စီးပွားဖြစ်ဆူးပုပ်စိုက်ပျိုးလိုသူများအတွက်ဆူးပုပ်စိုက်ပျိုးပြုစုနည်း

Unicode

ဆူးပုပ်စိုက်ပျိုးနည်း” အကြောင်း သိကောင်းစရာ

၁။ မူရင်းဒေသ

ဆူပုပ်၏မူရင်းဒေသကို မှတ်တမ်းတင်ခြင်း မတွေ့ရသေးပါ။ဆူးပုပ်ကို မြန်မာပြည်အနှံ့အပြား တွေ့ရှိရပါသည်။

၂။ ဆူးပုပ်မျိုးများ

ဆူးပုပ်ကလေးမျိုးနှင့် ဆူးပုပ်ကြီးမျိုးဟူ၍ (၂)မျိုးရှိသည်။

(က) ဆူးပုပ်ကလေးမျိုး

ဆူးပုပ်ကြီးမျိုးထက် အရွက်အရွယ်အစားရော အပင်အရွယ်အစားပါ သေးငယ်သည်။ အရွက်အနံ့မှာလည်း ဆူးပုပ်ကြီးလောက် မပြင်းချေ။

ဆူးပုပ်ကလေးသည် မကွေး၊ ကျောက်ပန်းတောင်းကဲ့သို့မြေလတ်ဒေသများတွင် အစိုက်များသည်။ ထိုဒေသများတွင် ဆူးပုပ်ကြီးထက် ဆူးပုပ်ကလေးကို ပို၍အသုံးများသည်။

(ခ) ဆူးပုပ်ကြီးမျိုး

ဆူးပုပ်ကြီးမျိုးသည် ဆူးပုပ်ကလေးမျိုးထက် အပင်နှင့်အရွက် အရွယ်အစား ပိုကြီးသည်။ အရွက်အနံ့မှာလည်း ဆူးပုပ်ကလေးထက် ပို၍ပြင်းသည်။ ပဲကြီးဟင်းချိုချက်ရာတွင် ဆူးပုပ်ကြီးကို အများဆုံးထည့်ချက်သည်။

ဆူးပုပ်ကြီးမျိုး(၃)မျိုးရှိသည်။

(၁) ဆူးကျဲမျိုး

(၂) ဆူးလတ်မျိုး

(၃) ဆူးစိပ်မျိုး

၃။ ရေမြေ ရာသီဥတု

ဆူးပုပ်သည် မြန်မာပြည်အနှံ့အပြား တောင်ပေါ်မြေပြန့်မရွေး ဖြစ်ထွန်းသဖြင့် ရာသီဥတုမရွေးသော အပင်ဖြစ်သည်။ ဆူးပုပ်သည် ရေ၀ပ်သည့် စိမ့်စွဲမြေမျိုးကို အနှစ်သက်ပါ။

မြေစေး၊ စနယ်မြေစေးကိုလည်း အနှစ်သက်ပါ။ မြေအောက်ပိုင်းတွင် ဂဝံမြေ၊ သဲမြေ၊ ကျောက်စရစ် အနည်းငယ်ခံသောမြေတို့တွင် အပေါ်ယံမြေသား ထူကကောင်းပါသည်။ ရေနှုတ်အားကောင်းသော မြေမျိုးဖြစ်ရပါမည်။

၄။ စိုက်ခင်းမြေပြုပြင်ခြင်း

ဆူးပုပ်စိုက်ခင်း ပြုလုပ်မည့်နေရာသည် မြေရိုင်းဖြစ်ပါက မိုးမကျမီ သစ်ငုတ်တူးခြင်း၊ သစ်ငုတ်များပြောင်အောင် ကောက်ခြင်းများ ပြုလုပ်ရပါမည်။

မိုးကျပြီးနောက် ထယ်၀င်၍ရသည်နှင့် ထယ်တစ်လွှာထိုး၊ ထွန်မွှေပြီး မြေကိုပြန်ညှိထားရပါသည်။

