လွန် ခဲ့ သော နှစ် ပေါင်း ၂ ၆၀ ကျော်က တံ ငါ ရွာ လေး တစ် ရွာ (ရန် ကုန် မြို့ သို့ မ ဟုတ် ဒ ဂုံ မြို့)
Unicode
ရန်ကုန်မြို့ တည်ခဲ့ တာဟာ ခုဆိုရင် နှစ်ေ ပါင်း(၂၆၀)​ေကျာ်ရှိခဲ့ပါပြီ။ ရန်ကုန်လို့ ဖြစ်မလာခင်က တံငါရွာလေး တစ် ရွာမျှသာ ..နောက် ဒဂုံမြို့ ။
အလောင်းမင်း တရား ဒဂုံကိုသိမ်းပို က်ချိန်မှာဒဂုံမြို့ဟာ တောထနေပါပြီ။ ခြုံ နွယ်တွေကို ရှင်းလင်းပြီး ရန်ကုန်မြို့ကို တည်ထားခဲ့ပါတယ်။
မေလ ၂ရက် ၁၇၅၅ (သက္ကရာဇ် ၁၁၁၇၊ ကဆုန်လပြည့်ကျော် ရရက် ကြာသပတေးနေ့) မှာ ရန်ကုန်မြို့ကို (၇)ရက်တည်းနဲ့ အပြီးတ ည်ဆော က်ခဲ့ပါတယ်။ (၇)ရက်နဲ့ အပြီးတ ည်ဆောက် ခဲ့ပေမယ့် ဖြစ်ကတတ်ဆန်း လုပ်ခဲ့တာတော့မဟုတ်ပါဘူး။
ကျုံး၊မြောင်း ၊ပြအိုး၊ တံခါး စတဲ့ မြို့အင်္ဂါတွေပါတဲ့ “သစ်မြို့”တစ်ခုပါ။ ရန်အပေါင်း ကုန်စ င်အောင် လုပ်ဆောင် ခဲ့တဲ့မြို့ဖြစ်လို့ “ရန်ကုန်” လို့သမုတ်ခဲ့ပါတယ်။ အဲ့ဒီအချိန်က ရန်ကုန်မြို့သစ်မှာ ရပ်ကွက်(၈)ခု ရှိပြီး လူဦးရေ တစ်သောင်းခန့် နေထိုင်ခဲ့ ကြပါတယ်။
အလောင်းမင်းတရား ရဲ့ ရန်ကုန်မြို့မှာ ဆိပ်ကမ်းနှစ်ခု ရှိပါတယ်။”ဘုရင့်သင်္ဘောဆိပ်”နဲ့ “တရုတ်သင်္ဘောဆိပ်” လို့ ခေါ်ပါတယ်။  ရန်ကုန်ကို သင်္ဘောတွေ ဆိုက်က ပ်ပြီဆိုရင် ပါလာတဲ့ သင်္ဘောသား အရေအ တွက်၊ ကုန်ပစ္စည်း၊လက်နက် စတဲ့စာရင်းကို အတိအကျပေး ရပါတယ်။
သင်္ဘောပေါ် တက်စစ်လို့ စာရင်း မကိုက်ရင် သေချာအရေး ယူမှုပြု လုပ်ပါတယ်။ သင်္ဘောက ချတဲ့ကုန်ပစ္စည်းအတွက် ဆယ်ရာခိုင်နှုန်း အခွန်စည်းကြပ် ပါတယ်။ သင်္ဘောသားတွေအတွက်လည်း လုံခြုံရေးအပြည့်အဝ ယူပေးထားပါတယ်။
ရန်ကုန်မြို့ မီးဘေးအန္တရာယ် အတွက်လည်း အထူးကြပ်မတ်ထားပါသေးတယ်။ မီးဖိုထဲထိဝင် ကြက်မွှေးနဲ့ သေချာ စစ်ဆေးပါတယ်။ မီးလောင်ခဲ့ရင်တော့ ရပ်ကွက်လူကြီးကိုပါ အရေးယူစေပါတယ်။ ၁၈၅၂ မှာ အင်္ဂလိပ်တို့က ဒုတိယအင်္ဂလိ ပ်-မြန်မာစစ်ပွဲဆင်နွှဲပြီး အောက်မြန်မာနိုင်ငံကို သိမ်းပိုက်တာကြောင့် ရန်ကုန်မြို့လည်း ကိုလိုနီနယ်ချဲ့လက်​အောက်ရောက်ခဲ့ရပါတယ်။
ဗြိတိသျှတွေဟာ ရန်ကုန်မြို့ကိုတ ည်ဆောက်ရာမှာ ပန်းခြံထားရှိမယ့် နေရာတွေကိုလည်း အကွက်ရိုက်ပြီး စီစဉ်ထားရှိခဲ့ပါတယ်။ Crdမောင်သွေးချွန်၏ အတုမရှိမော်ကွန်း တက္ကသိုလ်ခင် မောင်ဇော်၏မြို့တော် တစ်ခွင်
Zaw Gyi
ရန်ကုန်မြို့ တည်ခဲ့ တာဟာ ခုဆိုရင် နှစ်ေ ပါင်း(၂၆၀)​ကျော်ရှိခဲ့ပါပြီ။