ဒိတ်ဒိတ်ကျဲ အကြီးမားဆုံး ကမ္ဘာ့ အအောင်မြင်ဆုံး ကုမ္ပဏီကြီးတွေရဲ့ မူလအစ

Unicode

ဘာသာပြန်သူ – သောကြာငယ်

ကမ္ဘာ့မဟာကုမ္ပဏီကြီးများသည် ယနေ့ခေတ်အခါတွင် တောက်ပြောင်လှသော ကော်ပိုရိတ်နေရာများတွင် နေရာယူထားကြသော်ငြားလည်း

တစ်ချိန်တုန်းက ၎င်းတို့သည် ယခုလိုနေရာများနှင့် ကွဲပြားခြားနားလှသော ပတ်ဝန်း ကျင်တွင် အစပြုခဲ့ကြရပါသည်။ ထိုအကြောင်းကို အောက်ပါ သာဓကများဖြင့် ဆန်းစစ်လေ့လာနိုင်ပါသည်။

Amazon

ကမ္ဘာ့အအောင်မြင်ဆုံးနှင့် အကြီးဆုံး အွန်လိုင်းစတိုးဖြစ်သော Amazon.com သည် ၁၉၉၄တွင် အွန်လိုင်းစာအုပ်ဆိုင်အနေနှင့် စတင်အသက်ဝင်ခဲ့သည်။ အဲဒီအချိန်တုန်းက ဘယ်လီဗျူး၊

ဝါရှင်တန်တွင်ရှိသော ဂျက်ဖ် ဘီဇို့စ်၏ ကားဂိုဒေါင်လေးမှသာ အလုံးစုံစတင်ခဲ့သည်။ ဘီဇို့စ်ဟာ သူ့ရဲ့ပထမဦးဆုံးသော စာအုပ်ကို ၁၉၉၅ ဇူလိုင်မှာ စတင်ရောင်းချခဲ့ရပြီး

နှစ်နှစ်ကြာပြီးနောက် ၁၉၉၇မှ စတော့ဈေးကွက်တွင် စာရင်းဝင်ခဲ့သည်။ ယခုအခါ Amazon.com သည် ဝန်ထမ်းပေါင်း ၅ သိန်း၆သောင်းရှိသည့် အကြီးဆုံးကုမ္ပဏီကြီးတစ်ခုဖြစ်လာပြီး ၂၀၁၇တစ်နှစ်တည်းမှာပင် အမေရိကန်ဒေါ်လာ ၁၇၇.၈ ဘီလျံ အမြတ်ရခဲ့လေသည်။

Apple

၁၉၇၆ မှာ အသက်၂၁နှစ်နဲ့ ၂၆နှစ် အသီးသီးရှိတဲ့ စတိဗ်ဂျော့ဘ်နှင့် စတိဗ်ဝေါ့ဇ်နီးယက် (က) က ဝေါ့ဇ်နီးယက်(က)ရဲ့ အက်ပဲလ်ကွန်ပျူတာ အလုံး ၅ဝ ကို တစ်လုံးဒေါ်လာ ၅ဝဝ နှင့်

ဒေသခံလက်လီအရောင်းဆိုင်ကို ရောင်းချခြင်းဖြင့် အက်ပဲလ်ကွန်ပျူတာကို စတင်ခဲ့သည်။ ဂျော့ဘ်သည် အဝယ်လှ ွာများကို အစိတ်အပိုင်းဖြန့်ဝေသူတစ်ယောက်ထံ ယူသွားပြီးမှ အစိတ်အပိုင်းတွေကို မှာယူခဲ့သည်။

သူတို့နှင့် သေးငယ်လှသော အသင်းအဖွဲ့လေးသည် ကျူပါတီနို၊ ကယ်လီဖိုးနီးယားမှာ ရှိတဲ့ ကားဂိုဒေါင်လေးကနေ ရက်၃ဝအတွင်းမှာ ကွန်ပျူတာအလုံး၅ဝကို လက်ဖြင့်ပြုလုပ်ခဲ့သည်။

အက်ပဲလ်သည် လက်ရှိအချိန်တွင် ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးမားဆုံး နည်းပညာကုမ္ပဏီကြီးဖြစ်လာခဲ့သည်။

