ညဘက္အိပ္မေပ်ာ္သူေတြအတြက္ ႏွစ္ႏွစ္ျခိဳက္ျခိဳက္အိပ္ေပ်ာ္ေစမယ့္ေလ့က်င့္ခန္းမ်ား

ညဘက္ေတြမွာ ေကာင္းေကာင္းအိပ္မေပ်ာ္ဘူးဆိုရင္ ေနာက္ေန႕အလုပ္လုပ္တဲ့အခါ အာရံုစူူးစိုက္လို႕မရျဖစ္မယ္၊ ပင္ပန္းႏြမ္းနယ္ေနမယ္၊ ကိုယ္ရည္ရြယ္ထားသေလာက္ အလုပ္ျပီးေအာင္မလုပ္နိုင္တာမ်ိဳးေတြျဖစ္ပါလိမ့္မယ္။

ဒါတင္မကေသးပါဘူး၊

အိပ္ေရးပ်က္တာေန႕စဉ္ရက္ဆက္္ျဖစ္လာတဲ့အခါ က်န္းမာေရးကိုပါ ဆိုးဆိုးရြားရြားထိခိုက္လာပါလိမ့္မယ္။

ဒါေၾကာင့္ ညဘက္အိပ္မေပ်ာ္တဲ့သူေတြ နွစ္နွစ္ျခိဳက္ျခိဳက္အိပ္ေပ်ာ္ေအာင္ ဒီေလ့က်င့္ခန္းေလးေတြလုပ္ေပးလိုက္ပါ။ လြယ္လြယ္ေလးေတြပါေနာ္။

ေလ့က်င့္ခန္း(၁)

ၾကမ္းျပင္ ဒါမွမဟုတ္ အိပ္ရာေပၚမွာ လဲအိပ္လိုက္ျပီး ေျခေထာက္နွစ္ေခ်ာင္းကိိုနံရံမွာကပ္ေထာင္ထားလိုက္ပါ။

အဲ့ဒီပံုစံအတိုင္း ၅ မိနစ္ကေန ၁၀ မိနစ္အထိေနေပးပါ။

ဒီလိုလုပ္ေပးျခင္းျဖင့္ ခႏၶာကိုယ္ေသြးလွည့္ပတ္မႈကိုေကာင္းမြန္ေစျပီး အာရံုေၾကာေတြကို ေျဖေလွ်ာ့ေပးနိုင္တာေၾကာင့္ တစ္ေနကုန္ပင္ပန္းမႈေတြမွ အနားရေစပါတယ္။

ေလ့က်င့္ခန္္း(၂)

ၾကမ္းျပင္ ဒါမွမဟုတ္ အိပ္ရာေပၚမွာလဲအိပ္ျပီး ေျခေထာက္နွစ္ဖက္ကိုဆန္႕ျပီး အေပၚကိုေထာင္ကာ ေျခသလံုးေနရာကို လက္ႏွစ္ဖက္နဲ႕ ထိန္းထားေပးပါ။

အဲ့ဒီအတိုင္း တစ္မိနစ္ေလာက္ေနေပးပါ။

ဒီေလ့က်င့္ခန္းက တစ္ေနကုန္ထိုင္ထားလို႕ေညာင္းညာေနတာေတြ၊ ေနာက္ေက်ာနာက်င္တာေတြကို သက္သာေစပါတယ္။

ေလ့က်င့္ခန္း(၃)

ၾကမ္းျပင္ ဒါမွမဟုတ္ အိပ္ရာေပၚမွာလဲအိပ္ပါ။

ဒူးနွစ္ဖက္ကိိုရင္ဘတ္မွာကပ္လိုက္ျပီး လက္နွစ္ဖက္က ေျခဖဝါးနွစ္ဖက္ကိုဆုပ္ကိုင္ထားပါ။ ဒူးနွစ္ဖက္ကိုမေစ့ထားဘဲ ေဘးဘက္ခြဲနိုင္သေလာက္ခြဲထားပါ။

အဲ့ဒီအေနအထားမွာ နွစ္မိနစ္ေလာက္ထိန္းထားေပးပါ။

ဒါကိုလုပ္ျခင္းျဖင့္ ေနာက္ေက်ာနာက်င္တာ၊ ခါးနားတဝိုက္ေညာင္းညာတာေတြကို သက္သာေစျပီး စိတ္ဖိစီးမႈေတြကိုလည္း ေလ်ာ့နည္းေစပါတယ္။

ေလ့က်င့္ခန္း(၄)

ၾကမ္းေပၚမွာ ဒူးနွစ္ဖက္ကိုေကြးထိုုင္လိုက္ျပီး ေျခဖဝါးနွစ္ဖက္ကို တင္းပါးေဘးမွာထားပါ။

လက္နွစ္ဖက္ကို အေနာက္ဘက္မွာေထာက္ထားပါ။ ေက်ာနဲ႕ၾကမ္းျပင္ထိသည္အထိ ခႏၶာကိုယ္ကို တျဖည္းျဖည္းအေနာက္လွန္ခ်လိုက္ပါ။

