တူးပို့ တူးပို့ သီချင်းကို ရေးသားခဲ့သူ သို့မဟုတ် အလင်္ကာကျော်စွာ ဆရာ မြို့မငြိမ်း၏ဘဝအကြောင်း(လူသာသေပြီးနာမည်မသေသူ)

Unicode

မြို့မဆရာငြိမ်းကိုမြို့မဆရာငြိမ်းကို ပြည်သူက သိသည်မှာ သီချင်းရေးဆရာ ဟူ၍သာသိကြသည်။

သို့သော် ဆရာငြိမ်း၏ ရည်မှန်းချက်နှင့် သူ့တစ်သက်လုံး အချိန်ပြည့် ကြိုးပမ်းသွားမှုသည် မြန်မာ့ဂီတကို ကမ်ဘာ့ဂီတအဆင့်သို့ မြှင့်တင်နိုင်ရေး တိုးမြှင့်နိုင်စေရန် ဆင်ဖိုနီ (Symphony) ခေါ် မြန်မာ့သံစုံ တီးဝိုင်းကြီးတစ်ဝိုင်း ဖွဲ့စည်းနိုင်ရေးသာလျှင် ဖြစ်လေသည်။

ဤရည်မှန်းချက် အေင်မြင်ရေးအတွက် ဆရာက သူ့တွင်ရှိသမျှ အင်အားနှင့် အစွမ်းအစကို သွန်လှဲ၍ သုံးသည်။ သူ့တစ်သက်လုံး ဇွဲကြီးနပဲကြီးနှင့် မျဖစ္မေန ကြိုးစာသည်။ အဆင်းရဲအမျိုးမျိုးကို ဆရာက မတုန်မလှုပ်ခံသည်။ ငတ်ပြတ်မှုကို ရင်ဆိုင်သည်။

ဆရာငြိမ်းသည် မြန်မာ့ဂီတများနှင့် ရင်ပေါင်တန်းနိုင်ရေးကိုသာ အမြဲတမ်း စိတ်ကူးလုပ်ဆောင်ရင်းက အခြေအနေ၏ တောင်းဆိုချက်အရ သီချင်းများကို ရေးစပ်ပေးခြင်း ဖြစ်လေသည်။

သူ့တစ်သက်တာ၌ သူ့ဉာဏ်စွမ်းရှိသမျှ၊ သူ့ကိုယ်စွမ်းရှိသမျှ ကြိုးပမ်းသွားခြင်းသည် မြန်မာ့ဂီတဝိုင်းကြီးဖွဲ့ရေးဖြစ်သည်။

သို့သော် သူ့ရည်မှန်းချက်သည် အကောင်အထည် မပေါ်ရစ်သောကြောင့် သွားရင်းဟန်လွဲ လုပ်ဆောင်ချက်ဖြစ်သည့် သီချင်းကလေးများ ရေးစပ် သီကုံးထားခဲ့ခြင်းများကိုသာ ဆုပ်ကိုင်၍ ဤေနရာမွ သူ့အနုပညာရည်ကို တစေ့တစောင်းကြည့်ပြီး ချီးကျူး ဝေဖန်ရမည်မှာ စင်စစ်တော့ ဆရာငြိမ်းအပေါ် တရားသော ဝေဖန်မှုပြုရာ မမည်ပေ။

သို့သော် ဆရာငြိမ်း အသက်နှင့် ထင်ရှားရှိလျှင်လည်း ဤအဖြစ်ကို ခွင့်လွှတ်မည် ဟူ၍ပင် ယုံမိသည်။ အဘယ်ကြောင့်ဆိုသော် ဆရာငြိမ်းသည် လောကဓံ၏ အချောက်အချားကို တသက်ပန်လုံး ကြံ့ကြံ့ခံ၍ သွားနိုင်သူ ဖြစ်သောကြောင့် ပါပေတည်း။

ဆရာငြိမ်း ရေးဆွဲထားသည့် ပန်းချီကားကို မြင်ဖူးသူတို့က ဆရာငြိမ်းကို ပန်းချီဆရာပဲဟု ဆိုသည်။ ဆရာ့ပန်းပုလက်ရာကို မြင်ဖူးသူတို့က ပန်းပုတွင် တကယ်တော်သူဟု ပြောသည်။

ဆရာငြိမ်းသီချင်းတွေကို ကြိုက်ကြသူတို့က ဆရာငြိမ်းသည် သီချင်းရေး အကောင်းဆုံး စာရေးဆရာဟု ဆိုသည်။

မြို့မဝိုင်းတော်သားများကမူ ဆရာသည် သူတို့အတွက် သီချင်းနှင့်အတူ တီးကွက်ကိုပါ ယူလာ၍ သီချင်းရော တီးကွက်ပါ ဖော်သူ (Composer)ပါဟု ဆိုမည်။ ထို့ပြင် ဘယ္သူက ဘာတီး၊ ဘယ္သူက ဘာကို ဘယ်အချိန်မှာ ဘယ်လိုဝင်၍ မှုတ်၊

ဘယ်အချိန်တွင် ရပ်ဟု တီးကွက်များ ခွဲခြားပေးပြီး တီးဝိုင်းက အသံဖွဲ့စည်း စီမံခန့်ခွဲပေးသူ (Arranger) နှင့် ဝိုင်းထိန်းသူ (Conductor) ပါဟုလည်း ဆိုကြလိမ့်မည်။

သို့သော် ဆရာငြိ်မ်းနှင့် အနီးစပ်ဆုံး အခင်မင် အရင်းအနှီးဆုံး သေတပန် သက်ဆုံး လက်ပွန်းတတီး အရှိဆုံး ဆရာငြိမ်းကို အသိဆုံး ချစ်မိတ်ဆွေ ဦးသန့်ကမူ ဆရာငြိမ်းသည် ပန်းချီဆရာလည်း မဟုတ်၊ ပန်းပုဆရာလည်း မဟုတ်၊ သီချင်းရေးဆရာလည်း မဟုတ်ပါ။

ဤအလုပ်တွေမှာ ဆရာငြိမ်းက အမြင်မတော်သောကြောင့် ကြည့်မနေနိုင်၍ လုပ်ကြည့်ခြင်၊ လုပ်မည့်သူမရှိ၍ လုပ်ရခြင်း၊ အအားမနေတတ်၍ လုပ်ကြည့်ခြင်းသာ ဖြစ်ပါသည်။ သူ ဖြစ်ချင်သည်မှာ ဘာမှန်းမသိပါ။

ဆရာငြိမ်းသည် အသိခက်လှသူ ဖြစ်သည်။ သူ့ကိုကြည့်ရသည်မှာ အဘိဓမ္မာဆရာနှင့် တူပါသည်။ သူသည် အလွန်လေးနက်သည့် အဘိဓမ္မာတရပ်ကို ဖွေရှာနေသူသာ ဖြစ်ပါသည်ဟု ပြောပါသည်။

ဆရာငြိမ်းသည် သီချင်းတပုဒ်ကို ရေးစပ်ပေးမည့်သူမရှိ၍၊ သို့မဟုတ် သူ့ကို သူမ်ားက ပူဆာ တောင်းဆို၍ ရေးစပ်ပေးခြင်းဖြစ်သော်လည်း သူက ထိုအလုပ်ကို သူ့အလုပ်ဟု ထင်သူမဟုတ်ပေ၊

ရေးစပ်ပေးပြီးသည့် သူ့သီချင်း မယ်တော့ မောင်တော့များအတွက် သူက ရှက်၍ နေလေသည်။ ထို့ကြောင့် သီချင်းစပ်ခိုင်းသူအား သူ့သီချင်းကို ပေးအပ်သည့်အခါ မျက်နှာမထားတတ်၍ သူက အရက်သောက် ရဲဆေးတင်ပြီးမှ သွားအပ်ရသည်။

ရဲဆေးတင်လာပါလျက်နှင့်ပင် မျက်နှာချင်းဆိုင်ပြီး တဘက်သား၏မျက်နှာကို စေ့စေ့ကြည့်၍ ပေးဝံ့သေးသည်မဟုတ်၊ သူရေးစပ်လာသည့်သီချင်း အပ်စဉ် ဆရာသည် သူ့မျက်နှာကို တဘက်သို့ လွှဲထားလျက်ကပင် ခေါင်းငုံ့ကြီးနှင့် သီချင်းကို ထိုးအပ်သည်။ အပ်သည့်အခါ သူ့သီချင်းကို သူ့က ဆိုပြဝံ့သူလည်း မဟုတ်ပေ။

ဆိုတတ်သူတဦးခေါ်၍ ဆိုစမ်းဟု ခိုင်းလျက် သူက အလိုက်ကို မှုတ်စရာနှင့်ဖြစ်စေ၊ တီးစရာနှင့်ဖြစ်စေ တီးမှုတ်၍ အသံပြပေးသွားသူ ဖြစ်လေသည်။

ဆရာငြိ်မ်းက သီချင်းတပုဒ်ကိုရေး၍သာ ရေးပေးခဲ့သည်၊ သူလုပ်ချင်သည်က ဤအလုပ်မဟုတ်၊ မလွှဲမကင်းသာ၍ အမြင်မတော်၍ ဝင်ရေးပေးခြင်းမျိုး ဖြစ်သောကြောင့်

ထိုသီချင်းအတွက် သီချင်းရေးခ ရရေးဆိုသော ပြဿနာမှာ ဆရာငြိမ်းအဖို့ အလွန်ကျဲသည့် ကိစ္စ ဖြစ်ပေသည်။ ဆရာ့သီချင်း အများစုသည် ရေးခ တပြားတချပ်မှမရဘဲ ရေးပေးရသည့် သီချင်းတွေ ဖြစ်လေသည်။ ။

ကြယ်တစ်ပွင့်ကို မွေးဖွားခြင်း

ကျောင်းသားအရွယ် ကျောင်းသားဘဝသို့ ရောက်သောအခါ မြို့မငြိမ်းနှင့် သူ့ဖခင်တို့ ပြန်ဆုံတွေ့ကြ ပြီး၊ ဖခင်ဖြစ်သူက သူငယ်ချင်းဖြစ်သူ ဦးဘသက်(ခံစားမှုအနုပညာရှင် ပန်းချီ ဆရာကြီး ဦးဘသက်) ထံ သူဝါသနာ ပါသေ

ာ ပညာရပ္မ်ား ဆည်းပူးသင်ကြား ပေးရန် အပ်နှံပေးခဲ့သည်။ ထိုစဉ်က ဆရာငြိမ်း အသက် ၁၄ နှစ်သားသာ ရှိသေးသည်။ ဆရာငြိမ်းသည် ငယ်စဉ် ကပင် ဝါသနာ၊ ဝီရိယနှင့် ဇွဲလုံ့လ အလွန်ကြီးသည်။

သိပ်သိပ်ကုပ်ကုပ် နေလင့်ကစား၊ စူးစိုက်အမြင်ကျယ်မှု အားကောင်းသည်။ ဆရာဦးဘသက် သာမက ထိုအိမ္သို့ ဝင်ထွက်သွားလာသူ မ်ားက မြို့မငြိမ်း၏ ဂုဏ်ရည်နှင့် စိတ် အားထက်သန်မှုကို မ်ားစြာ နှစ်ခြိုက် ခဲ့ကြသည်။

ထို့ကြောင့် သူတို့ တတ် သော ပညာမ်ားကို စိတ်ရှည်လက်ရှည် သင်ကြားပြသပေးခဲ့ကြသည်။ သို့ဖြစ်၍ ၅ နှစ်ခန့်ကြာသောအခါ ပန်းချီ၊ ပန်းပု နှင့် မယ်ဒလင်၊ ဘင်ဂျို၊ ဗျက်စောင်း ပညာမ်ားကို သင်ကြားတတ်မြောက်ခဲ့ သည်။

ပြုစုပျိုးထောင်ပေးလိုက် သော ဆရာမြို့မငြိမ်း၏ လက်ဦးဆရာ မ်ားမွာ လက်ရင်းဆရာကြီး ဦးဘသက်၊ မင်းကြီးဦးဆက် ဆိုသူ၏ ညီ ဦးချက်၊ ဦးလင်းနှင့် စောင်း ဦးမောင်မောင်လတ် (အာဠဝီ) တို့ဖြစ်ကြပါသည်။

ထပ်ဆင့်၍ ရွာစားစိန်ဗေဒါကြီးနှင့် စိန်ဗေဒါအိမ်သို့ ဝင်ထွက်သွားလာနေသော ဆရာ ဒေဝ ဣန္ဒာဦးမောင်မောင်ကြီးတို့ထံမှလည်း မြန်မာ့စောင်းပညာကို သင်ကြားတတ် မြောက်ခဲ့ပါသည်။

မြို့မငြိမ်းသည် အသက် ၂ဝ အရွယ်တွင် အိမ်ထောင်ကျခဲ့သည်။ သူ့ ဇနီးအမည်မှာ ဒေါ်သန်းမေဖြစ်ပြီး၊ ယခင် နော်မန်ကျောင်း (ယခု-အထက ၄) ကျောင်းသူဘဝက ကျောင်းကပွဲတစ်ခု တွင် သီချင်းတစ်ပုဒ် ဆိုခဲ့ပါသည်။

သီချင်းအမည်မှာ စိန်ကြောင်နီလာ ဖြစ်ပြီး၊ တီးခတ်ပေးသူတွေထဲမှာ ဆရာ ငြိမ်းပါသည်ဟု ထိုစဉ်က မပွင့်တပွင့် ပြောဖူးပါသည်။

ဒေါ်သန်းမေက နင်တို့ အေဖ တစ်ခါ တစ်ခါ ဝေ့လည်ကြောင် ပတ်လုပ်တယ် ဟု ပြောသောအခါ၊ သားသမီးမ်ားက လုပ်မှာပေါ့ အေမတို့ က စိန်ကြောင်နီလာ နဲ့ စခဲ့ကြတာ ကိုး၊ ခ်စ္သမွ်ကို နဲ့မွ မစခဲ့ကြပဲ ဟူ၍ ပြန်လည်ကျီစယ်တတ်ပါသည်။

