ဖားကန့်ဒေသမှ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့သည့် ရှားပါး၍ တန်ဖိုးမဖြတ်နိုင်သော ဆင်စွယ်နက်

Unicode

ဖားကန့်ဒေသမှ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့သည့် ရှားပါး၍ တန်ဖိုးမဖြတ်နိုင်သော ဆင်စွယ်နက်

ဖားကန့်ဒေသမှ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့သည့် ဆင်စွယ်နက်နှင့် မူလပိုင်ရှင် ဖြစ်သော ဒူဝါတို့၏ ကံဆီးဟော်နန်း (The Ginsi Haw)ဆိုင်းရာမြို့အနီးရှိ ယိုယွင်းပျက်စီးနေသော ကံဆီးဒူဝါတို့ ဟော်နန်း(သို့) နန်တော်အဆောက်အအုံသည်

ကျောက်စိမ်းရတနာ မြေသခင် ကံဆီးဒူဝါတို့ အထွတ်အထိပ် ရောက်ရှိခဲ့ကြစဉ်က သူတို့ရဲ့ ကြွယ်ဝချမ်းသာမှုနှင့် သြဇာအရှိန်အဝါ ကြီးမားမှုကို ပြသနေသော သက်သေ အထောက်အထားပင် ဖြစ်ပေသည်။ကံဆီးဟော်နန်းကို ဒူဝါကံဆီးလ လက်ထက် (1897)တွင် တည်ဆောက်ခဲ့သည်။

ကံဆီးဟော်နန်းကို ထည်ဝါခမ်းနားသောအုတ်နန်းဆောင် (12)ဆောင်ဖြင့် ဖွဲ့စည်းထားလေသည်။(အမြင့်ပေ ၁၀ပေ ကျော်ခန့် ရှိပြီး အထူ ၅ ပေ ခန့်ရှိသော တံတိုင်းတို့ဖြင့် ဧရိယာအကျယ် ၃ ဧကခန့် ရှိသော နန်းတော်ယာကို ကာရံထားကြောင်း သိရှိရ။)

(1904) ခုနှစ်ဒူဝါကံဆီးလသက်တော် (66)တွင် ကံကုန်ပြီး မြေးတော်ဒူဝါကံဆီလဆိုင်းအရိုက်အရာ ဆက်ခံကာ ကံဆီးနယ်တစ်ခုလုံးကို အုပ်ချုပ်ခဲ့ပါတယ်။ဒူဝါကံဆီးလဆိုင်းရဲ့ သားတော် ဒူဝါကံဆီးဆင်ဝါးနောင် လက်ထက်တွင် မြစ်ကြီးနားမှ

မြစ်ကြီးနားအရေးပိုင် (The British Commissioner From Myitkyina) က ကံဆီးဒူဝါအား ဗြိတိသျှအင်ပါယာ လက်အောက်ခံ ကံဆီးနယ်ရဲ့ ဒူဝါ (Prince or Sawbwa)အရိုက်အရာကိုဘုရင်မဗစ်တိုးရီးယား အမည်နာမအားဖြင့် (In the name of Queen Victoria) ပေးအပ်ရန်

ဥရုမြစ်ကြောင်းအတိုင်းဆန်တက် လာခဲ့ပါတယ်။ကံဆီးဒူဝါနှင့် ဒူဂျန်ရှဒန်ဂျာတောင်(ဇနီး)တို့အား တော်ဝင်ရွှေထီးနှင့်တကွ ကံဆီးနယ်ရဲ့ ဒူဝါအရာကို နှင်းအပ်ခဲ့ပါ သည်။ကံဆီးဒူဝါတို့ရဲ့ ဆင်စွယ်နက် ရတနာအကြောင်း ဒူဝါကံဆီးဆင်ဝါးနောင် လက်ထက် (1923) ခုနှစ်တွင်

လမာဘွမ်တောင် (Lama Bum or Lama Hill) မှမုဆိုးသုံးဦး တောလည်ရင်း အလျား (၆)ပေ (၇)လက်မခန့်/အချင်း (သို့) အထူ (၁) လက်မကျော်ခန့် ရှိသော ဆင်စွယ်နက်တစ်စုံကို ရှာဖွေတွေ့ရှိခဲ့ပါသည်။

