အညာဒေသက အလှူပွဲတွေမှာ မပါမဖြစ်တဲ့ ငါးခြောက် အုန်းနို့နှပ် ချက်နည်း
Unicode
ငါးခြောက် အုန်းနိူ့နှပ်ကို ရန်ကုန်မှာ တစ်ခါမှ မစားဖူးပါဘူး။ စစ်ကိုင်းမှာနေတဲ့ အဖေ့ဘက်က အဖွားတို့ဆီမှာ အလှူလုပ် တုံးက စားဖူးတာပါ။
အဲသည်တုံးက အဘွားက လောဘကြီးပြီး ဟင်းတွေစုံနေအောင် ချက်တော့ ဟင်းတွေ အလှူမှာ မကုန်နိူင်ဘူး။ အလှူပြီးသည့်တိုင် အိမ်မှာ စားနေရသေးတာ မှတ်မိတယ်။
အဲဒီ ငါးခြောက်ချက်ကို အလှူမှာတုံးက မစားရပဲ အိမ်ကျမှ စားရတာ။ အဲဒီကတည်းက တော်တော်ကြိုက်လို့ စိတ်ထဲမှာ မှတ်မိနေတာ။
အညာအလှူဆိုလို့ မဆွိတီ ဆရာမဘဝက အမေဘက်က အဘွားလှူတဲ့ အညာအလှူလဲ ရောက်ခဲ့ဖူးတယ်။ ရွာအလှူပေါ့။ အမေတို့ရွာက မလှိုင်မြို့ကနေ တစ်မိုင်ကျော်လောက်ဝေးတဲ့ အင်မတန်ခေါင်တဲ့ ရွာလေးပါ။
လျှပ်စစ်မီးမရှိ၊ ဘာမရှိနဲ့ ခုချိန် ထိ မတိုးတက်သေးပါဘူး။အညာအလှူဆိုတာ ရန်ကုန်အလှူလို ရပ်ကွက်ထဲ ရှိတဲ့ ၄-၅ ၁၀အိမ်လောက်နဲ့ မပြီးပါဘူး။
ကိုယ့်ရွာက လူကုန်အပြင် ရွာနီးချုပ်စပ် ရွာတွေအကုန်က ရွာလုံးကျွတ်လာကြတာဆိုတော့ ထမင်းတွေ၊ ဟင်းတွေ အများကြီး ချက်ရတယ်။ ဆန် ဘယ်နှစ်တင်း၊ ဝက် ဘယ်နှစ်ကောင်ဆို အဲလိုပြောကြတာ။
အဘွားလှူတုံးကတော့ ဝက်သား၊ ကြက်သား မတတ်နိူင်လို့ ငါးခြောက်ကြော်၊ ပဲတီချဉ်သုတ်၊ ဗူးသီးဟင်းချို နဲ့လှူတာ။ အဲဒါ ရွာနီးချုပ်စပ်က လာစားကြတာများ၊ လူကမပြတ်ဘူး။ အဖွဲ့လိုက် တန်းစီပြီး တိုးတိုးကြိတ်ကြိတ် စားကြတာ။ တစ်ချို့ ရွာသူတွေ ဖိနပ်တောင်မပါဘူး။
အဲဒီငါးခြောက်ကြော်နဲ့ ထမင်းကို ၃-၄မိုင်လောက်ကနေ လမ်းလျှောက်ပြီး လာစားကြတာဗျာ။ ဘယ်ရွာ အလှည့်ရောက်ပါပြီဆို လော်ကြီးနဲ့ အော်ရသေးတာ။
