အမ်ိဳးသမီးေတြ အသက္ရလာရင္ ျဖစ္ေလ့ရွိတဲ့ အ႐ိုးပြေရာဂါကို ဒီနည္းလမ္းေတြနဲ႔ ကာကြယ္ထားပါ

ခႏၶာကိုယ္ဖြဲ႕စည္းပုံ အရေရာ၊ သဘာဝအရပါ အမ်ိဳးသမီးေတြဟာ အသက္ႀကီးလာရင္ အမ်ိဳးသားေတြထက္ အ႐ိုးပါး အ႐ိုးပြေရာဂါ ျဖစ္ႏိုင္ေခ်ပိုမ်ားပါတယ္

အ႐ိုးပါး အ႐ိုးပြ ေရာဂါျဖစ္လာရင္ ကုသရ ခက္ခဲတာေၾကာင့္ မျဖစ္ခင္ ႀကိဳတင္ကာကြယ္ထားတာ အေကာင္းဆုံးပါပဲ။

ပ်ိဳေမတို႔ ကိုယ္တိုင္လည္း ဖတ္သင့္ၿပီး ေမေမတို႔ကိုလည္း ဒီနည္းအတိုင္း က်န္းမာေရးေစာင့္ေရွာက္မႈ ေပးလိုက္ပါေနာ္

(၁) ဆားစားသုံးမႈကို ေလွ်ာ့ခ်ပါ

တစ္ေန႔တာ အစားအေသာက္ထဲမွာ ဆားပမာဏ မ်ားလြန္းတာက အ႐ိုးဆဲလ္ေတြကို တိုက္႐ိုက္သက္ေရာက္မႈ ျဖစ္ေစၿပီး အ႐ိုးပါး အ႐ိုးပြတာကို ေစာေစာစီးစီး ႀကဳံေတြ႕လာႏိုင္ပါတယ္။

(၂) ပ႐ိုတင္းနဲ႔ ကယ္လ္စီယံကို လုံေလာက္ေအာင္စားပါ

ပ႐ိုတင္းဓာတ္က အ႐ိုးသိပ္သည္းမႈ ေကာင္းေစတာေၾကာင့္ ေန႔တိုင္းေန႔တိုင္းမွာ အသားကို လုံလုံေလာက္ေလာက္ စားေပးရပါမယ္။ အသားမႀကိဳက္ဘူး ဆိုရင္ေတာင္ အသားဓာတ္ရတဲ့ အစားအစာေတြကို စားသင့္ပါတယ္။

ၿပီးေတာ့ အ႐ိုးသန္မာဖို႔ ကယ္လ္စီယံဓာတ္က အလိုအပ္ဆုံးဆိုတာ လူတိုင္းသိၿပီးသားပါ

ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ ကယ္လ္စီယံကို အမ်ားဆုံးရႏိုင္တဲ့ အစားအစာေတြကေတာ့ ဆယ္လ္မြန္ငါး၊ တို႔ဖူး နဲ႔ပဲငပိတို႔ပဲ ျဖစ္ပါတယ္။ ေနာက္ထပ္ အ႐ိုးအတြက္ အေရးႀကီးတာကေတာ့ ဗီတာမင္ဒီပဲ ျဖစ္ပါတယ္။

ဗီတာမင္ ဒီကိုေနေရာင္ျခည္ကေနအမ်ားဆုံးရႏိုင္တာမို႔ မနက္ခင္းဆယ္နာရီမထိုးခင္ေနစာလႈံေပးသင့္ပါတယ္

(၃) အ႐ိုးသန္မာေစမယ့္ ေလ့က်င့္ခန္းေတြ လုပ္ပါ

အ႐ိုးေတြ အခ်ိန္ေတြအၾကာႀကီး သန္မာေနဖို႔ ေလ့က်င့္ခန္းကမျဖစ္မေနလိုအပ္ပါတယ္။ အ႐ိုးသန္မာေစဖို႔အတြက္ ဝိတ္တုံးေလးေတြ မ တာ၊ လမ္းအေႏွး/အျမန္ေလွ်ာက္တာ နဲ႔ က ခုန္တာေတြကို လုပ္ေပးပါ။

