ဦးအောင်ဇေယျမှ ဒုတိယမြောက် ဂျော့ချ်ဘုရင်ထံပေးသော ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရွှေပေလွှာအကြောင်း

Unicode

ဦးအောင်ဇေယျမှအင်္ဂလန်ဂျော့ချ်ဘုရင်ထံပေးသော ကမ္ဘာအမွေ အနှစ်စာရင်းဝင် ရွှေပေလွှာအကြောင်းတတိယ မြန်မာနိုင်ငံတော်ကို ထူထောင်သွားခဲ့သူ အလောင်းမင်းတရားကြီးဦးအောင်ဇေယျက ဒုတိယမြောက် ဂျော့ချ်ဘုရင်ထံသို့ ၁၇၅၆ ခုနှစ်တွင် ပေးပို့ခဲ့သော ရွှေပေလွှာမှာ နှစ်ပေါင်း ၂၅၀ ကျော် သက်တန်းရှိပြီး ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်းဝင် ရွှေပေလွှာဖြစ်ပါတယ်။

ယင်းရွှေပေလွှာသည် ၁၇၅၆ ခုနှစ် မေလ (၇) ရက်နေ့မှာ မြန်မာဘုရင်အလောင်းမင်းတရားကြီးသည် အင်္ဂလန်နိုင်ငံ၏ ဘုရင်တစ်ပါးဖြစ်သော ဒုတိယမြောက်ဂျော့ချ်ဘုရင်ထံချစ် ကြည်ရေး ကမ်းလှမ်းတဲ့ရွှေပေလွှာဖြစ်ပါတယ်။

အဲဒီပေလွှာရဲ့ ပုံသဏ္ဌာန်က ထောင့်မှန်စတုဂံပုံ ရွှေအစစ်နဲ့ ပြုလုပ်ထားတဲ့ရွှေပြားချပ်ဖြစ်ပြီး မျက်နှာပြင်ပေါ်မှာ မြန်မာစာလုံး စာကြောင်း (၁၀) ကြောင်းရေးထွင်းထားကာ အစွန်းနှစ်ဖက်မှာ ပတ္တမြား ၁၂ လုံးစီ မြှုတ်နှံထားပြီး ၂၄-လုံးတပ်ဆင်ထားပါတယ်။

ထိပ်တစ်ဖက်တွင် ဘုရင့်တံဆိပ်တော် ဟင်္သာပုံကို ဖောင်းကြွခပ်နှိပ်ထားပါတယ်။ ရွှေပေလွှာဟာ ဂျော့ချ်ဘုရင်မင်း၏ဇာတိ ဂျာမနီနိုင်ငံ Hanover မြို့ကလေးမှာရှိတဲ့ Gottfried Wilhelm Leibniz စာကြည့်တိုက်၏ စတိုခန်းကလေးမှာ နှစ်ပေါင်း ၂၅၀ ကျော်တိုင်လူမသိသူမသိ ရှိနေခဲ့ရာမှစာကြည့်တိုက်မှူးက တွေ့ရှိခဲ့ပြီး

ရှေးဟောင်းအသုံးအဆောင် ပစ္စည်းတွေမှာ ထွင်းထုထားတဲ့ ကျောက်စာတွေကို အထူးပြုလေ့လာတဲ့ ပြင်သစ်လူမျိုး သမိုင်းပညာရှင် ဒေါက်တာ ဂျက်လိုင်ဒါထံအကူအညီတောင်းခံရာက အလောင်းမင်းတရားကြီး ပို့ခဲ့တဲ့ ရွှေပေလွှာ ဖြစ်ကြောင်းကို ၂၀၀၇ ခုနှစ်မှာ ဖေါ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

သမိုင်းတန်ဖိုး အလွန်ကြီးမားပြီး အနုပညာလက်ရာမြောက်တဲ့ ရွှေပေလွာဖြစ်တဲ့အပြင် နိုင်ငံရေးနဲ့ပတ်သက်ပြီး အရေးပါတဲ့ ရွှေပေလွှာတစ်ခု ဖြစ်ပါတယ် လို့မစ္စတာ ဂျက်လိုင်ဒါက သူလေ့လာဖေါ်ထုတ်ခဲ့တဲ့ ရွှေပေလွှာဖြစ်ကြောင်းကိုပြောပြပါတယ်။

