စာအုပ်မဝယ်နိုင်လို့ ငှက်ပျောရွက်ကို စာအုပ်လုပ်ပြီး ရေးနေရရှာတဲ့ ကျောင်းသားလေး

Unicode

ပညာရှာဖို့ဆိုတာ လွယ်လွယ်လေးနဲ့ ရတဲ့ အရာတော့ မဟုတ်ပါဘူး။ တချို့အတွက်တော့ လွယ်ကောင်းလွယ်မှာ ဖြစ်ပေမယ့် တချို့တွေအတွက်တော့ အခက်အခဲတွေ အများကြီးကို ကျော်ဖြတ်ပြီးမှ ပညာသင်ရဖို့ ဖြစ်လာရတာပါ။

ကျောင်းတက်ဖို့ အတွက် ခရီးအဝေးကြီးကို သွားရမယ်၊ သင်ကြားရေးပစ္စည်းတွေ မပြည့်စုံလို့ စိတ်ညစ်ရမယ်၊ သူများတွေလို ထမင်းချိုင့်ထဲမှာ ထမင်းနဲ့ဟင်း ကောင်းကောင်း မရှိလို့ အားငယ်ရမယ်…စသဖြင့်

စာသင်ရတာချင်း တူရင်တောင် ကျောင်းသားတွေရဲ့ ဘဝက မတူနိုင်ပါဘူး။ အခုလည်း ကျောင်းစာအုပ်တောင် ဝယ်ဖို့ ပိုက်ဆံမရှိတဲ့ ကျောင်းသားလေးရဲ့အဖြစ်က တကယ့်ကို စိတ်မကောင်းစရာပါ။

သူ့ခမျာ ကျောင်းစာအုပ်ဖိုးတောင် မတတ်နိုင်တာကြောင့် ငှက်ပျောရွက်လေးတွေ ခူးပြီး အဲဒီအပေါ်မှာ စာရေးရရှာတယ်။ ဒီကျောင်းသားလေးရဲ့ နာမည်က အာလန်ဒီ လို့ခေါ်ပြီး ဖိလစ်ပိုင်နိုင်ငံ၊ လီယန်ဂါ မှာ နေထိုင်တဲ့သူပါ

သူက သူတို့ရဲ့ကျေးရွာမှာ ရှိတဲ့ စာသင်ကျောင်းလေးမှာ စာသင်ရတဲ့သူဖြစ်ပြီး သူ့မိဘတွေက ဆင်းရဲတာကြောင့် ဗလာစာအုပ်တောင် ဝယ်မပေးနိုင်ပါဘူး။ ဒီတော့ ကျောင်းစာတွေကို လုပ်ဖို့အတွက် ငှက်ပျောရွက်လေးတွေကို စီစီရီရီဖြတ်ပြီး စာအုပ်အဖြစ် သုံးရတာပါ။

တစ်ရက်မှာတော့ ဆရာဖြစ်သူက ကျောင်းသားတွေရဲ့ လေ့ကျင့်ခန်းစာအုပ်တွေကို လာထပ်ခိုင်းရာ ကနေ ငှက်ပျောရွက်ပေါ်မှာ စာတွေရေးထားရတဲ့ အာလန်ဒီ ရဲ့အဖြစ်ကို သတိထားမိသွားတာပါ။

အာလန်ဒီ ကတော့ သူ့ရဲ့အခြေအနေကို ရှက်မနေပဲ ဒီလို ငှက်ပျောရွက်လေး တွေနဲ့ စာအုပ်တစ်အုပ် ဖန်တီးထားရတာကို ကျေနပ်နေပုံပါ။ သူက ဆရာဖြစ်သူကို သူ့ရဲ့စာအုပ်လေးက လှလား လို့ မေးခွန်းထုတ် ခဲ့တယ်လို့ ဖိလစ်ပိုင် သတင်းစာတွေက ဖော်ပြကြပါတယ်။

ဒီသတင်းကို ဖတ်မိသူတွေ ကတော့ ပညာသင်ရ ဖို့သာ အဓိက ထားပြီး ဘာကိုမှ ဂရုမစိုက်တဲ့ ကျောင်းသားလေးရဲ့အဖြစ်ကို ချီးကျုး ခဲ့ကြပါတယ်။

