ချမ်းသာ ကြွယ်ဝနေသူတွေမှာ ဝင်ငွေရလမ်းကြောင်း ဘယ်နှစ်ခုရှိနေလဲ?

Unicode

ဘဝမှာ ချမ်းချမ်းသာသာပြည့်ပြည့်စုံစုံနေလိုလျှင် သာမန်လခစားဝန်ထမ်းဘဝနှင့် ဘယ်လိုမှမဖြစ်နိုင်ပါ။ အခြားဝင်ငွေများဝင်နိုင်မယ့် အရင်းအမြစ်တွေ တစ်ခုထက်မကရှိဖို့ လိုအပ်ပါတယ်။

ဝင်ငွေရနိုင်မယ့်လမ်းတစ်ခုထက်မက ရှိနေခြင်းသည် သာမန်ရှင်သန်ရပ်တည်ဖို့ တင်မဟုတ်ဘဲ ချမ်းသာကြွယ်ဝစေသော လမ်းကြောင်းများပင်ဖြစ်တယ်။ကိုယ့်အားကိုယ်ကိုးပြီး ကြွယ်ဝချမ်းသာနေသူတွေရဲ့ ဝင်ငွေရနေတဲ့လမ်းကြောင်းတွေ ဘယ်နှစ်ခုလောက်ရှိလဲ ?

ကြွယ်ဝချမ်းသာနေတဲ့သူတွေဟာ ဝင်ငွေလမ်းကြောင်းတစ်ခုတည်းအပေါ် မမှီခိုပါဘူး။ အခြားသော ငွေဝင်နိုင်မယ့် နည်းလမ်းတွေကို အမြဲရှာဖွေကြံဆနေသူများဖြစ်တယ်။ “Rich Habits” စာအုပ်ရေးသားခဲ့သော

စာရေးဆရာ Tom Corley ရဲ့ ၅ နှစ်ကြာလေ့လာချက်အရ၆၅ရာခိုင်နှုန်းသော သူဌေးတွေက ဝင်ငွေလမ်းကြောင်း ၃ခု၊ ၄၅ရာခိုင်နှုန်းသော သူဌေးတွေက ဝင်ငွေ လမ်းကြောင်း ၄ခု၊

၂၉ရာခိုင်နှုန်းသော သူဌေးတွေက ဝင်ငွေလမ်းကြောင်း ၅ခုနဲ့အထက် ရှိကြလို့ သိရပါတယ်။ သူတို့ရဲ့ဝင်ငွေလမ်းကြောင်းတိုးလာလေ ကြွယ်ဝချမ်းသာမှုတိုးလာလေ၊ ချမ်းသာသထက် ချမ်းသာလာလေ ဖြစ်တယ်။

ဒါ့အပြင် ဝင်ငွေလမ်းကြောင်းတွေ တစ်ခုထက်ပိုမိုထားရှိခြင်းသည် မိမိရဲ့ပိုင်ဆိုင်မှုများကို နေရာအနှံ့တွင် ဖြန့်ကျက်ထားခြင်းနှင့် သဘောတရားဆင်တူပါတယ်။

ဝင်ငွေလမ်းကြောင်း တစ်ခုထိခိုက်ခဲ့ရင်တောင် အခြားလမ်းကြောင်းများမှ အကျိုးအမြတ်များဖြင့် ပြန်လည်ကုစားနိုင်သောကြောင့် စီးပွားရေးထိခိုက်မှုကို နည်းပါးစေနိုင်တယ်။

ထိခိုက်မှုလုံးဝမရှိခဲ့ရင်တော့ ဖြန့်ကျက်ထားတဲ့ ဝင်ငွေလမ်းကြောင်းတွေက ဝင်လာမယ့်အကျိုးအမြတ်တွေကို တစ်လုံးတစ်ခဲရရှိမှာပဲဖြစ်ပါတယ်။ ချမ်းသာကြွယ်ဝစေရန်အတွက် ဝင်ငွေလမ်းကြောင်းတွေ စတင်ဖန်တီးနိုင်ဖို့ နည်းလမ်းတွေရှိပါတယ်။

အကယ်၍သင့်တွင် စီးပွားရေးလုပ်ငန်းရှိပြီးသားဆိုရင် ချမ်းသာကြွယ်ဝဖို့လမ်းကြောင်းပေါ်ကို ရောက်နေပါပြီ။ မရှိသေးရင်တော့ အကောင်အထည်ဖော်ဖို့ စတင်ဆုံးဖြတ်ချက်လိုက်ပါ။