ထိုကြောင့် မုဆိုးတို့က ယင်းဆင်စွယ်နက်ကို လမာဘွမ်တောင်မှ ကံဆီးဒူဝါတို့နန်းစိုက်ရာတောမှော်သို့သယ်ဆောင်လာပြီးဒူဝါကံဆီးဆင်ဝါးနောင် ထံ ဆက်သခဲ့လေသည်။ကံဆီးဒူဝါမှ မုဆိုးတို့အား ဆင်စွယ်တစ်ခုလျှင် ငွေ 600ရူပီး (600 Rupees) ကျစီ ဆင်စွယ်တစ်စုံအတွက် ချီးမြှင့်လေသည်။

ထိုနောက် လုံးခင်း (လုံခန် / Lung Hkang) ရှိ ကံဆီးဒူဝါအိမ်တော်သို မြင်းများနှင့် ကနဦး သယ်ဆောင်စေရာ မရနိုင်သဖြင့် လူအထမ်းသမားများနှင့် သယ်ဆောင်စေခဲ့ရလေသည်။

ယင်းဆင်စွယ်နက်၏ ထူးခြားချက်မှာ ဆင်စွယ်နက်ကို စတင်တွေ့ရှိစဉ် ကဆင်စွယ်နက်တွင်အနက်ရောင်အစက်အပြောက်များသာရှိသော်လည်း နောက်ပိုင်းတွင် လုံးဝအနက်ရောင် ပြောင်းသွားလေသည်။

ထိုပြင် ဆင်စွယ်နက်ကို တစ်ခုနှင့်တစ်ခု (၄)ပေ အကွာတွင် ထားသောအခါ တစ်ခုနှင့်တစ်ခု နီးကပ်သွားပြီး အဖျားချင်း အပ်သွားကြောင်း သိရှိရသည်။၁၉၅၃ ခုနှစ်/မတ်လတွင် ဝန်ကြီးချုပ်ဦးနုသည် ဆင်စွယ်နက်ကို အများပြည်သူ တောင်းဆိုချက်အရ

ကံဆီးဒူဝါထံမှ ငှားရမ်းပြီး ရန်ကုန်မြို့သို့ သယ်ဆောင်ကာ အများပြည်သူသို့ ပြသခဲ့ပါသည်။ထိုသို့ပြသပြီး သုံးနှစ်အကြာ ၁၉၅၆ ခုနှစ်တွင် ကံဆီးဒူဝါနော်အောင် (နိုင်ငံတော်မှ ဝဏ္ဏကျော်ထင် ဘွဲ့ ချီးမြှင့်ခြင်းခံရသူ) ရဲ့ထိမ်းသိမ်းမှုအောက်သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။

( ပြန်လည်ဖြည့်စွက် ဖော်ပြချက် ကံဆီးဒူဝါတို့ ဟော်နန်းသည် ဒုတိယ ကမ္ဘာစစ်အတွင်း ပျက်စီးသွားခဲ့ပြီး ယနေ့အချိန်တွင် ဟော်နန်းကို ကာရံထားသော နန်ရိုးတံတိုင်းတို့သာအထင်အရှား ရှိတော့ကြောင်း သိရှိရသည်။

ကံဆီးဒူဝါတို့ရဲ့ဆင်စွယ်နက်ကဲ့သို့ ရှားပါးသောဆင်စွယ်နက်တစ်စုံ England နိုင်ငံတွင်းလည်း ရှိကြောင်းသိရှိရသည်။1938 ခုနစ်တွင် စစ်ကိုင်းမင်းကြီးရောက်လာပြီးကံဆီးဒူဝါတို့ရဲ့ ဆင်စွယ်နက်ကိုဓါတ်ပုံရိုက်ယူကာကံဆီးဒူဝါတို့ရဲ့ဆင်စွယ်နက်က Englandမှာရှိသော

ဆင်စွယ်နက်ထက် ပို၍ကြီးကြောင်း ပြောကြားခဲ့ပါသည် ။ယနေ့အချိန်တွင် ဆင်စွယ်နက်ရတနာရဲ့ သတင်းအစအန ပျောက်ဆုံးနေပြီး အချို့က KIO\KIA တို့ ထိမ်းသိမ်းထားသည်ဟု ယုံကြည်နေကြပါသည်။ )

crd

Zaw Gyi

ဖားကန႔္ေဒသမွ ထူးဆန္းစြာေပ်ာက္ဆုံးသြားခဲ့သည့္ ရွားပါး၍ တန္ဖိုးမျဖတ္ႏိုင္ေသာ ဆင္စြယ္နက္