(၄) ကိုယ္အေလးခ်ိန္ထိန္းပါ

ခႏၶာကိုယ္က ဘယ္ေလာက္ ဝလာလာ အ႐ိုးကေတာ့ နဂိုအ႐ြယ္အစား အတိုင္းပါပဲ။

အသက္(၃၀)ေက်ာ္ၿပီ ဆိုတာနဲ႔ အ႐ိုးဖြဲ႕စည္းမႈကလည္း အလိုလို ပါးလ်လာတာမို႔ ခႏၶာကိုယ္ႀကီးေလေလ

အ႐ိုးခံႏိုင္ရည္ နည္းေလေလျဖစ္လာတာေၾကာင့္ အ႐ိုးအက္တာ၊ က်ိဳးတာေတြ ျဖစ္လြယ္ပါတယ္။ ဒါေၾကာင့္ ပုံမွန္ကိုယ္အေလးခ်ိန္ရေအာင္ အၿမဲတမ္း ထိန္းထားသင့္တာပါ

(၅) တစ္ေန႔ကို ေကာ္ဖီတစ္ခြက္ထက္ ပိုမေသာက္ပါနဲ႔

သင္ဟာလည္း ကမာၻေပၚက လူေပါင္းမ်ားစြာလိုပဲ မနက္ခင္းမွာ ေကာ္ဖီတစ္ခြက္နဲ႔ မစတင္ရရင္ မျပည့္စုံဘူးလို႔ ခံစားရတဲ့သူလား။

အဲ့ဒါဆိုရင္ေတာ့ အဲ့ဒီ မနက္တစ္ခြက္နဲ႔တင္ ေက်နပ္လိုက္ဖို႔ အႀကံျပဳခ်င္ပါတယ္။

ဘာလို႔ဆို ကဖင္းဓာတ္ေတြပိုလွ်ံသြားရင္ အ႐ိုးရဲ႕သိပ္သည္းဆနဲ႔ပတ္သက္လို႔ တိုက္႐ိုက္ထိခိုက္မႈကိုျဖစ္ေစၿပီး အ႐ိုးပါး အ႐ိုးပြေရာဂါျဖစ္ႏိုင္ေခ်ပိုမ်ားလို႔ပါ

(ေလးစားမႈျဖင့္ ခရက္ဒစ္)

Unicode

ခန္ဓာကိုယ်ဖွဲ့စည်းပုံ အရရော၊ သဘာဝအရပါ အမျိုးသမီးတွေဟာ အသက်ကြီးလာရင် အမျိုးသားတွေထက် အရိုးပါး အရိုးပွရောဂါ ဖြစ်နိုင်ချေပိုများပါတယ်

အရိုးပါး အရိုးပွ ရောဂါဖြစ်လာရင် ကုသရ ခက်ခဲတာကြောင့် မဖြစ်ခင် ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပါပဲ။

ပျိုမေတို့ ကိုယ်တိုင်လည်း ဖတ်သင့်ပြီး မေမေတို့ကိုလည်း ဒီနည်းအတိုင်း ကျန်းမာရေးစောင့်ရှောက်မှု ပေးလိုက်ပါနော်

(၁) ဆားစားသုံးမှုကို လျှော့ချပါ

တစ်နေ့တာ အစားအသောက်ထဲမှာ ဆားပမာဏ များလွန်းတာက အရိုးဆဲလ်တွေကို တိုက်ရိုက်သက်ရောက်မှု ဖြစ်စေပြီး အရိုးပါး အရိုးပွတာကို စောစောစီးစီး ကြုံတွေ့လာနိုင်ပါတယ်။