စိုက်မြောင်းများဆွဲရာတွင် ၁၀ လံ( ၄၀ ပေ)မြောင်းများ ဆွဲလေ့ရှိသည်။ စိုက်မြောင်းများကို တောင်နှင့်မြောက် ဆွဲလေ့ရှိသည်။

၅။ စိုက်ပျိုးခြင်း

မြောင်ဆွဲဖေါ်ထားသော စိုက်မြောင်းများတွင် အနက်(၈)လက်မခနျ့နှငျ့ အကျယ်(၄-၆)လက်မခနျ့ ကျင်းကလေးများ တူးရသည်။ ကျင်းတစ်ခုနှင့်တစ်ခု (၆)ပေစီခြား၍ တူးရသည်။

မြေထုပ်စည်းပင်ကို ကျင်းထဲတွင် (၄)လက်မမွှုပျ၍ စိုက်ရသည်။ စိုက်ရာတွင် အပင်ကိုထောင်မတ်နေအောင် စိုက်ပြီး မြေပြန်ဖုံးရသည်။

ထို့နောက် အပင်ခြေရင်း ရေမ၀ပ်စေရန်အတွက် (၆)လက်မအမွငျ့ ဦးချွန်မြေပုံကလေးကို အပင်ခြေရင်းတွင် ပြုလုပ်ပြီး မြေမဟာစေရန် ဖိသိပ်ပေးရသည်။

၆။ မြေသြဇာကျွေးခြင်း

စိုက်ပြီး(၁၁)ရက်ခန့်တွင် (၁၀)လံမြောင်းတစ်မြောင်းကို နွားချေး( ၁ – ၆ )တောင်းအထိထည့်သည်။ နွားချေး မြေသြဇာထည့်ပြီး ရေဝအောင်လောင်းပေးရသည်။

နို၀င်္ဘာ၊ ဒီဇင်္ဘာလခန့်တွင် အပင်များကိုနွားချေးမြေသြဇာထပ်ကျွေးရသည်။ (၁၀)လံမြောင်းတစ်မြောင်းကို တင်းတောင်းဖြင့် နွားချေး(၆)တောင်းခန့် ကျွေးရသည်။

နွားချေးကျွေးတိုင်း ဘောင်ခတ်ပြီး မြက်များကို ရှပ်၍ ဘောင်တွင်မြှုပ်ပေးရသည်။

၇။ အပင်ပြုစုခြင်း

ဆူးပုပ်စိုက်ခင်းတွင် မြေထုပ်စည်းပင် စိုက်ပြီး(၆)လခန့်အကြာတွင် အပင်မှ အတက်ကြီးများ ထွက်လာသည်။ ထိုအတက်ကြီးများကို(၁)ပေခန့်မြင့်လာလျှင် ဖြတ်ပေးရသည်။

ထိုအတက်များသည် အရွက်နုထွက်မည့် ကိုင်းတက်များဖြစ်လာသည်။ ထိုအတက်ကြီးများမှ အညွန့်သစ်များ လိုက်လာ၍ ခူးရန်အနေတော်ဖြစ်လျှင် အောက်ဆုံးအရွက် တစ်လက်ချန်၍ ခူးရသည်။

အောက်ဆုံးအရွက် တစ်လက်ချန်ရခြင်းမှာ အညွန့်သစ်ထပ်မံ လိုက်နိုင်ရန် ဖြစ်သည်။ ဆူးပုပ်သည် ကင်ပွန်းချဉ်ကဲ့သို့ ကိုင်းများစွာ ချိုင်ခြင်းကို မနှစ်သက်ချေ။

ကိုင်းဖြတ်များပါက အပင်သေသည်အထိ ဖြစ်နိုင်သည်။ သို့ရာတွင် ကိုင်းခြောက်များ၊ နာနေသောအကိုင်းများ ကိုမူ ဖြတ်တောက်ဖယ်ရှားပေးသင့်သည်။