ပြီးရင် မိမိလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ လမ်းကြောင်းတွေကို လိုက်ရှာဖော်ထုတ်ပါမယ်။ လုပ်ငန်းအမျိုးအစားဘောင်တစ်ခုထဲလုပ်ငန်းတစ်ခု အခြေကျတာနဲ့ နောက်တစ်ခုကို ချက်ချင်း အကောင်အထည်ဖော်ဖို့ပြင်ဆင်ပါ။

ဒီနေရာမှာမေးစရာရှိတာက လူတစ်ယောက်က မတူညီတဲ့ စီးပွားရေးလုပ်ငန်းနှစ်ခုကို တစ်ပြိုင်တည်းဦးဆောင် လုပ်နိုင်မှာလားဆိုတာပါပဲ။ လုပ်ငန်းနောက်တစ်ခုတိုးချဲ့ရာတွင် မိမိကိုယ်တိုင် အချိန်ပြည့်အလုပ်နှစ်ခုစာ ပင်ပန်းဖို့အတွက် ကြိုတင်ပြင်ဆင်ဖို့လိုပါတယ်။

ချမ်းသာကြွယ်ဝသောသူများသည် လွယ်လွယ်ကူကူနဲ့ စည်းစိမ်တိုးပွားလာတာ မဟုတ်သောကြောင့်ပဲဖြစ်ပါတယ်။

သူများထက်အောင်မြင်ချင်ရင် သူများထက်ကြိုးစားရသည်မှာ သဘာဝပင် Passive ဝင်ငွေရရှိဖို့ ရင်းနှီးမြှုပ်နှံပါ။ Passive ဝင်ငွေဆိုတာ အချိန်နဲ့လူ ရင်းနှီးစရာမလိုဘဲ ဝင်ငွေရနိုင်မယ့် လမ်းကြောင်းတွေဖြစ်ပါတယ်။ လုပ်ငန်းတစ်ခု စတင်တည်ထောင်မယ်ဆိုရင် အချိန်ရော၊ လူပါရင်းနှီးရပါတယ်။

ဒါကြောင့် အချိန်မကုန် လူမပင်ပန်းစေပဲ စိတ်ချယုံကြည်ရတဲ့ စီးပွားရေးလုပ်ငန်းတွေမှာရင်းနှီးမြှုပ်နှံခြင်းဖြင့် Passive ဝင်ငွေရအောင် ပြုလုပ်နိုင်ပါတယ်။

အစပိုင်း အနည်းငယ်ရင်းနှီးမြှုပ်နှံပြီး နောက်ပိုင်းတွင် ပမာဏများစွာ အကျိုးအမြတ် ရအောင် ရင်းနှီးမြှုပ်နှံတတ်သွားပါလိမ့်မယ်။ ဒါ့ပြင် တစ်နှစ်ပြီး တစ်နှစ် အကျိုးအမြတ်ပမာဏများမှာလည်း တဖြည်းဖြည်းတိုးတက်လာပါလိမ့်မယ်။

ထို့အတူမိမိရဲ့ ကြွယ်ဝချမ်းသာမှုမှာလည်း တိုးတက်လာမှာပဲဖြစ်ပါတယ် နောက်ဆုံးတွင် သာမန်အသက်မွေးဝမ်းကြောင်းလမ်းကြောင်းပေါ်ကနေ ကြွယ်ဝချမ်းသာရေး လမ်းကြောင်းပေါ်သို့ ကူးပြောင်းရန်

ဆုံးဖြတ်ချက်ချခဲ့သော ကိုယ့်ကိုယ်ကို ကျေနပ်အားရမှူ ဖြစ်စေပြီးတည်ငြိမ်လာသော စီးပွားရေးလုပ်ငန်းများနှင့်အတူ ကြွယ်ဝချမ်းသာသော ဘဝကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။ Credit

Zaw Gyi

ဘဝမွာ ခ်မ္းခ်မ္းသာသာျပည့္ျပည့္စုံစုံေနလိုလွ်င္ သာမန္လခစားဝန္ထမ္းဘဝႏွင့္ ဘယ္လိုမွမျဖစ္ႏိုင္ပါ။ အျခားဝင္ေငြမ်ားဝင္ႏိုင္မယ့္ အရင္းအျမစ္ေတြ တစ္ခုထက္မကရွိဖို႔ လိုအပ္ပါတယ္။