Disney

အန်နာဟိမ်း၊ ကယ်လီဖိုးနီးယားမှာ ရှိတဲ့ ဒစ္စနီလန်းပတ်ခ်ကနေ ၄၅မိနစ်လောက် လမ်းအောက်လျှောက်လိုက်လျှင် လော့စ်အန်ဂျလိစ်တွင် အိမ်တစ်လုံးရှိပါသည်။ ယင်းသည် ဝေါ့ဒစ္စနီကုမ္ပဏီ အစပျိုးခဲ့သောနေရာဖြစ်သည်။

၁၉၆၃မှာ ဒီအိမ်ကို ဝေါ့ဒစ္စနီရဲ့ဦးလေး ရောဘတ်ဒစ္စနီက ပိုင်ဆိုင်ပါတယ်။ ဝေါ့လ်(ဒ်)နဲ့ သူ့အကို ရွိုင်းတို့ဟာ သူတို့ဦးလေးနှင့်အတူ ရွှေ့ပြောင်းလာပြီးနောက် ကားတစ်စီးသာဆန့်တဲ့ ကားဂိုဒေါင်ကနေ ပထမဦးဆုံးသော ဒစ္စနီစတူဒီယိုကို ထူထောင်ခဲ့သည်။

ဒစ္စနီသည် လက်ရှိအချိန်တွင် အအောင်မြင်ဆုံးနှင့် လူသိအများဆုံး ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်လာခဲ့သည်။

Google

စတန်းဖို့ဒ်ကျောင်းထွက်ကျောင်းသားများဖြစ်တဲ့ လယ်ရီပေ့ချ်နဲ့ ဆာဂျီဘရင်းဟာ စူဆန်ဝေါ့စ္စကီးရဲ့ကားဂိုဒေါင်ကနေ ယနေ့Googleလို့သိတဲ့ဟာကို ၁၉၉၈ စက်တင်ဘာမှာ စတင်ခဲ့သည်။

ဒီစီမံကိန်းဟာ သူတို့ရဲ့ကျောင်းစာတွေကြောင့် အတားအဆီးဖြစ်ခဲ့ကြောင်း မကြာခင်မှာပဲ သိခဲ့ကြသည်။ ထို့ကြောင့် ထိုအချိန်က နာမည်ကြီး အင်တာနက်ရှာဖွေရေးအင်ဂျင် ကုမ္ပဏီတစ်ခုဖြစ်သည့် Excite ထံ ဒေါ်လာတစ်သန်းနှင့် ရောင်းချရန်ကမ်းလှမ်းခဲ့သည်။

သို့သော် Exciteက ကမ်းလှမ်းချက်ကို လက်မခံခဲ့ပေသည်။ ဒါသည်ပင် သူတို့အတွက်အကောင်းဆုံးဖြစ်လာခဲ့သည်။ ယနေ့တွင် Google သည် ကမ္ဘာ့နံပါတ် ၁ လူကြည့်အများဆုံးဝဘ်ဆိုဒ်ဖြစ်လာခဲ့သည်။

တည်ထောင်သူနှစ်ဦးစလုံး ဒေါ်လာ ၅၀ဘီလျံစီအသီးသီးချမ်းသာပြီး ကမ္ဘာ့အချမ်းသာဆုံးသူဌေးစာရင်းဝင်သွားပြီဖြစ်သည်။

Harley Davidson

၁၉ဝ၁ခုနှစ်မှာ ၂၁နှစ်သား ဝီလီယံအက်စ်ဟာလီသည် စက်ဘီးကိုစွမ်းအားမြှင့်ရန် အင်ဂျင်အသေးစားတစ်လုံး ဖန်တီးတပ်ဆင်ဖို့လေ့လာကြံစည်ခဲ့ကြတယ်။ နောက် ၂နှစ်အကြာတွင် ဟာလီ နှင့် သူ၏ သူငယ် ချင်း အာသာဒေးဗစ်ဆင်တို့က မီလ်ဝါယူကီး၊

ဝစ္စကွန်ဆင်မှာရှိသော သစ်သားတဲလေးကနေ သူတို့ရဲ့ ပထမဆုံးမော်တော်ဆိုင်ကယ်ကို တည်ဆောက်ခဲ့ကြသည်။ သူငယ်ချင်းနှစ်ယောက်၏ နာမည်ကိုပေါင်းပြီး Harley Davidson ဟုပေးလိုက်ကြသည်။

သူတို့ ၁၉ဝ၃ခုနှစ် မှာ တရားဝင်တည်ထောင်ခဲ့တဲ့ Harley Davidson ကုမ္ပဏီဟာ ယနေ့မှာတော့ ကမ္ဘာ့နာမည်အကြီးဆုံး လူသိအများဆုံး မော်တော်ဆိုင်ကယ်ကုမ္ပဏီဖြစ်လာခဲ့သည်။