ငါးခြောက်ကြော်တို့ ဘာတို့ဆိုတာ အလှူမတိုင်မီ ၂ပတ် -၃ပတ်လောက် အလိုကတည်းက ကြော်ပြီး မြေကြီးထဲ စဉ့်အိုးတွေနဲ့ တွင်းတူးမြှုတ်ထားရတာ။ အဲဒီတော့ ငါးခြောက်ကြော်တို့၊
ငါးခြောက်နှပ်တို့ဆိုတာ ကြက်သား၊ ဝက်သား မတတ်နိူင်သူတွေ အတွက်ပေါ့ဗျာ။ ဒါကကြုံလို့ ပြောပြတာပါ။
မဆွိတီတို့လဲ ရန်ကုန်ပြန်ထားတာ မကြာသေးတော့ အိမ်မှာ အမေတို့ ပေးလိုက်တဲ့ ငါးခြောက်တွေ ပေါနေတာနဲ့ အညာအလှူချက် ငါးခြောက်နဲ့ အုန်းနိူ့ နှပ်မယ် စိတ်ကူးရတယ်။
အိမ်ကကြီးတော်က သူတို့အလှူမှာချက်ဖူးတယ်ဆိုပြီး ချက်နည်းလေးပြောပြပါတယ်။ ချက်ရတာလဲ ဘာမှ ထွေထွေထူးထူးမရှိ အင်မတန်လွယ်ကူပါတယ်။
ငါးခြောက် အုန်းနိူ့နှပ်ကို အများအားဖြင့်တော့ ဆီငါးရောင်ခြောက်နဲ့ ချက်ပါတယ်တဲ့။ ဆီငါးရောင်ခြောက်တွေကို အငန်ပျောက်အောင် ၂ရက်လောက် ဖွဲပက်ထားရပါတယ်။ ဖွဲတွေကနေ ဆားရည်တွေ၊
အငန်ရည်တွေ စုတ်အောင်ပေါ့။ အိမ်မှာတော့ ငါးရံ့ခြောက်ပဲရှိလို့ ငါးရံ့ခြောက်နဲ့ပဲ ချက်လိုက်ပါတယ်။
ငါးရံ့ခြောက် ၂ ပြားလောက်ကို အသားမြောင်းတွေချည်းရွေး လက်မလောက် အတုံးလေးတွေ တုံးထားပါတယ်။ အလှူ ဆိုရင်တော့ ဒီ့ထက်ကြီးကြီး တုံးပါတယ်တဲ့။
ငါးခြောက်ကို ဆနွင်းလေးနဲ့နယ်၊ ရေများများနဲ့ အငံရေတွေပျောက်အောင် ၅မိနစ်လောက်ပြုတ်ပြီး အရည်တွေကို စစ်ချပါတယ်။
အငံပိုလျော့ချင်ရင် ၂ခါလောက်ပြုတ်ပြီး ရေစစ်ပါ။ (အဲဒီ အရည်တွေ ကို အလဟသ မဖြစ်အောင် သီးစုံချဉ်ရည်တို့ ဘာတို့ထဲ ထည့်ချက်ပေါ့
နော်)ကြက်သွန်နီ အလုံးကြီး ၃-၄လုံးလောက်ကို ပါးပါးလှီး၊ ကြက်သွန်ဖြူ ဥကြီးကြီးတစ်ဥကို ထောင်းပြီး ဆီ စားပွဲဇွန်း ၈ဇွန်းလောက်နဲ့ ဆီသတ်ပါတယ်။
ကြက်သွန်နီကို ကြွပ်တဲ့ အထိကြော်င်္ပြီး ဆီသတ်ရပါမယ်။ ငါးခြောက်ထည့်ခါနီး ဟင်းအရောင်လှအောင် အရောင်တင်မှုန့် စားပွဲဇွန်း တစ်ဝက်လောက်ထည့်ပါတယ်။ငါးခြောက်ထည့်ပြီးမွှေးနေအောင် မွှေပေးပါတယ်။