၈။ မျိုးပွားနည်း

မျိုးကိုင်းအဖြစ် မြေထုပ်စည်းခြင်းကို သြဂုတ်လ၊ စက်တင်္ဘာလအတွင်း ပြုလုပ်ကြသည်။ နောက်တစ်လခန့်တွင် မြေထုတ်စည်းကိုင်းကို ဖြတ်ပြီး စိုက်ခင်းတွင်စိုက်ကြသည်။

မြေထုတ်စည်းရန် အသက်တစ်နှစ်သားခန့်ရှိပြီး လုံးပတ်လက်သန်းလုံးမှ လက်ညှိုးလုံးခန့်ရှိ၍ စိမ်းစိုနေသော အကိုင်းကို မြေထုတ်စည်းရန် ရွေးချယ်ရသည်။

၉။ ဆွတ်ခူးခြင်းနှင့် အထွက်

မြေထုတ်စည်းပင် စိုက်ပြီး(၆)လခန့်ရှိလျှင် ကိုင်းမကြီးများမှ ထွက်လာသော အညွန့်များကို အောက်ဆုံးမှ အရွက်တစ်လက်ချန်၍ ခူးရမည်။

အညွန့်သစ်ထွက်နိုင်ရန်အတွက် အရွက်တစ်လက်ချန်ရန် အရေးကြီးပါသည်။ အညွန့်ခူးခြင်းကို (၁)ရက်ခူး (၃)ရက်အနားပေး စနစ်ဖြင့် ခူးကြသည်။

ဆူးပုပ်ပင်သည် အသက်(၂၅)နှစ်ခန့် ရှိလျှင်အပင်အိုပြီး အထွက်နည်းလာတတ်သဖြင့် အပင်သစ်များ လဲလှယ်စိုက်ပျိုးနိုင်ပါက ပိုကောင်းပါသည်။

စိုက်ပြီးစ အပင်စတင်ခူးချိန်တွင် တစ်ဧက တစ်ကြိမ်ခူးလျှင် တစ်စည်း(၂-၃)ညွန့်ပါအစည်းပေါင်း (၄၀၀-၅၀၀)ခန့် ရသည်။

ဖေဖေါ်ဝါရီလမှ ဇွန်လအတွင်းခူးရာတွင် တစ်ဧက တစ်ကြိမ်ခူးလျှင် အစည်း(၁၀၀၀-၁၅၀၀)အထိ ထွက်သည်။

ဇူလိုင်လနှင့် သြဂုတ်လတွင် ပြန်နားပြီး စက်တင်္ဘာမှ နို၀င်္ဘာလအတွင်း တစ်ဧက တစ်ကြိမ်ခူးရာတွင် အစည်း(၁၀၀၀-၁၅၀၀)ထွက်သည်။

ဒုတိယနှစ်တွင် တစ်ဧကတစ်ကြိမ်ခူးလျှင်အစည်း (၂၀၀၀-၃၀၀၀) အထိ ထွက်နိုင်သည်။ တတိယနှစ်မှနောက်ပိုင်းတွင် တစ်ဧကတစ်ကြိမ်ခူးလျှင် အစည်း(၅၀၀၀)ခန့် အထိထွက်နိုင်သည်။ Credit

Zaw Gyi

ဆူးပုပ္စိုက္ပ်ိဳးနည္း” အေၾကာင္း သိေကာင္းစရာ

၁။ မူရင္းေဒသ

ဆူပုပ္၏မူရင္းေဒသကို မွတ္တမ္းတင္ျခင္း မေတြ႕ရေသးပါ။ဆူးပုပ္ကို ျမန္မာျပည္အႏွံ႔အျပား ေတြ႕ရွိရပါသည္။