ဖားကန႔္ေဒသမွ ထူးဆန္းစြာေပ်ာက္ဆုံးသြားခဲ့သည့္ ဆင္စြယ္နက္ႏွင့္ မူလပိုင္ရွင္ ျဖစ္ေသာ ဒူဝါတို႔၏ ကံဆီးေဟာ္နန္း (The Ginsi Haw)ဆိုင္းရာၿမိဳ႕အနီးရွိ ယိုယြင္းပ်က္စီးေနေသာ ကံဆီးဒူဝါတို႔ ေဟာ္နန္း(သို႔) နန္ေတာ္အေဆာက္အအုံသည္

ေက်ာက္စိမ္းရတနာ ေျမသခင္ ကံဆီးဒူဝါတို႔ အထြတ္အထိပ္ ေရာက္ရွိခဲ့ၾကစဥ္က သူတို႔ရဲ႕ ႂကြယ္ဝခ်မ္းသာမႈႏွင့္ ၾသဇာအရွိန္အဝါ ႀကီးမားမႈကို ျပသေနေသာ သက္ေသ အေထာက္အထားပင္ ျဖစ္ေပသည္။ကံဆီးေဟာ္နန္းကို ဒူဝါကံဆီးလ လက္ထက္ (1897)တြင္ တည္ေဆာက္ခဲ့သည္။

ကံဆီးေဟာ္နန္းကို ထည္ဝါခမ္းနားေသာအုတ္နန္းေဆာင္ (12)ေဆာင္ျဖင့္ ဖြဲ႕စည္းထားေလသည္။(အျမင့္ေပ ၁၀ေပ ေက်ာ္ခန႔္ ရွိၿပီး အထူ ၅ ေပ ခန႔္ရွိေသာ တံတိုင္းတို႔ျဖင့္ ဧရိယာအက်ယ္ ၃ ဧကခန႔္ ရွိေသာ နန္းေတာ္ယာကို ကာရံထားေၾကာင္း သိရွိရ။)

(1904) ခုႏွစ္ဒူဝါကံဆီးလသက္ေတာ္ (66)တြင္ ကံကုန္ၿပီး ေျမးေတာ္ဒူဝါကံဆီလဆိုင္းအ႐ိုက္အရာ ဆက္ခံကာ ကံဆီးနယ္တစ္ခုလုံးကို အုပ္ခ်ဳပ္ခဲ့ပါတယ္။ဒူဝါကံဆီးလဆိုင္းရဲ႕ သားေတာ္ ဒူဝါကံဆီးဆင္ဝါးေနာင္ လက္ထက္တြင္ ျမစ္ႀကီးနားမွ

ျမစ္ႀကီးနားအေရးပိုင္ (The British Commissioner From Myitkyina) က ကံဆီးဒူဝါအား ၿဗိတိသွ်အင္ပါယာ လက္ေအာက္ခံ ကံဆီးနယ္ရဲ႕ ဒူဝါ (Prince or Sawbwa)အ႐ိုက္အရာကိုဘုရင္မဗစ္တိုးရီးယား အမည္နာမအားျဖင့္ (In the name of Queen Victoria) ေပးအပ္ရန္

ဥ႐ုျမစ္ေၾကာင္းအတိုင္းဆန္တက္ လာခဲ့ပါတယ္။ကံဆီးဒူဝါႏွင့္ ဒူဂ်န္ရွဒန္ဂ်ာေတာင္(ဇနီး)တို႔အား ေတာ္ဝင္ေ႐ႊထီးႏွင့္တကြ ကံဆီးနယ္ရဲ႕ ဒူဝါအရာကို ႏွင္းအပ္ခဲ့ပါ သည္။ကံဆီးဒူဝါတို႔ရဲ႕ ဆင္စြယ္နက္ ရတနာအေၾကာင္း ဒူဝါကံဆီးဆင္ဝါးေနာင္ လက္ထက္ (1923) ခုႏွစ္တြင္

လမာဘြမ္ေတာင္ (Lama Bum or Lama Hill) မွမုဆိုးသုံးဦး ေတာလည္ရင္း အလ်ား (၆)ေပ (၇)လက္မခန႔္/အခ်င္း (သို႔) အထူ (၁) လက္မေက်ာ္ခန႔္ ရွိေသာ ဆင္စြယ္နက္တစ္စုံကို ရွာေဖြေတြ႕ရွိခဲ့ပါသည္။