ရွှေပေလွှာ ဘယ်ကလာသလဲဆိုတာ ဖေါ်ထုတ်ပေးဖို့ ပြတိုက်မှူးကအကူအညီတောင်းတယ်၊ ရွှေပေလွှာက နှစ်ကာလ တော်တော်ကြာပြီဆိုတော့ဟောင်းနွမ်းနေပြီ ဒါပေမဲ့ ပေလွှာပေါ်က စာလုံးတွေနဲ့ ပေလွှာရဲ့ပုံစံ အနေအထားကတော့မပျက်ပါဘူး။

ဒါပေမဲ့ သူရဲ့မူရင်း ပိုင်ဆိုင်သူကို သိရဖို့ နာရီပေါင်းများစွာ မှန်ဘီလူးသုံးပြီးတော်တော်လေး ကြိုးစားဖော်ထုတ်ခဲ့ရတယ် လို့သူကဆိုပါတယ်။

ဒီလို လေ့လာဖော်ထုတ်မှုကနေတစ်ဆင့် ဒေါက်တာ ဂျက်လိုင်ဒါက အလောင်းမင်းတရားကြီးမှ ဂျော့ချ်ဘုရင်ထံ ပေးဖို့စာ (၁၇၅၆ ခုနှစ်၊ မေလ ၇ ရက်နေ့) ဆိုတဲ့ စာတမ်းကို ၂၀၀၉ ခုနှစ်မှာ သူရေးသားပြုစုခဲ့တယ်လို့ ဆိုပါတယ်။

စာမျက်နှာ ၁၄၁ မျက်နှာ ပါဝင်တဲ့ အဲဒီစာတမ်းမှာ အလောင်းမင်းတရားကြီး အုပ်စိုးစဉ်ကစစ်ပွဲအကြောင်းတွေနဲ့ သံတမန်ဆက်ဆံရေး အကြောင်းတွေကိုပါအသေးစိတ်လေ့လာစိတ်ဖြာပြီး ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ဂျော့ချ်ဘုရင်ထံအလောင်းမင်းတရားကြီး ပေးပို့တဲ့အချိန်မှာ မင်းတရားကြီး၏ မြန်မာနိုင်ငံတော်ဟာမြောက်ပိုင်းကနေစလို့ တောင်ပိုင်းအထိနိုင်ငံရေးခြိမ်းခြောက်မှုတွေနဲ့ ကြုံတွေ့နေရတယ် လို့ဒေါက်တာဂျက်လိုင်ဒါက ဆိုပါတယ်။

၁၇၅၄ ခုနှစ်မှာ အင်းဝနေပြည်တော်ကို သိမ်းယူအပြီး အထက်မြန်မာပြည်ရဲ့ခေါင်းဆောင်ဖြစ်လာခဲ့တဲ့ အလောင်းမင်းတရားကြီးဟာ တောင်ပိုင်းကိုသိမ်းယူနိုင်ဖို့အတွက် စစ်လက်နှက်တွေ လိုအပ်တယ်လို့တွေးကာ အင်္ဂလိပ်ဘုရင်နဲ့မိတ်ဆွေဖွဲ့ရန် ရည်ရွယ်ပြီး

အဲဒီအချိန်တုန်းက လိုအပ်တဲ့ ထောက်ပံ့မှုတွေအတွက်အားကိုးနေရတဲ့ အရှေ့ အိန္ဒိယ ကုမ္ဗဏီကနေတစ်ဆင့် အိန္ဒိယနိုင်ငံ မဒရပ်မြို့ကနေ ၁၇ ၅၆ ခုနှစ်မေလမှာ ချစ်ကြည်ရေး ရွှေပေလွှာကိုပေးပို့လိုက်ပါတယ်။

