သင်မသိသေးတဲ့ မီးဖိုချောင်ထဲကအန္တရာယ်အရှိဆုံးအရာ ( ၁၁ ) ခု

Unicode

မီးဖိုချောင်ထဲမှာနေ့စဉ်အသုံးပြုရတဲ့ပစ္စည်းတွေရှိပါတယ်။အရမ်းကိုရိုးစင်းပြီးတော့ အန္တရာယ်မရှိတဲ့ပုံပေါက်နေလို့သူတို့ဘယ်လောက်အန္တရာယ်ရှိလဲဆိုတာသတိမထားမိကြပါဘူး။

ဒါကြောင့်မို့လို့ အရမ်းကိုအရေးကြီးတဲ့သတင်းတွေကိုဝေမျှချင်ပါတယ်။ဒီသတင်းကိုဖတ်ပြီးသွားရင်တော့ သင့်အလေ့အကျင့်တစ်ချို့ကပြောင်းလဲသွားမှာပါ။

၁၁-ပလတ်စတစ်ထမင်းဘူး

ပလတ်စတစ်ကိုပိုပြီးပြုပြင်ရလွယ်အောင်လို့ တစ်ချို့ထုတ်လုပ်သူတွေကဓာတုပစ္စည်းတွေထည့်တတ်ပါတယ်။အဲ့ဓာတုပစ္စည်းတွေက ကျန်းမာရေးအတွက်အလွန်ဆိုးဝါးတဲ့ပြသနာဖြစ်စေပါတယ်။သင့်အဲ့ဓာတုပစ္စည်းတွေကို သင့်အစားအသောက်နဲ့ သင့်ကိုယ်ထဲမှာမလိုချင်လောက်ပါဘူးနော်။

၁၀-မီးဖိုချောင်ဘေစင်

သင့်ဟင်းလျာထဲက အစားအသောက်တွေက သင့်ဘေစင်မှာတစ်ခါတစ်လေကျန်နေခဲ့တယ်ဆိုရင် အဲ့ကျန်ခဲ့တဲ့အရာလေးတွေက ဘက်တီးရီးယားတွေမွေးဖွားလို့ရတဲ့ပတ်ဝန်းကျင်တစ်ခုအနေနဲ့ထောက်ပံ့ပေးနေပါတယ်။မီးဖိုချောင်ဘေစင်ကတကယ့်ကိုညစ်ပတ်တဲ့နေရာတစ်ခုဖြစ်နိုင်ပါတယ်။

၉-ဓားများ

သင့်ဓားတွေကအမြဲတမ်းထက်နေသင့်ပါတယ်။တကယ်လို့သင့်ဓားတွေကမထက်ဘူးဆိုရင်တော့ သင်တစ်ခုခုကိုလှီးဖြတ်တဲ့အချိန်မှာ ချော်ထွက်သွားပြီးတော့ သင့်လက်နဲ့တခြားကိုယ်အစိတ်အပိုင်းတွေကိုထိခိုက်နိုင်ပါတယ်။

၈-ရေမြုပ်

သာမန်မီးဖိုချောင်သုံးရေမြုပ်မှာ ဘက်တီးရီးယားတွေက အရမ်းကိုမြန်ဆန်စွာနဲ့ ပေါက်ပွားနိုင်ပါတယ်။ဆေးချွတ်နေရုံနဲ့တော့ အန္တရာယ်ရှိတဲ့ပိုးမွှားတွေမပေါက်ပွားနိုင်အောင်မကာကွယ်နိုင်ပါဘူး။ဘက်တီးရီးယားကိုသတ်ဖို့အတွက်ဆိုရင်သင်စိုနေတဲ့ရေမြုပ်ကိုမိုက်ခရိုဝေ့ဗ်နဲ့ခြောက်အောင်လုပ်တာမျိုးတို့ ဒါမှမဟုတ် အရောင်ချွတ်ဆေးအပျော့စားနဲ့ အချိန်နည်းနည်းကြာအောင်နှစ်ထားတာမျိုးတို့လုပ်နိုင်ပါတယ်။ဒါမှမဟုတ်လည်း ပန်းကန်ဆေးစက်ထဲမှာ အကြာဆုံးနဲ့အပူဆုံး စနစ်ကိုရွေးပြီးတော့ ထည့်ထားလိုက်လို့လည်းရပါတယ်။