မြို့မငြိမ်းတို့မိသားစုသည် ဤသို့ တစ်ဦး နှင့် တစ်ဦး ချစ်ချစ်ခင်ခင်၊ နောက် ပြောင်ကျီစယ်တတ်ခဲ့ကြပါသည်။ ဤသို့ ဖြင့် ဆရာငြိမ်း ဂီတကြယ်တစ်ပွင့် မွေးဖွားခဲ့၍၊ ငယ်စဉ်ဘဝကို ဖြတ်သန်းခဲ့ပြီး ၁၉၂၅ ခုနှစ်တွင် မြို့မတူရိယာအသင်း ကြီးကို စတင်ဖွဲ့စည်းခဲ့ပါသည်။

သငေ်္ကတတို့ စတင်မြစ်ဖျားခံခြင်း

ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်ဟူ၍ မြန်မာ့တူရိယာတွင် အမျိုး အစားမ်ား ခွဲခြားထားပါသည်။ မြန်မာ့ တို့အခေါ်အဝေါ်အရ ပဉ္စင်ငါးပါးဟု ခေါ်ဆို ခဲ့သည်။ ထိုတူရိယာမ်ားကို တစ်ခုချင်း ကို ငြိမ့်ညောင်းစေရန် တီးမှုတ်နိုင်စွမ်း ရှိသော်လည်း၊

စုပေါင်း၍ တီးမှုတ်သော အခါ၊ ပိုမိုသာယာငြိမ့်ညောင်းမှုရှိသည် ဟု ဂီတကျမ်းများတွင် အဆိုရှိခဲ့ပါသည်။ ဤတွင် မြန်မာ့တူရိယာများ တီးမှုတ် သီဆိုမှုသည် အသံခွဲခြားမှုစနစ်မရှိ၊ တူရိယာမ်ားကို တစ်ပြိုင်တည်း တီးမှုတ် သီဆိုလေ့ရှိသည်ဟု ထင်မြင်ယူဆဖွယ် ဖြစ်လာပါသည်။

တကယ်တမ်း မြန်မာ့တူရိ ယာတီးဝိုင်းတစ်ခုကို လေ့လာကြည့်မည် ဆိုပါက ကြိုး၊ ဘွဲ့၊ သီချင်းခန့်၊ ပတ်ပျိုး၊ ယိုးဒယားစသည်တို့ကို တီးမှုတ်ရာတွင် ဦးဆောင်တီးမှုတ်တူရိယာနှင့် အရံ တူရိယာပစ္စည်းများသည် တေး၏ သက် ဆိုင်ရာအပိုဒ်များအလိုက်၊

တီးမှုတ်သီဆို မှုစနစ်ခွဲ၍ တီးမှုတ်သွားကြသည်။ တူရိယာမ်ားကို တစ်ပြိုင်တည်း တီးမှုတ် နေသည်ဟု ထင်သည့်တိုင် သေချာစွာ နားဆင်ကြည့်ပါက အသံ (Voice) အနိမ့်အမြင့်၊ အတိုအရှည်တို့ကို ဦးစား ပေး တီးမှုတ်နေကြကြောင်း သိနိုင်သည်။

သို့ဖြစ်၍ မြန်မာ့ဂီတသည် လက်ဦး နဂို ကတည်းက အဆင့်အတန်းရှိခဲ့သည်။ ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ် ဆိုပြီး တူရိယာစုံလင်စွာရှိခဲ့သည်။ နရီ၊ စည်းဝါးများနှင့်အတူ သံနိမ့်သံမြင့်၊

အတို အရှည်တီးမှုတ်သီဆိုမှုစနစ်များ အထူး ဦးစားပေးထားရှိခဲ့သည်ဟု မြန်မာ့ဂီတ ပညာရှင်များ၏ အဆိုအမိန့်များက သက်သေခံခဲ့ပေသည်။

ဆရာမြို့မငြိမ်းသည် ဤသို့ သော မြန်မာ့ဂီတ၏ ပင်ကိုယ်မူလ၊ ယဉ်ကျေးမှု အမွေအနှစ်များကို အခြေခံ ၍ ခေတ်ပေါ်တူရိယာများ၊ ထိုတူရိယာ မ်ားကို တီးမှုတ်သီဆိုမှုစနစ်ဖြစ်သော

သငေ်္ကတစနစ်ကို ငယ်စဉ်ကပင် အထူး လိုက္စားခဲ့သူ လမ်းပြရှေ့ဆောင်တစ်ဦး ဖြစ်သည်။ သူနှင့်အတူ လိုက်စားနေသူ (သို့မဟုတ်) ရှေ့ဆောင်လမ်းပြခဲ့သူတစ်ဦး မွာ နာမည်ကြီး ဒါးတန်းဦးသန့် ဖြစ်ပါ သည်။

ဦးသန့်တွင် ကိုယ်ပိုင်စန္ဒရား ရှိသည်။ အကော်ဒီယံနှင့် အနောက်တိုင်း သငေ်္ကတစာအုပ်များစွာ ရှိပါသည်။ နှစ်ဦး စလုံးကြီးမားသော ရည်ရွယ်ချက်ရှိသူများ

ပီပီ ကမ်ဘာသုံးသငေ်္ကတစနစ် စသည်များ နှင့် မြန်မာ့သံစဉ်၊ မြန်မာ့တေးသွား၊ မြန်မာ့သီချင်းကြီး၊ သီချင်းခန့်များ တီးမှုတ်လိုသူများဖြစ်ခဲ့သည်။

ထို့ကြောင့် သူတို့၏ ရည်မှန်း ချက်များ အကောင်အထည်ဖော်ရန် ၁၉၂၈ ခုနှစ်တွင် တိုးချဲ့ဖွဲ့စည်းခဲ့သော မြို့မတူရိယာအသင်းကြီးတွင် အသင်း၏ ဥပဒေစည်းမျဉ်း (၃)၊ ရည်ရွယ်ချက် အပိုဒ္ခြဲ (က) (ခ) (ဂ) နှင့် (င) တို့ တွင် အောက်ပါအတိုင်း တွေ့ရှိနိုင်ပါ သည်။

မြို့မတူရိယာဥပဒေစည်းမျဉ်း (၃)၊ ရည်ရွယ်ချက်အပိုဒ်ခွဲတွင် (က) မြန်မာ့သီချင်းကြီးများ ဆည်းပူးပြန့်ပွား ရေး (မဟာဂီတဆည်းပူးရေး)၊ (ခ) ကမ်ဘာသုံးတူရိယာများ သင်ကြားတတ် မြောက်ရေး၊

(ဂ) မြူးဇစ်နုတ် ( music note) အမှတ်အသားဖြင့် ရေးသား သော တူရိယာပညာကို လေ့လာရန် (သငေ်္ကတဖတ်ခြင်း၊ ရေးခြင်းအပါ အဝင်)၊ (င) ရှေးမြန်မာသီချင်းကြီးများ ကို ကျွမ်းကျင်သူများနှင့် ညှိနှိုင်း၍ ကမ်ဘာသုံးမြူးဇစ်နုတ်ပညာဖြင့် ကူး ပြောင်းလေ့လာရန်ဟူ၍ ပါရှိသည်။

သူတု့ိ၏ လက်တွေ့ရည်မှန်း ချက် စမ်းသပ်မှုအဖြစ် ၁၉၃ဝ ခုနှစ် ခန့်က တောမြိုင်ခြေလမ်း ယိုးဒယား သီချင်းတစ်ပုဒ်ကို ပထမဦးဆုံး မြူးဇစ် နုတ်သငေ်္ကတပြု၍ စတင်စမ်းသပ် တီးမှုတ်ခဲ့ကြပြီး၊

ဒုတိယသီချင်းမှာ စံရာ တောင်ကျွန်း ဖြစ်၍၊ ၁၉၂၅ ခုနှစ်က ယဉ်ကျေးမှုဝန်ကြီး ဦးထွန်းဖေ၊ ရွှေပြည် ဆရာကြီးဦးဘတင် (သမိုင်း)၊ ဆရာ ဘကေလး (မန်းပန်တျာပတ္တလား၊ စန္ဒရားနည်းပြဆရာကြီး) တို့အား

မြန်မာ သီချင်းကြီး၊ သီချင်းခန့်များကို သငေ်္ကတ ပြု၍ ရနိုင်၊ မရနိုင်ကိစ္စနှင့် ပတ်သက်၍ နမူနာတီးပြခဲ့ကြပါသည်။

၁၉၅၃-၅၄ ခုနှစ်တွင် ဆရာမြို့မငြိမ်းသည် ပန္တ်ာ မူမှန်ပြုရေးသငေ်္ကတ တင်မှတ်ရေး အကြံပေးအဖွဲ့တွင် ပါဝင်ခဲ့သူလည်း ဖြစ်ပါသည်။မြို့မငြိမ်း၏ ကသစ်ပန်း သီချင်းကို အကော်ဒီယံမောင်သန့်၊ ဒါးတန်းဦးသန့် ဦးစီးသော တီးဝိုင်းဖြင့် ဓာတ်ပြားသွင်းခဲ့ပါသည်။

ထိုထဲမှာ ဝန်ကြီး ပေဒသရာဇာ၏ ပုဇင်းတောင် သံကြိုး သီချင်းမှ ဆရာကြီးငြိမ်း မွီးယူ အသုံးပြုခဲ့သော အုံ့ကာလေ တဖြဲဖြဲ၊ ရွာလေတသဲသဲ ဟူသော အပိုဒ္ကို ဒါးတန်းဦးသန့်က

အနောက်တိုင်း တူရိယာ အကော်ဒီယံ (Accordian) ဖြင့် ဘယ်နှင့်ညာကို မြန်မာအတွဲအဖက်၊ မြန်မာမှု မြန်မာ့ဟန်အနှစ်သာရမပျက် စေဘဲ ကော့ဒ် (chord) များဖြင့် တီး ခတ်ခဲ့သည်။

ထိုအပိုဒ်ငယ် (4 bars) ၄ စည်းများရှိသည်ကိုပင် စည်းရှိန်မြှင့် ကာ (8 bars) မွ် ဆန့်ထုတ်၍ မူလ ပင်ကိုယ် မြန်မာ့ဟန်မှ အခြေခံတေး သြားအယူအဆကို မျိုးပွားဖန်တီးခြင်း၊ (Variations on Theme) နည်းစနစ် ဖြင့်

တယောအစွမ်းပြတီးခတ်ပေးခဲ့ပြီး ဖြစ်သဖြင့် ကသစ်ပန်းသီချင်းသည် ဒါးတန်းဦးသန့်နှင့် ဆရာငြိမ်းတို့၏ အနောက်တိုင်း ဝိုင်းဖွဲ့စနစ်နှင့်ပတ်သက် သော စမ်းသပ်မှုမှတ်တိုင်ဖြစ်ခဲ့ပါသည်။

သငေ်္ကတစနစ်နှင့်ပတ်သက် ပြီး ဒါးတန်းဦးသန့်နှင့် မြို့မငြိမ်းတို့၏ ဆရာမ်ား၊ နည်းပညာပေးခဲ့သူများမှာ-မစ္စတာရီဂို၊ မစ္စတာဘော်ဘီ၊ မစ္စတာ ဒေးဗစ် စသူတို့ဖြစ်ကြပါသည်။

မစ္စတာ ရီဂိုသည် အယ်ဖင်စတုန်း ရုပ်ရှင်ရုံ (ရွှေတိုက်) ရုံဝင်းအတွင်း နေထိုင်သူဖြစ် ပြီး၊ ဘုရားရှိခိုးကျောင်းနှင့် ရုပ်ရှင်ရုံတွင် စန္ဒရားတီးသည်။ (ရီဂိုဗင်) ဟူသော တီးဝိုင်း Band နှင့် ဂီတသင်တန်းဖွင့် ထားသူဖြစ်ပါသည်။

မစ္စတာဘော်ဘီမှာ ထရမ်းပက်သမားတစ်ဦးဖြစ်၍၊ တူရိယာ ပစ္စည်းမျိုးစုံနှင့် ဂီတနှင့်သက်ဆိုင်သော စာအုပ်စာတမ်းများ ရောင်းသောဆိုင် ဖွင့် ထားသည်။ မစ္စတာဒေးဗစ်မှာ မန္တလေး နန်းတွင်း စစ်ဘင်ခရာတီးဝိုင်းမှ တီးဝိုင်း ခေါင်းဆောင်အဖြစ် မှတ်တမ်းတွင် တွေ့ရှိရပါသည်။

၁၉၃ဝ ခုနှစ်တစ်ဝိုက်က မန္တလေးမြို့ဟိုတယ် ပျော်ပွဲစားရုံနှင့် ကပြဲ ခန်းလေးများတွင် မစ္စတာရီဂိုက လာ ခေါ်တတ်၍ မြို့မငြိမ်း၊ ဒါးတန်းဦးသန့်တို့ လိုက်ပါ တီးမှုတ်ခဲ့ဖူးပါသည်။

ထိုစဉ်က ဆရာငြိမ်းမှာ ဆိုက်ဆိုဖုန်းနှင့် ကလာရီ နက် တူရိယာနှစ်မျိုးကို သငေ်္ကတဖတ် စနစ်ဖြင့် တီးမှုတ်ခဲ့ပါသည်။ ဤသို့ဖြင့် သီချင်း များစွာတွင် တူရိယာပစ္စည်းမျိုး စုံကို သငေ်္ကတစနစ်နှင့် ဝိုင်းဖွဲ့တီးမှုအ တွေ့ အကြုံများ တစတစ ရှာဖွေတီးခတ် ခဲ့ရင်း၊

မြန်မာ့သငေ်္ကတမှတ်တိုင် ဆရာ တို့ စိုက်ထူခဲ့ကြသည်ဟုဆိုလျှင် မွားအ့ံ မထင်မိပါချေ။

စစ္မျဖစ္မီကာလက မြို့မ တူရိယာအသင်း၏ သငေ်္ကတသမားများ ဟု ဆိုနိုင်ကြသူများမှာ ဒါးတန်းဦးသန့်၊ မြို့မငြိမ်း၊ ဦးအေးကျော် (မန်းပန်တျာ ပန်းချီနည်းပြဟောင်း)၊ ဦးသိန်းမောင် (စမောသိန်းမောင်)၊ ချိုကြီး(ဂေါ်ချို)၊ တို့ဖြစ်ကြပါသည်။