အဲဒီ ရွှေပေလွှာကို ၁၇၅၈ ခုနှစ်ကျမှ အင်္ဂလန်ဘုရင်ဒုတိယမြောက်ဂျော့ချ်ထံကိုရောက်ရှိခဲ့ပါတယ်၊ စာအိပ်ပေါ်မှာလည်း မဒရပ်ကနေ ရောက်လာတဲ့ အိန္ဒိယမင်းသားထံကစာဆိုပြီး မှားယွင်းဖော်ပြထားပါတယ်တဲ့။

အင်္ဂလိပ်ဘုရင်ကလည်း စာမပြန်ခဲ့တဲ့အပြင်သူ့ဇာတိ ဟန်နိုဗာမြို့( Hanover )ကစာကြည့် တိုက် ဆီသို့ အဲဒီစာကို တန်းပို့လိုက်ပါတယ်။ဂျော့ချ်ဘုရင်ကလည်း တိုင်းတစ်ပါးကလာတဲ့ အနုပညာ လက်ရာမြောက်တဲ့စာအဖြစ်လောက်သာအသိ အမှတ်ပြုခဲ့ပြီး နိုင်ငံရေးအရတော့စိတ်ဝင်စားခဲ့ပုံမရပါဘူးတဲ့။

နောက်ပြီးတော့ အင်္ဂလိပ် ဂျော့ချ်ဘုရင်က စာမပြန်တဲ့အတွက်အလောင်းမင်းတရားကြီး၏ ချစ်ကြည်ရေး ပဏာမ ချဉ်းကပ်မှုဟာ ပျက်ပြယ်သွားခဲ့ရသလိုသြဇာတိက္ကမ ကြီးမားတဲ့သူမို့ သူ့ကို အသိအမှတ်မပြုဘူးဆိုပြီး ထိခိုက်ခံစားရလိမ့်မယ်လို့ယူဆရတယ် လို့ ဒေါက်တာ ဂျက်လိုင်ဒါက ပြောပါတယ်။

အငြိမ်းစား စာကြည့်တိုက်မှူးဒေါက်တာ သော်ကောင်းကလည်း အင်္ဂလိပ်ဂျော့ချ်ဘုရင်ဟာ မြန်မာဘုရင်ဘယ်လောက်သြဇာအာဏာရှိပြီး အောင်မြင်တယ်ဆိုတာ မသိတဲ့အပြင် ဘုရင်တစ်ပါးကနောက်ဘုရင်တစ်ပါးဆီ ချစ်ကြည်ရေးစာ ကမ်းလှမ်းတဲ့အခါ စာပြန်ကို ပြန်သင့်တယ်လို့သူ့၏အမြင်ကိုဆိုခဲ့ပါသေးတယ်။

ချစ်ကြည်ရေး စာလွှာဟာ မအောင်မြင်ခဲ့ဘူး၊ စာပြန်ခြင်းလည်း မခံခဲ့ရဘူး၊ဒီဘက်က စိတ်ရင်း စေတနာကောင်းနဲ့ ကမ်းလှမ်းတာကို ဟိုဘက်က တန်ဖိုးမသိဘူး?အရေးကြီးမှန်းလည်း မသိဘူး၊ အလောင်းမင်းတရားကြီးဘက်က ကြည့်ပြန်တော့လည်းငါလိုဘုရင်တစ်ပါးရဲ့ စာကိုတောင် မပြန်ဘူးဆိုပြီး တော်တော် စိတ်နာသွားပုံရတယ် လို့ပြောပါတယ်။

ရွှေပေလွှာပေါ်ကစာကို အလောင်းမင်းတရားကြီးရဲ့ ယုံကြည်အားကိုးရတဲ့စာရေးဆရာ၊ ကဗျာဆရာ၊ မှတ်တမ်းရေးဆရာ လက်ဝဲနော်ရထာက ရေးခဲ့တာဖြစ်ပါတယ်။