(၂) ပရိုတင်းနဲ့ ကယ်လ်စီယံကို လုံလောက်အောင်စားပါ

ပရိုတင်းဓာတ်က အရိုးသိပ်သည်းမှု ကောင်းစေတာကြောင့် နေ့တိုင်းနေ့တိုင်းမှာ အသားကို လုံလုံလောက်လောက် စားပေးရပါမယ်။ အသားမကြိုက်ဘူး ဆိုရင်တောင် အသားဓာတ်ရတဲ့ အစားအစာတွေကို စားသင့်ပါတယ်။

ပြီးတော့ အရိုးသန်မာဖို့ ကယ်လ်စီယံဓာတ်က အလိုအပ်ဆုံးဆိုတာ လူတိုင်းသိပြီးသားပါ

ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကယ်လ်စီယံကို အများဆုံးရနိုင်တဲ့ အစားအစာတွေကတော့ ဆယ်လ်မွန်ငါး၊ တို့ဖူး နဲ့ပဲငပိတို့ပဲ ဖြစ်ပါတယ်။

နောက်ထပ် အရိုးအတွက် အရေးကြီးတာကတော့ ဗီတာမင်ဒီပဲ ဖြစ်ပါတယ်။

ဗီတာမင် ဒီကိုနေရောင်ခြည်ကနေအများဆုံးရနိုင်တာမို့ မနက်ခင်းဆယ်နာရီမထိုးခင်နေစာလှုံပေးသင့်ပါတယ်

(၃) အရိုးသန်မာစေမယ့် လေ့ကျင့်ခန်းတွေ လုပ်ပါ

အရိုးတွေ အချိန်တွေအကြာကြီး သန်မာနေဖို့ လေ့ကျင့်ခန်းကမဖြစ်မနေလိုအပ်ပါတယ်။

အရိုးသန်မာစေဖို့အတွက် ဝိတ်တုံးလေးတွေ မ တာ၊ လမ်းအနှေး/အမြန်လျှောက်တာ နဲ့ က ခုန်တာတွေကို လုပ်ပေးပါ။

(၄) ကိုယ်အလေးချိန်ထိန်းပါ

ခန္ဓာကိုယ်က ဘယ်လောက် ဝလာလာ အရိုးကတော့ နဂိုအရွယ်အစား အတိုင်းပါပဲ။ အသက်(၃၀)ကျော်ပြီ ဆိုတာနဲ့ အရိုးဖွဲ့စည်းမှုကလည်း အလိုလို ပါးလျလာတာမို့ ခန္ဓာကိုယ်ကြီးလေလေ

အရိုးခံနိုင်ရည် နည်းလေလေဖြစ်လာတာကြောင့် အရိုးအက်တာ၊ ကျိုးတာတွေ ဖြစ်လွယ်ပါတယ်။ ဒါကြောင့် ပုံမှန်ကိုယ်အလေးချိန်ရအောင် အမြဲတမ်း ထိန်းထားသင့်တာပါ

(၅) တစ်နေ့ကို ကော်ဖီတစ်ခွက်ထက် ပိုမသောက်ပါနဲ့

သင်ဟာလည်း ကမ္ဘာပေါ်က လူပေါင်းများစွာလိုပဲ မနက်ခင်းမှာ ကော်ဖီတစ်ခွက်နဲ့ မစတင်ရရင် မပြည့်စုံဘူးလို့ ခံစားရတဲ့သူလား။

အဲ့ဒါဆိုရင်တော့ အဲ့ဒီ မနက်တစ်ခွက်နဲ့တင် ကျေနပ်လိုက်ဖို့ အကြံပြုချင်ပါတယ်။

ဘာလို့ဆို ကဖင်းဓာတ်တွေပိုလျှံသွားရင် အရိုးရဲ့သိပ်သည်းဆနဲ့ပတ်သက်လို့ တိုက်ရိုက်ထိခိုက်မှုကိုဖြစ်စေပြီး အရိုးပါး အရိုးပွရောဂါဖြစ်နိုင်ချေပိုများလို့ပါ

(လေးစားမှုဖြင့် ခရက်ဒစ်)