္ဒ႐ြတ္တိုက္ပါသြားၿပီး လမ္းေဘးပလက္ေဖါင္းနဲ႔တိုက္ၿပီး ရပ္သြားေတာ့မွ စံရိပ္ၿငိမ္နားက အေအးဆိုင္ထဲဝင္ၿပီး ေရခဲေသတၱာထဲက ဘီယာဘူးတစ္ဘူးထုတ္ လိုက္ၿပီး သူ႔လက္က ဆိုင္ကယ္ေမွာက္တဲ့ ဒဏ္ရာေတြကို ဘီယာနဲ႔ေလာင္းခ်လိုက္တယ္.. ၿပီးေတာ့မွ စီးကရက္ဖြာၿပီး ဘီယာေသာက္ေနတယ္..

အခုနကေက်ာ္တက္သြားတဲ့ သူငယ္ခ်င္းကလည္း ျပန္လည့္လာၿပီး သူ႔ဆိုင္ကယ္ကို ဆိုင္ေရွ႕ယူလာေပးပါတယ္.. အခ်င္းခ်င္းစိတ္မဆိုးဖို႔ေျပာၿပီး ဘီဟာေသာက္ၾကတယ္.. ၿပီးေတာ့လမ္းခြဲၿပီး အိမ္ျပန္ၾကတယ္..

ဟံသာဝတီအဝိုင္းႀကီးမွာ တာဝန္က်တဲ့ယာဥ္ထိန္းရဲေတြဟာ အလွည့္က်ဂ်ဴတီနဲ႔ဆိုေပမယ့္ သူနဲ႔ရင္းႏွီးတဲ့ ေဘာ္ဒါေတြမ်ားတယ္ ။ ဆိုင္ကယ္ဦးထုပ္ဘယ္ေတာ့မွ မေဆာင္းတဲ့သူ႔ကို ေမာ္ေတာ္ပီးကယ္ေတြက ဟိုဖက္လွည့္သြားၿပီး မျမင္ခ်င္ေယာင္ေဆာင္ေပးတယ္ ။

တာဝန္က်သူအသစ္ေရာက္လာလို႔ သူ႔ကိုဝီစီမႈတ္ၿပီးဖမ္းရင္ေမာင္းေျပးတယ္.. ၿပီးေတာ့သူ႔ေဘာ္ဒါတစ္ေယာက္ေခၚလာၿပီး ေမာင္ခိုင္းတယ္.. သူကေနာက္ကထိုင္တယ္..

သူ႔ကိုဖမ္းတဲ့ယာဥ္ထိန္းရဲအနားေမာင္းခိုင္းတယ္.. အနားေရာက္တာနဲ႔ ယာဥ္ထိန္းရဲရဲ႕ ဦးထုပ္ကိုလက္နဲ႔ ပုတ္ခ်ၿပီး ေဘာလုံးလိုကန္ပစ္တယ္.. သူကအဲေလာက္ ထိေသာင္းက်န္းတတ္တယ္..

အဲဒီေခတ္ကေထာက္လွမ္းေရးေခတ္ဆိုေတာ့ ကို–ိ ုးႀကီးတို႔က ေထာက္လွမ္းေရးကို ေပါင္းထားေတာ့ ဘယ္သူမွသူ႔ကို ျပႆနာမလုပ္ရဲၾကဘူး.. ေနာက္တစ္ခါ လွည္းတန္းမီးပြိဳင့္မွာ ျပႆနာရွာပါေသးတယ္..

၉၀ ခုႏွစ္ေက်ာ္ေလာက္က လွည္းတန္းမီးပြိဳင့္တိုင္ေတြက အခုလိုအျမင့္ႀကီးေတြမဟုတ္ဘူး.. လူ ၂ ရပ္အျမင့္နီးပါးေလာက္ပဲ ရွိတယ္။ တိုင္အေျဖာင့္ေတြပါ။

တစ္ရက္မွာ Yamaha DTနဲ႔ ကို–ိ ုးႀကီးေရာက္လာၿပီး ဆိုင္ကယ္ကို မီးပြိဳင့္ပလက္ေဖါင္းေပၚေမာင္းတက္တယ္.. ၿပီးေတာ့ဆိုင္ကယ္ကို ေဒါက္ေထာက္ၿပီးအေပၚတက္မတ္တပ္ရပ္လို႔ Bossny မႈတ္ေဆးဘူး အနီဘူးနဲ႔မႈတ္ပစ္လိုက္တယ္..

မီးပြိင့္ကအေဝးကၾကည့္ရင္ အကုန္နီကုန္တယ္.. ကားေတြအားလုံးမီးပြိဳင့္မွာ ဒုကၡေရာက္ကုန္တယ္.. ေမာ္ေတာ္ပီကယ္မရွိတဲ့ တာဝန္ခ်ိန္အၿပီးမွာလုပ္ပစ္ခဲ့တာပါ..