ဝင္ေငြရႏိုင္မယ့္လမ္းတစ္ခုထက္မက ရွိေနျခင္းသည္ သာမန္ရွင္သန္ရပ္တည္ဖို႔ တင္မဟုတ္ဘဲ ခ်မ္းသာႂကြယ္ဝေစေသာ လမ္းေၾကာင္းမ်ားပင္ျဖစ္တယ္။ကိုယ့္အားကိုယ္ကိုးၿပီး ႂကြယ္ဝခ်မ္းသာေနသူေတြရဲ႕ ဝင္ေငြရေနတဲ့လမ္းေၾကာင္းေတြ ဘယ္ႏွစ္ခုေလာက္ရွိလဲ ?

ႂကြယ္ဝခ်မ္းသာေနတဲ့သူေတြဟာ ဝင္ေငြလမ္းေၾကာင္းတစ္ခုတည္းအေပၚ မမွီခိုပါဘူး။ အျခားေသာ ေငြဝင္ႏိုင္မယ့္ နည္းလမ္းေတြကို အၿမဲရွာေဖြႀကံဆေနသူမ်ားျဖစ္တယ္။ “Rich Habits” စာအုပ္ေရးသားခဲ့ေသာ

စာေရးဆရာ Tom Corley ရဲ႕ ၅ ႏွစ္ၾကာေလ့လာခ်က္အရ၆၅ရာခိုင္ႏႈန္းေသာ သူေဌးေတြက ဝင္ေငြလမ္းေၾကာင္း ၃ခု၊ ၄၅ရာခိုင္ႏႈန္းေသာ သူေဌးေတြက ဝင္ေငြ လမ္းေၾကာင္း ၄ခု၊

၂၉ရာခိုင္ႏႈန္းေသာ သူေဌးေတြက ဝင္ေငြလမ္းေၾကာင္း ၅ခုနဲ႔အထက္ ရွိၾကလို႔ သိရပါတယ္။ သူတို႔ရဲ႕ဝင္ေငြလမ္းေၾကာင္းတိုးလာေလ ႂကြယ္ဝခ်မ္းသာမႈတိုးလာေလ၊ ခ်မ္းသာသထက္ ခ်မ္းသာလာေလ ျဖစ္တယ္။

ဒါ့အျပင္ ဝင္ေငြလမ္းေၾကာင္းေတြ တစ္ခုထက္ပိုမိုထားရွိျခင္းသည္ မိမိရဲ႕ပိုင္ဆိုင္မႈမ်ားကို ေနရာအႏွံ႔တြင္ ျဖန႔္က်က္ထားျခင္းႏွင့္ သေဘာတရားဆင္တူပါတယ္။

ဝင္ေငြလမ္းေၾကာင္း တစ္ခုထိခိုက္ခဲ့ရင္ေတာင္ အျခားလမ္းေၾကာင္းမ်ားမွ အက်ိဳးအျမတ္မ်ားျဖင့္ ျပန္လည္ကုစားႏိုင္ေသာေၾကာင့္ စီးပြားေရးထိခိုက္မႈကို နည္းပါးေစႏိုင္တယ္။

ထိခိုက္မႈလုံးဝမရွိခဲ့ရင္ေတာ့ ျဖန႔္က်က္ထားတဲ့ ဝင္ေငြလမ္းေၾကာင္းေတြက ဝင္လာမယ့္အက်ိဳးအျမတ္ေတြကို တစ္လုံးတစ္ခဲရရွိမွာပဲျဖစ္ပါတယ္။ ခ်မ္းသာႂကြယ္ဝေစရန္အတြက္ ဝင္ေငြလမ္းေၾကာင္းေတြ စတင္ဖန္တီးႏိုင္ဖို႔ နည္းလမ္းေတြရွိပါတယ္။

အကယ္၍သင့္တြင္ စီးပြားေရးလုပ္ငန္းရွိၿပီးသားဆိုရင္ ခ်မ္းသာႂကြယ္ဝဖို႔လမ္းေၾကာင္းေပၚကို ေရာက္ေနပါၿပီ။ မရွိေသးရင္ေတာ့ အေကာင္အထည္ေဖာ္ဖို႔ စတင္ဆုံးျဖတ္ခ်က္လိုက္ပါ။