၁၉၃၅ မွ ၁၉၃၈ အတွင်း ခေတ်ပေါ်တူရိယာများ၊ သငေ်္က တစနစ်နှင့် ဓာတ်ပြားသွင်းယူခဲ့သော ဆရာ မြို့မငြိမ်း၏ သီချင်းများမှာ ခ်စ္တာ ပဓာန၊ ခင့်အိပ်မက်၊ ရှုမဝ၊ အလှပြိုင်ပွဲ၊ နန်းတော်ရှေ့ဆရာတင်၏

ဧရာဝတီ၊ အောင်ပင်လယ်၊ ထို့နောက် မြို့မငြိမ်း၏ မန်ဒါလီ၊ နှစ်ပိဿခွဲ၊ ပျိုး၊ ကသစ်ပန်း စသည့် သီချင်းများ ဓာတ်ပြားသွင်းယူ ခဲ့ရာ အောင်မြင်မှုများစွာရရှိခဲ့ပါသည်။

မြို့မငြိမ်း၊ ဒါးတန်းဦးသန့်နှင့် မြို့မအသင်း တို့၏ အနောက်တိုင်းတူရိယာများကို တီးမှုတ်အသုံးပြုနိုင်ခြင်း၊ သငေ်္ကတစနစ် ဖြင့် ဝိုင်းဖွဲ့တီးမှုတ်နိုင်ခဲ့ခြင်းတု့ိ၏ အောင်မြင်မှုသမိုင်းမှတ်တိုင်များဖြစ်ခဲ့ပါ သည်။

ဆရာ့အတွေး နှင့် ဆရာ့အရေး

ဆရာငြိမ်းသည် ရောင့်ရဲခြင်း၊ နှစ်သိမ့်ခြင်း၊ သစ္စာရှိခြင်း စေသာ ဂုဏ်ထူးဝိသေသများနှင့် ပြည့်စုံနေပေ သည်။ ရောင့်ရဲခြင်းဆိုရာတွင် မြို့မငြိမ်း သည် ရသမျှနှင့် ကျေနပ်နှစ်သိမ့်တတ် ပြီး၊ မရှိလျှင် မရွိသလို နေတတ်သည်။

ဘဝမုန်တိုင်းအလယ်တွင် မြုပ်ချည် တစ်လှည့်၊ ပေါ်ချည်တစ်မျိုး ရေစာ တိုက္ပြဲ၌ အလူးအလဲခံရသည်က တစ်ဖုံ၊ ဒေါင်ကျလိုက် ပြားကျလိုက်နှင့် နေခဲ့ရ သည့်တိုင် ဆရာသည် ငြီးညူခြင်း၊ တွေဝေခြင်း၊ အရံှုးပေးခြင်း လုံးဝ မရွိ ခဲ့ပေ။

နဂိုအနေအထိုင်ကိုက ကျစ်လျစ် သူဖြစ်ပြီး၊ ဝတ်စားဆင်ယင်မှုမှာလည်း လော်လီပလွှားခြင်း မရွိ၊ ဆင်းရဲ၍ မွဲပြာ ကျသော အခါမှာလည်း မဲပြာပုဆိုး၊ ဖောဖောသီသီနှင့် ငွေကလေး ကြေး ကေလး ရွှင်လျှင်လည်း မဲပြာပုဆိုး၊

ရိုးရိုးလေးနှင့် ကျေနပ်နေသူမှာ ဆရာ ပင်ဖြစ်ပါသည်။ နိမ့်ချည်၊ မြင့်ချည် လောကဓံတရားထဲတွင် မရှိလျှင်ပျော် ပျော်၊ ရှိပျော်ပျော်နေတတ်ခဲ့သူဖြစ်သည်။ ဆရာ့အား ပျော်ပျော်နေတတ်သူဖြစ် တိုင်း၊ အေပ်ာ္အပါး၌ အလေလိုက် ခုံမင် နေတတ်သူဟုထင်လျှင် မှားပါလိမ့်မည်။

ဆရာငြိမ်းသည် သူ့ဘဝတစ်လျှောက် ပျို့ကဗျာ၊ လင်္ကာရတုစာပေမှု၌သာ နှစ်မြုပ်ထားလျက်၊ စာပေဂီတအနုပညာ ထဲတွင် အမြဲတမ်း မွေ့လျော်နေသူဖြစ် ပါသည်။

အိမ်ထောင်ဖက်အပေါ်မှာ သစ္စာရှိပုံများလည်း သူမတူအောင် ထူးခြားပြီး၊ သူ့ဘဝ မဖြောင့်ဖြူး သလောက် သူ့အိမ်ထောင်ရေးသည် သာယာပါဘိတောင်း။ အနုပညာသမား ပီပီ လောကကို အနုပညာမျက်စိဖြင့် သာကြည့်လျက်၊ အနုပညာစိတ်ဖြင့်သာ မြင်တတ်သူဖြစ်သည်။

အနုအယဉ် အချောအလှမွစ၍ အကျည်းတန်ဆုံး အရာအားလုံးကိုပင် အနုပညာရှုထောင့် မွ ရှုမြင်ခံစားသူဖြစ်သည်။ ဒေဝဣန္ဒာ ဦးမောင်ကြီးထံ စောင်းပညာဖြင့် ဇမ္ဗူ ကျွန်းလုံး တစ်ပုဒ်လုံးကို အဆိုနှင့် တီးကွက်အပါအဝင် နေ့ချင်းပြီး သင်ယူ တတ်မြောက်သွားသောအခါ၊

ဆရာကြီး က မောင်လိုလူ ဇမ္ဗူမှာ ရှားပါပေ သည် ဟု ကျောသပ်ကာ ချီးကျူးခဲ့ရ သည်။

ဆရာသည် ပညာမာနလုံးဝ မထားတတ်ဘဲ၊ မဖြစ်လျှင် မနေဆိုသည့် ဇွဲနှင့် အရံှုးမပေးလိုသော မာနသာ ရွိပါ သည်။

သူ့ကို တွေ့ဆုံပေါင်းသင်းခဲ့ဖူးသူ တိုင်း ချစ်ခင်လေးစားကြည်ညိုကြသည်။ လူ့ဘဝသက်တမ်းတိုတိုလေးထဲတွင် တဒင်္ဂဟန်ပန်ကိုဖြစ်စေ၊ ပျော်ရွှင်မြူး တူးဖွယ်ဖြစ်အောင် ဖန်တီးနိုင်ခဲ့သော ဆရာငြိမ်းလိုလူမျိုးမှာ ရွာမွ ရွားလွပါ သည်။

ပြီး ဆရာငြိမ်းသည် ဂုဏ်တွေ၊ ပါဝါတွေမရှိ၊ ပကတိအရွိ အရှိအတိုင်း နေထိုင်တတ်သည်။

သီချင်းရေးသည့် အခါ ဘေးက လူရှိနေသည့်တိုင် ရှိမှန်း မသိ၊ တယောကလေးစမ်းတီးလိုက်၊ စာရေးလိုက်၊ ဆေးလိပ်တိုကို ကောက် ဖွာလိုက်၊ ခွက်ထဲပြန်ချလိုက်နှင့် တစ်ခါ တစ်ရံ မီးမရှိသော ဆေးလိပ်တိုကိုပင် ပြန်ဖွာပြီးမှ ပြန်ချချင် ချနေတတ်ပါ သည်။

ဆရာ၏ မျက်နှာကမူ သီချင်း ရေးသောစာရွက်ပေါ်၌ သူချရေးလိုက် သော စာလုံးများ၊ လက်မှ တီးနေသော သံစဉ်များ၌သာ စိတ်ဝင်စားနေတတ်၍၊ တလောကလုံးကို မေ့နေဟန် တူပါ သည်။

သူ သဘောမကျသည်များရှိလျှင် မည်သူ့ကိုမျှ စကားမပြော၊ ဆိတ် ဆိတ် နေတတ်ပါသည်။ မုတ်ဆိတ်မွှေး ပါးသိုင်း မွှေးများရှည်နေခြင်းကိုပင် သတိမပြုမိ။ တွေ့ထိသူတိုင်းကို အပြုံးနှင့် နှုတ်ဆက် တတ်သည်။

ဟက် ဟက် ပက် ပက် လှောင်ပြောင်ရယ်မောခြင်း ကင်းပြီး၊ သူ့ စိတ်ကြိုက် တီးလုံးတိုက်နေသည့်အခါ (သို့မဟုတ်) အဆိုရှင်မင်းသမီးဖြစ်သူက ဆရာ့စိတ်ကြိုက် သီဆိုပြီးစီးသွားသော

အခါ ဆရာသည် သူ၏ မေးချွန်လေးကို ပြတ္သလို၊ ဆိတ္သလို လုပ်ပြီး၊ ဆေး လိပ္တိုကိုခဲကာ ပြုံးနေတတ်သည် ဟု ဆရာရွှေနန်းတင် မှတ်တမ်းပြုခဲ့ပါသည်။

ထိုခေတ် ကမ်ဘာစစ် မီး မြန်မာပြည်သို့ ကူးစက်လောင်ခဲ့စဉ်၊ စစ် ဘေးရှောင်တိမ်းရင်း၊ ဆရာ ကျောက်မဲ ဘက္သို့ ရောက်သွားပါသည်။ သူငယ် ချင်း ဦးဘဟန် (ကားသင်း ဥက္ကဋ္ဌ) နှင့် တွေ့မှ ပြန်ခေါ်လာပြီး

စစ်ကိုင်းဘက် ကူးသွားကြပြန်သည်။ ထိုမှတဆင့် ဂီတ မိတ်ဆွေများ စုစည်းမိကာ (ကမ်ဘာစစ်မီး လောင်ရာတွင် သူ ငါ ခိုကိုးစစ်ကိုင်း တောင်ရိုးမှပင် မြို့မအသင်းဝင် ရသမွ် စုစည်းလို့ပင် တီးဆိုရေးမပျက်၊ အား ဆေးတစ်ခွက် အသွင်) ဟူသော မြို့မ သမိုင်းသီချင်းများ ပေါ်ထွက်လာခဲ့သည်။

ထိုခေတ် မြို့မနှင့် ခေတ်ပြိုင်တီးဝိုင်းမှာ မာဃနှင့် မင်္ဂလာ ညွန့်အဖွဲ့တို့ ပေါ်နေပြီ။ မဟာဂီတ သီချင်းကြီး၊ ပတ်ပျိုး၊ ယိုး ဒယားများကိုနှင့် တွဲဖက်တီးစဉ်က ဆရာဦးကိုလေး၏ ဆရာငြိမ်းအပေါ် ချီး ကျူးမှုလေးကို ပြန်လည်ဖော်ပြလိုပါ သည်။ မိန့်ဆိုခဲ့ပုံက ဒီလို . .

ကိုငြိမ်း၏ ဘင်ဂျိုကိုတော့ ကျွန်တော် လက်လျှော့ရပါသည်။ သူ့ ဘင်ဂျိုက လက်ခတ်နဲ့ တီးပေမယ့်၊ စန္ဒရားအသံ တွဲဖက်မျိုး ထြက္လာ သည်။ ကိုငြိမ်းထံမှ ပပဝင်း ပတ်ပျိုး နှင့် တေးထပ်တီးဖွဲ့ပုံကို ကျွန်တော် တက်ယူခဲ့ရပါသေးသည်။

ကိုငြိမ်းသည် ဂီတအခြေခံဖွဲ့စည်းမှု၊ ဖြစ်ပေါ်မှုကို တိတိ ကျကျသိသူတစ်ယောက်ဖြစ်သည်။ ဒါကို ကျွန်တော် ဉာဏ်မီသလောက် ပြောရ လျှင်၊ ဂျီအီးစီ (GEC)၊ ဒီအက်ဖ်အေ (DFA)၊

အီးဂျီဘီ (EGB)၊ အက်ဖ်အေစီ (FAC) စသည်တို့မှာ ၁၆၄၊ ၇၅၃၊ ၆၄၂၊ ၅၃၁ တို့သည် မြန်မာအဖွဲ့အနေ ဖြင့် တ်ာ၊ တျေ၊ တျောတို့ဖြစ်သည်။

အကျိုးတရားရှိလျှင် အကြောင်းတရား ရှိရမည်ဖြစ်သည့်အတိုင်း အသံအကြာ အေဝးနရီ (Duration)၊ အသံ အတိုး အကျယ် အင်တီစီတီ (Intensity)၊ အသံအနိမ့်အမြင့် ပိသ် (Pith)၊

အမျိုး အစား ကြာလတီ (Quality) ဟူ၍ ကမ်ဘာ့သီအိုရီတွင် အဆိုရွိသလို မြန်မာ့ ဂီတတွင်လည်း ဤအချက် ၄ ချက်ရှိ ပြီးသားနှင့် ကိုက်ညီပါသည်။ သို့မဟုတ် ပါက သံပုံးကို တီးခေါက်နေသည်သို့ တောက်လျှောက် ဆူညံ၍ နေပေမည်။

ဤအချက် ၄ ချက်ဖြင့် ဆိုက်ဆိုဖုန်း၊ ကလာရီနက်၊ ထရမ်းပက်တို့ဖြင့် တော မြိုင်ခြေလမ်း ယိုးဒယားသီချင်းကို စစ်ကြိုခေတ်က သီပေါရုံ (ယခု မစိုးရိမ် ရုံ) ၌ အမျိုးသမီးသားဖွားရန်ပုံငွေ အလှူပွဲတွင် စမ်းသပ်သီဆိုခဲ့ရာ၊ မြန်မာ မှုမပျက်ဘဲ၊

အနောက်တိုင်းတူရိယာ သငေ်္ကတစနစ်ဖြင့် ပထမဦးဆုံး စမ်းသပ် သီဆိုခဲ့သော မြန်မာသီချင်းဟု ယူဆ နိုင်ပါသည်။

ဤသို့ဖြင့် ဆရာငြိမ်းတို့ ဂီတ မိတ်ဆွေများတစ်စု၊ မန္တလေး ၈၄ လမ်း ရွိ ဘီကျင်ဟော်တယ်တွင် အဖျော် ယာမကာစုပ်ရင်း၊ အနုပညာအကြောင်း စိတ်ကူးဆွေးနွေးမှုလေး လုပ်ဖြစ်ခဲ့သည်။

ထိုသို့ ဆန်းသစ်မှု၊ တီထွင်မှု၊ နားဝင်ချိုမှု တို့အတွက် အမရပူရမော်တော်ယာဉ်အသင်း ရေသဘင်တွင် စတင်တင်ဆက် ခွင့်ရခဲ့လေသည်။

