ကမ္ဘာ့ရုပ်အဆိုးဆုံးမိန်းမကြီး မေရီအန်းရဲ့ လူတွေမသိသေးတဲ့စိတ်မကောင်းဖွယ်ရာအကြောင်း
Unicode
၁၉၀၀ပြည့်နှစ်များမှာအင်္ဂလန်နိုင်ငံမှာမေရီအန်းလို့ခေါ်တဲ့အမျိုးသမီးကြီးတစ်ယောက်ရှိခဲ့ဖူးပါတယ်။မေရီအန်းဟာကမ္ဘာ့ရုပ်အဆိုးဆုံးမိန်းမကြီးအဖြစ်သတ်မှတ်ခြင်းခံထားရတဲ့အမျိုးသမီးပါ။ဒါပေမယ့်မိတ်ဆွေ..သင်သာမေရီအန်းရဲ့ဘဝအကြောင်းကိုခရေစေ့တွင်းကျသိသွားခဲ့မယ်ဆိုရင်မေရီအန်းကို ကမ္ဘာ့ရုပ်အချောဆုံး အမျိုးသမီးလို့တောင် ခေါ်ဝေါ်မိမှာပါ
မေရီအန်းဟာ ပုံမှန်မဟုတ်တဲ့ကြီးထွားခြင်းနှင့် မျက်နှာပုံစံပျက်ခြင်းရောဂါ (acromegaly ရောဂါ) ကို ခံစားနေရတဲ့ အမျိုးသမီးဖြစ်ပါတယ်။
ဒါကြောင့်မေရီအန်းဟာ မွေးလာကတည်းက ရုပ်ဆိုးစွာ မွေးဖွားလာခဲ့တာမဟုတ်ပါဘူး။လှပချောမောလှတဲ့ရုပ်ရည်လေးကနေရောဂါကြောင့် ရုပ်ဆိုးသွားခဲ့ရသူပါ။သူမရောဂါကြောင့် ရုပ်မပျက်စီးခဲ့စဉ်ကလုပ်ကိုင်ခဲ့တဲ့ အလုပ်လေးက သူနာပြုလေးတစ်ယောက်ပါ။
သူမရဲ့ခင်ပွန်းဖြစ်သူသေဆုံးသွားပြီနောက်မှာမေရီအန်းတစ်ယောက်သားသမီး၄ယောက်နဲ့အရမ်းကိုဒုက္ခရောက်ခဲ့ရပါတယ်။ဆောင်းရာသီမှာစားဖို့ ပေါင်မုန့်တစ်လုံးတောင် မဝယ်နိုင်ခဲ့တဲ့ မေရီအန်းဟာ အကြွေးတွေများစွာတင်ခဲ့ပြီး ငွေကြေးလိုအပ်မှုတွေလည်း များစွာဖြစ်ခဲ့ပါတယ်။
သားသမီး၄ယောက်နဲ့ပိုက်ဆံမရှိတဲ့ဒဏ်၊အငတ်ဘေးဆိုက်တဲ့ဒဏ်ကိုဆိုးဆိုးရွားရွားကြီးခံစားကြုံတွေ့ခဲ့ရတဲ့မေရီအန်းဟာရှက်စရာကောင်းတဲ့ပြိုင်ပွဲတစ်ခုဖြစ်တဲ့ “ရုပ်ဆိုးပြိုင်ပွဲ”မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ မေရီအန်းဟာ သူမရဲ့ အားအနည်းဆုံး ၊ အဆိုးရွားဆုံး အချက်နဲ့ပဲ ရုပ်ဆိုးပြိုင်ပွဲမှာ “ကမ္ဘာ့ရုပ်အဆိုးဆုံးမိန်းမကြီး” အဖြစ် အနိုင်ရရှိခဲ့ပါတယ်။
နောက်ပိုင်းတွေမှာ မေရီအန်းကို ဆပ်ကပ်အဖွဲ့တစ်ခုက ငှားရမ်းခဲ့တာကြောင့် သူမဟာ မြို့ပေါင်းများစွာမှာ သွားရောက်ဖျော်ဖြေခဲ့ရပါတယ်။ ရုပ်အဆိုးဆုံးမိန်းမကြီးဆိုတဲ့ဂုဏ်ပုဒ်ကြောင့်သူမကိုလူအများကလှောင်ပြောင်ရယ်မောကြပါတယ်။