Hewlett-Packard (HP)

၁၉၃၉မှာ ဘီလ်ဟျူးလတ်နဲ့ဒေ့ဗ်ပတ်ကတ်က ကနဦးရင်းနှီးမြှုပ်နှံငွေ ၅၃၈ဒေါ်လာနဲ့ ပတ်ကတ်ရဲ့ကားဂိုဒေါင်ထဲမှာ HP ကို တည်ထောင်ခဲ့သည်။ သူတို့ရဲ့ပထမဦးဆုံးထုတ်ကုန်ကတော့

အသံလှိုင်းထုတ်ကိရိယာဖြစ်ပြီးတော့ ပထမဦးဆုံးဖောက်သည်များထဲက တစ်ယောက်ကတော့ Walt Disney ဖြစ်သည်။ Fantasia ဆိုတဲ့ ရုပ်ရှင်အတွက် အသံစနစ်တိုးတက်အောင် အသံလှိုင်းထုတ်ကိရိယာရှစ်ခုကို ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ပါလိုအယ်လ်တိုမှာရှိသော HP ရဲ့ကားဂိုဒေါင်ကတော့ ဆီလီကွန်တောင်ကြား (Sillicon Valley) စတင်မွေးဖွားရာနေရာအဖြစ် သိကြသည်။ HP သည် ယနေ့မှာတော့ ကမ္ဘာပေါ်မှာ အကြီးဆုံး နည်းပညာကုမ္ပဏီများထဲမှ တစ်ခုဖြစ်လာခဲ့သည်။

Credit

Zaw Gyi

ဘာသာျပန္သူ – ေသာၾကာငယ္

ကမာၻ႔မဟာကုမၸဏီႀကီးမ်ားသည္ ယေန႔ေခတ္အခါတြင္ ေတာက္ေျပာင္လွေသာ ေကာ္ပိုရိတ္ေနရာမ်ားတြင္ ေနရာယူထားၾကေသာ္ျငားလည္း

တစ္ခ်ိန္တုန္းက ၎တို႔သည္ ယခုလိုေနရာမ်ားႏွင့္ ကြဲျပားျခားနားလွေသာ ပတ္ဝန္း က်င္တြင္ အစျပဳခဲ့ၾကရပါသည္။ ထိုအေၾကာင္းကို ေအာက္ပါ သာဓကမ်ားျဖင့္ ဆန္းစစ္ေလ့လာႏိုင္ပါသည္။

Amazon

ကမာၻ႔အေအာင္ျမင္ဆုံးႏွင့္ အႀကီးဆုံး အြန္လိုင္းစတိုးျဖစ္ေသာ Amazon.com သည္ ၁၉၉၄တြင္ အြန္လိုင္းစာအုပ္ဆိုင္အေနႏွင့္ စတင္အသက္ဝင္ခဲ့သည္။ အဲဒီအခ်ိန္တုန္းက ဘယ္လီဗ်ဴး၊

ဝါရွင္တန္တြင္ရွိေသာ ဂ်က္ဖ္ ဘီဇို႔စ္၏ ကားဂိုေဒါင္ေလးမွသာ အလုံးစုံစတင္ခဲ့သည္။ ဘီဇို႔စ္ဟာ သူ႔ရဲ႕ပထမဦးဆုံးေသာ စာအုပ္ကို ၁၉၉၅ ဇူလိုင္မွာ စတင္ေရာင္းခ်ခဲ့ရၿပီး

ႏွစ္ႏွစ္ၾကာၿပီးေနာက္ ၁၉၉၇မွ စေတာ့ေဈးကြက္တြင္ စာရင္းဝင္ခဲ့သည္။ ယခုအခါ Amazon.com သည္ ဝန္ထမ္းေပါင္း ၅ သိန္း၆ေသာင္းရွိသည့္ အႀကီးဆုံးကုမၸဏီႀကီးတစ္ခုျဖစ္လာၿပီး ၂၀၁၇တစ္ႏွစ္တည္းမွာပင္ အေမရိကန္ေဒၚလာ ၁၇၇.၈ ဘီလ်ံ အျမတ္ရခဲ့ေလသည္။