ပြီးတော့ရေထည့်၊ အုန်းနိူ့တစ်ထုတ်ထည့်ပြီး နှပ်ထားလို့ရပါပြီ။ မီးအေးအေးနဲ့ အဖုံးပိတ်ပြီး နှပ်လို့ကောင်းအောင် အိုးစောက်နက်နက်ထဲ ပြောင်းထည့်ပြီးမှ နှပ်ပါတယ်။
ဟင်းအနှစ်ကို အရသာရှိအောင်၊ သကြားတစ်ဇွန်းခန့်နဲ့ ဟင်းခတ်မှုန့် သင့်ရုံထည့်ပါတယ်။
အုန်းနိူ့ cream တစ်ထုတ်လုံးထည့်ပါတယ်။ငါးခြောက်တွေ နူးပြီး အိလာအောင် ရေကုန်တဲ့အထိ အဖုံးပိတ်ပြီး တစ်နာရီလောက် နှပ်ရပါတယ်။
အုန်းနို့တွေ ငါးခြောက်ထဲ စိမ့်ဝင်ပြီး အင်မတန်မှ စားကောင်းသော အုန်းနိူ့ငါးခြောက်နှပ်ရပါပြီ။ ဆီပြန်ရင် ချလို့ရပါပြီ။ ဆီပြန်ခါနီး မတူးအောင် မွှေပေးရပါတယ်။
အဆီနဲ့ အနှစ်ကိုက ထမင်းနဲ့ နယ်စားရင် မွှေးပြီး အရသာရှိလှပါတယ်။မဆွိတီကတော့ သွေးတိုးမရှိတော့ ငါးခြောက်အုန်းနိူ့စားလို့ ဘာမှမဖြစ်ပေမဲ့ သွေးတိုးတတ်သူများနဲ့ မသင့်တော်ပါကြောင်း သတိပေးလိုက်ပါတယ်။
Crd,
Zaw Gyi
ငါးေျခာက္ အုန္းႏိူ႔ႏွပ္ကို ရန္ကုန္မွာ တစ္ခါမွ မစားဖူးပါဘူး။ စစ္ကိုင္းမွာေနတဲ့ အေဖ့ဘက္က အဖြားတို႔ဆီမွာ အလႉလုပ္ တုံးက စားဖူးတာပါ။
အဲသည္တုံးက အဘြားက ေလာဘႀကီးၿပီး ဟင္းေတြစုံေနေအာင္ ခ်က္ေတာ့ ဟင္းေတြ အလႉမွာ မကုန္ႏိူင္ဘူး။ အလႉၿပီးသည့္တိုင္ အိမ္မွာ စားေနရေသးတာ မွတ္မိတယ္။
အဲဒီ ငါးေျခာက္ခ်က္ကို အလႉမွာတုံးက မစားရပဲ အိမ္က်မွ စားရတာ။ အဲဒီကတည္းက ေတာ္ေတာ္ႀကိဳက္လို႔ စိတ္ထဲမွာ မွတ္မိေနတာ။
အညာအလႉဆိုလို႔ မဆြိတီ ဆရာမဘဝက အေမဘက္က အဘြားလႉတဲ့ အညာအလႉလဲ ေရာက္ခဲ့ဖူးတယ္။ ႐ြာအလႉေပါ့။ အေမတို႔႐ြာက မလႈိင္ၿမိဳ႕ကေန တစ္မိုင္ေက်ာ္ေလာက္ေဝးတဲ့ အင္မတန္ေခါင္တဲ့ ႐ြာေလးပါ။
လွ်ပ္စစ္မီးမရွိ၊ ဘာမရွိနဲ႔ ခုခ်ိန္ ထိ မတိုးတက္ေသးပါဘူး။အညာအလႉဆိုတာ ရန္ကုန္အလႉလို ရပ္ကြက္ထဲ ရွိတဲ့ ၄-၅ ၁၀အိမ္ေလာက္နဲ႔ မၿပီးပါဘူး။
