အထက်လမ်းဆရာနဲ့ ပညာပြိုင်တဲ့ ရွာသူစုန်းမ (ဖြစ်ရပ်မှန်)

Unicode

ဒေါ်ဘုတ်ဆုံကြီးကရွာထဲမှာ စုန်းလိုလို မှော်လိုလို အောက်လမ်းဆရာမ ကြီး။

တံတားကျိုးရွာမှာ နာမည်ကြီး။သူ့ဆို တစ်ရွာလုံးက ကြောက်ကြတယ်။တစ်ခုခုဆို ဒေါ်ဘုတ်ဆုံ ဆီပဲ ပြေးကြတယ်။

ဖြစ်ပုံက ဒီလိုဗျ။ကျနော့်သူငယ်ချင်း အမေက ရွာမှာဆို အရမ်းအချမ်းသာကြီးမဟုတ်ပင်မဲ့ အသင့်အတင့်ရှိတယ်။

တစ်နေ့ သူတို့အိမ်မှာ ဒေါ်ဘုတ်ဆုံက ပိုက်ဆံချေးသွားတယ်။

မပေးချင်ပင်မဲ့လည်း ပညာကိုကြောက်လို့ ပေးလိုက်တာပေါ့။တစ်လကုန်တော့ ကျနော့်သူငယ်ချင်းက အကြွေးသွားတောင်းလိုက်တာ။

ကျနော်က တစ်ဖက်ရွာကို သွားနေလို့ မသိလိုက်ဘူး။

ညနေ ကျနော်ပြန်လာတော့ သူနဲ့ အတူ လဖ္ဘက်ရည်အတူထိုင်သောက်ပြီး သူကငါ ဒေါ်ဘုတ်ဆုံဆီမှာ အကြွေးသွားတောင်းတယ်ကွဟုတ်လား၊ ရရဲ့လား မရပါဘူးကွာ ၊

ငါလည်းစိတ်တိုတာနဲ့ ဆောင့်အောင့်ပြီးပဲ ပြန်လာခဲ့တာ ဘာမှတော့ မပြောခဲ့ပါဘူး ကြောက်လို့ တဲ့ သူပြောပြတယ်။

အဲ့ဒါနဲ့ ကျနော်နဲ့ သူနဲ့ လမ်းခွဲပြီး အိမ်ပြန်လာခဲ့တယ်။မနက်မိုးလင်းတော့ သတင်းဆိုးကဆီးကြိုနေတယ်။ သူငယ်ချင်း တစ်ယောက် ဆေးရုံရောက်လို့တဲ့။ အဲ့ဒါနဲ့ မော်လမြိုင်ဆေးရုံကို ချက်ချင်းလိုက်တာပဲ။

မော်လမြိုင်ဆေးရုံရောက်တော့ သူငယ်ချင်းနေတဲ့ အခန်းထဲမှာ သူ့အမေနဲ့ အဖေနဲ့ အမျိုးတွေ ရောက်နေကြတယ်။ကျနော်လည်းသူငယ်ချင်းရဲ့အနားကို ကပ်ပြီး ၊ ဘာဖြစ်တာလဲလို့မေးတော့။

သူက ဗိုက်အရမ်းအောင့်လာပြီး လူတစ်ယောက်က လည်ပင်းလာညစ်သလို အသက်ရှုကျပ်လာတယ်တဲ့။

အဲ့ဒါ ပြီးတော့ ဗိုက်က မခံနိုင်အောင် အောင့်လာတော့ အမေ့ကို ခေါ်တော့တာပေါ့ တဲ့။ ပြီးတော့ အိမ်ကကားနဲ့ ပဲ ဆေးရုံကို ညတွင်းချင်း ပြေးတာ၊ ခုမှသက်သာတယ်တဲ့။