၇-လက္သုတ္ပုဝါ

လက်သုတ်ပုဝါတွေကသင့်မီးဖိုချောင်ထဲမှာအညစ်ပတ်ဆုံးအရာတွေထဲက တစ်ခုဖြစ်ပါတယ်။သင်က သင့်လက်မဆေးခင်အချိန်မှာရော ဟင်းချက်နေတဲ့အချိန်တွေမှာရော တစ်ချိန်လုံးကိုင်ထားတတ်ပါတယ်။ဒါက သင့်အစားအသောက်ထဲက ဘက်တီးရီးယားဝင်ဖို့နည်းလမ်းတစ်ခုဖြစ်ပါတယ်။

၆-Air Fresheners

အဲ့လိုပစ္စည်းတွေမှာ အဆုတ်ကိုထိခိုက်စေပြီး ကင်ဆာအထိပါဖြစ်စေတဲ့ ဓာတုပစ္စည်းတွေကိုတွေ့ရတတ်ပါတယ်။ဒါကြောင့်သင့်မီးဖိုချောင်ကိုလေဝင်လေထွက်ကောင်းအောင်လုပ်ပြီး အမှိုက်ကိုပုံမှန်လွှင့်ပစ်တာက ဒီလိုပစ္စည်းသုံးတာထက်ပိုကောင်းပါတယ်။

၅-ဂတ္စ္မီးဖို

သင်အိပ်ရာမဝင်ခင် ဒါမှမဟုတ် အိမ်ထဲကမထွက်ခင်မှာ သင်မီးဖိုကိုပိတ်ထားရဲ့လားဆိုတာစစ်ဆေးဖို့ဘယ်တော့မှမမေ့ပါနဲ့။အဲ့လိုစစ်ဆေးကြည့်တာက ဂတ်စ်တွေစိမ့်ထွက်နေတဲ့အန္တရာယ်ကနေ သင့်ကိုရောတစ်ခြားလူတွေကိုပါကာကွယ်နေတာဖြစ်ပါတယ်။

၄-မစေးကပ်နိုင်တဲ့ဟင်းချက်ပစ္စည်း

အပူအလွန်အမင်းပေးထားတဲ့ Teflonတွေက အဆိပ်အတောက်ဖြစ်စေတဲ့ မီးခိုးတွေကိုထုတ်လွှင့်ပေးနေပါတယ်။ ဒါကြောင့်ဒီလိုကိစ္စမျိုးမှာတော့ အရင်ချိန်တုန်းကသုံးတဲ့ ကောင်းမွန်တဲ့ပစ္စည်းတွေကိုပဲသုံးသင့်ပါတယ်။

၃-အသားကြိတ်စက်

အသားကြိတ်စက်တွေက အရမ်းကိုအားကောင်းပါတယ်။ သင့်လက်ချောင်းတွေကို အသားကြိတ်စက်နဲ့ဝေးဝေးမှာတော့ထားပေါ့နော်။သင့်ရဲ့ကြိတ်ထားတဲ့အသားတွေက အောက်ကိုတွန်းပို့ဖို့အတွက်အထူးကိရိယာရှိပြီးတော့ သင့်လက်မထိခိုက်အောင်လို့ သင်သုံးမှဖြစ်ပါမယ်။

၂-အမှိုက်စွန့်ပစ်ခြင်း

ဒီဟာလေးက အမှိုက်တွေအတွက်ပဲနော်။သင်ဘယ်တော့မှဒီထဲကိုဘယ်တော့မှလက်မထည့်သင့်ပါဘူး။သင်အထဲကိုတစ်ခုခုကျသွားတယ်ဆိုရင်တော့ သင့်လက်နဲကပြန်ထုတ်ဖို့မကြိုးစားပါနဲ့။

၁-စဉ်းနှီးတုံး

အသားတွေနဲက ဟင်းသီးဟင်းရွက်တွေအတွက်စဉ်းနှီးတုံးကိုသက်သက်စီအမြဲတမ်းသုံးစွဲသင့်ပါတယ်။အသားစိမ်းတွေမှာ အပြင်းအထန်ဖျားစေတဲ့ ဘက်တီးရီးယားတွေပါနေတတ်ပါတယ်။

ပြီးတော့ ပျက်စီးနေတဲ့ဟာတွေ ကွဲနေတဲ့ဟာတွေကိုမသုံးပါနဲ့။ ဘာလို့လဲဆိုတော့ အဲ့ကွဲရာတွေထဲမှာ ဘက်တီးရီးယားပေါက်ပွားဖို့အကောင်းဆုံးနေရာဖြစ်နေတတ်လို့ပါ။

Writer -Min Thu

Zaw Gyi

မီးဖိုေခ်ာင္ထဲမွာေန႔စဥ္အသုံးျပဳရတဲ့ပစၥည္းေတြရွိပါတယ္။အရမ္းကို႐ိုးစင္းၿပီးေတာ့ အႏၲရာယ္မရွိတဲ့ပုံေပါက္ေနလို႔သူတို႔ဘယ္ေလာက္အႏၲရာယ္ရွိလဲဆိုတာသတိမထားမိၾကပါဘူး။