ကိုယ့္႐ြာက လူကုန္အျပင္ ႐ြာနီးခ်ဳပ္စပ္ ႐ြာေတြအကုန္က ႐ြာလုံးကြၽတ္လာၾကတာဆိုေတာ့ ထမင္းေတြ၊ ဟင္းေတြ အမ်ားႀကီး ခ်က္ရတယ္။ ဆန္ ဘယ္ႏွစ္တင္း၊ ဝက္ ဘယ္ႏွစ္ေကာင္ဆို အဲလိုေျပာၾကတာ။
အဘြားလႉတုံးကေတာ့ ဝက္သား၊ ၾကက္သား မတတ္ႏိူင္လို႔ ငါးေျခာက္ေၾကာ္၊ ပဲတီခ်ဥ္သုတ္၊ ဗူးသီးဟင္းခ်ိဳ နဲ႔လႉတာ။ အဲဒါ ႐ြာနီးခ်ဳပ္စပ္က လာစားၾကတာမ်ား၊ လူကမျပတ္ဘူး။ အဖြဲ႕လိုက္ တန္းစီၿပီး တိုးတိုးႀကိတ္ႀကိတ္ စားၾကတာ။ တစ္ခ်ိဳ႕ ႐ြာသူေတြ ဖိနပ္ေတာင္မပါဘူး။
အဲဒီငါးေျခာက္ေၾကာ္နဲ႔ ထမင္းကို ၃-၄မိုင္ေလာက္ကေန လမ္းေလွ်ာက္ၿပီး လာစားၾကတာဗ်ာ။ ဘယ္႐ြာ အလွည့္ေရာက္ပါၿပီဆို ေလာ္ႀကီးနဲ႔ ေအာ္ရေသးတာ။
ငါးေျခာက္ေၾကာ္တို႔ ဘာတို႔ဆိုတာ အလႉမတိုင္မီ ၂ပတ္ -၃ပတ္ေလာက္ အလိုကတည္းက ေၾကာ္ၿပီး ေျမႀကီးထဲ စဥ့္အိုးေတြနဲ႔ တြင္းတူးျမႇဳတ္ထားရတာ။ အဲဒီေတာ့ ငါးေျခာက္ေၾကာ္တို႔၊
ငါးေျခာက္ႏွပ္တို႔ဆိုတာ ၾကက္သား၊ ဝက္သား မတတ္ႏိူင္သူေတြ အတြက္ေပါ့ဗ်ာ။ ဒါကႀကဳံလို႔ ေျပာျပတာပါ။
မဆြိတီတို႔လဲ ရန္ကုန္ျပန္ထားတာ မၾကာေသးေတာ့ အိမ္မွာ အေမတို႔ ေပးလိုက္တဲ့ ငါးေျခာက္ေတြ ေပါေနတာနဲ႔ အညာအလႉခ်က္ ငါးေျခာက္နဲ႔ အုန္းႏိူ႔ ႏွပ္မယ္ စိတ္ကူးရတယ္။
အိမ္ကႀကီးေတာ္က သူတို႔အလႉမွာခ်က္ဖူးတယ္ဆိုၿပီး ခ်က္နည္းေလးေျပာျပပါတယ္။ ခ်က္ရတာလဲ ဘာမွ ေထြေထြထူးထူးမရွိ အင္မတန္လြယ္ကူပါတယ္။
ငါးေျခာက္ အုန္းႏိူ႔ႏွပ္ကို အမ်ားအားျဖင့္ေတာ့ ဆီငါးေရာင္ေျခာက္နဲ႔ ခ်က္ပါတယ္တဲ့။ ဆီငါးေရာင္ေျခာက္ေတြကို အငန္ေပ်ာက္ေအာင္ ၂ရက္ေလာက္ ဖြဲပက္ထားရပါတယ္။ ဖြဲေတြကေန ဆားရည္ေတြ၊
အငန္ရည္ေတြ စုတ္ေအာင္ေပါ့။ အိမ္မွာေတာ့ ငါးရံ႕ေျခာက္ပဲရွိလို႔ ငါးရံ႕ေျခာက္နဲ႔ပဲ ခ်က္လိုက္ပါတယ္။