၂။ ဆူးပုပ္မ်ိဳးမ်ား

ဆူးပုပ္ကေလးမ်ိဳးႏွင့္ ဆူးပုပ္ႀကီးမ်ိဳးဟူ၍ (၂)မ်ိဳးရွိသည္။

(က) ဆူးပုပ္ကေလးမ်ိဳး

ဆူးပုပ္ႀကီးမ်ိဳးထက္ အ႐ြက္အ႐ြယ္အစားေရာ အပင္အ႐ြယ္အစားပါ ေသးငယ္သည္။ အ႐ြက္အနံ႔မွာလည္း ဆူးပုပ္ႀကီးေလာက္ မျပင္းေခ်။

ဆူးပုပ္ကေလးသည္ မေကြး၊ ေက်ာက္ပန္းေတာင္းကဲ့သို႔ေျမလတ္ေဒသမ်ားတြင္ အစိုက္မ်ားသည္။ ထိုေဒသမ်ားတြင္ ဆူးပုပ္ႀကီးထက္ ဆူးပုပ္ကေလးကို ပို၍အသုံးမ်ားသည္။

(ခ) ဆူးပုပ္ႀကီးမ်ိဳး

ဆူးပုပ္ႀကီးမ်ိဳးသည္ ဆူးပုပ္ကေလးမ်ိဳးထက္ အပင္ႏွင့္အ႐ြက္ အ႐ြယ္အစား ပိုႀကီးသည္။ အ႐ြက္အနံ႔မွာလည္း ဆူးပုပ္ကေလးထက္ ပို၍ျပင္းသည္။ ပဲႀကီးဟင္းခ်ိဳခ်က္ရာတြင္ ဆူးပုပ္ႀကီးကို အမ်ားဆုံးထည့္ခ်က္သည္။

ဆူးပုပ္ႀကီးမ်ိဳး(၃)မ်ိဳးရွိသည္။

(၁) ဆူးက်ဲမ်ိဳး

(၂) ဆူးလတ္မ်ိဳး

(၃) ဆူးစိပ္မ်ိဳး

၃။ ေရေျမ ရာသီဥတု

ဆူးပုပ္သည္ ျမန္မာျပည္အႏွံ႔အျပား ေတာင္ေပၚေျမျပန္႔မေ႐ြး ျဖစ္ထြန္းသျဖင့္ ရာသီဥတုမေ႐ြးေသာ အပင္ျဖစ္သည္။ ဆူးပုပ္သည္ ေရ၀ပ္သည့္ စိမ့္စြဲေျမမ်ိဳးကို အႏွစ္သက္ပါ။

ေျမေစး၊ စနယ္ေျမေစးကိုလည္း အႏွစ္သက္ပါ။ ေျမေအာက္ပိုင္းတြင္ ဂဝံေျမ၊ သဲေျမ၊ ေက်ာက္စရစ္ အနည္းငယ္ခံေသာေျမတို႔တြင္ အေပၚယံေျမသား ထူကေကာင္းပါသည္။ ေရႏႈတ္အားေကာင္းေသာ ေျမမ်ိဳးျဖစ္ရပါမည္။

၄။ စိုက္ခင္းေျမျပဳျပင္ျခင္း

ဆူးပုပ္စိုက္ခင္း ျပဳလုပ္မည့္ေနရာသည္ ေျမ႐ိုင္းျဖစ္ပါက မိုးမက်မီ သစ္ငုတ္တူးျခင္း၊ သစ္ငုတ္မ်ားေျပာင္ေအာင္ ေကာက္ျခင္းမ်ား ျပဳလုပ္ရပါမည္။

မိုးက်ၿပီးေနာက္ ထယ္၀င္၍ရသည္ႏွင့္ ထယ္တစ္လႊာထိုး၊ ထြန္ေမႊၿပီး ေျမကိုျပန္ညႇိထားရပါသည္။

စိုက္ေျမာင္းမ်ားဆြဲရာတြင္ ၁၀ လံ( ၄၀ ေပ)ေျမာင္းမ်ား ဆြဲေလ့ရွိသည္။ စိုက္ေျမာင္းမ်ားကို ေတာင္ႏွင့္ေျမာက္ ဆြဲေလ့ရွိသည္။