ယခုခေတ်လို ရစ်သမ် (Rhythm)၊ လိဒ် (lead)၊ ဘေ့စ် Bass ဂစ္တာ Guitar ရစ်သမ် ဝိုင်းပို့မှုပစ္စည်း စကရက္ခ်ာ (Scratcher) ရွာကာ Shakerဆိုသော အနောက်တိုင်းသုံးပစ္စည်းတွေအစား၊ ထန်းသီးခလောက်၊

ဘူးသီးခြောက်၊ သံစည်ပိုင်းပြတ်ကို နွားသားရေနှင့် ကျတ်ပြီး ဝါးပုလွေအတို၊ ပုလွေရှည် စုံလင်စွာဖြင့် ဂီတသမားအစိမ်းသက် သက္သမားမ်ားကို ဒီအနားက် ဒီလို မှုတ်၊

ဟိုနားက် ဒီလိုတီးဆို၍ အနောက် တိုင်းတူရိယာဝိုင်းကဲ့သို့ တူရိယာသံစုံ ထွက်သည့်စောင်းကောက် ရေသဘင်မော် တော်ယာဉ်ကြီးလုပ်ပြ ခဲ့ကြပါသည်။

လူသားတို့အကျိုးအတွက် သိပ္ပံပညာရှင် မ်ား ဓာတ်ခွဲခန်းထဲတွင် စမ်းသပ်တီ ထွင်မှုအသစ်များ ဖော်ထုတ် အကျိုး ပြုခဲ့သလို ဆရာငြိမ်းသည်လည်း ဂီတ ဓာတ်ခွဲခန်းမှ စမ်းသပ်တွေ့ရှိမှုများ ဖြစ် သော၊

အ့ံသြဖွယ်ကောင်းသော၊ ဂီတ စာလုံးများ၊ ဂီတသံစဉ်သစ်များကို ဂီတ အနုပညာကို ခုံမင်နှစ်သက်မြတ်နိုးသူ တိုင်းအတွက် သူတို့အားလုံး၏ အကျိုးငှာ ဦးဆောင်ဖော်ထုတ်ပေးခဲ့သူဆိုလျှင်လည်း မှားအ့ံမထင်ပါချေ။

ဤနေရာတွင် အလင်္ကာ ကျော်စွာရွှေပြည်အေးနှင့် ဆရာငြိမ်း ပထမဆုံး ရန်ကုန်ရောက်စဉ်က အကြောင်းဖြစ်ပါသည်။ ရန်ကုန် ရိုးလ် ကုမ္ပဏီမှ ကိုလံဘီယာဓာတ်ပြားဌာနသို့ လူပိန်ပိန်သေးသေးသွယ်သွယ် လူ တစ် ယောက် ဆရာရွှေပြည်အေးတို့ သီချင်း တိုက်နေစဉ် ရောက်လာပါသည်။

ဆရာ က မြို့မငြိမ်းကို မမြင်ဖူးခဲ့ပေ။ ယခုမွ လူချင်းဆုံတွေ့ကြပြီး၊ သူ့လက်သံကို စတင်ကြားရ၊ သိခဲ့ရ၍ သီချင်းပြီးဆုံးသွား သည်နှင့် ရွှေပြည်အေး သိလိုက်ရပါပြီ။

ဆရာ့အရည်အသွေး၊ ဖွဲ့နွဲ့ပုံ အသုံးအနှုန်း၊ အသံသွင်းထားပုံအားလုံးက အရသာခံ၍ မဆုံးအောင် ပြောင်မြောက်လှသော အရည်အသွေးကို အလင်္ကာကျော်စွာ ဆရာရွှေပြည်အေးမှ ချီးကျူးခဲ့ပါသည်။

ပထမဓာတ်ပြားတိုက်နှင့် ပြဿနာနည်း နည်းဖြစ်ပြီး၊ အေဝမ်းရုပ်ရှင်ကုမ္ပဏီ ဓာတ်ပြားဌာနသို့ ညွှန်ကြား၍ ပို့လိုက် ရာမွ ဆရာငြိမ်း၏ ပညာအရည်အချင်း မ်ား၊

ဂုဏ်ပုဒ်များသည် တိုင်းပြည်တခွင် လုံးအနှံ့ ယနေ့တိုင် ထင်လင်းလျက် ရှိနေသည်မှာ မျက်မြင်ကိုယ်တွေ့ပင် မဟုတ်ပါလော ဟု ဆရာရွှေပြည်အေး မွ ဆက်ဖော်ပြခဲ့ပါသည်။

ထိုအခါမှစ၍ ဆရာတို့နှစ်ယောက် အခါသင့်တိုင်း ယခု ပန်းဆိုးတန်းရှိ ဝင်းဝင်းရုံ (ယခင် စတားရုံ) နှင့် မျက်နှာချင်းဆိုင်မှ ထိုအခါ က (ဂေတီ) ပျော်ပွဲစားရုံတွင် တွေ့ဆုံ စားသောက်ရင်း ဂီတအေရးမ်ား ဆွေး နွေးခဲ့ကြပါသည်။

သို့ကလို ဆွေးနွေးကြ ရင်းမှ ဆရာငြိမ်း၏ အူသည်းနှလုံးနှင့် တူသော ဝမ်းတွင်းမှ မြိုသိပ်ထားသည့် စကားမ်ားကို ဆရာရွှေပြည်အေး ကြား ရေသာအခါ အ့ံအားသင့်လျက် နား ထောင်ရင်းမှ သက်ပြင်းချပြီး ဆရာငြိမ်း နှင့် ဆရာကြီးတို့ အကြံတူလေခြင်းဆို ပြီး၊

နှစ်ယောက်သား ထဖက်မိပါတော့ သည်။

ထိုအကြံကား အခြားမဟုတ်။ ကမ်ဘာ့တစ်ခွင်နှင့် မြန်မာ့ Symphony တီးဝိုင်းကြီး ထယ်ဝါစွာ ပေါ်ပေါက်လာ ရေးပင်ဖြစ်ပါသည်။ ထိုသို့ ဆွေးနွေးစဉ် ကပင် ဆရာငြိမ်းမှာ ကမ်ဘာသုံးသငေ်္ကတ မ်ား ကျွမ်းကျင်နေခဲ့ပါပြီ။

နောက်တစ်ဦးမှာ ဆရာငြိမ်း နှင့် လက်တွဲဖော် ရွာစားစိန်တင်ဟန်၏ ဆရာ့အပေါ် သူမြင်သည်ကို ဆရာ့ရုပ်ပုံ လွှာအား ယခုလို ရေးဖွဲ့ခဲ့ပါသည်။ ထိုစဉ်က မန္တလေးမြို့ လမ်း ၈ဝ နှင့် ၂၈ လမ်းထောင့်တွင် လင်းရောင်ခြည် ကဖီးလေး ရှိသည်။

ထိုဆိုင်တွင် ဦးလေး ငြိမ်း အမြဲထိုင်နေကျနေရာသည် ဆိုင်၏ အတွင်းဖက် ချောင်ကျကျစနေထောင့် စားပွဲတွင် ထိုင်လေ့ရှိသည်။ အကျႌ ဖြူဖြူ ဆြတ္ဆြတ္လက္တိုကို လုံချည်က မန်ကျည်းစေ့ကွက်နုပ်၊

ဖိနပ္က မော်လမြိုင်ရှေ့ထိုးဖိနပ်၊ အိတ်ကပ်ထဲမှာ နဂါးဆေးလိပ် ဆယ်ပြားတန်အသေး သုံးလိပ်ပါသည်။

သုံးထောင့်ချွန်း လေးထောင့်အိတ်ကပ်အရွယ်သာသာ စာရွက်အဖြူလေးတစ်ရွက် အိတ်ထဲမှာ ထည့်ထားသည်။ ခဲတံက ဖော့ဖျက်နေရာ တွင် ဖော့တုံးသေးသေးလေးကို အပ်ချည် ကြိုးနှင့် ချည်ထားသည်။

ပါးစပ္က ကွမ်း ဝါးရင်း မြုံ့ရင်းက၊ ဝေးလံသီခေါင်သော နေရာတစ်ခုဆီသို့ ငေးရီနေတတ်သည်။စကားပြောရင်လည်း ချောချောမွေ့မွေ့ ထွက်မလာတတ်ပါ။

အတုံးအတစ်တွေ ပါလာတတ်သည်။ မှာထားသော လက် ဖက်ရည်တွေက အပေါ်ရည်လေးတွေ တင်းပြီး အေးစက်နေသည်အထိ မ သောက်ဖြစ်သေးသည်က များသည်။

အမှန်မှာ အတွေးတွေ နက်ရှိုင်းစွာ တွေး နေပြီး၊ သီချင်းတစ်ပုဒ် ငြီးတွားနေခြင်း ဖြစ်မည်။ ထိုစဉ်က ဦးလေးငြိမ်းကို အနု ပညာထဲမွာ နစ်မြှုပ်ထားပြီး၊ မိသားစု စားဝတ်နေရေး၊

စီးပွားရေးကို မကြည့်ဘဲ ပေါ့လျော့ပျက်ကွက်သည်ဟု တချို့က ပြောကြစဉ်၊ ရွာစားစိန်တင်ဟန်က ဆရာ ငြိမ်းဝင်ငွေကိစ္စမေးဖြစ်သည်။ ကျုပ် ဝင်ငွေကိစ္စကို မောင်ရင်က ဘာလို့ သိ ချင်ရတာလဲလို့ ဆရာက ပြန်မေးသည်။

ဆရာက ဘာမှမပြောဘဲ အေးစက်နေ သော လက်ဖက်ရည်ခွက်ကို ဖ်တ္ကနဲ ယူ၍ မော့ချလိုက်သည်။ ပြီးမှ တစ်ချက် ပြုံးလိုက်ပြီး အောက်ပါအတိုင်း မေး တော့သည်။မောင်ရင်၊

အလောင်းမင်းတရားကြီး ဦးအောင်ဇေယျဆိုတာ သိတယ်နော် အလောင်းမင်းတရားကြီး မူးမြစ်ကို ဆည်တော်မူစဉ်၊ ဆရာနံှုးရေး သော ကျောက်ဘွဲ့ကုန်းတန်းကြိုး လို့ ဆိုတာ ရလား။ မူးမြစ်ကို ရောက်ဖူး သလား၊ ဟုတ်ကဲ့ ရောက်ဖူးပါတယ်ဟု ရွာစားက ပြန်ဖြေသည်။

ဆရာက သူ့ စာရွက်ပေါ်တွင် ရောက်ဖူးဟု ရေးလိုက် သည်။ မူးမြစ် ဘယ္ကစလဲ သိလား။ မသိပါဘူး။ စာရွက်ပေါ်တွင် မသိဟု ရေးလိုက်ပြန်သည်။ မူးမြစ်အကျယ် ဘယ်လောက်ရှိသလဲ၊ မသိပါဘူးဆရာ။

အင်း . . . မောင်ရင် မသိ တာတွေ တော်တော်များနေပြီ။ မူးမြစ် မှာ ဘယ်အခါ ရေများသလဲ၊ ဘယ်အခါ ရေနည်းသလဲသိလား။ မသိပါဟု ရွာစား က ဖြေသည်။ Credit

Zaw Gyi

ၿမိဳ႕မဆရာၿငိမ္းကိုၿမိဳ႕မဆရာၿငိမ္းကို ျပည္သူက သိသည္မွာ သီခ်င္းေရးဆရာ ဟူ၍သာသိၾကသည္။

သို႔ေသာ္ ဆရာၿငိမ္း၏ ရည္မွန္းခ်က္ႏွင့္ သူ႔တစ္သက္လုံး အခ်ိန္ျပည့္ ႀကိဳးပမ္းသြားမႈသည္ ျမန္မာ့ဂီတကို ကမ္ဘာ့ဂီတအဆင့္သို႔ ျမႇင့္တင္ႏိုင္ေရး တိုးျမႇင့္ႏိုင္ေစရန္ ဆင္ဖိုနီ (Symphony) ေခၚ ျမန္မာ့သံစုံ တီးဝိုင္းႀကီးတစ္ဝိုင္း ဖြဲ႕စည္းႏိုင္ေရးသာလွ်င္ ျဖစ္ေလသည္။

ဤရည္မွန္းခ်က္ ေအင္ျမင္ေရးအတြက္ ဆရာက သူ႔တြင္ရွိသမွ် အင္အားႏွင့္ အစြမ္းအစကို သြန္လွဲ၍ သုံးသည္။ သူ႔တစ္သက္လုံး ဇြဲႀကီးနပဲႀကီးႏွင့္ မ်ဖေစၼန ႀကိဳးစာသည္။ အဆင္းရဲအမ်ိဳးမ်ိဳးကို ဆရာက မတုန္မလႈပ္ခံသည္။ ငတ္ျပတ္မႈကို ရင္ဆိုင္သည္။

ဆရာၿငိမ္းသည္ ျမန္မာ့ဂီတမ်ားႏွင့္ ရင္ေပါင္တန္းႏိုင္ေရးကိုသာ အၿမဲတမ္း စိတ္ကူးလုပ္ေဆာင္ရင္းက အေျခအေန၏ ေတာင္းဆိုခ်က္အရ သီခ်င္းမ်ားကို ေရးစပ္ေပးျခင္း ျဖစ္ေလသည္။

သူ႔တစ္သက္တာ၌ သူ႔ဉာဏ္စြမ္းရွိသမွ်၊ သူ႔ကိုယ္စြမ္းရွိသမွ် ႀကိဳးပမ္းသြားျခင္းသည္ ျမန္မာ့ဂီတဝိုင္းႀကီးဖြဲ႕ေရးျဖစ္သည္။

သို႔ေသာ္ သူ႔ရည္မွန္းခ်က္သည္ အေကာင္အထည္ မေပၚရစ္ေသာေၾကာင့္ သြားရင္းဟန္လြဲ လုပ္ေဆာင္ခ်က္ျဖစ္သည့္ သီခ်င္းကေလးမ်ား ေရးစပ္ သီကုံးထားခဲ့ျခင္းမ်ားကိုသာ ဆုပ္ကိုင္၍ ဤေနရာမြ သူ႔အႏုပညာရည္ကို တေစ့တေစာင္းၾကည့္ၿပီး ခ်ီးက်ဴး ေဝဖန္ရမည္မွာ စင္စစ္ေတာ့ ဆရာၿငိမ္းအေပၚ တရားေသာ ေဝဖန္မႈျပဳရာ မမည္ေပ။