အေးပါကွာ၊ သက်သာပြီဆိုတော့ ကောင်းတာပေါ့ကွာ၊ ငါလည်း ကြားကြားချင်း လိုက်လာခဲ့တာ။ နေ့လည်ပိုင်းလောက် ရောက်တော့ အမျိုးတွေက သက်သာပြီဆိုတော့ ပြန်ကုန်တာပေါ့။

ကျနော်ရယ် သူငယ်ချင်းတစ်ယောက်ရယ် အခန်းထဲမှာ အားလုံးပေါင်းမှ သုံးယောက်ပဲ ကျန်တော့တယ်။အဲ့အချိန်မှာ ကျနော်သူငယ်ချင်းက ထဖောက်ပါလေရော။

ပါးစပ်က တအား အား ဗိုက်အောင့်တယ်၊လို့အော်နေတယ်။ ခဏကြာတော့ သူ့လည်ပင်းကို သူကိုင်ပြီး လွှတ် လွှတ် လို့အော်နေတယ်။ကျနော်တို့ နှစ်ယောက်က ကြောင်ပြီးကြည့်နေတယ်။

ကျနော်က သတိဝင်ပြီး ဆရာဝန်သွားပြေးခေါ်တယ်။ခဏကြာတော့ လူနာရဲ့ မိဘတွေ ပြန်လာတာ လမ်းမှာတွေ့တယ်။ သူတို့ကိုပြောပြတော့ သူတို့လည်း ဆရာဝန်နဲ့ အတူ ပြေးလာကြတယ်။

အခန်းထဲရောက်တော့ သူငယ်ချင်းတစ်ယောက်ကကြောင်ပြီးကြည့်နေတုန်း။ ဆရာဝန်နဲ့ သူနာပြုတွေ ဝိုင်းပြီးချုပ်တာ မရဘူးဗျာ။ အားအတော်ကောင်းတယ်ဗျ။ ဖမ်းမနိုင်ဘူး၊

တစ်ခန်းလုံး ပွက်လောရိုက်နေတာ။ဘယ်ကဘယ်လိုရောက်လာတဲ့ လူကြီးလဲ မသိဘူး၊ သူကအားလုံးကို ဘေးဖယ် ဘေးဖယ် ငါလုပ်ပေးမယ် ဆိုတော့ အားလုံးအကြည့်က သူ့ဆီရောက်သွားကြတယ်။

အားလုံးက ကြောင်ပြီး ဘေးကို ရှယ်ပေးလိုက်ကြတယ်။ သူက လူနာရဲ့အနားကိုရောက်လာတယ်။ ပါးစပ်က ဘာတွေရွတ် လို့ ရွတ်မှန်းမသိရွတ်နေတာ။ ခဏကြာတော့ လူနာကငြိမ်ကျသွားတယ်။ပါစပ်က ရွတ်နေတာမရပ်သေးဘူး။ နာရီဝက် လောက် ကြာမယ်။

မျက်နှာမှာ ချွေးတွေ ပြည့်နေပြီ၊ အကုန်လုံးကလဲ ကြောင်ပြီး ကြည့်နေတယ်။ရွတ်နေရင်းနဲ့ ဖန်ခွက် တစ်လုံးကို လက်ကကိုင်ထားတယ်။ခဏကြာတော့ ဘယ်ကလာတဲ့ အငွေ့ မည်းမည်းတွေလဲ မသိဘူး၊ ဖန်ခွက်ထဲမှာ လာစုနေတာ။ ဝင်လာတာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်။

ဖန်ခွက်ကို လက်နဲ့ ပိတ်လိုက်ပြီး ပါးစပ်က ရွတ်တာကို ရပ်လိုက်တယ်။ ပြီးတော့ လူနာရဲ့ မိဘကိုကြည့်ပြီး ကောင်လေးက ပြုစားခံရတာ ၊သူ့ကိုပြုစားတဲ့ သူကိုကျုပ်ဖမ်းထားပြီးပြီ ၊