အဲ့ဒီပံုစံအတုိင္း တစ္မိနစ္ေလာက္ေနေပးပါ။

ေျခေထာက္နဲ႕ခါး၊ေနာက္ေက်ာေညာင္းညာတာေတြသက္သာေစတယ္၊ ေသြးတိုးတာကို သက္သာေစတယ္၊ ညဘက္က်ေကာင္းေကာင္းအိပ္ေပ်ာ္ေစပါတယ္။ခရက္ဒစ္

Unicode

ညဘက်တွေမှာ ကောင်းကောင်းအိပ်မပျော်ဘူးဆိုရင် နောက်နေ့အလုပ်လုပ်တဲ့အခါ အာရုံစူူးစိုက်လို့မရဖြစ်မယ်၊ ပင်ပန်းနွမ်းနယ်နေမယ်၊ ကိုယ်ရည်ရွယ်ထားသလောက် အလုပ်ပြီးအောင်မလုပ်နိုင်တာမျိုးတွေဖြစ်ပါလိမ့်မယ်။

ဒါတင်မကသေးပါဘူး၊

အိပ်ရေးပျက်တာနေ့စဉ်ရက်ဆက်ဖြစ်လာတဲ့အခါ ကျန်းမာရေးကိုပါ ဆိုးဆိုးရွားရွားထိခိုက်လာပါလိမ့်မယ်။

ဒါကြောင့် ညဘက်အိပ်မပျော်တဲ့သူတွေ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင် ဒီလေ့ကျင့်ခန်းလေးတွေလုပ်ပေးလိုက်ပါ။ လွယ်လွယ်လေးတွေပါနော်။

လေ့ကျင့်ခန်း(၁)

ကြမ်းပြင် ဒါမှမဟုတ် အိပ်ရာပေါ်မှာ လဲအိပ်လိုက်ပြီး ခြေထောက်နှစ်ချောင်းကိုနံရံမှာကပ်ထောင်ထားလိုက်ပါ။

အဲ့ဒီပုံစံအတိုင်း ၅ မိနစ်ကနေ ၁၀ မိနစ်အထိနေပေးပါ။

ဒီလိုလုပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်သွေးလှည့်ပတ်မှုကိုကောင်းမွန်စေပြီး အာရုံကြောတွေကို ဖြေလျှော့ပေးနိုင်တာကြောင့် တစ်နေကုန်ပင်ပန်းမှုတွေမှ အနားရစေပါတယ်။

လေ့ကျင့်ခန်း(၂)

ကြမ်းပြင် ဒါမှမဟုတ် အိပ်ရာပေါ်မှာလဲအိပ်ပြီး ခြေထောက်နှစ်ဖက်ကိုဆန့်ပြီး အပေါ်ကိုထောင်ကာ ခြေသလုံးနေရာကို လက်နှစ်ဖက်နဲ့ ထိန်းထားပေးပါ။

အဲ့ဒီအတိုင်း တစ်မိနစ်လောက်နေပေးပါ။

ဒီလေ့ကျင့်ခန်းက တစ်နေကုန်ထိုင်ထားလို့ညောင်းညာနေတာတွေ၊ နောက်ကျောနာကျင်တာတွေကို သက်သာစေပါတယ်။

လေ့ကျင့်ခန်း(၃)

ကြမ်းပြင် ဒါမှမဟုတ် အိပ်ရာပေါ်မှာလဲအိပ်ပါ။ ဒူးနှစ်ဖက်ကိုရင်ဘတ်မှာကပ်လိုက်ပြီး လက်နှစ်ဖက်က ခြေဖဝါးနှစ်ဖက်ကိုဆုပ်ကိုင်ထားပါ။

ဒူးနှစ်ဖက်ကိုမစေ့ထားဘဲ ဘေးဘက်ခွဲနိုင်သလောက်ခွဲထားပါ။

အဲ့ဒီအနေအထားမှာ နှစ်မိနစ်လောက်ထိန်းထားပေးပါ။

ဒါကိုလုပ်ခြင်းဖြင့် နောက်ကျောနာကျင်တာ၊ ခါးနားတဝိုက်ညောင်းညာတာတွေကို သက်သာစေပြီး စိတ်ဖိစီးမှုတွေကိုလည်း လျော့နည်းစေပါတယ်။

လေ့ကျင့်ခန်း(၄)

ကြမ်းပေါ်မှာ ဒူးနှစ်ဖက်ကိုကွေးထိုင်လိုက်ပြီး ခြေဖဝါးနှစ်ဖက်ကို တင်းပါးဘေးမှာထားပါ။

လက်နှစ်ဖက်ကို အနောက်ဘက်မှာထောက်ထားပါ။ ကျောနဲ့ကြမ်းပြင်ထိသည်အထိ ခန္ဓာကိုယ်ကို တဖြည်းဖြည်းအနောက်လှန်ချလိုက်ပါ။

အဲ့ဒီပုံစံအတိုင်း တစ်မိနစ်လောက်နေပေးပါ။

ခြေထောက်နဲ့ခါး၊နောက်ကျောညောင်းညာတာတွေသက်သာစေတယ်၊ သွေးတိုးတာကို သက်သာစေတယ်၊ ညဘက်ကျကောင်းကောင်းအိပ်ပျော်စေပါတယ်။ခရက်ဒစ်