သို႔ေသာ္ ဆရာၿငိမ္း အသက္ႏွင့္ ထင္ရွားရွိလွ်င္လည္း ဤအျဖစ္ကို ခြင့္လႊတ္မည္ ဟူ၍ပင္ ယုံမိသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ဆရာၿငိမ္းသည္ ေလာကဓံ၏ အေခ်ာက္အခ်ားကို တသက္ပန္လုံး ႀကံ့ႀကံ့ခံ၍ သြားႏိုင္သူ ျဖစ္ေသာေၾကာင့္ ပါေပတည္း။

ဆရာၿငိမ္း ေရးဆြဲထားသည့္ ပန္းခ်ီကားကို ျမင္ဖူးသူတို႔က ဆရာၿငိမ္းကို ပန္းခ်ီဆရာပဲဟု ဆိုသည္။ ဆရာ့ပန္းပုလက္ရာကို ျမင္ဖူးသူတို႔က ပန္းပုတြင္ တကယ္ေတာ္သူဟု ေျပာသည္။

ဆရာၿငိမ္းသီခ်င္းေတြကို ႀကိဳက္ၾကသူတို႔က ဆရာၿငိမ္းသည္ သီခ်င္းေရး အေကာင္းဆုံး စာေရးဆရာဟု ဆိုသည္။

ၿမိဳ႕မဝိုင္းေတာ္သားမ်ားကမူ ဆရာသည္ သူတို႔အတြက္ သီခ်င္းႏွင့္အတူ တီးကြက္ကိုပါ ယူလာ၍ သီခ်င္းေရာ တီးကြက္ပါ ေဖာ္သူ (Composer)ပါဟု ဆိုမည္။ ထို႔ျပင္ ဘယ္သဴက ဘာတီး၊ ဘယ္သဴက ဘာကို ဘယ္အခ်ိန္မွာ ဘယ္လိုဝင္၍ မႈတ္၊

ဘယ္အခ်ိန္တြင္ ရပ္ဟု တီးကြက္မ်ား ခြဲျခားေပးၿပီး တီးဝိုင္းက အသံဖြဲ႕စည္း စီမံခန႔္ခြဲေပးသူ (Arranger) ႏွင့္ ဝိုင္းထိန္းသူ (Conductor) ပါဟုလည္း ဆိုၾကလိမ့္မည္။

သို႔ေသာ္ ဆရာၿငိ္မ္းႏွင့္ အနီးစပ္ဆုံး အခင္မင္ အရင္းအႏွီးဆုံး ေသတပန္ သက္ဆုံး လက္ပြန္းတတီး အရွိဆုံး ဆရာၿငိမ္းကို အသိဆုံး ခ်စ္မိတ္ေဆြ ဦးသန႔္ကမူ ဆရာၿငိမ္းသည္ ပန္းခ်ီဆရာလည္း မဟုတ္၊ ပန္းပုဆရာလည္း မဟုတ္၊ သီခ်င္းေရးဆရာလည္း မဟုတ္ပါ။

ဤအလုပ္ေတြမွာ ဆရာၿငိမ္းက အျမင္မေတာ္ေသာေၾကာင့္ ၾကည့္မေနႏိုင္၍ လုပ္ၾကည့္ျခင္၊ လုပ္မည့္သူမရွိ၍ လုပ္ရျခင္း၊ အအားမေနတတ္၍ လုပ္ၾကည့္ျခင္းသာ ျဖစ္ပါသည္။ သူ ျဖစ္ခ်င္သည္မွာ ဘာမွန္းမသိပါ။

ဆရာၿငိမ္းသည္ အသိခက္လွသူ ျဖစ္သည္။ သူ႔ကိုၾကည့္ရသည္မွာ အဘိဓမၼာဆရာႏွင့္ တူပါသည္။ သူသည္ အလြန္ေလးနက္သည့္ အဘိဓမၼာတရပ္ကို ေဖြရွာေနသူသာ ျဖစ္ပါသည္ဟု ေျပာပါသည္။

ဆရာၿငိမ္းသည္ သီခ်င္းတပုဒ္ကို ေရးစပ္ေပးမည့္သူမရွိ၍၊ သို႔မဟုတ္ သူ႔ကို သူမ္ားက ပူဆာ ေတာင္းဆို၍ ေရးစပ္ေပးျခင္းျဖစ္ေသာ္လည္း သူက ထိုအလုပ္ကို သူ႔အလုပ္ဟု ထင္သူမဟုတ္ေပ၊

ေရးစပ္ေပးၿပီးသည့္ သူ႔သီခ်င္း မယ္ေတာ့ ေမာင္ေတာ့မ်ားအတြက္ သူက ရွက္၍ ေနေလသည္။ ထို႔ေၾကာင့္ သီခ်င္းစပ္ခိုင္းသူအား သူ႔သီခ်င္းကို ေပးအပ္သည့္အခါ မ်က္ႏွာမထားတတ္၍ သူက အရက္ေသာက္ ရဲေဆးတင္ၿပီးမွ သြားအပ္ရသည္။

ရဲေဆးတင္လာပါလ်က္ႏွင့္ပင္ မ်က္ႏွာခ်င္းဆိုင္ၿပီး တဘက္သား၏မ်က္ႏွာကို ေစ့ေစ့ၾကည့္၍ ေပးဝံ့ေသးသည္မဟုတ္၊ သူေရးစပ္လာသည့္သီခ်င္း အပ္စဥ္ ဆရာသည္ သူ႔မ်က္ႏွာကို တဘက္သို႔ လႊဲထားလ်က္ကပင္ ေခါင္းငုံ႔ႀကီးႏွင့္ သီခ်င္းကို ထိုးအပ္သည္။ အပ္သည့္အခါ သူ႔သီခ်င္းကို သူ႔က ဆိုျပဝံ့သူလည္း မဟုတ္ေပ။

ဆိုတတ္သူတဦးေခၚ၍ ဆိုစမ္းဟု ခိုင္းလ်က္ သူက အလိုက္ကို မႈတ္စရာႏွင့္ျဖစ္ေစ၊ တီးစရာႏွင့္ျဖစ္ေစ တီးမႈတ္၍ အသံျပေပးသြားသူ ျဖစ္ေလသည္။

ဆရာၿငိ္မ္းက သီခ်င္းတပုဒ္ကိုေရး၍သာ ေရးေပးခဲ့သည္၊ သူလုပ္ခ်င္သည္က ဤအလုပ္မဟုတ္၊ မလႊဲမကင္းသာ၍ အျမင္မေတာ္၍ ဝင္ေရးေပးျခင္းမ်ိဳး ျဖစ္ေသာေၾကာင့္

ထိုသီခ်င္းအတြက္ သီခ်င္းေရးခ ရေရးဆိုေသာ ျပႆနာမွာ ဆရာၿငိမ္းအဖို႔ အလြန္က်ဲသည့္ ကိစၥ ျဖစ္ေပသည္။ ဆရာ့သီခ်င္း အမ်ားစုသည္ ေရးခ တျပားတခ်ပ္မွမရဘဲ ေရးေပးရသည့္ သီခ်င္းေတြ ျဖစ္ေလသည္။ ။

ၾကယ္တစ္ပြင့္ကို ေမြးဖြားျခင္း

ေက်ာင္းသားအ႐ြယ္ ေက်ာင္းသားဘဝသို႔ ေရာက္ေသာအခါ ၿမိဳ႕မၿငိမ္းႏွင့္ သူ႔ဖခင္တို႔ ျပန္ဆုံေတြ႕ၾက ၿပီး၊ ဖခင္ျဖစ္သူက သူငယ္ခ်င္းျဖစ္သူ ဦးဘသက္(ခံစားမႈအႏုပညာရွင္ ပန္းခ်ီ ဆရာႀကီး ဦးဘသက္) ထံ သူဝါသနာ ပါေသ

ာ ပညာရပၼ္ား ဆည္းပူးသင္ၾကား ေပးရန္ အပ္ႏွံေပးခဲ့သည္။ ထိုစဥ္က ဆရာၿငိမ္း အသက္ ၁၄ ႏွစ္သားသာ ရွိေသးသည္။ ဆရာၿငိမ္းသည္ ငယ္စဥ္ ကပင္ ဝါသနာ၊ ဝီရိယႏွင့္ ဇြဲလုံ႔လ အလြန္ႀကီးသည္။

သိပ္သိပ္ကုပ္ကုပ္ ေနလင့္ကစား၊ စူးစိုက္အျမင္က်ယ္မႈ အားေကာင္းသည္။ ဆရာဦးဘသက္ သာမက ထိုအိမ္သိဳ့ ဝင္ထြက္သြားလာသူ မ္ားက ၿမိဳ႕မၿငိမ္း၏ ဂုဏ္ရည္ႏွင့္ စိတ္ အားထက္သန္မႈကို မ္ားျစာ ႏွစ္ၿခိဳက္ ခဲ့ၾကသည္။

ထို႔ေၾကာင့္ သူတို႔ တတ္ ေသာ ပညာမ္ားကို စိတ္ရွည္လက္ရွည္ သင္ၾကားျပသေပးခဲ့ၾကသည္။ သို႔ျဖစ္၍ ၅ ႏွစ္ခန႔္ၾကာေသာအခါ ပန္းခ်ီ၊ ပန္းပု ႏွင့္ မယ္ဒလင္၊ ဘင္ဂ်ိဳ၊ ဗ်က္ေစာင္း ပညာမ္ားကို သင္ၾကားတတ္ေျမာက္ခဲ့ သည္။

ျပဳစုပ်ိဳးေထာင္ေပးလိုက္ ေသာ ဆရာၿမိဳ႕မၿငိမ္း၏ လက္ဦးဆရာ မ္ားမြာ လက္ရင္းဆရာႀကီး ဦးဘသက္၊ မင္းႀကီးဦးဆက္ ဆိုသူ၏ ညီ ဦးခ်က္၊ ဦးလင္းႏွင့္ ေစာင္း ဦးေမာင္ေမာင္လတ္ (အာဠဝီ) တို႔ျဖစ္ၾကပါသည္။

ထပ္ဆင့္၍ ႐ြာစားစိန္ေဗဒါႀကီးႏွင့္ စိန္ေဗဒါအိမ္သို႔ ဝင္ထြက္သြားလာေနေသာ ဆရာ ေဒဝ ဣႏၵာဦးေမာင္ေမာင္ႀကီးတို႔ထံမွလည္း ျမန္မာ့ေစာင္းပညာကို သင္ၾကားတတ္ ေျမာက္ခဲ့ပါသည္။

ၿမိဳ႕မၿငိမ္းသည္ အသက္ ၂ဝ အ႐ြယ္တြင္ အိမ္ေထာင္က်ခဲ့သည္။ သူ႔ ဇနီးအမည္မွာ ေဒၚသန္းေမျဖစ္ၿပီး၊ ယခင္ ေနာ္မန္ေက်ာင္း (ယခု-အထက ၄) ေက်ာင္းသူဘဝက ေက်ာင္းကပြဲတစ္ခု တြင္ သီခ်င္းတစ္ပုဒ္ ဆိုခဲ့ပါသည္။

သီခ်င္းအမည္မွာ စိန္ေၾကာင္နီလာ ျဖစ္ၿပီး၊ တီးခတ္ေပးသူေတြထဲမွာ ဆရာ ၿငိမ္းပါသည္ဟု ထိုစဥ္က မပြင့္တပြင့္ ေျပာဖူးပါသည္။

ေဒၚသန္းေမက နင္တို႔ ေအဖ တစ္ခါ တစ္ခါ ေဝ့လည္ေၾကာင္ ပတ္လုပ္တယ္ ဟု ေျပာေသာအခါ၊ သားသမီးမ္ားက လုပ္မွာေပါ့ ေအမတို႔ က စိန္ေၾကာင္နီလာ နဲ႔ စခဲ့ၾကတာ ကိုး၊ ခ္စ္သမြ္ကို နဲ႔မြ မစခဲ့ၾကပဲ ဟူ၍ ျပန္လည္က်ီစယ္တတ္ပါသည္။

ၿမိဳ႕မၿငိမ္းတို႔မိသားစုသည္ ဤသို႔ တစ္ဦး ႏွင့္ တစ္ဦး ခ်စ္ခ်စ္ခင္ခင္၊ ေနာက္ ေျပာင္က်ီစယ္တတ္ခဲ့ၾကပါသည္။ ဤသို႔ ျဖင့္ ဆရာၿငိမ္း ဂီတၾကယ္တစ္ပြင့္ ေမြးဖြားခဲ့၍၊ ငယ္စဥ္ဘဝကို ျဖတ္သန္းခဲ့ၿပီး ၁၉၂၅ ခုႏွစ္တြင္ ၿမိဳ႕မတူရိယာအသင္း ႀကီးကို စတင္ဖြဲ႕စည္းခဲ့ပါသည္။

သေင္ၠတတို႔ စတင္ျမစ္ဖ်ားခံျခင္း

ေၾကး၊ ႀကိဳး၊ သားေရ၊ ေလ၊ လက္ခုပ္ဟူ၍ ျမန္မာ့တူရိယာတြင္ အမ်ိဳး အစားမ္ား ခြဲျခားထားပါသည္။ ျမန္မာ့ တို႔အေခၚအေဝၚအရ ပၪၥင္ငါးပါးဟု ေခၚဆို ခဲ့သည္။ ထိုတူရိယာမ္ားကို တစ္ခုခ်င္း ကို ၿငိမ့္ေညာင္းေစရန္ တီးမႈတ္ႏိုင္စြမ္း ရွိေသာ္လည္း၊

စုေပါင္း၍ တီးမႈတ္ေသာ အခါ၊ ပိုမိုသာယာၿငိမ့္ေညာင္းမႈရွိသည္ ဟု ဂီတက်မ္းမ်ားတြင္ အဆိုရွိခဲ့ပါသည္။ ဤတြင္ ျမန္မာ့တူရိယာမ်ား တီးမႈတ္ သီဆိုမႈသည္ အသံခြဲျခားမႈစနစ္မရွိ၊ တူရိယာမ္ားကို တစ္ၿပိဳင္တည္း တီးမႈတ္ သီဆိုေလ့ရွိသည္ဟု ထင္ျမင္ယူဆဖြယ္ ျဖစ္လာပါသည္။