ဘယ်လိုဖြစ်စေချင်လဲ၊ တစ်ခါထဲ ရှင်းပစ်လိုက်ပါ ဆရာကြီးလို့ သူငယ်ချင်းအဖေက မယုံသလို နဲ့ ပြောလိုက်တယ်။

ဆရာကြီက ပါးစပ်က ဘာတွေမှန်းမသိဘူး ထပ်ရွတ်တယ်။ အုပ်ထားတဲ့ လက်က မီးတွေ ထတောက်လာတယ်။ မီးတောက် တွေက တစ်ဖြည်းဖြည်း ဖန်ခွက်ထဲကို ကူးသွားပြီး မဲမဲ အငွေ့တွေကို လက်ပြီးလောင်တယ်။သိပ်မကြာပါဘူး။ အငွေ့တွေ ဖန်ခွက်ထဲမှာ ကုန်သွားတယ်။

ဆရာကြီးက ရွတ်တာကို ရပ်လိုက်ပြီး ဖြစ်စေချင်သလို လုပ်ပေးပြီးပြီ ၊ သေတဲ့ သူက သေပြီ၊ အဲ့သေတဲ့ သူက မင်းတို့ရွာသားပဲ ၊ မယုံရင် သွားပြန်ကြည့်လိုက်ပေါ့ကွာ၊ ဆိုပြီး အပြင်ထွက်သွားတယ်။

မြန်လိုက်တဲ့ ခြေလှမ်း သူ့နောက်က ကျနော်ပြေးလိုက်သွားတာ လုံးဝပျောက်သွားပြီ ၊ လိုက်မေးကြည့်တော့လည်း ဘယ်သူမှ မတွေ့ဘူးတဲ့၊ ကျနော် ကြောင်သွားတယ်။

ကျနော်လည်း မရှာတော့ပဲ လူနာအခန်းကို ပြန်လာခဲ့တယ်။ အခန်းထဲမှာ အကုန်လုံး တစ်ယောက်တစ်ပေါက်နဲ့ ညံနေကြတယ်။

သူငယ်ချင်းတို့ သားအမိ တို့ကဆေးရုံက ဆင်းဖို့ပြင်နေကြတယ်။ကျနော်လည်း ပစ္စည်းတွေ ဝိုင်းသိမ်းပြီး သူတို့နဲ့ အတူ လိုက်ပြန်လာခဲ့တယ်။ ရွာရောက်တော့ ဒေါ်ဘုတ်ဆုံကြီးသေပြီတဲ့။

နေ့လည်တုန်းက တစ်ယောက်တည်း လူးလိမ့်ပြီး ပူတယ်ပူတယ်နဲ့ အော်နေတော့တာပဲ ပြီးတော့ တစ်ကိုယ်လုံး မီးလောင် ထားသလိုမဲပြီး သေသွားတာတဲ့။

တစ်ချို့က သူမွေးထားတဲ့ အကောင်တွေ ပြန်သတ်သွားတာတဲ့ အမျိုးမျိုး ဝေဖန်ကြ တော့တယ်။ အဖြစ်မှန် ကိုတော့ ကျနော်နဲ့ သူငယ်ချင်းတို့မိသားစု ကလွဲပြီး ဘယ်သူမှ မသိပါဘူးဗျာ။ပြီးပါပြီ ခဗျာ။credit

Zaw Gyi

ေဒၚဘုတ္ဆုံႀကီးက႐ြာထဲမွာ စုန္းလိုလို ေမွာ္လိုလို ေအာက္လမ္းဆရာမ ႀကီး။ တံတားက်ိဳး႐ြာမွာ နာမည္ႀကီး။သူ႔ဆို တစ္႐ြာလုံးက ေၾကာက္ၾကတယ္။တစ္ခုခုဆို ေဒၚဘုတ္ဆုံ ဆီပဲ ေျပးၾကတယ္။