လူတွေလှောင်ပြောရောမောကြနိုင်ဖို့အတွက်ပဲသူမကိုဆပ်ကပ်အဖွဲ့ကငှားရမ်းခဲ့တာဖြစ်လို့လူတွေရဲ့ရုပ်ပိုင်းဆိုင်ရာလောင်ပြောင်တဲ့ဒဏ်ကိုမေရီအန်းတစ်ယောက်အပြင်းအထန်ခံခဲ့ရပါတယ်။အခြားသူတွေဆီကနေလှောင်ပြောင်ကဲ့ရဲ့မှုတွေများစွာခံခဲ့ရတဲ့မေရီအန်းဟာတစ်ဖက်မှာလည်းသားသမီးတွေကိုပိုကောင်းမွန်တဲ့ဘဝလေးတွေ ရရှိစေဖို့ ငွေကြေးလေးတွေ ရရှိခဲ့ပါတယ်။
ကမ္ဘာ့ရုပ်အဆိုးဆုံးမိန်းမကြီးမေရီအန်းဟာ လူတွေရဲ့ လှောင်ပြောင်သရော်မှုတွေကို ဘယ်လောက်ပဲ အပြင်းအထန် ခံခဲ့ရစေကာမူ သားသမီးတွေကိုတော့ပြည့်စုံလုံလောက်အောင်ထားပေးခဲ့တဲ့အာဂအမျိုးသမီးတစ်ယောက်ပါ။ ကမ္ဘာ့ရုပ်အဆိုးဆုံးမိန်းမကြီး မေရီအန်းဟာ ၁၉၃၃ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
မေရီအန်းရဲ့ဖြစ်စဉ်ကိုသုံးသပ်ကြည့်ရရင်လူတွေဟာဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကရုပ်ပိုင်းဆိုင်ရာအပေါ်ယံသွင်ပြင်နှင့်ပတ်သတ်ပြီးအရမ်းကိုဝေဖန်မှုလွန်ကဲကြပါတယ်။အကယ်၍လူတွေသာမေရီအန်းရဲ့အပေါ်ယံရုပ်ပိုင်းဆိုင်ရာသွင်ပြင်ကိုမဟုတ်ဘဲ
သူမရဲ့အတွင်းစိတ်ပုံစံလေး ကိုသာ မြင်တွေ့နိုင်ခဲ့မယ်ဆိုရင် မေရီအန်းကို “ကမ္ဘာ့ရုပ်အဆိုးဆုံးမိန်းမကြီး” လို့ သတ်မှတ်တော့မှာမဟုတ်ဘဲ “ကမ္ဘာ့ရုပ်အချောဆုံး အမျိုးသမီး” အဖြစ် သေချာပေါက် သတ်မှတ်ကြမှာပါ။
Zaw Gyi
၁၉၀၀ျပည့္ႏွစ္မ်ားမွာအဂၤလန္ႏိုင္ငံမွာေမရီအန္းလို႔ေခၚတဲ့အမ်ိဳးသမီးႀကီးတစ္ေယာက္ရွိခဲ့ဖူးပါတယ္။ေမရီအန္းဟာကမာၻ႔႐ုပ္အဆိုးဆုံးမိန္းမႀကီးအျဖစ္သတ္မွတ္ျခင္းခံထားရတဲ့အမ်ိဳးသမီးပါ။ဒါေပမယ့္မိတ္ေဆြ..သင္သာေမရီအန္းရဲ႕ဘဝအေၾကာင္းကိုခေရေစ့တြင္းက်သိသြားခဲ့မယ္ဆိုရင္ေမရီအန္းကို ကမာၻ႔႐ုပ္အေခ်ာဆုံး အမ်ိဳးသမီးလို႔ေတာင္ ေခၚေဝၚမိမွာပါ
ေမရီအန္းဟာ ပုံမွန္မဟုတ္တဲ့ႀကီးထြားျခင္းႏွင့္ မ်က္ႏွာပုံစံပ်က္ျခင္းေရာဂါ (acromegaly ေရာဂါ) ကို ခံစားေနရတဲ့ အမ်ိဳးသမီးျဖစ္ပါတယ္။
ဒါေၾကာင့္ေမရီအန္းဟာ ေမြးလာကတည္းက ႐ုပ္ဆိုးစြာ ေမြးဖြားလာခဲ့တာမဟုတ္ပါဘူး။လွပေခ်ာေမာလွတဲ့႐ုပ္ရည္ေလးကေနေရာဂါေၾကာင့္ ႐ုပ္ဆိုးသြားခဲ့ရသူပါ။သူမေရာဂါေၾကာင့္ ႐ုပ္မပ်က္စီးခဲ့စဥ္ကလုပ္ကိုင္ခဲ့တဲ့ အလုပ္ေလးက သူနာျပဳေလးတစ္ေယာက္ပါ။
သူမရဲ႕ခင္ပြန္းျဖစ္သူေသဆုံးသြားၿပီေနာက္မွာေမရီအန္းတစ္ေယာက္သားသမီး၄ေယာက္နဲ႔အရမ္းကိုဒုကၡေရာက္ခဲ့ရပါတယ္။ေဆာင္းရာသီမွာစားဖို႔ ေပါင္မုန႔္တစ္လုံးေတာင္ မဝယ္ႏိုင္ခဲ့တဲ့ ေမရီအန္းဟာ အေႂကြးေတြမ်ားစြာတင္ခဲ့ၿပီး ေငြေၾကးလိုအပ္မႈေတြလည္း မ်ားစြာျဖစ္ခဲ့ပါတယ္။