တကယ္တမ္း ျမန္မာ့တူရိ ယာတီးဝိုင္းတစ္ခုကို ေလ့လာၾကည့္မည္ ဆိုပါက ႀကိဳး၊ ဘြဲ႕၊ သီခ်င္းခန႔္၊ ပတ္ပ်ိဳး၊ ယိုးဒယားစသည္တို႔ကို တီးမႈတ္ရာတြင္ ဦးေဆာင္တီးမႈတ္တူရိယာႏွင့္ အရံ တူရိယာပစၥည္းမ်ားသည္ ေတး၏ သက္ ဆိုင္ရာအပိုဒ္မ်ားအလိုက္၊

တီးမႈတ္သီဆို မႈစနစ္ခြဲ၍ တီးမႈတ္သြားၾကသည္။ တူရိယာမ္ားကို တစ္ၿပိဳင္တည္း တီးမႈတ္ ေနသည္ဟု ထင္သည့္တိုင္ ေသခ်ာစြာ နားဆင္ၾကည့္ပါက အသံ (Voice) အနိမ့္အျမင့္၊ အတိုအရွည္တို႔ကို ဦးစား ေပး တီးမႈတ္ေနၾကေၾကာင္း သိႏိုင္သည္။

သို႔ျဖစ္၍ ျမန္မာ့ဂီတသည္ လက္ဦး နဂို ကတည္းက အဆင့္အတန္းရွိခဲ့သည္။ ေၾကး၊ ႀကိဳး၊ သားေရ၊ ေလ၊ လက္ခုပ္ ဆိုၿပီး တူရိယာစုံလင္စြာရွိခဲ့သည္။ နရီ၊ စည္းဝါးမ်ားႏွင့္အတူ သံနိမ့္သံျမင့္၊

အတို အရွည္တီးမႈတ္သီဆိုမႈစနစ္မ်ား အထူး ဦးစားေပးထားရွိခဲ့သည္ဟု ျမန္မာ့ဂီတ ပညာရွင္မ်ား၏ အဆိုအမိန႔္မ်ားက သက္ေသခံခဲ့ေပသည္။

ဆရာၿမိဳ႕မၿငိမ္းသည္ ဤသို႔ ေသာ ျမန္မာ့ဂီတ၏ ပင္ကိုယ္မူလ၊ ယဥ္ေက်းမႈ အေမြအႏွစ္မ်ားကို အေျခခံ ၍ ေခတ္ေပၚတူရိယာမ်ား၊ ထိုတူရိယာ မ္ားကို တီးမႈတ္သီဆိုမႈစနစ္ျဖစ္ေသာ

သေင္ၠတစနစ္ကို ငယ္စဥ္ကပင္ အထူး လိုကၥားခဲ့သူ လမ္းျပေရွ႕ေဆာင္တစ္ဦး ျဖစ္သည္။ သူႏွင့္အတူ လိုက္စားေနသူ (သို႔မဟုတ္) ေရွ႕ေဆာင္လမ္းျပခဲ့သူတစ္ဦး မြာ နာမည္ႀကီး ဒါးတန္းဦးသန႔္ ျဖစ္ပါ သည္။

ဦးသန႔္တြင္ ကိုယ္ပိုင္စႏၵရား ရွိသည္။ အေကာ္ဒီယံႏွင့္ အေနာက္တိုင္း သေင္ၠတစာအုပ္မ်ားစြာ ရွိပါသည္။ ႏွစ္ဦး စလုံးႀကီးမားေသာ ရည္႐ြယ္ခ်က္ရွိသူမ်ား

ပီပီ ကမ္ဘာသုံးသေင္ၠတစနစ္ စသည္မ်ား ႏွင့္ ျမန္မာ့သံစဥ္၊ ျမန္မာ့ေတးသြား၊ ျမန္မာ့သီခ်င္းႀကီး၊ သီခ်င္းခန႔္မ်ား တီးမႈတ္လိုသူမ်ားျဖစ္ခဲ့သည္။

ထို႔ေၾကာင့္ သူတို႔၏ ရည္မွန္း ခ်က္မ်ား အေကာင္အထည္ေဖာ္ရန္ ၁၉၂၈ ခုႏွစ္တြင္ တိုးခ်ဲ႕ဖြဲ႕စည္းခဲ့ေသာ ၿမိဳ႕မတူရိယာအသင္းႀကီးတြင္ အသင္း၏ ဥပေဒစည္းမ်ဥ္း (၃)၊ ရည္႐ြယ္ခ်က္ အပိုျဒၡဲ (က) (ခ) (ဂ) ႏွင့္ (င) တို႔ တြင္ ေအာက္ပါအတိုင္း ေတြ႕ရွိႏိုင္ပါ သည္။

ၿမိဳ႕မတူရိယာဥပေဒစည္းမ်ဥ္း (၃)၊ ရည္႐ြယ္ခ်က္အပိုဒ္ခြဲတြင္ (က) ျမန္မာ့သီခ်င္းႀကီးမ်ား ဆည္းပူးျပန႔္ပြား ေရး (မဟာဂီတဆည္းပူးေရး)၊ (ခ) ကမ္ဘာသုံးတူရိယာမ်ား သင္ၾကားတတ္ ေျမာက္ေရး၊

(ဂ) ျမဴးဇစ္ႏုတ္ ( music note) အမွတ္အသားျဖင့္ ေရးသား ေသာ တူရိယာပညာကို ေလ့လာရန္ (သေင္ၠတဖတ္ျခင္း၊ ေရးျခင္းအပါ အဝင္)၊ (င) ေရွးျမန္မာသီခ်င္းႀကီးမ်ား ကို ကြၽမ္းက်င္သူမ်ားႏွင့္ ညႇိႏႈိင္း၍ ကမ္ဘာသုံးျမဴးဇစ္ႏုတ္ပညာျဖင့္ ကူး ေျပာင္းေလ့လာရန္ဟူ၍ ပါရွိသည္။

သူတု႔ိ၏ လက္ေတြ႕ရည္မွန္း ခ်က္ စမ္းသပ္မႈအျဖစ္ ၁၉၃ဝ ခုႏွစ္ ခန႔္က ေတာၿမိဳင္ေျခလမ္း ယိုးဒယား သီခ်င္းတစ္ပုဒ္ကို ပထမဦးဆုံး ျမဴးဇစ္ ႏုတ္သေင္ၠတျပဳ၍ စတင္စမ္းသပ္ တီးမႈတ္ခဲ့ၾကၿပီး၊

ဒုတိယသီခ်င္းမွာ စံရာ ေတာင္ကြၽန္း ျဖစ္၍၊ ၁၉၂၅ ခုႏွစ္က ယဥ္ေက်းမႈဝန္ႀကီး ဦးထြန္းေဖ၊ ေ႐ႊျပည္ ဆရာႀကီးဦးဘတင္ (သမိုင္း)၊ ဆရာ ဘေကလး (မန္းပန္တ်ာပတၱလား၊ စႏၵရားနည္းျပဆရာႀကီး) တို႔အား

ျမန္မာ သီခ်င္းႀကီး၊ သီခ်င္းခန႔္မ်ားကို သေင္ၠတ ျပဳ၍ ရႏိုင္၊ မရႏိုင္ကိစၥႏွင့္ ပတ္သက္၍ နမူနာတီးျပခဲ့ၾကပါသည္။

၁၉၅၃-၅၄ ခုႏွစ္တြင္ ဆရာၿမိဳ႕မၿငိမ္းသည္ ပႏၲ္ာ မူမွန္ျပဳေရးသေင္ၠတ တင္မွတ္ေရး အႀကံေပးအဖြဲ႕တြင္ ပါဝင္ခဲ့သူလည္း ျဖစ္ပါသည္။ၿမိဳ႕မၿငိမ္း၏ ကသစ္ပန္း သီခ်င္းကို အေကာ္ဒီယံေမာင္သန႔္၊ ဒါးတန္းဦးသန႔္ ဦးစီးေသာ တီးဝိုင္းျဖင့္ ဓာတ္ျပားသြင္းခဲ့ပါသည္။

ထိုထဲမွာ ဝန္ႀကီး ေပဒသရာဇာ၏ ပုဇင္းေတာင္ သံႀကိဳး သီခ်င္းမွ ဆရာႀကီးၿငိမ္း မြီးယူ အသုံးျပဳခဲ့ေသာ အုံ႔ကာေလ တၿဖဲၿဖဲ၊ ႐ြာေလတသဲသဲ ဟူေသာ အပိုဒၠိဳ ဒါးတန္းဦးသန႔္က

အေနာက္တိုင္း တူရိယာ အေကာ္ဒီယံ (Accordian) ျဖင့္ ဘယ္ႏွင့္ညာကို ျမန္မာအတြဲအဖက္၊ ျမန္မာမႈ ျမန္မာ့ဟန္အႏွစ္သာရမပ်က္ ေစဘဲ ေကာ့ဒ္ (chord) မ်ားျဖင့္ တီး ခတ္ခဲ့သည္။

ထိုအပိုဒ္ငယ္ (4 bars) ၄ စည္းမ်ားရွိသည္ကိုပင္ စည္းရွိန္ျမႇင့္ ကာ (8 bars) မြ္ ဆန႔္ထုတ္၍ မူလ ပင္ကိုယ္ ျမန္မာ့ဟန္မွ အေျခခံေတး ၾသားအယူအဆကို မ်ိဳးပြားဖန္တီးျခင္း၊ (Variations on Theme) နည္းစနစ္ ျဖင့္

တေယာအစြမ္းျပတီးခတ္ေပးခဲ့ၿပီး ျဖစ္သျဖင့္ ကသစ္ပန္းသီခ်င္းသည္ ဒါးတန္းဦးသန႔္ႏွင့္ ဆရာၿငိမ္းတို႔၏ အေနာက္တိုင္း ဝိုင္းဖြဲ႕စနစ္ႏွင့္ပတ္သက္ ေသာ စမ္းသပ္မႈမွတ္တိုင္ျဖစ္ခဲ့ပါသည္။

သေင္ၠတစနစ္ႏွင့္ပတ္သက္ ၿပီး ဒါးတန္းဦးသန႔္ႏွင့္ ၿမိဳ႕မၿငိမ္းတို႔၏ ဆရာမ္ား၊ နည္းပညာေပးခဲ့သူမ်ားမွာ-မစၥတာရီဂို၊ မစၥတာေဘာ္ဘီ၊ မစၥတာ ေဒးဗစ္ စသူတို႔ျဖစ္ၾကပါသည္။

မစၥတာ ရီဂိုသည္ အယ္ဖင္စတုန္း ႐ုပ္ရွင္႐ုံ (ေ႐ႊတိုက္) ႐ုံဝင္းအတြင္း ေနထိုင္သူျဖစ္ ၿပီး၊ ဘုရားရွိခိုးေက်ာင္းႏွင့္ ႐ုပ္ရွင္႐ုံတြင္ စႏၵရားတီးသည္။ (ရီဂိုဗင္) ဟူေသာ တီးဝိုင္း Band ႏွင့္ ဂီတသင္တန္းဖြင့္ ထားသူျဖစ္ပါသည္။

မစၥတာေဘာ္ဘီမွာ ထရမ္းပက္သမားတစ္ဦးျဖစ္၍၊ တူရိယာ ပစၥည္းမ်ိဳးစုံႏွင့္ ဂီတႏွင့္သက္ဆိုင္ေသာ စာအုပ္စာတမ္းမ်ား ေရာင္းေသာဆိုင္ ဖြင့္ ထားသည္။ မစၥတာေဒးဗစ္မွာ မႏၲေလး နန္းတြင္း စစ္ဘင္ခရာတီးဝိုင္းမွ တီးဝိုင္း ေခါင္းေဆာင္အျဖစ္ မွတ္တမ္းတြင္ ေတြ႕ရွိရပါသည္။

၁၉၃ဝ ခုႏွစ္တစ္ဝိုက္က မႏၲေလးၿမိဳ႕ဟိုတယ္ ေပ်ာ္ပြဲစား႐ုံႏွင့္ ကၿပဲ ခန္းေလးမ်ားတြင္ မစၥတာရီဂိုက လာ ေခၚတတ္၍ ၿမိဳ႕မၿငိမ္း၊ ဒါးတန္းဦးသန႔္တို႔ လိုက္ပါ တီးမႈတ္ခဲ့ဖူးပါသည္။

ထိုစဥ္က ဆရာၿငိမ္းမွာ ဆိုက္ဆိုဖုန္းႏွင့္ ကလာရီ နက္ တူရိယာႏွစ္မ်ိဳးကို သေင္ၠတဖတ္ စနစ္ျဖင့္ တီးမႈတ္ခဲ့ပါသည္။ ဤသို႔ျဖင့္ သီခ်င္း မ်ားစြာတြင္ တူရိယာပစၥည္းမ်ိဳး စုံကို သေင္ၠတစနစ္ႏွင့္ ဝိုင္းဖြဲ႕တီးမႈအ ေတြ႕ အႀကဳံမ်ား တစတစ ရွာေဖြတီးခတ္ ခဲ့ရင္း၊

ျမန္မာ့သေင္ၠတမွတ္တိုင္ ဆရာ တို႔ စိုက္ထူခဲ့ၾကသည္ဟုဆိုလွ်င္ မြားအ့ံ မထင္မိပါေခ်။

စစၼ်ဖစၼီကာလက ၿမိဳ႕မ တူရိယာအသင္း၏ သေင္ၠတသမားမ်ား ဟု ဆိုႏိုင္ၾကသူမ်ားမွာ ဒါးတန္းဦးသန႔္၊ ၿမိဳ႕မၿငိမ္း၊ ဦးေအးေက်ာ္ (မန္းပန္တ်ာ ပန္းခ်ီနည္းျပေဟာင္း)၊ ဦးသိန္းေမာင္ (စေမာသိန္းေမာင္)၊ ခ်ိဳႀကီး(ေဂၚခ်ိဳ)၊ တို႔ျဖစ္ၾကပါသည္။