Apple

၁၉၇၆ မွာ အသက္၂၁ႏွစ္နဲ႔ ၂၆ႏွစ္ အသီးသီးရွိတဲ့ စတိဗ္ေဂ်ာ့ဘ္ႏွင့္ စတိဗ္ေဝါ့ဇ္နီးယက္ (က) က ေဝါ့ဇ္နီးယက္(က)ရဲ႕ အက္ပဲလ္ကြန္ပ်ဴတာ အလုံး ၅ဝ ကို တစ္လုံးေဒၚလာ ၅ဝဝ ႏွင့္

ေဒသခံလက္လီအေရာင္းဆိုင္ကို ေရာင္းခ်ျခင္းျဖင့္ အက္ပဲလ္ကြန္ပ်ဴတာကို စတင္ခဲ့သည္။ ေဂ်ာ့ဘ္သည္ အဝယ္လွ ြာမ်ားကို အစိတ္အပိုင္းျဖန႔္ေဝသူတစ္ေယာက္ထံ ယူသြားၿပီးမွ အစိတ္အပိုင္းေတြကို မွာယူခဲ့သည္။

သူတို႔ႏွင့္ ေသးငယ္လွေသာ အသင္းအဖြဲ႕ေလးသည္ က်ဴပါတီႏို၊ ကယ္လီဖိုးနီးယားမွာ ရွိတဲ့ ကားဂိုေဒါင္ေလးကေန ရက္၃ဝအတြင္းမွာ ကြန္ပ်ဴတာအလုံး၅ဝကို လက္ျဖင့္ျပဳလုပ္ခဲ့သည္။

အက္ပဲလ္သည္ လက္ရွိအခ်ိန္တြင္ ကမာၻေပၚတြင္ တန္ဖိုးအႀကီးမားဆုံး နည္းပညာကုမၸဏီႀကီးျဖစ္လာခဲ့သည္။

Disney

အန္နာဟိမ္း၊ ကယ္လီဖိုးနီးယားမွာ ရွိတဲ့ ဒစၥနီလန္းပတ္ခ္ကေန ၄၅မိနစ္ေလာက္ လမ္းေအာက္ေလွ်ာက္လိုက္လွ်င္ ေလာ့စ္အန္ဂ်လိစ္တြင္ အိမ္တစ္လုံးရွိပါသည္။ ယင္းသည္ ေဝါ့ဒစၥနီကုမၸဏီ အစပ်ိဳးခဲ့ေသာေနရာျဖစ္သည္။

၁၉၆၃မွာ ဒီအိမ္ကို ေဝါ့ဒစၥနီရဲ႕ဦးေလး ေရာဘတ္ဒစၥနီက ပိုင္ဆိုင္ပါတယ္။ ေဝါ့လ္(ဒ္)နဲ႔ သူ႔အကို ႐ြိဳင္းတို႔ဟာ သူတို႔ဦးေလးႏွင့္အတူ ေ႐ႊ႕ေျပာင္းလာၿပီးေနာက္ ကားတစ္စီးသာဆန႔္တဲ့ ကားဂိုေဒါင္ကေန ပထမဦးဆုံးေသာ ဒစၥနီစတူဒီယိုကို ထူေထာင္ခဲ့သည္။

ဒစၥနီသည္ လက္ရွိအခ်ိန္တြင္ အေအာင္ျမင္ဆုံးႏွင့္ လူသိအမ်ားဆုံး ႐ုပ္ရွင္ထုတ္လုပ္ေရးကုမၸဏီႀကီးျဖစ္လာခဲ့သည္။

Google

စတန္းဖို႔ဒ္ေက်ာင္းထြက္ေက်ာင္းသားမ်ားျဖစ္တဲ့ လယ္ရီေပ့ခ်္နဲ႔ ဆာဂ်ီဘရင္းဟာ စူဆန္ေဝါ့စၥကီးရဲ႕ကားဂိုေဒါင္ကေန ယေန႔Googleလို႔သိတဲ့ဟာကို ၁၉၉၈ စက္တင္ဘာမွာ စတင္ခဲ့သည္။

ဒီစီမံကိန္းဟာ သူတို႔ရဲ႕ေက်ာင္းစာေတြေၾကာင့္ အတားအဆီးျဖစ္ခဲ့ေၾကာင္း မၾကာခင္မွာပဲ သိခဲ့ၾကသည္။ ထို႔ေၾကာင့္ ထိုအခ်ိန္က နာမည္ႀကီး အင္တာနက္ရွာေဖြေရးအင္ဂ်င္ ကုမၸဏီတစ္ခုျဖစ္သည့္ Excite ထံ ေဒၚလာတစ္သန္းႏွင့္ ေရာင္းခ်ရန္ကမ္းလွမ္းခဲ့သည္။