သားသမီး၄ေယာက္နဲ႔ပိုက္ဆံမရွိတဲ့ဒဏ္၊အငတ္ေဘးဆိုက္တဲ့ဒဏ္ကိုဆိုးဆိုး႐ြား႐ြားႀကီးခံစားႀကဳံေတြ႕ခဲ့ရတဲ့ေမရီအန္းဟာရွက္စရာေကာင္းတဲ့ၿပိဳင္ပြဲတစ္ခုျဖစ္တဲ့ “႐ုပ္ဆိုးၿပိဳင္ပြဲ”မွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ပါတယ္။ ေမရီအန္းဟာ သူမရဲ႕ အားအနည္းဆုံး ၊ အဆိုး႐ြားဆုံး အခ်က္နဲ႔ပဲ ႐ုပ္ဆိုးၿပိဳင္ပြဲမွာ “ကမာၻ႔႐ုပ္အဆိုးဆုံးမိန္းမႀကီး” အျဖစ္ အႏိုင္ရရွိခဲ့ပါတယ္။
ေနာက္ပိုင္းေတြမွာ ေမရီအန္းကို ဆပ္ကပ္အဖြဲ႕တစ္ခုက ငွားရမ္းခဲ့တာေၾကာင့္ သူမဟာ ၿမိဳ႕ေပါင္းမ်ားစြာမွာ သြားေရာက္ေဖ်ာ္ေျဖခဲ့ရပါတယ္။ ႐ုပ္အဆိုးဆုံးမိန္းမႀကီးဆိုတဲ့ဂုဏ္ပုဒ္ေၾကာင့္သူမကိုလူအမ်ားကေလွာင္ေျပာင္ရယ္ေမာၾကပါတယ္။
လူေတြေလွာင္ေျပာေရာေမာၾကႏိုင္ဖို႔အတြက္ပဲသူမကိုဆပ္ကပ္အဖြဲ႕ကငွားရမ္းခဲ့တာျဖစ္လို႔လူေတြရဲ႕႐ုပ္ပိုင္းဆိုင္ရာေလာင္ေျပာင္တဲ့ဒဏ္ကိုေမရီအန္းတစ္ေယာက္အျပင္းအထန္ခံခဲ့ရပါတယ္။အျခားသူေတြဆီကေနေလွာင္ေျပာင္ကဲ့ရဲ႕မႈေတြမ်ားစြာခံခဲ့ရတဲ့ေမရီအန္းဟာတစ္ဖက္မွာလည္းသားသမီးေတြကိုပိုေကာင္းမြန္တဲ့ဘဝေလးေတြ ရရွိေစဖို႔ ေငြေၾကးေလးေတြ ရရွိခဲ့ပါတယ္။
ကမာၻ႔႐ုပ္အဆိုးဆုံးမိန္းမႀကီးေမရီအန္းဟာ လူေတြရဲ႕ ေလွာင္ေျပာင္သေရာ္မႈေတြကို ဘယ္ေလာက္ပဲ အျပင္းအထန္ ခံခဲ့ရေစကာမူ သားသမီးေတြကိုေတာ့ျပည့္စုံလုံေလာက္ေအာင္ထားေပးခဲ့တဲ့အာဂအမ်ိဳးသမီးတစ္ေယာက္ပါ။ ကမာၻ႔႐ုပ္အဆိုးဆုံးမိန္းမႀကီး ေမရီအန္းဟာ ၁၉၃၃ ခုႏွစ္မွာ ကြယ္လြန္သြားခဲ့ပါတယ္။
ေမရီအန္းရဲ႕ျဖစ္စဥ္ကိုသုံးသပ္ၾကည့္ရရင္လူေတြဟာဟိုးလြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာကတည္းက႐ုပ္ပိုင္းဆိုင္ရာအေပၚယံသြင္ျပင္ႏွင့္ပတ္သတ္ၿပီးအရမ္းကိုေဝဖန္မႈလြန္ကဲၾကပါတယ္။အကယ္၍လူေတြသာေမရီအန္းရဲ႕အေပၚယံ႐ုပ္ပိုင္းဆိုင္ရာသြင္ျပင္ကိုမဟုတ္ဘဲ
သူမရဲ႕အတြင္းစိတ္ပုံစံေလး ကိုသာ ျမင္ေတြ႕ႏိုင္ခဲ့မယ္ဆိုရင္ ေမရီအန္းကို “ကမာၻ႔႐ုပ္အဆိုးဆုံးမိန္းမႀကီး” လို႔ သတ္မွတ္ေတာ့မွာမဟုတ္ဘဲ “ကမာၻ႔႐ုပ္အေခ်ာဆုံး အမ်ိဳးသမီး” အျဖစ္ ေသခ်ာေပါက္ သတ္မွတ္ၾကမွာပါ။ Credit