၅။ စိုက္ပ်ိဳးျခင္း

ေျမာင္ဆြဲေဖၚထားေသာ စိုက္ေျမာင္းမ်ားတြင္ အနက္(၈)လက္မခန်႕ႏွင်႕ အက်ယ္(၄-၆)လက္မခန်႕ က်င္းကေလးမ်ား တူးရသည္။ က်င္းတစ္ခုႏွင့္တစ္ခု (၆)ေပစီျခား၍ တူးရသည္။

ေျမထုပ္စည္းပင္ကို က်င္းထဲတြင္ (၄)လက္မမႊုပ်၍ စိုက္ရသည္။ စိုက္ရာတြင္ အပင္ကိုေထာင္မတ္ေနေအာင္ စိုက္ၿပီး ေျမျပန္ဖုံးရသည္။

ထို႔ေနာက္ အပင္ေျခရင္း ေရမ၀ပ္ေစရန္အတြက္ (၆)လက္မအမြင်႕ ဦးခြၽန္ေျမပုံကေလးကို အပင္ေျခရင္းတြင္ ျပဳလုပ္ၿပီး ေျမမဟာေစရန္ ဖိသိပ္ေပးရသည္။

၆။ ေျမၾသဇာေကြၽးျခင္း

စိုက္ၿပီး(၁၁)ရက္ခန္႔တြင္ (၁၀)လံေျမာင္းတစ္ေျမာင္းကို ႏြားေခ်း( ၁ – ၆ )ေတာင္းအထိထည့္သည္။ ႏြားေခ်း ေျမၾသဇာထည့္ၿပီး ေရဝေအာင္ေလာင္းေပးရသည္။

ႏို၀ဘၤာ၊ ဒီဇဘၤာလခန္႔တြင္ အပင္မ်ားကိုႏြားေခ်းေျမၾသဇာထပ္ေကြၽးရသည္။ (၁၀)လံေျမာင္းတစ္ေျမာင္းကို တင္းေတာင္းျဖင့္ ႏြားေခ်း(၆)ေတာင္းခန္႔ ေကြၽးရသည္။ ႏြားေခ်းေကြၽးတိုင္း ေဘာင္ခတ္ၿပီး ျမက္မ်ားကို ရွပ္၍ ေဘာင္တြင္ျမႇဳပ္ေပးရသည္။

၇။ အပင္ျပဳစုျခင္း

ဆူးပုပ္စိုက္ခင္းတြင္ ေျမထုပ္စည္းပင္ စိုက္ၿပီး(၆)လခန္႔အၾကာတြင္ အပင္မွ အတက္ႀကီးမ်ား ထြက္လာသည္။ ထိုအတက္ႀကီးမ်ားကို(၁)ေပခန္႔ျမင့္လာလွ်င္ ျဖတ္ေပးရသည္။

ထိုအတက္မ်ားသည္ အ႐ြက္ႏုထြက္မည့္ ကိုင္းတက္မ်ားျဖစ္လာသည္။ ထိုအတက္ႀကီးမ်ားမွ အၫြန္႔သစ္မ်ား လိုက္လာ၍ ခူးရန္အေနေတာ္ျဖစ္လွ်င္ ေအာက္ဆုံးအ႐ြက္ တစ္လက္ခ်န္၍ ခူးရသည္။

ေအာက္ဆုံးအ႐ြက္ တစ္လက္ခ်န္ရျခင္းမွာ အၫြန္႔သစ္ထပ္မံ လိုက္ႏိုင္ရန္ ျဖစ္သည္။ ဆူးပုပ္သည္ ကင္ပြန္းခ်ဥ္ကဲ့သို႔ ကိုင္းမ်ားစြာ ခ်ိဳင္ျခင္းကို မႏွစ္သက္ေခ်။