သို႔ေသာ္ Exciteက ကမ္းလွမ္းခ်က္ကို လက္မခံခဲ့ေပသည္။ ဒါသည္ပင္ သူတို႔အတြက္အေကာင္းဆုံးျဖစ္လာခဲ့သည္။ ယေန႔တြင္ Google သည္ ကမာၻ႔နံပါတ္ ၁ လူၾကည့္အမ်ားဆုံးဝဘ္ဆိုဒ္ျဖစ္လာခဲ့သည္။

တည္ေထာင္သူႏွစ္ဦးစလုံး ေဒၚလာ ၅၀ဘီလ်ံစီအသီးသီးခ်မ္းသာၿပီး ကမာၻ႔အခ်မ္းသာဆုံးသူေဌးစာရင္းဝင္သြားၿပီျဖစ္သည္။

Harley Davidson

၁၉ဝ၁ခုႏွစ္မွာ ၂၁ႏွစ္သား ဝီလီယံအက္စ္ဟာလီသည္ စက္ဘီးကိုစြမ္းအားျမႇင့္ရန္ အင္ဂ်င္အေသးစားတစ္လုံး ဖန္တီးတပ္ဆင္ဖို႔ေလ့လာႀကံစည္ခဲ့ၾကတယ္။ ေနာက္ ၂ႏွစ္အၾကာတြင္ ဟာလီ ႏွင့္ သူ၏ သူငယ္ ခ်င္း အာသာေဒးဗစ္ဆင္တို႔က မီလ္ဝါယူကီး၊

ဝစၥကြန္ဆင္မွာရွိေသာ သစ္သားတဲေလးကေန သူတို႔ရဲ႕ ပထမဆုံးေမာ္ေတာ္ဆိုင္ကယ္ကို တည္ေဆာက္ခဲ့ၾကသည္။ သူငယ္ခ်င္းႏွစ္ေယာက္၏ နာမည္ကိုေပါင္းၿပီး Harley Davidson ဟုေပးလိုက္ၾကသည္။

သူတို႔ ၁၉ဝ၃ခုႏွစ္ မွာ တရားဝင္တည္ေထာင္ခဲ့တဲ့ Harley Davidson ကုမၸဏီဟာ ယေန႔မွာေတာ့ ကမာၻ႔နာမည္အႀကီးဆုံး လူသိအမ်ားဆုံး ေမာ္ေတာ္ဆိုင္ကယ္ကုမၸဏီျဖစ္လာခဲ့သည္။

Hewlett-Packard (HP)

၁၉၃၉မွာ ဘီလ္ဟ်ဴးလတ္နဲ႔ေဒ့ဗ္ပတ္ကတ္က ကနဦးရင္းႏွီးျမႇဳပ္ႏွံေငြ ၅၃၈ေဒၚလာနဲ႔ ပတ္ကတ္ရဲ႕ကားဂိုေဒါင္ထဲမွာ HP ကို တည္ေထာင္ခဲ့သည္။ သူတို႔ရဲ႕ပထမဦးဆုံးထုတ္ကုန္ကေတာ့

အသံလႈိင္းထုတ္ကိရိယာျဖစ္ၿပီးေတာ့ ပထမဦးဆုံးေဖာက္သည္မ်ားထဲက တစ္ေယာက္ကေတာ့ Walt Disney ျဖစ္သည္။ Fantasia ဆိုတဲ့ ႐ုပ္ရွင္အတြက္ အသံစနစ္တိုးတက္ေအာင္ အသံလႈိင္းထုတ္ကိရိယာရွစ္ခုကို ဝယ္ယူခဲ့ျခင္းျဖစ္သည္။

ပါလိုအယ္လ္တိုမွာရွိေသာ HP ရဲ႕ကားဂိုေဒါင္ကေတာ့ ဆီလီကြန္ေတာင္ၾကား (Sillicon Valley) စတင္ေမြးဖြားရာေနရာအျဖစ္ သိၾကသည္။ HP သည္ ယေန႔မွာေတာ့ ကမာၻေပၚမွာ အႀကီးဆုံး နည္းပညာကုမၸဏီမ်ားထဲမွ တစ္ခုျဖစ္လာခဲ့သည္။

Credit