ျဖစ္ပုံက ဒီလိုဗ်။က်ေနာ့္သူငယ္ခ်င္း အေမက ႐ြာမွာဆို အရမ္းအခ်မ္းသာႀကီးမဟုတ္ပင္မဲ့ အသင့္အတင့္ရွိတယ္။တစ္ေန႔ သူတို႔အိမ္မွာ ေဒၚဘုတ္ဆုံက ပိုက္ဆံေခ်းသြားတယ္။

မေပးခ်င္ပင္မဲ့လည္း ပညာကိုေၾကာက္လို႔ ေပးလိုက္တာေပါ့။တစ္လကုန္ေတာ့ က်ေနာ့္သူငယ္ခ်င္းက အေႂကြးသြားေတာင္းလိုက္တာ။

က်ေနာ္က တစ္ဖက္႐ြာကို သြားေနလို႔ မသိလိုက္ဘူး။ ညေန က်ေနာ္ျပန္လာေတာ့ သူနဲ႔ အတူ လဖၻက္ရည္အတူထိုင္ေသာက္ၿပီး သူကငါ ေဒၚဘုတ္ဆုံဆီမွာ အေႂကြးသြားေတာင္းတယ္ကြဟုတ္လား၊ ရရဲ႕လား မရပါဘူးကြာ ၊

ငါလည္းစိတ္တိုတာနဲ႔ ေဆာင့္ေအာင့္ၿပီးပဲ ျပန္လာခဲ့တာ ဘာမွေတာ့ မေျပာခဲ့ပါဘူး ေၾကာက္လို႔ တဲ့ သူေျပာျပတယ္။

အဲ့ဒါနဲ႔ က်ေနာ္နဲ႔ သူနဲ႔ လမ္းခြဲၿပီး အိမ္ျပန္လာခဲ့တယ္။မနက္မိုးလင္းေတာ့ သတင္းဆိုးကဆီးႀကိဳေနတယ္။ သူငယ္ခ်င္း တစ္ေယာက္ ေဆး႐ုံေရာက္လို႔တဲ့။ အဲ့ဒါနဲ႔ ေမာ္လၿမိဳင္ေဆး႐ုံကို ခ်က္ခ်င္းလိုက္တာပဲ။

ေမာ္လၿမိဳင္ေဆး႐ုံေရာက္ေတာ့ သူငယ္ခ်င္းေနတဲ့ အခန္းထဲမွာ သူ႔အေမနဲ႔ အေဖနဲ႔ အမ်ိဳးေတြ ေရာက္ေနၾကတယ္။က်ေနာ္လည္းသူငယ္ခ်င္းရဲ႕အနားကို ကပ္ၿပီး ၊ ဘာျဖစ္တာလဲလို႔ေမးေတာ့။

သူက ဗိုက္အရမ္းေအာင့္လာၿပီး လူတစ္ေယာက္က လည္ပင္းလာညစ္သလို အသက္ရႈက်ပ္လာတယ္တဲ့။ အဲ့ဒါ ၿပီးေတာ့ ဗိုက္က မခံႏိုင္ေအာင္ ေအာင့္လာေတာ့ အေမ့ကို ေခၚေတာ့တာေပါ့ တဲ့။ ၿပီးေတာ့ အိမ္ကကားနဲ႔ ပဲ ေဆး႐ုံကို ညတြင္းခ်င္း ေျပးတာ၊ ခုမွသက္သာတယ္တဲ့။

ေအးပါကြာ၊ သက္သာၿပီဆိုေတာ့ ေကာင္းတာေပါ့ကြာ၊ ငါလည္း ၾကားၾကားခ်င္း လိုက္လာခဲ့တာ။ ေန႔လည္ပိုင္းေလာက္ ေရာက္ေတာ့ အမ်ိဳးေတြက သက္သာၿပီဆိုေတာ့ ျပန္ကုန္တာေပါ့။