ၿပီးရင္ မိမိလုပ္ငန္းနဲ႔ ဆက္စပ္ေနတဲ့ လမ္းေၾကာင္းေတြကို လိုက္ရွာေဖာ္ထုတ္ပါမယ္။ လုပ္ငန္းအမ်ိဳးအစားေဘာင္တစ္ခုထဲလုပ္ငန္းတစ္ခု အေျခက်တာနဲ႔ ေနာက္တစ္ခုကို ခ်က္ခ်င္း အေကာင္အထည္ေဖာ္ဖို႔ျပင္ဆင္ပါ။

ဒီေနရာမွာေမးစရာရွိတာက လူတစ္ေယာက္က မတူညီတဲ့ စီးပြားေရးလုပ္ငန္းႏွစ္ခုကို တစ္ၿပိဳင္တည္းဦးေဆာင္ လုပ္ႏိုင္မွာလားဆိုတာပါပဲ။ လုပ္ငန္းေနာက္တစ္ခုတိုးခ်ဲ႕ရာတြင္ မိမိကိုယ္တိုင္ အခ်ိန္ျပည့္အလုပ္ႏွစ္ခုစာ ပင္ပန္းဖို႔အတြက္ ႀကိဳတင္ျပင္ဆင္ဖို႔လိုပါတယ္။

ခ်မ္းသာႂကြယ္ဝေသာသူမ်ားသည္ လြယ္လြယ္ကူကူနဲ႔ စည္းစိမ္တိုးပြားလာတာ မဟုတ္ေသာေၾကာင့္ပဲျဖစ္ပါတယ္။

သူမ်ားထက္ေအာင္ျမင္ခ်င္ရင္ သူမ်ားထက္ႀကိဳးစားရသည္မွာ သဘာဝပင္ Passive ဝင္ေငြရရွိဖို႔ ရင္းႏွီးျမႇဳပ္ႏွံပါ။ Passive ဝင္ေငြဆိုတာ အခ်ိန္နဲ႔လူ ရင္းႏွီးစရာမလိုဘဲ ဝင္ေငြရႏိုင္မယ့္ လမ္းေၾကာင္းေတြျဖစ္ပါတယ္။ လုပ္ငန္းတစ္ခု စတင္တည္ေထာင္မယ္ဆိုရင္ အခ်ိန္ေရာ၊ လူပါရင္းႏွီးရပါတယ္။

ဒါေၾကာင့္ အခ်ိန္မကုန္ လူမပင္ပန္းေစပဲ စိတ္ခ်ယုံၾကည္ရတဲ့ စီးပြားေရးလုပ္ငန္းေတြမွာရင္းႏွီးျမႇဳပ္ႏွံျခင္းျဖင့္ Passive ဝင္ေငြရေအာင္ ျပဳလုပ္ႏိုင္ပါတယ္။

အစပိုင္း အနည္းငယ္ရင္းႏွီးျမႇဳပ္ႏွံၿပီး ေနာက္ပိုင္းတြင္ ပမာဏမ်ားစြာ အက်ိဳးအျမတ္ ရေအာင္ ရင္းႏွီးျမႇဳပ္ႏွံတတ္သြားပါလိမ့္မယ္။ ဒါ့ျပင္ တစ္ႏွစ္ၿပီး တစ္ႏွစ္ အက်ိဳးအျမတ္ပမာဏမ်ားမွာလည္း တျဖည္းျဖည္းတိုးတက္လာပါလိမ့္မယ္။

ထို႔အတူမိမိရဲ႕ ႂကြယ္ဝခ်မ္းသာမႈမွာလည္း တိုးတက္လာမွာပဲျဖစ္ပါတယ္ ေနာက္ဆုံးတြင္ သာမန္အသက္ေမြးဝမ္းေၾကာင္းလမ္းေၾကာင္းေပၚကေန ႂကြယ္ဝခ်မ္းသာေရး လမ္းေၾကာင္းေပၚသို႔ ကူးေျပာင္းရန္

ဆုံးျဖတ္ခ်က္ခ်ခဲ့ေသာ ကိုယ့္ကိုယ္ကို ေက်နပ္အားရမႉ ျဖစ္ေစၿပီးတည္ၿငိမ္လာေသာ စီးပြားေရးလုပ္ငန္းမ်ားႏွင့္အတူ ႂကြယ္ဝခ်မ္းသာေသာ ဘဝကို ပိုင္ဆိုင္ႏိုင္မွာပဲျဖစ္ပါတယ္။ Credit