၁၉၃၅ မြ ၁၉၃၈ အတြင္း ေခတ္ေပၚတူရိယာမ်ား၊ သေင္ၠ တစနစ္ႏွင့္ ဓာတ္ျပားသြင္းယူခဲ့ေသာ ဆရာ ၿမိဳ႕မၿငိမ္း၏ သီခ်င္းမ်ားမွာ ခ္စၱာ ပဓာန၊ ခင့္အိပ္မက္၊ ရႈမဝ၊ အလွၿပိဳင္ပြဲ၊ နန္းေတာ္ေရွ႕ဆရာတင္၏

ဧရာဝတီ၊ ေအာင္ပင္လယ္၊ ထို႔ေနာက္ ၿမိဳ႕မၿငိမ္း၏ မန္ဒါလီ၊ ႏွစ္ပိႆခြဲ၊ ပ်ိဳး၊ ကသစ္ပန္း စသည့္ သီခ်င္းမ်ား ဓာတ္ျပားသြင္းယူ ခဲ့ရာ ေအာင္ျမင္မႈမ်ားစြာရရွိခဲ့ပါသည္။

ၿမိဳ႕မၿငိမ္း၊ ဒါးတန္းဦးသန႔္ႏွင့္ ၿမိဳ႕မအသင္း တို႔၏ အေနာက္တိုင္းတူရိယာမ်ားကို တီးမႈတ္အသုံးျပဳႏိုင္ျခင္း၊ သေင္ၠတစနစ္ ျဖင့္ ဝိုင္းဖြဲ႕တီးမႈတ္ႏိုင္ခဲ့ျခင္းတု႔ိ၏ ေအာင္ျမင္မႈသမိုင္းမွတ္တိုင္မ်ားျဖစ္ခဲ့ပါ သည္။

ဆရာ့အေတြး ႏွင့္ ဆရာ့အေရး

ဆရာၿငိမ္းသည္ ေရာင့္ရဲျခင္း၊ ႏွစ္သိမ့္ျခင္း၊ သစၥာရွိျခင္း ေစသာ ဂုဏ္ထူးဝိေသသမ်ားႏွင့္ ျပည့္စုံေနေပ သည္။ ေရာင့္ရဲျခင္းဆိုရာတြင္ ၿမိဳ႕မၿငိမ္း သည္ ရသမွ်ႏွင့္ ေက်နပ္ႏွစ္သိမ့္တတ္ ၿပီး၊ မရွိလွ်င္ မ႐ြိသလို ေနတတ္သည္။

ဘဝမုန္တိုင္းအလယ္တြင္ ျမဳပ္ခ်ည္ တစ္လွည့္၊ ေပၚခ်ည္တစ္မ်ိဳး ေရစာ တိုၾကၸဲ၌ အလူးအလဲခံရသည္က တစ္ဖုံ၊ ေဒါင္က်လိုက္ ျပားက်လိုက္ႏွင့္ ေနခဲ့ရ သည့္တိုင္ ဆရာသည္ ၿငီးညဴျခင္း၊ ေတြေဝျခင္း၊ အရံႈးေပးျခင္း လုံးဝ မ႐ြိ ခဲ့ေပ။

နဂိုအေနအထိုင္ကိုက က်စ္လ်စ္ သူျဖစ္ၿပီး၊ ဝတ္စားဆင္ယင္မႈမွာလည္း ေလာ္လီပလႊားျခင္း မ႐ြိ၊ ဆင္းရဲ၍ မြဲျပာ က်ေသာ အခါမွာလည္း မဲျပာပုဆိုး၊ ေဖာေဖာသီသီႏွင့္ ေငြကေလး ေၾကး ေကလး ႐ႊင္လွ်င္လည္း မဲျပာပုဆိုး၊

႐ိုး႐ိုးေလးႏွင့္ ေက်နပ္ေနသူမွာ ဆရာ ပင္ျဖစ္ပါသည္။ နိမ့္ခ်ည္၊ ျမင့္ခ်ည္ ေလာကဓံတရားထဲတြင္ မရွိလွ်င္ေပ်ာ္ ေပ်ာ္၊ ရွိေပ်ာ္ေပ်ာ္ေနတတ္ခဲ့သူျဖစ္သည္။ ဆရာ့အား ေပ်ာ္ေပ်ာ္ေနတတ္သူျဖစ္ တိုင္း၊ ေအပ္ာ္အပါး၌ အေလလိုက္ ခုံမင္ ေနတတ္သူဟုထင္လွ်င္ မွားပါလိမ့္မည္။

ဆရာၿငိမ္းသည္ သူ႔ဘဝတစ္ေလွ်ာက္ ပ်ိဳ႕ကဗ်ာ၊ လကၤာရတုစာေပမႈ၌သာ ႏွစ္ျမဳပ္ထားလ်က္၊ စာေပဂီတအႏုပညာ ထဲတြင္ အၿမဲတမ္း ေမြ႕ေလ်ာ္ေနသူျဖစ္ ပါသည္။

အိမ္ေထာင္ဖက္အေပၚမွာ သစၥာရွိပုံမ်ားလည္း သူမတူေအာင္ ထူးျခားၿပီး၊ သူ႔ဘဝ မေျဖာင့္ျဖဴး သေလာက္ သူ႔အိမ္ေထာင္ေရးသည္ သာယာပါဘိေတာင္း။ အႏုပညာသမား ပီပီ ေလာကကို အႏုပညာမ်က္စိျဖင့္ သာၾကည့္လ်က္၊ အႏုပညာစိတ္ျဖင့္သာ ျမင္တတ္သူျဖစ္သည္။

အႏုအယဥ္ အေခ်ာအလွမြစ၍ အက်ည္းတန္ဆုံး အရာအားလုံးကိုပင္ အႏုပညာရႈေထာင့္ မြ ရႈျမင္ခံစားသူျဖစ္သည္။ ေဒဝဣႏၵာ ဦးေမာင္ႀကီးထံ ေစာင္းပညာျဖင့္ ဇမၺဴ ကြၽန္းလုံး တစ္ပုဒ္လုံးကို အဆိုႏွင့္ တီးကြက္အပါအဝင္ ေန႔ခ်င္းၿပီး သင္ယူ တတ္ေျမာက္သြားေသာအခါ၊

ဆရာႀကီး က ေမာင္လိုလူ ဇမၺဴမွာ ရွားပါေပ သည္ ဟု ေက်ာသပ္ကာ ခ်ီးက်ဴးခဲ့ရ သည္။

ဆရာသည္ ပညာမာနလုံးဝ မထားတတ္ဘဲ၊ မျဖစ္လွ်င္ မေနဆိုသည့္ ဇြဲႏွင့္ အရံႈးမေပးလိုေသာ မာနသာ ႐ြိပါ သည္။

သူ႔ကို ေတြ႕ဆုံေပါင္းသင္းခဲ့ဖူးသူ တိုင္း ခ်စ္ခင္ေလးစားၾကည္ညိဳၾကသည္။ လူ႔ဘဝသက္တမ္းတိုတိုေလးထဲတြင္ တဒဂၤဟန္ပန္ကိုျဖစ္ေစ၊ ေပ်ာ္႐ႊင္ျမဴး တူးဖြယ္ျဖစ္ေအာင္ ဖန္တီးႏိုင္ခဲ့ေသာ ဆရာၿငိမ္းလိုလူမ်ိဳးမွာ ႐ြာမြ ႐ြားလြပါ သည္။

ၿပီး ဆရာၿငိမ္းသည္ ဂုဏ္ေတြ၊ ပါဝါေတြမရွိ၊ ပကတိအ႐ြိ အရွိအတိုင္း ေနထိုင္တတ္သည္။

သီခ်င္းေရးသည့္ အခါ ေဘးက လူရွိေနသည့္တိုင္ ရွိမွန္း မသိ၊ တေယာကေလးစမ္းတီးလိုက္၊ စာေရးလိုက္၊ ေဆးလိပ္တိုကို ေကာက္ ဖြာလိုက္၊ ခြက္ထဲျပန္ခ်လိုက္ႏွင့္ တစ္ခါ တစ္ရံ မီးမရွိေသာ ေဆးလိပ္တိုကိုပင္ ျပန္ဖြာၿပီးမွ ျပန္ခ်ခ်င္ ခ်ေနတတ္ပါ သည္။

ဆရာ၏ မ်က္ႏွာကမူ သီခ်င္း ေရးေသာစာ႐ြက္ေပၚ၌ သူခ်ေရးလိုက္ ေသာ စာလုံးမ်ား၊ လက္မွ တီးေနေသာ သံစဥ္မ်ား၌သာ စိတ္ဝင္စားေနတတ္၍၊ တေလာကလုံးကို ေမ့ေနဟန္ တူပါ သည္။

သူ သေဘာမက်သည္မ်ားရွိလွ်င္ မည္သူ႔ကိုမွ် စကားမေျပာ၊ ဆိတ္ ဆိတ္ ေနတတ္ပါသည္။ မုတ္ဆိတ္ေမႊး ပါးသိုင္း ေမႊးမ်ားရွည္ေနျခင္းကိုပင္ သတိမျပဳမိ။ ေတြ႕ထိသူတိုင္းကို အၿပဳံးႏွင့္ ႏႈတ္ဆက္ တတ္သည္။

ဟက္ ဟက္ ပက္ ပက္ ေလွာင္ေျပာင္ရယ္ေမာျခင္း ကင္းၿပီး၊ သူ႔ စိတ္ႀကိဳက္ တီးလုံးတိုက္ေနသည့္အခါ (သို႔မဟုတ္) အဆိုရွင္မင္းသမီးျဖစ္သူက ဆရာ့စိတ္ႀကိဳက္ သီဆိုၿပီးစီးသြားေသာ

အခါ ဆရာသည္ သူ၏ ေမးခြၽန္ေလးကို ျပတ္သလို၊ ဆိတ္သလို လုပ္ၿပီး၊ ေဆး လိပၱိဳကိုခဲကာ ၿပဳံးေနတတ္သည္ ဟု ဆရာေ႐ႊနန္းတင္ မွတ္တမ္းျပဳခဲ့ပါသည္။

ထိုေခတ္ ကမ္ဘာစစ္ မီး ျမန္မာျပည္သို႔ ကူးစက္ေလာင္ခဲ့စဥ္၊ စစ္ ေဘးေရွာင္တိမ္းရင္း၊ ဆရာ ေက်ာက္မဲ ဘက္သိဳ့ ေရာက္သြားပါသည္။ သူငယ္ ခ်င္း ဦးဘဟန္ (ကားသင္း ဥကၠ႒) ႏွင့္ ေတြ႕မွ ျပန္ေခၚလာၿပီး

စစ္ကိုင္းဘက္ ကူးသြားၾကျပန္သည္။ ထိုမွတဆင့္ ဂီတ မိတ္ေဆြမ်ား စုစည္းမိကာ (ကမ္ဘာစစ္မီး ေလာင္ရာတြင္ သူ ငါ ခိုကိုးစစ္ကိုင္း ေတာင္႐ိုးမွပင္ ၿမိဳ႕မအသင္းဝင္ ရသမြ္ စုစည္းလို႔ပင္ တီးဆိုေရးမပ်က္၊ အား ေဆးတစ္ခြက္ အသြင္) ဟူေသာ ၿမိဳ႕မ သမိုင္းသီခ်င္းမ်ား ေပၚထြက္လာခဲ့သည္။

ထိုေခတ္ ၿမိဳ႕မႏွင့္ ေခတ္ၿပိဳင္တီးဝိုင္းမွာ မာဃႏွင့္ မဂၤလာ ၫြန႔္အဖြဲ႕တို႔ ေပၚေနၿပီ။ မဟာဂီတ သီခ်င္းႀကီး၊ ပတ္ပ်ိဳး၊ ယိုး ဒယားမ်ားကိုႏွင့္ တြဲဖက္တီးစဥ္က ဆရာဦးကိုေလး၏ ဆရာၿငိမ္းအေပၚ ခ်ီး က်ဴးမႈေလးကို ျပန္လည္ေဖာ္ျပလိုပါ သည္။ မိန႔္ဆိုခဲ့ပုံက ဒီလို . .

ကိုၿငိမ္း၏ ဘင္ဂ်ိဳကိုေတာ့ ကြၽန္ေတာ္ လက္ေလွ်ာ့ရပါသည္။ သူ႔ ဘင္ဂ်ိဳက လက္ခတ္နဲ႔ တီးေပမယ့္၊ စႏၵရားအသံ တြဲဖက္မ်ိဳး ၾထကႅာ သည္။ ကိုၿငိမ္းထံမွ ပပဝင္း ပတ္ပ်ိဳး ႏွင့္ ေတးထပ္တီးဖြဲ႕ပုံကို ကြၽန္ေတာ္ တက္ယူခဲ့ရပါေသးသည္။

ကိုၿငိမ္းသည္ ဂီတအေျခခံဖြဲ႕စည္းမႈ၊ ျဖစ္ေပၚမႈကို တိတိ က်က်သိသူတစ္ေယာက္ျဖစ္သည္။ ဒါကို ကြၽန္ေတာ္ ဉာဏ္မီသေလာက္ ေျပာရ လွ်င္၊ ဂ်ီအီးစီ (GEC)၊ ဒီအက္ဖ္ေအ (DFA)၊

အီးဂ်ီဘီ (EGB)၊ အက္ဖ္ေအစီ (FAC) စသည္တို႔မွာ ၁၆၄၊ ၇၅၃၊ ၆၄၂၊ ၅၃၁ တို႔သည္ ျမန္မာအဖြဲ႕အေန ျဖင့္ တ္ာ၊ ေတ်၊ ေတ်ာတို႔ျဖစ္သည္။

အက်ိဳးတရားရွိလွ်င္ အေၾကာင္းတရား ရွိရမည္ျဖစ္သည့္အတိုင္း အသံအၾကာ ေအဝးနရီ (Duration)၊ အသံ အတိုး အက်ယ္ အင္တီစီတီ (Intensity)၊ အသံအနိမ့္အျမင့္ ပိသ္ (Pith)၊

အမ်ိဳး အစား ၾကာလတီ (Quality) ဟူ၍ ကမ္ဘာ့သီအိုရီတြင္ အဆို႐ြိသလို ျမန္မာ့ ဂီတတြင္လည္း ဤအခ်က္ ၄ ခ်က္ရွိ ၿပီးသားႏွင့္ ကိုက္ညီပါသည္။ သို႔မဟုတ္ ပါက သံပုံးကို တီးေခါက္ေနသည္သို႔ ေတာက္ေလွ်ာက္ ဆူညံ၍ ေနေပမည္။