က်ေနာ္ရယ္ သူငယ္ခ်င္းတစ္ေယာက္ရယ္ အခန္းထဲမွာ အားလုံးေပါင္းမွ သုံးေယာက္ပဲ က်န္ေတာ့တယ္။အဲ့အခ်ိန္မွာ က်ေနာ္သူငယ္ခ်င္းက ထေဖာက္ပါေလေရာ။

ပါးစပ္က တအား အား ဗိုက္ေအာင့္တယ္၊လို႔ေအာ္ေနတယ္။ ခဏၾကာေတာ့ သူ႔လည္ပင္းကို သူကိုင္ၿပီး လႊတ္ လႊတ္ လို႔ေအာ္ေနတယ္။က်ေနာ္တို႔ ႏွစ္ေယာက္က ေၾကာင္ၿပီးၾကည့္ေနတယ္။

က်ေနာ္က သတိဝင္ၿပီး ဆရာဝန္သြားေျပးေခၚတယ္။ခဏၾကာေတာ့ လူနာရဲ႕ မိဘေတြ ျပန္လာတာ လမ္းမွာေတြ႕တယ္။ သူတို႔ကိုေျပာျပေတာ့ သူတို႔လည္း ဆရာဝန္နဲ႔ အတူ ေျပးလာၾကတယ္။

အခန္းထဲေရာက္ေတာ့ သူငယ္ခ်င္းတစ္ေယာက္ကေၾကာင္ၿပီးၾကည့္ေနတုန္း။ ဆရာဝန္နဲ႔ သူနာျပဳေတြ ဝိုင္းၿပီးခ်ဳပ္တာ မရဘူးဗ်ာ။ အားအေတာ္ေကာင္းတယ္ဗ်။ ဖမ္းမႏိုင္ဘူး၊

တစ္ခန္းလုံး ပြက္ေလာ႐ိုက္ေနတာ။ဘယ္ကဘယ္လိုေရာက္လာတဲ့ လူႀကီးလဲ မသိဘူး၊ သူကအားလုံးကို ေဘးဖယ္ ေဘးဖယ္ ငါလုပ္ေပးမယ္ ဆိုေတာ့ အားလုံးအၾကည့္က သူ႔ဆီေရာက္သြားၾကတယ္။

အားလုံးက ေၾကာင္ၿပီး ေဘးကို ရွယ္ေပးလိုက္ၾကတယ္။ သူက လူနာရဲ႕အနားကိုေရာက္လာတယ္။ ပါးစပ္က ဘာေတြ႐ြတ္ လို႔ ႐ြတ္မွန္းမသိ႐ြတ္ေနတာ။ ခဏၾကာေတာ့ လူနာကၿငိမ္က်သြားတယ္။ပါစပ္က ႐ြတ္ေနတာမရပ္ေသးဘူး။ နာရီဝက္ ေလာက္ ၾကာမယ္။

မ်က္ႏွာမွာ ေခြၽးေတြ ျပည့္ေနၿပီ၊ အကုန္လုံးကလဲ ေၾကာင္ၿပီး ၾကည့္ေနတယ္။႐ြတ္ေနရင္းနဲ႔ ဖန္ခြက္ တစ္လုံးကို လက္ကကိုင္ထားတယ္။ခဏၾကာေတာ့ ဘယ္ကလာတဲ့ အေငြ႕ မည္းမည္းေတြလဲ မသိဘူး၊ ဖန္ခြက္ထဲမွာ လာစုေနတာ။ ဝင္လာတာကို ရွင္းရွင္းလင္းလင္း ျမင္လိုက္ရတယ္။

ဖန္ခြက္ကို လက္နဲ႔ ပိတ္လိုက္ၿပီး ပါးစပ္က ႐ြတ္တာကို ရပ္လိုက္တယ္။ ၿပီးေတာ့ လူနာရဲ႕ မိဘကိုၾကည့္ၿပီး ေကာင္ေလးက ျပဳစားခံရတာ ၊သူ႔ကိုျပဳစားတဲ့ သူကိုက်ဳပ္ဖမ္းထားၿပီးၿပီ ၊