ဒါေၾကာင့္မို႔လို႔ အရမ္းကိုအေရးႀကီးတဲ့သတင္းေတြကိုေဝမွ်ခ်င္ပါတယ္။ဒီသတင္းကိုဖတ္ၿပီးသြားရင္ေတာ့ သင့္အေလ့အက်င့္တစ္ခ်ိဳ႕ကေျပာင္းလဲသြားမွာပါ။

၁၁-ပလတ္စတစ္ထမင္းဘူး

ပလတ္စတစ္ကိုပိုၿပီးျပဳျပင္ရလြယ္ေအာင္လို႔ တစ္ခ်ိဳ႕ထုတ္လုပ္သူေတြကဓာတုပစၥည္းေတြထည့္တတ္ပါတယ္။အဲ့ဓာတုပစၥည္းေတြက က်န္းမာေရးအတြက္အလြန္ဆိုးဝါးတဲ့ျပသနာျဖစ္ေစပါတယ္။သင့္အဲ့ဓာတုပစၥည္းေတြကို သင့္အစားအေသာက္နဲ႔ သင့္ကိုယ္ထဲမွာမလိုခ်င္ေလာက္ပါဘူးေနာ္။

၁၀-မီးဖိုေခ်ာင္ေဘစင္

သင့္ဟင္းလ်ာထဲက အစားအေသာက္ေတြက သင့္ေဘစင္မွာတစ္ခါတစ္ေလက်န္ေနခဲ့တယ္ဆိုရင္ အဲ့က်န္ခဲ့တဲ့အရာေလးေတြက ဘက္တီးရီးယားေတြေမြးဖြားလို႔ရတဲ့ပတ္ဝန္းက်င္တစ္ခုအေနနဲ႔ေထာက္ပံ့ေပးေနပါတယ္။မီးဖိုေခ်ာင္ေဘစင္ကတကယ့္ကိုညစ္ပတ္တဲ့ေနရာတစ္ခုျဖစ္ႏိုင္ပါတယ္။

၉-ဓားမ်ား

သင့္ဓားေတြကအၿမဲတမ္းထက္ေနသင့္ပါတယ္။တကယ္လို႔သင့္ဓားေတြကမထက္ဘူးဆိုရင္ေတာ့ သင္တစ္ခုခုကိုလွီးျဖတ္တဲ့အခ်ိန္မွာ ေခ်ာ္ထြက္သြားၿပီးေတာ့ သင့္လက္နဲ႔တျခားကိုယ္အစိတ္အပိုင္းေတြကိုထိခိုက္ႏိုင္ပါတယ္။

၈-ေရျမဳပ္

သာမန္မီးဖိုေခ်ာင္သုံးေရျမဳပ္မွာ ဘက္တီးရီးယားေတြက အရမ္းကိုျမန္ဆန္စြာနဲ႔ ေပါက္ပြားႏိုင္ပါတယ္။ေဆးခြၽတ္ေန႐ုံနဲ႔ေတာ့ အႏၲရာယ္ရွိတဲ့ပိုးမႊားေတြမေပါက္ပြားႏိုင္ေအာင္မကာကြယ္ႏိုင္ပါဘူး။ဘက္တီးရီးယားကိုသတ္ဖို႔အတြက္ဆိုရင္သင္စိုေနတဲ့ေရျမဳပ္ကိုမိုက္ခ႐ိုေဝ့ဗ္နဲ႔ေျခာက္ေအာင္လုပ္တာမ်ိဳးတို႔ ဒါမွမဟုတ္ အေရာင္ခြၽတ္ေဆးအေပ်ာ့စားနဲ႔ အခ်ိန္နည္းနည္းၾကာေအာင္ႏွစ္ထားတာမ်ိဳးတို႔လုပ္ႏိုင္ပါတယ္။ဒါမွမဟုတ္လည္း ပန္းကန္ေဆးစက္ထဲမွာ အၾကာဆုံးနဲ႔အပူဆုံး စနစ္ကိုေ႐ြးၿပီးေတာ့ ထည့္ထားလိုက္လို႔လည္းရပါတယ္။

