ခြေစွယ် လက်စွယ်ငုတ် သူများအတွက် မြန်မာ့ ကျေးလက် ဆေးနည်းလေး ပြောပြချင်တယ်
Unicode
လက်မမှာ လက်စွယ်ငုတ်ပြီး နီရဲရောင်ကိုင်းလာတယ် ဘာကိုမှကိုင်လို့မရ ထိတာနဲ့နာတာအရမ်း ဘာဆေးထည့်ရမှန်းမသိဖြစ်နေတုန်း
အိမ်မှာ အလုပ်လုပ်တဲ့ ကောင်မလေးက သူလုပ်ပေးမယ် မနက်ဖြန် ပျောက်သွားလိမ့်မယ်ဆိုတော့ မယုံမိဘူး
ဒါပေမယ့် နာနေတော့ စမ်းကြည့်မယ်ဆိုပြီ သူလုပ်ပေးတာငြိမ်နေလိုက်တယ်
တစ်ကယ်ပျောက်ရင်ဖေ့ဘုတ်ပေါ်တင်ပေးမယ်ဆိုပြီး ဓါတ်ပုံပါရိုက်ယူထားလိုက်တယ်
သူက ကြက်သွန်နီကိုအပေါက်ဖောက် ဖြစ်နေတဲ့လက်မကိုစွပ် ကျွတ်မထွက်အောင်ပတ်တီးစည်းလိုက်တော့
အထဲမှာ တစ်စစ်စစ်နဲ့ကိုက်သလိုကြီးခံစားနေရတယ် မနက်မိုးလင်းတော့ ကြက်သွန်နီလဲဖယ်လိုက်ရော ဘုရားရေ ရောင်တာတွေလျှော့ပြီး မကိုက်တော့ဘူး
နေ့လည်လောက်ရောက်တော့ အတော်ကောင်းနေပြီ
ခုည ထပ်လုပ်ထားတယ် မနက်ဖြန်ဆိုလုံးဝပျောက်ပြီအစ်မတဲ့ ကောင်းလိုက်တဲ့ဆေးနည်း လက်တွေ့ဗျို့ လက်တွေ့။ခရက်ဒစ်