အဲဒီတုန္းကေတာ့ ကို–ိ ုးႀကီး ဘာျပသနာမွ မျဖစ္လိုက္ဘူးေအးေဆးပါပဲ.. ေထာက္လွမ္းေရးအရွိန္နဲ႔ အကာကြယ္ယူထားတာ.. သူ႔အဖို႔အထိနာသြားတာကေတာ့ အခုအၿငိမ္းစားယူထားသူ ဗိုလ္ခ်ဳပ္မႈးႀကီးရဲ႕လမ္းေၾကာင္းထဲကို အတင္းထိုးေဖါက္ဝင္ပစ္လိုက္တဲ့ကိစၥပါပဲ..

ဗိုလ္ခ်ဳပ္မႈႀကီး ေနရာယူၿပီးမၾကာခင္မွာ ဗိုလ္ခ်ဳပ္မႈးႀကီးရဲ႕ VIP လမ္းေၾကာင္းသြားေနတာကို ကို–ိ ုးႀကီးက ေနာက္ကအမွီလိုက္ၿပီး အတင္းေဖါက္ဝင္လိုက္တယ္..

ၿပီးေတာ့ အဲဒီေခတ္က 929 ကားေပၚမွာ ထိုင္လိုက္လာတဲ့ ဗိုလ္ခ်ဳပ္မႈးႀကီးကား ေဘးျပတင္းေပါက္နား ယွဥ္လိုက္တယ္.. လွည့္အၾကည့္မွာ ႐ုပ္ရွင္ထဲကလမ္း သရဲေတြေအာ္သလိုဝူး ဝါးနဲ႔စူးစူးဝါးဝါးေအာ္ၿပီး ဆိုင္ကယ္ေမာင္းေျပးပါတယ္..

ဗိုလ္ခ်ဳပ္မႈးႀကီးလည္း ေတာ္ေတာ္လန္႔သြားၿပီး အရမ္းစိတ္ဆိုးသြားတယ္လို႔ဆိုပါတယ္.. ဒါေပမယ့္သူ႔ေနာက္ကိုေတာ့ ဘယ္တပ္ဖြဲ႕ကမွ လိုက္ၿပီးမဖမ္းၾကပါဘူး.. အဲဒီည ၁၂ နာရီေလာက္မွာေတာ့ ေထာက္လွမ္းေရးအရာရွိအခ်ိဳ႕နဲ႔ ရပ္ကြက္လူႀကီးေရာက္လာၿပီး သူ႔ကိုေခၚသြားပါတယ္။

မိသားစုကိုလည္းေထာက္လွမ္းေရးကေျပာတယ္.. ခင္ဗ်ားတို႔ သားကို ဘယ္မွာမွ မစုံစမ္းပါနဲ႔ တစ္လျပည့္ရင္ ျပန္လႊတ္ေပးလိုက္မယ္လို႔ဆိုပါတယ္။

ကြၽန္ေတာ္ကဖမ္းသြားတာ မသိလိုက္ဘူး.. သမိုင္းက သူငယ္ခ်င္းဆီေရာက္လို႔ ကို–ိ ုးႀကီးေပ်ာက္ေနလို႔ေမးေတာ့ “ဂ်ပန္မွာ ဆိုင္ကယ္သြားၿပိဳင္ေနတယ္လို႔ေနာက္ၿပီးေျပာတယ္..

ၿပီးမွအျဖစ္မွန္ကို သိရတာကေထာက္လွမ္းေရးက ေရၾကည္အိုင္ကို ေခၚသြားၿပီး LESSON ေပးတယ္လို႔ေျပာတယ္.. ကတုံးရိတ္ၿပီးေတာ့ မနက္မိုးလင္းတာနဲ႔ ဆိုင္ကယ္ပုံစံ လုပ္ထားတဲ့ သစ္သားတုံးေပၚခြထိုင္ၿပီး လက္ကိုင္လိုလုပ္ထားတဲ့ ဒုတ္ကိုကိုင္ၿပီးပါးစပ္က ခေလးေတြကားေမာင္းသလို “ဝူး.. ဝူး.. ဝူး.. ဘုတ္.. ဘုတ္.. ဘုတ္” နဲ႔ေအာ္ခိုင္းပါတယ္..

ေမာလို႔ ရပ္သြားရင္ ေအာက္ဆင္းခိုင္းၿပီး သူ႔ရဲ႕ေျခတုတစ္ဖက္ကိုျဖဳတ္ ေျခေထာက္တစ္ဖက္တည္းရပ္ခိုင္းၿပီး လက္ႏွစ္ဖက္ကိုေဘးဆန္႔ၿပီး ေလယာဥ္ပ်ံေမာင္းခိုင္းပါတယ္.. တစ္ေနကုန္ေအာင္ ေမာင္းရတယ္..

အဲဒီလိုနဲ႔ေရၾကည္အိုင္စခန္းမွာ တစ္လတိတိ LESSON ေပးခံလိုက္ရပါတယ္.. ကို–ိုးႀကီးလည္း ဒီတစ္ခါေတာ့ ေတာ္ေတာ္ေလးခံလိုက္ရပါတယ္.. အဲဒီကိစၥလည္းျဖစ္ၿပီးေရာ ရန္ကုန္မွာ ဆိုင္ကယ္စီးခြင့္ လုံးဝပိတ္ပစ္လိုက္ပါေတာ့တယ္..

ေလးစားစြာျဖင့္ မူရင္းေရးသားသူ