ဘယ္လိုျဖစ္ေစခ်င္လဲ၊ တစ္ခါထဲ ရွင္းပစ္လိုက္ပါ ဆရာႀကီးလို႔ သူငယ္ခ်င္းအေဖက မယုံသလို နဲ႔ ေျပာလိုက္တယ္။

ဆရာႀကီက ပါးစပ္က ဘာေတြမွန္းမသိဘူး ထပ္႐ြတ္တယ္။ အုပ္ထားတဲ့ လက္က မီးေတြ ထေတာက္လာတယ္။ မီးေတာက္ ေတြက တစ္ျဖည္းျဖည္း ဖန္ခြက္ထဲကို ကူးသြားၿပီး မဲမဲ အေငြ႕ေတြကို လက္ၿပီးေလာင္တယ္။သိပ္မၾကာပါဘူး။ အေငြ႕ေတြ ဖန္ခြက္ထဲမွာ ကုန္သြားတယ္။

ဆရာႀကီးက ႐ြတ္တာကို ရပ္လိုက္ၿပီး ျဖစ္ေစခ်င္သလို လုပ္ေပးၿပီးၿပီ ၊ ေသတဲ့ သူက ေသၿပီ၊ အဲ့ေသတဲ့ သူက မင္းတို႔႐ြာသားပဲ ၊ မယုံရင္ သြားျပန္ၾကည့္လိုက္ေပါ့ကြာ၊ ဆိုၿပီး အျပင္ထြက္သြားတယ္။

ျမန္လိုက္တဲ့ ေျခလွမ္း သူ႔ေနာက္က က်ေနာ္ေျပးလိုက္သြားတာ လုံးဝေပ်ာက္သြားၿပီ ၊ လိုက္ေမးၾကည့္ေတာ့လည္း ဘယ္သူမွ မေတြ႕ဘူးတဲ့၊ က်ေနာ္ ေၾကာင္သြားတယ္။

က်ေနာ္လည္း မရွာေတာ့ပဲ လူနာအခန္းကို ျပန္လာခဲ့တယ္။ အခန္းထဲမွာ အကုန္လုံး တစ္ေယာက္တစ္ေပါက္နဲ႔ ညံေနၾကတယ္။

သူငယ္ခ်င္းတို႔ သားအမိ တို႔ကေဆး႐ုံက ဆင္းဖို႔ျပင္ေနၾကတယ္။က်ေနာ္လည္း ပစၥည္းေတြ ဝိုင္းသိမ္းၿပီး သူတို႔နဲ႔ အတူ လိုက္ျပန္လာခဲ့တယ္။ ႐ြာေရာက္ေတာ့ ေဒၚဘုတ္ဆုံႀကီးေသၿပီတဲ့။

ေန႔လည္တုန္းက တစ္ေယာက္တည္း လူးလိမ့္ၿပီး ပူတယ္ပူတယ္နဲ႔ ေအာ္ေနေတာ့တာပဲ ၿပီးေတာ့ တစ္ကိုယ္လုံး မီးေလာင္ ထားသလိုမဲၿပီး ေသသြားတာတဲ့။

တစ္ခ်ိဳ႕က သူေမြးထားတဲ့ အေကာင္ေတြ ျပန္သတ္သြားတာတဲ့ အမ်ိဳးမ်ိဳး ေဝဖန္ၾက ေတာ့တယ္။ အျဖစ္မွန္ ကိုေတာ့ က်ေနာ္နဲ႔ သူငယ္ခ်င္းတို႔မိသားစု ကလြဲၿပီး ဘယ္သူမွ မသိပါဘူးဗ်ာ။ၿပီးပါၿပီ ခဗ်ာ။credit