၇-လက္သဳတၸဳဝါ

လက္သုတ္ပုဝါေတြကသင့္မီးဖိုေခ်ာင္ထဲမွာအညစ္ပတ္ဆုံးအရာေတြထဲက တစ္ခုျဖစ္ပါတယ္။သင္က သင့္လက္မေဆးခင္အခ်ိန္မွာေရာ ဟင္းခ်က္ေနတဲ့အခ်ိန္ေတြမွာေရာ တစ္ခ်ိန္လုံးကိုင္ထားတတ္ပါတယ္။ဒါက သင့္အစားအေသာက္ထဲက ဘက္တီးရီးယားဝင္ဖို႔နည္းလမ္းတစ္ခုျဖစ္ပါတယ္။

၆-Air Fresheners

အဲ့လိုပစၥည္းေတြမွာ အဆုတ္ကိုထိခိုက္ေစၿပီး ကင္ဆာအထိပါျဖစ္ေစတဲ့ ဓာတုပစၥည္းေတြကိုေတြ႕ရတတ္ပါတယ္။ဒါေၾကာင့္သင့္မီးဖိုေခ်ာင္ကိုေလဝင္ေလထြက္ေကာင္းေအာင္လုပ္ၿပီး အမႈိက္ကိုပုံမွန္လႊင့္ပစ္တာက ဒီလိုပစၥည္းသုံးတာထက္ပိုေကာင္းပါတယ္။

၅-ဂတၥၼီးဖို

သင္အိပ္ရာမဝင္ခင္ ဒါမွမဟုတ္ အိမ္ထဲကမထြက္ခင္မွာ သင္မီးဖိုကိုပိတ္ထားရဲ႕လားဆိုတာစစ္ေဆးဖို႔ဘယ္ေတာ့မွမေမ့ပါနဲ႔။အဲ့လိုစစ္ေဆးၾကည့္တာက ဂတ္စ္ေတြစိမ့္ထြက္ေနတဲ့အႏၲရာယ္ကေန သင့္ကိုေရာတစ္ျခားလူေတြကိုပါကာကြယ္ေနတာျဖစ္ပါတယ္။

၄-မေစးကပ္ႏိုင္တဲ့ဟင္းခ်က္ပစၥည္း

အပူအလြန္အမင္းေပးထားတဲ့ Teflonေတြက အဆိပ္အေတာက္ျဖစ္ေစတဲ့ မီးခိုးေတြကိုထုတ္လႊင့္ေပးေနပါတယ္။ ဒါေၾကာင့္ဒီလိုကိစၥမ်ိဳးမွာေတာ့ အရင္ခ်ိန္တုန္းကသုံးတဲ့ ေကာင္းမြန္တဲ့ပစၥည္းေတြကိုပဲသုံးသင့္ပါတယ္။

၃-အသားႀကိတ္စက္

အသားႀကိတ္စက္ေတြက အရမ္းကိုအားေကာင္းပါတယ္။ သင့္လက္ေခ်ာင္းေတြကို အသားႀကိတ္စက္နဲ႔ေဝးေဝးမွာေတာ့ထားေပါ့ေနာ္။သင့္ရဲ႕ႀကိတ္ထားတဲ့အသားေတြက ေအာက္ကိုတြန္းပို႔ဖို႔အတြက္အထူးကိရိယာရွိၿပီးေတာ့ သင့္လက္မထိခိုက္ေအာင္လို႔ သင္သုံးမွျဖစ္ပါမယ္။

၂-အမႈိက္စြန္႔ပစ္ျခင္း

ဒီဟာေလးက အမႈိက္ေတြအတြက္ပဲေနာ္။သင္ဘယ္ေတာ့မွဒီထဲကိုဘယ္ေတာ့မွလက္မထည့္သင့္ပါဘူး။သင္အထဲကိုတစ္ခုခုက်သြားတယ္ဆိုရင္ေတာ့ သင့္လက္နဲကျပန္ထုတ္ဖို႔မႀကိဳးစားပါနဲ႔။

၁-စဥ္းႏွီးတုံး

အသားေတြနဲက ဟင္းသီးဟင္း႐ြက္ေတြအတြက္စဥ္းႏွီးတုံးကိုသက္သက္စီအၿမဲတမ္းသုံးစြဲသင့္ပါတယ္။အသားစိမ္းေတြမွာ အျပင္းအထန္ဖ်ားေစတဲ့ ဘက္တီးရီးယားေတြပါေနတတ္ပါတယ္။

ၿပီးေတာ့ ပ်က္စီးေနတဲ့ဟာေတြ ကြဲေနတဲ့ဟာေတြကိုမသုံးပါနဲ႔။ ဘာလို႔လဲဆိုေတာ့ အဲ့ကြဲရာေတြထဲမွာ ဘက္တီးရီးယားေပါက္ပြားဖို႔အေကာင္းဆုံးေနရာျဖစ္ေနတတ္လို႔ပါ။

Writer -Min Thu