ထိုေၾကာင့္ မုဆိုးတို႔က ယင္းဆင္စြယ္နက္ကို လမာဘြမ္ေတာင္မွ ကံဆီးဒူဝါတို႔နန္းစိုက္ရာေတာေမွာ္သို႔သယ္ေဆာင္လာၿပီးဒူဝါကံဆီးဆင္ဝါးေနာင္ ထံ ဆက္သခဲ့ေလသည္။ကံဆီးဒူဝါမွ မုဆိုးတို႔အား ဆင္စြယ္တစ္ခုလွ်င္ ေငြ 600႐ူပီး (600 Rupees) က်စီ ဆင္စြယ္တစ္စုံအတြက္ ခ်ီးျမႇင့္ေလသည္။

ထိုေနာက္ လုံးခင္း (လုံခန္ / Lung Hkang) ရွိ ကံဆီးဒူဝါအိမ္ေတာ္သို ျမင္းမ်ားႏွင့္ ကနဦး သယ္ေဆာင္ေစရာ မရႏိုင္သျဖင့္ လူအထမ္းသမားမ်ားႏွင့္ သယ္ေဆာင္ေစခဲ့ရေလသည္။

ယင္းဆင္စြယ္နက္၏ ထူးျခားခ်က္မွာ ဆင္စြယ္နက္ကို စတင္ေတြ႕ရွိစဥ္ ကဆင္စြယ္နက္တြင္အနက္ေရာင္အစက္အေျပာက္မ်ားသာရွိေသာ္လည္း ေနာက္ပိုင္းတြင္ လုံးဝအနက္ေရာင္ ေျပာင္းသြားေလသည္။

ထိုျပင္ ဆင္စြယ္နက္ကို တစ္ခုႏွင့္တစ္ခု (၄)ေပ အကြာတြင္ ထားေသာအခါ တစ္ခုႏွင့္တစ္ခု နီးကပ္သြားၿပီး အဖ်ားခ်င္း အပ္သြားေၾကာင္း သိရွိရသည္။၁၉၅၃ ခုႏွစ္/မတ္လတြင္ ဝန္ႀကီးခ်ဳပ္ဦးႏုသည္ ဆင္စြယ္နက္ကို အမ်ားျပည္သူ ေတာင္းဆိုခ်က္အရ

ကံဆီးဒူဝါထံမွ ငွားရမ္းၿပီး ရန္ကုန္ၿမိဳ႕သို႔ သယ္ေဆာင္ကာ အမ်ားျပည္သူသို႔ ျပသခဲ့ပါသည္။ထိုသို႔ျပသၿပီး သုံးႏွစ္အၾကာ ၁၉၅၆ ခုႏွစ္တြင္ ကံဆီးဒူဝါေနာ္ေအာင္ (ႏိုင္ငံေတာ္မွ ဝဏၰေက်ာ္ထင္ ဘြဲ႕ ခ်ီးျမႇင့္ျခင္းခံရသူ) ရဲ႕ထိမ္းသိမ္းမႈေအာက္သို႔ ျပန္လည္ေရာက္ရွိခဲ့ပါသည္။

( ျပန္လည္ျဖည့္စြက္ ေဖာ္ျပခ်က္ ကံဆီးဒူဝါတို႔ ေဟာ္နန္းသည္ ဒုတိယ ကမာၻစစ္အတြင္း ပ်က္စီးသြားခဲ့ၿပီး ယေန႔အခ်ိန္တြင္ ေဟာ္နန္းကို ကာရံထားေသာ နန္႐ိုးတံတိုင္းတို႔သာအထင္အရွား ရွိေတာ့ေၾကာင္း သိရွိရသည္။

ကံဆီးဒူဝါတို႔ရဲ႕ဆင္စြယ္နက္ကဲ့သို႔ ရွားပါးေသာဆင္စြယ္နက္တစ္စုံ England ႏိုင္ငံတြင္းလည္း ရွိေၾကာင္းသိရွိရသည္။1938 ခုနစ္တြင္ စစ္ကိုင္းမင္းႀကီးေရာက္လာၿပီးကံဆီးဒူဝါတို႔ရဲ႕ ဆင္စြယ္နက္ကိုဓါတ္ပုံ႐ိုက္ယူကာကံဆီးဒူဝါတို႔ရဲ႕ဆင္စြယ္နက္က Englandမွာရွိေသာ

ဆင္စြယ္နက္ထက္ ပို၍ႀကီးေၾကာင္း ေျပာၾကားခဲ့ပါသည္ ။ယေန႔အခ်ိန္တြင္ ဆင္စြယ္နက္ရတနာရဲ႕ သတင္းအစအန ေပ်ာက္ဆုံးေနၿပီး အခ်ိဳ႕က KIO\KIA တို႔ ထိမ္းသိမ္းထားသည္ဟု ယုံၾကည္ေနၾကပါသည္။ )

crd