Credit

Zaw Gyi

ပညာရွာဖို႔ဆိုတာ လြယ္လြယ္ေလးနဲ႔ ရတဲ့ အရာေတာ့ မဟုတ္ပါဘူး။ တခ်ိဳ႕အတြက္ေတာ့ လြယ္ေကာင္းလြယ္မွာ ျဖစ္ေပမယ့္ တခ်ိဳ႕ေတြအတြက္ေတာ့ အခက္အခဲေတြ အမ်ားႀကီးကို ေက်ာ္ျဖတ္ၿပီးမွ ပညာသင္ရဖို႔ ျဖစ္လာရတာပါ။

ေက်ာင္းတက္ဖို႔ အတြက္ ခရီးအေဝးႀကီးကို သြားရမယ္၊ သင္ၾကားေရးပစၥည္းေတြ မျပည့္စုံလို႔ စိတ္ညစ္ရမယ္၊ သူမ်ားေတြလို ထမင္းခ်ိဳင့္ထဲမွာ ထမင္းနဲ႔ဟင္း ေကာင္းေကာင္း မရွိလို႔ အားငယ္ရမယ္…စသျဖင့္

စာသင္ရတာခ်င္း တူရင္ေတာင္ ေက်ာင္းသားေတြရဲ႕ ဘဝက မတူႏိုင္ပါဘူး။ အခုလည္း ေက်ာင္းစာအုပ္ေတာင္ ဝယ္ဖို႔ ပိုက္ဆံမရွိတဲ့ ေက်ာင္းသားေလးရဲ႕အျဖစ္က တကယ့္ကို စိတ္မေကာင္းစရာပါ။

သူ႔ခမ်ာ ေက်ာင္းစာအုပ္ဖိုးေတာင္ မတတ္ႏိုင္တာေၾကာင့္ ငွက္ေပ်ာ႐ြက္ေလးေတြ ခူးၿပီး အဲဒီအေပၚမွာ စာေရးရရွာတယ္။ ဒီေက်ာင္းသားေလးရဲ႕ နာမည္က အာလန္ဒီ လို႔ေခၚၿပီး ဖိလစ္ပိုင္ႏိုင္ငံ၊ လီယန္ဂါ မွာ ေနထိုင္တဲ့သူပါ

သူက သူတို႔ရဲ႕ေက်း႐ြာမွာ ရွိတဲ့ စာသင္ေက်ာင္းေလးမွာ စာသင္ရတဲ့သူျဖစ္ၿပီး သူ႔မိဘေတြက ဆင္းရဲတာေၾကာင့္ ဗလာစာအုပ္ေတာင္ ဝယ္မေပးႏိုင္ပါဘူး။ ဒီေတာ့ ေက်ာင္းစာေတြကို လုပ္ဖို႔အတြက္ ငွက္ေပ်ာ႐ြက္ေလးေတြကို စီစီရီရီျဖတ္ၿပီး စာအုပ္အျဖစ္ သုံးရတာပါ။

တစ္ရက္မွာေတာ့ ဆရာျဖစ္သူက ေက်ာင္းသားေတြရဲ႕ ေလ့က်င့္ခန္းစာအုပ္ေတြကို လာထပ္ခိုင္းရာ ကေန ငွက္ေပ်ာ႐ြက္ေပၚမွာ စာေတြေရးထားရတဲ့ အာလန္ဒီ ရဲ႕အျဖစ္ကို သတိထားမိသြားတာပါ။

အာလန္ဒီ ကေတာ့ သူ႔ရဲ႕အေျခအေနကို ရွက္မေနပဲ ဒီလို ငွက္ေပ်ာ႐ြက္ေလး ေတြနဲ႔ စာအုပ္တစ္အုပ္ ဖန္တီးထားရတာကို ေက်နပ္ေနပုံပါ။ သူက ဆရာျဖစ္သူကို သူ႔ရဲ႕စာအုပ္ေလးက လွလား လို႔ ေမးခြန္းထုတ္ ခဲ့တယ္လို႔ ဖိလစ္ပိုင္ သတင္းစာေတြက ေဖာ္ျပၾကပါတယ္။

ဒီသတင္းကို ဖတ္မိသူေတြ ကေတာ့ ပညာသင္ရ ဖို႔သာ အဓိက ထားၿပီး ဘာကိုမွ ဂ႐ုမစိုက္တဲ့ ေက်ာင္းသားေလးရဲ႕အျဖစ္ကို ခ်ီးက်ဳး ခဲ့ၾကပါတယ္။

Credit