အလောင်းမင်းတရားကြီး ရွှေနုတ်နဲ့ မိန့်တာကို သူက စာချောအောင်ပေပုရပိုက်ပေါ်မှာ ရေးခဲ့ပုံ ပေါ်ပါတယ်၊ ပြီးတော့မှ ဘုရင့်အိမ်တော်မှာ ကျွမ်းကျင်တဲ့အမှုတော်ထမ်းတွေက ရွှေအစစ်ပေါ်မှာ လက်ဝဲနော်ရထာ စပ်ဆိုထားတဲ့စာကိုပြန်လည်ရေးထွင်းပြီး ဆင်စွယ်နဲ့ ပြုလုပ်ထားတဲ့ ကြုတ်ထဲမှာ ထည့်ပြီး ပို့တာပါ လို့ဒေါတာဂျက်လိုင်ဒါ၏ ၁၄၁ မျက်နှာပါတဲ့စာတမ်းမှာ ဆိုထားခဲ့ပါတယ်။

ဟန်နိုဗာမြို့ Gottfried Wihelm Leibniz စာကြည့် တိုက် မှာ ရှိတဲ့ အလောင်းမင်းတရားကြီးရဲ့ ရွှေပေလွှာကို ၂၀၁၅ ခုနှစ် မှာ ကမ္ဘာ့ မှတ် တမ်း အမွေ အနှစ် အ ဖြစ် သတ်မှတ် ခဲ့ပါ တယ် ။

Crd,

Zaw Gyi

ဦးေအာင္ေဇယ်မွအဂၤလန္ေဂ်ာ့ခ်္ဘုရင္ထံေပးေသာ ကမာၻအေမြ အႏွစ္စာရင္းဝင္ ေ႐ႊေပလႊာအေၾကာင္းတတိယ ျမန္မာႏိုင္ငံေတာ္ကို ထူေထာင္သြားခဲ့သူ အေလာင္းမင္းတရားႀကီးဦးေအာင္ေဇယ်က ဒုတိယေျမာက္ ေဂ်ာ့ခ်္ဘုရင္ထံသို႔ ၁၇၅၆ ခုႏွစ္တြင္ ေပးပို႔ခဲ့ေသာ ေ႐ႊေပလႊာမွာ ႏွစ္ေပါင္း ၂၅၀ ေက်ာ္ သက္တန္းရွိၿပီး ကမာၻ႔မွတ္တမ္း အေမြအႏွစ္ စာရင္းဝင္ ေ႐ႊေပလႊာျဖစ္ပါတယ္။

ယင္းေ႐ႊေပလႊာသည္ ၁၇၅၆ ခုႏွစ္ ေမလ (၇) ရက္ေန႔မွာ ျမန္မာဘုရင္အေလာင္းမင္းတရားႀကီးသည္ အဂၤလန္ႏိုင္ငံ၏ ဘုရင္တစ္ပါးျဖစ္ေသာ ဒုတိယေျမာက္ေဂ်ာ့ခ်္ဘုရင္ထံခ်စ္ ၾကည္ေရး ကမ္းလွမ္းတဲ့ေ႐ႊေပလႊာျဖစ္ပါတယ္။

အဲဒီေပလႊာရဲ႕ ပုံသဏၭာန္က ေထာင့္မွန္စတုဂံပုံ ေ႐ႊအစစ္နဲ႔ ျပဳလုပ္ထားတဲ့ေ႐ႊျပားခ်ပ္ျဖစ္ၿပီး မ်က္ႏွာျပင္ေပၚမွာ ျမန္မာစာလုံး စာေၾကာင္း (၁၀) ေၾကာင္းေရးထြင္းထားကာ အစြန္းႏွစ္ဖက္မွာ ပတၱျမား ၁၂ လုံးစီ ျမႇဳတ္ႏွံထားၿပီး ၂၄-လုံးတပ္ဆင္ထားပါတယ္။