ဤအခ်က္ ၄ ခ်က္ျဖင့္ ဆိုက္ဆိုဖုန္း၊ ကလာရီနက္၊ ထရမ္းပက္တို႔ျဖင့္ ေတာ ၿမိဳင္ေျခလမ္း ယိုးဒယားသီခ်င္းကို စစ္ႀကိဳေခတ္က သီေပါ႐ုံ (ယခု မစိုးရိမ္ ႐ုံ) ၌ အမ်ိဳးသမီးသားဖြားရန္ပုံေငြ အလႉပြဲတြင္ စမ္းသပ္သီဆိုခဲ့ရာ၊ ျမန္မာ မႈမပ်က္ဘဲ၊

အေနာက္တိုင္းတူရိယာ သေင္ၠတစနစ္ျဖင့္ ပထမဦးဆုံး စမ္းသပ္ သီဆိုခဲ့ေသာ ျမန္မာသီခ်င္းဟု ယူဆ ႏိုင္ပါသည္။

ဤသို႔ျဖင့္ ဆရာၿငိမ္းတို႔ ဂီတ မိတ္ေဆြမ်ားတစ္စု၊ မႏၲေလး ၈၄ လမ္း ႐ြိ ဘီက်င္ေဟာ္တယ္တြင္ အေဖ်ာ္ ယာမကာစုပ္ရင္း၊ အႏုပညာအေၾကာင္း စိတ္ကူးေဆြးေႏြးမႈေလး လုပ္ျဖစ္ခဲ့သည္။

ထိုသို႔ ဆန္းသစ္မႈ၊ တီထြင္မႈ၊ နားဝင္ခ်ိဳမႈ တို႔အတြက္ အမရပူရေမာ္ေတာ္ယာဥ္အသင္း ေရသဘင္တြင္ စတင္တင္ဆက္ ခြင့္ရခဲ့ေလသည္။

ယခုေခတ္လို ရစ္သမ္ (Rhythm)၊ လိဒ္ (lead)၊ ေဘ့စ္ Bass ဂစၱာ Guitar ရစ္သမ္ ဝိုင္းပို႔မႈပစၥည္း စကရကၡ္ာ (Scratcher) ႐ြာကာ Shakerဆိုေသာ အေနာက္တိုင္းသုံးပစၥည္းေတြအစား၊ ထန္းသီးခေလာက္၊

ဘူးသီးေျခာက္၊ သံစည္ပိုင္းျပတ္ကို ႏြားသားေရႏွင့္ က်တ္ၿပီး ဝါးပုေလြအတို၊ ပုေလြရွည္ စုံလင္စြာျဖင့္ ဂီတသမားအစိမ္းသက္ သက္သမားမ္ားကို ဒီအနားက္ ဒီလို မႈတ္၊

ဟိုနားက္ ဒီလိုတီးဆို၍ အေနာက္ တိုင္းတူရိယာဝိုင္းကဲ့သို႔ တူရိယာသံစုံ ထြက္သည့္ေစာင္းေကာက္ ေရသဘင္ေမာ္ ေတာ္ယာဥ္ႀကီးလုပ္ျပ ခဲ့ၾကပါသည္။

လူသားတို႔အက်ိဳးအတြက္ သိပၸံပညာရွင္ မ္ား ဓာတ္ခြဲခန္းထဲတြင္ စမ္းသပ္တီ ထြင္မႈအသစ္မ်ား ေဖာ္ထုတ္ အက်ိဳး ျပဳခဲ့သလို ဆရာၿငိမ္းသည္လည္း ဂီတ ဓာတ္ခြဲခန္းမွ စမ္းသပ္ေတြ႕ရွိမႈမ်ား ျဖစ္ ေသာ၊

အ့ံၾသဖြယ္ေကာင္းေသာ၊ ဂီတ စာလုံးမ်ား၊ ဂီတသံစဥ္သစ္မ်ားကို ဂီတ အႏုပညာကို ခုံမင္ႏွစ္သက္ျမတ္ႏိုးသူ တိုင္းအတြက္ သူတို႔အားလုံး၏ အက်ိဳးငွာ ဦးေဆာင္ေဖာ္ထုတ္ေပးခဲ့သူဆိုလွ်င္လည္း မွားအ့ံမထင္ပါေခ်။

ဤေနရာတြင္ အလကၤာ ေက်ာ္စြာေ႐ႊျပည္ေအးႏွင့္ ဆရာၿငိမ္း ပထမဆုံး ရန္ကုန္ေရာက္စဥ္က အေၾကာင္းျဖစ္ပါသည္။ ရန္ကုန္ ႐ိုးလ္ ကုမၸဏီမွ ကိုလံဘီယာဓာတ္ျပားဌာနသို႔ လူပိန္ပိန္ေသးေသးသြယ္သြယ္ လူ တစ္ ေယာက္ ဆရာေ႐ႊျပည္ေအးတို႔ သီခ်င္း တိုက္ေနစဥ္ ေရာက္လာပါသည္။

ဆရာ က ၿမိဳ႕မၿငိမ္းကို မျမင္ဖူးခဲ့ေပ။ ယခုမြ လူခ်င္းဆုံေတြ႕ၾကၿပီး၊ သူ႔လက္သံကို စတင္ၾကားရ၊ သိခဲ့ရ၍ သီခ်င္းၿပီးဆုံးသြား သည္ႏွင့္ ေ႐ႊျပည္ေအး သိလိုက္ရပါၿပီ။

ဆရာ့အရည္အေသြး၊ ဖြဲ႕ႏြဲ႕ပုံ အသုံးအႏႈန္း၊ အသံသြင္းထားပုံအားလုံးက အရသာခံ၍ မဆုံးေအာင္ ေျပာင္ေျမာက္လွေသာ အရည္အေသြးကို အလကၤာေက်ာ္စြာ ဆရာေ႐ႊျပည္ေအးမွ ခ်ီးက်ဴးခဲ့ပါသည္။

ပထမဓာတ္ျပားတိုက္ႏွင့္ ျပႆနာနည္း နည္းျဖစ္ၿပီး၊ ေအဝမ္း႐ုပ္ရွင္ကုမၸဏီ ဓာတ္ျပားဌာနသို႔ ၫႊန္ၾကား၍ ပို႔လိုက္ ရာမြ ဆရာၿငိမ္း၏ ပညာအရည္အခ်င္း မ္ား၊

ဂုဏ္ပုဒ္မ်ားသည္ တိုင္းျပည္တခြင္ လုံးအႏွံ႔ ယေန႔တိုင္ ထင္လင္းလ်က္ ရွိေနသည္မွာ မ်က္ျမင္ကိုယ္ေတြ႕ပင္ မဟုတ္ပါေလာ ဟု ဆရာေ႐ႊျပည္ေအး မြ ဆက္ေဖာ္ျပခဲ့ပါသည္။

ထိုအခါမွစ၍ ဆရာတို႔ႏွစ္ေယာက္ အခါသင့္တိုင္း ယခု ပန္းဆိုးတန္းရွိ ဝင္းဝင္း႐ုံ (ယခင္ စတား႐ုံ) ႏွင့္ မ်က္ႏွာခ်င္းဆိုင္မွ ထိုအခါ က (ေဂတီ) ေပ်ာ္ပြဲစား႐ုံတြင္ ေတြ႕ဆုံ စားေသာက္ရင္း ဂီတေအရးမ္ား ေဆြး ေႏြးခဲ့ၾကပါသည္။

သို႔ကလို ေဆြးေႏြးၾက ရင္းမွ ဆရာၿငိမ္း၏ အူသည္းႏွလုံးႏွင့္ တူေသာ ဝမ္းတြင္းမွ ၿမိဳသိပ္ထားသည့္ စကားမ္ားကို ဆရာေ႐ႊျပည္ေအး ၾကား ေရသာအခါ အ့ံအားသင့္လ်က္ နား ေထာင္ရင္းမွ သက္ျပင္းခ်ၿပီး ဆရာၿငိမ္း ႏွင့္ ဆရာႀကီးတို႔ အႀကံတူေလျခင္းဆို ၿပီး၊

ႏွစ္ေယာက္သား ထဖက္မိပါေတာ့ သည္။

ထိုအႀကံကား အျခားမဟုတ္။ ကမ္ဘာ့တစ္ခြင္ႏွင့္ ျမန္မာ့ Symphony တီးဝိုင္းႀကီး ထယ္ဝါစြာ ေပၚေပါက္လာ ေရးပင္ျဖစ္ပါသည္။ ထိုသို႔ ေဆြးေႏြးစဥ္ ကပင္ ဆရာၿငိမ္းမွာ ကမ္ဘာသုံးသေင္ၠတ မ္ား ကြၽမ္းက်င္ေနခဲ့ပါၿပီ။

ေနာက္တစ္ဦးမွာ ဆရာၿငိမ္း ႏွင့္ လက္တြဲေဖာ္ ႐ြာစားစိန္တင္ဟန္၏ ဆရာ့အေပၚ သူျမင္သည္ကို ဆရာ့႐ုပ္ပုံ လႊာအား ယခုလို ေရးဖြဲ႕ခဲ့ပါသည္။ ထိုစဥ္က မႏၲေလးၿမိဳ႕ လမ္း ၈ဝ ႏွင့္ ၂၈ လမ္းေထာင့္တြင္ လင္းေရာင္ျခည္ ကဖီးေလး ရွိသည္။

ထိုဆိုင္တြင္ ဦးေလး ၿငိမ္း အၿမဲထိုင္ေနက်ေနရာသည္ ဆိုင္၏ အတြင္းဖက္ ေခ်ာင္က်က်စေနေထာင့္ စားပြဲတြင္ ထိုင္ေလ့ရွိသည္။ အက်ႌ ျဖဴျဖဴ ၾဆၾတၦတႅကၱိဳကို လုံခ်ည္က မန္က်ည္းေစ့ကြက္ႏုပ္၊

ဖိနပၠ ေမာ္လၿမိဳင္ေရွ႕ထိုးဖိနပ္၊ အိတ္ကပ္ထဲမွာ နဂါးေဆးလိပ္ ဆယ္ျပားတန္အေသး သုံးလိပ္ပါသည္။

သုံးေထာင့္ခြၽန္း ေလးေထာင့္အိတ္ကပ္အ႐ြယ္သာသာ စာ႐ြက္အျဖဴေလးတစ္႐ြက္ အိတ္ထဲမွာ ထည့္ထားသည္။ ခဲတံက ေဖာ့ဖ်က္ေနရာ တြင္ ေဖာ့တုံးေသးေသးေလးကို အပ္ခ်ည္ ႀကိဳးႏွင့္ ခ်ည္ထားသည္။

ပါးစပၠ ကြမ္း ဝါးရင္း ၿမဳံ႕ရင္းက၊ ေဝးလံသီေခါင္ေသာ ေနရာတစ္ခုဆီသို႔ ေငးရီေနတတ္သည္။စကားေျပာရင္လည္း ေခ်ာေခ်ာေမြ႕ေမြ႕ ထြက္မလာတတ္ပါ။

အတုံးအတစ္ေတြ ပါလာတတ္သည္။ မွာထားေသာ လက္ ဖက္ရည္ေတြက အေပၚရည္ေလးေတြ တင္းၿပီး ေအးစက္ေနသည္အထိ မ ေသာက္ျဖစ္ေသးသည္က မ်ားသည္။

အမွန္မွာ အေတြးေတြ နက္ရႈိင္းစြာ ေတြး ေနၿပီး၊ သီခ်င္းတစ္ပုဒ္ ၿငီးတြားေနျခင္း ျဖစ္မည္။ ထိုစဥ္က ဦးေလးၿငိမ္းကို အႏု ပညာထဲမြာ နစ္ျမႇဳပ္ထားၿပီး၊ မိသားစု စားဝတ္ေနေရး၊

စီးပြားေရးကို မၾကည့္ဘဲ ေပါ့ေလ်ာ့ပ်က္ကြက္သည္ဟု တခ်ိဳ႕က ေျပာၾကစဥ္၊ ႐ြာစားစိန္တင္ဟန္က ဆရာ ၿငိမ္းဝင္ေငြကိစၥေမးျဖစ္သည္။ က်ဳပ္ ဝင္ေငြကိစၥကို ေမာင္ရင္က ဘာလို႔ သိ ခ်င္ရတာလဲလို႔ ဆရာက ျပန္ေမးသည္။

ဆရာက ဘာမွမေျပာဘဲ ေအးစက္ေန ေသာ လက္ဖက္ရည္ခြက္ကို ဖ္တၠနဲ ယူ၍ ေမာ့ခ်လိုက္သည္။ ၿပီးမွ တစ္ခ်က္ ၿပဳံးလိုက္ၿပီး ေအာက္ပါအတိုင္း ေမး ေတာ့သည္။ေမာင္ရင္၊

အေလာင္းမင္းတရားႀကီး ဦးေအာင္ေဇယ်ဆိုတာ သိတယ္ေနာ္ အေလာင္းမင္းတရားႀကီး မူးျမစ္ကို ဆည္ေတာ္မူစဥ္၊ ဆရာနံႈးေရး ေသာ ေက်ာက္ဘြဲ႕ကုန္းတန္းႀကိဳး လို႔ ဆိုတာ ရလား။ မူးျမစ္ကို ေရာက္ဖူး သလား၊ ဟုတ္ကဲ့ ေရာက္ဖူးပါတယ္ဟု ႐ြာစားက ျပန္ေျဖသည္။

ဆရာက သူ႔ စာ႐ြက္ေပၚတြင္ ေရာက္ဖူးဟု ေရးလိုက္ သည္။ မူးျမစ္ ဘယၠစလဲ သိလား။ မသိပါဘူး။ စာ႐ြက္ေပၚတြင္ မသိဟု ေရးလိုက္ျပန္သည္။ မူးျမစ္အက်ယ္ ဘယ္ေလာက္ရွိသလဲ၊ မသိပါဘူးဆရာ။

အင္း . . . ေမာင္ရင္ မသိ တာေတြ ေတာ္ေတာ္မ်ားေနၿပီ။ မူးျမစ္ မွာ ဘယ္အခါ ေရမ်ားသလဲ၊ ဘယ္အခါ ေရနည္းသလဲသိလား။ မသိပါဟု ႐ြာစား က ေျဖသည္။ Credit