ငါးရံ႕ေျခာက္ ၂ ျပားေလာက္ကို အသားေျမာင္းေတြခ်ည္းေ႐ြး လက္မေလာက္ အတုံးေလးေတြ တုံးထားပါတယ္။ အလႉ ဆိုရင္ေတာ့ ဒီ့ထက္ႀကီးႀကီး တုံးပါတယ္တဲ့။
ငါးေျခာက္ကို ဆႏြင္းေလးနဲ႔နယ္၊ ေရမ်ားမ်ားနဲ႔ အငံေရေတြေပ်ာက္ေအာင္ ၅မိနစ္ေလာက္ျပဳတ္ၿပီး အရည္ေတြကို စစ္ခ်ပါတယ္။
အငံပိုေလ်ာ့ခ်င္ရင္ ၂ခါေလာက္ျပဳတ္ၿပီး ေရစစ္ပါ။ (အဲဒီ အရည္ေတြ ကို အလဟသ မျဖစ္ေအာင္ သီးစုံခ်ဥ္ရည္တို႔ ဘာတို႔ထဲ ထည့္ခ်က္ေပါ့
ေနာ္)ၾကက္သြန္နီ အလုံးႀကီး ၃-၄လုံးေလာက္ကို ပါးပါးလွီး၊ ၾကက္သြန္ျဖဴ ဥႀကီးႀကီးတစ္ဥကို ေထာင္းၿပီး ဆီ စားပြဲဇြန္း ၈ဇြန္းေလာက္နဲ႔ ဆီသတ္ပါတယ္။
ၾကက္သြန္နီကို ႂကြပ္တဲ့ အထိေၾကာ္ၿပႌး ဆီသတ္ရပါမယ္။ ငါးေျခာက္ထည့္ခါနီး ဟင္းအေရာင္လွေအာင္ အေရာင္တင္မႈန႔္ စားပြဲဇြန္း တစ္ဝက္ေလာက္ထည့္ပါတယ္။ငါးေျခာက္ထည့္ၿပီးေမႊးေနေအာင္ ေမႊေပးပါတယ္။
ၿပီးေတာ့ေရထည့္၊ အုန္းႏိူ႔တစ္ထုတ္ထည့္ၿပီး ႏွပ္ထားလို႔ရပါၿပီ။ မီးေအးေအးနဲ႔ အဖုံးပိတ္ၿပီး ႏွပ္လို႔ေကာင္းေအာင္ အိုးေစာက္နက္နက္ထဲ ေျပာင္းထည့္ၿပီးမွ ႏွပ္ပါတယ္။
ဟင္းအႏွစ္ကို အရသာရွိေအာင္၊ သၾကားတစ္ဇြန္းခန႔္နဲ႔ ဟင္းခတ္မႈန႔္ သင့္႐ုံထည့္ပါတယ္။
အုန္းႏိူ႔ cream တစ္ထုတ္လုံးထည့္ပါတယ္။ငါးေျခာက္ေတြ ႏူးၿပီး အိလာေအာင္ ေရကုန္တဲ့အထိ အဖုံးပိတ္ၿပီး တစ္နာရီေလာက္ ႏွပ္ရပါတယ္။
အုန္းႏို႔ေတြ ငါးေျခာက္ထဲ စိမ့္ဝင္ၿပီး အင္မတန္မွ စားေကာင္းေသာ အုန္းႏိူ႔ငါးေျခာက္ႏွပ္ရပါၿပီ။ ဆီျပန္ရင္ ခ်လို႔ရပါၿပီ။ ဆီျပန္ခါနီး မတူးေအာင္ ေမႊေပးရပါတယ္။
အဆီနဲ႔ အႏွစ္ကိုက ထမင္းနဲ႔ နယ္စားရင္ ေမႊးၿပီး အရသာရွိလွပါတယ္။မဆြိတီကေတာ့ ေသြးတိုးမရွိေတာ့ ငါးေျခာက္အုန္းႏိူ႔စားလို႔ ဘာမွမျဖစ္ေပမဲ့ ေသြးတိုးတတ္သူမ်ားနဲ႔ မသင့္ေတာ္ပါေၾကာင္း သတိေပးလိုက္ပါတယ္။
Crd,