ကိုင္းျဖတ္မ်ားပါက အပင္ေသသည္အထိ ျဖစ္ႏိုင္သည္။ သို႔ရာတြင္ ကိုင္းေျခာက္မ်ား၊ နာေနေသာအကိုင္းမ်ား ကိုမူ ျဖတ္ေတာက္ဖယ္ရွားေပးသင့္သည္။

၈။ မ်ိဳးပြားနည္း

မ်ိဳးကိုင္းအျဖစ္ ေျမထုပ္စည္းျခင္းကို ၾသဂုတ္လ၊ စက္တဘၤာလအတြင္း ျပဳလုပ္ၾကသည္။ ေနာက္တစ္လခန္႔တြင္ ေျမထုတ္စည္းကိုင္းကို ျဖတ္ၿပီး စိုက္ခင္းတြင္စိုက္ၾကသည္။

ေျမထုတ္စည္းရန္ အသက္တစ္ႏွစ္သားခန္႔ရွိၿပီး လုံးပတ္လက္သန္းလုံးမွ လက္ညႇိဳးလုံးခန္႔ရွိ၍ စိမ္းစိုေနေသာ အကိုင္းကို ေျမထုတ္စည္းရန္ ေ႐ြးခ်ယ္ရသည္။

၉။ ဆြတ္ခူးျခင္းႏွင့္ အထြက္

ေျမထုတ္စည္းပင္ စိုက္ၿပီး(၆)လခန္႔ရွိလွ်င္ ကိုင္းမႀကီးမ်ားမွ ထြက္လာေသာ အၫြန္႔မ်ားကို ေအာက္ဆုံးမွ အ႐ြက္တစ္လက္ခ်န္၍ ခူးရမည္။

အၫြန္႔သစ္ထြက္ႏိုင္ရန္အတြက္ အ႐ြက္တစ္လက္ခ်န္ရန္ အေရးႀကီးပါသည္။ အၫြန္႔ခူးျခင္းကို (၁)ရက္ခူး (၃)ရက္အနားေပး စနစ္ျဖင့္ ခူးၾကသည္။

ဆူးပုပ္ပင္သည္ အသက္(၂၅)ႏွစ္ခန္႔ ရွိလွ်င္အပင္အိုၿပီး အထြက္နည္းလာတတ္သျဖင့္ အပင္သစ္မ်ား လဲလွယ္စိုက္ပ်ိဳးႏိုင္ပါက ပိုေကာင္းပါသည္။

စိုက္ၿပီးစ အပင္စတင္ခူးခ်ိန္တြင္ တစ္ဧက တစ္ႀကိမ္ခူးလွ်င္ တစ္စည္း(၂-၃)ၫြန္႔ပါအစည္းေပါင္း (၄၀၀-၅၀၀)ခန္႔ ရသည္။

ေဖေဖၚဝါရီလမွ ဇြန္လအတြင္းခူးရာတြင္ တစ္ဧက တစ္ႀကိမ္ခူးလွ်င္ အစည္း(၁၀၀၀-၁၅၀၀)အထိ ထြက္သည္။ ဇူလိုင္လႏွင့္ ၾသဂုတ္လတြင္ ျပန္နားၿပီး စက္တဘၤာမွ ႏို၀ဘၤာလအတြင္း တစ္ဧက တစ္ႀကိမ္ခူးရာတြင္ အစည္း(၁၀၀၀-၁၅၀၀)ထြက္သည္။

ဒုတိယႏွစ္တြင္ တစ္ဧကတစ္ႀကိမ္ခူးလွ်င္အစည္း (၂၀၀၀-၃၀၀၀) အထိ ထြက္ႏိုင္သည္။ တတိယႏွစ္မွေနာက္ပိုင္းတြင္ တစ္ဧကတစ္ႀကိမ္ခူးလွ်င္ အစည္း(၅၀၀၀)ခန္႔ အထိထြက္ႏိုင္သည္။