ထိပ္တစ္ဖက္တြင္ ဘုရင့္တံဆိပ္ေတာ္ ဟသၤာပုံကို ေဖာင္းႂကြခပ္ႏွိပ္ထားပါတယ္။ ေ႐ႊေပလႊာဟာ ေဂ်ာ့ခ်္ဘုရင္မင္း၏ဇာတိ ဂ်ာမနီႏိုင္ငံ Hanover ၿမိဳ႕ကေလးမွာရွိတဲ့ Gottfried Wilhelm Leibniz စာၾကည့္တိုက္၏ စတိုခန္းကေလးမွာ ႏွစ္ေပါင္း ၂၅၀ ေက်ာ္တိုင္လူမသိသူမသိ ရွိေနခဲ့ရာမွစာၾကည့္တိုက္မႉးက ေတြ႕ရွိခဲ့ၿပီး

ေရွးေဟာင္းအသုံးအေဆာင္ ပစၥည္းေတြမွာ ထြင္းထုထားတဲ့ ေက်ာက္စာေတြကို အထူးျပဳေလ့လာတဲ့ ျပင္သစ္လူမ်ိဳး သမိုင္းပညာရွင္ ေဒါက္တာ ဂ်က္လိုင္ဒါထံအကူအညီေတာင္းခံရာက အေလာင္းမင္းတရားႀကီး ပို႔ခဲ့တဲ့ ေ႐ႊေပလႊာ ျဖစ္ေၾကာင္းကို ၂၀၀၇ ခုႏွစ္မွာ ေဖၚထုတ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

သမိုင္းတန္ဖိုး အလြန္ႀကီးမားၿပီး အႏုပညာလက္ရာေျမာက္တဲ့ ေ႐ႊေပလြာျဖစ္တဲ့အျပင္ ႏိုင္ငံေရးနဲ႔ပတ္သက္ၿပီး အေရးပါတဲ့ ေ႐ႊေပလႊာတစ္ခု ျဖစ္ပါတယ္ လို႔မစၥတာ ဂ်က္လိုင္ဒါက သူေလ့လာေဖၚထုတ္ခဲ့တဲ့ ေ႐ႊေပလႊာျဖစ္ေၾကာင္းကိုေျပာျပပါတယ္။

ေ႐ႊေပလႊာ ဘယ္ကလာသလဲဆိုတာ ေဖၚထုတ္ေပးဖို႔ ျပတိုက္မႉးကအကူအညီေတာင္းတယ္၊ ေ႐ႊေပလႊာက ႏွစ္ကာလ ေတာ္ေတာ္ၾကာၿပီဆိုေတာ့ေဟာင္းႏြမ္းေနၿပီ ဒါေပမဲ့ ေပလႊာေပၚက စာလုံးေတြနဲ႔ ေပလႊာရဲ႕ပုံစံ အေနအထားကေတာ့မပ်က္ပါဘူး။
ဒါေပမဲ့ သူရဲ႕မူရင္း ပိုင္ဆိုင္သူကို သိရဖို႔ နာရီေပါင္းမ်ားစြာ မွန္ဘီလူးသုံးၿပီးေတာ္ေတာ္ေလး ႀကိဳးစားေဖာ္ထုတ္ခဲ့ရတယ္ လို႔သူကဆိုပါတယ္။

ဒီလို ေလ့လာေဖာ္ထုတ္မႈကေနတစ္ဆင့္ ေဒါက္တာ ဂ်က္လိုင္ဒါက အေလာင္းမင္းတရားႀကီးမွ ေဂ်ာ့ခ်္ဘုရင္ထံ ေပးဖို႔စာ (၁၇၅၆ ခုႏွစ္၊ ေမလ ၇ ရက္ေန႔) ဆိုတဲ့ စာတမ္းကို ၂၀၀၉ ခုႏွစ္မွာ သူေရးသားျပဳစုခဲ့တယ္လို႔ ဆိုပါတယ္။

စာမ်က္ႏွာ ၁၄၁ မ်က္ႏွာ ပါဝင္တဲ့ အဲဒီစာတမ္းမွာ အေလာင္းမင္းတရားႀကီး အုပ္စိုးစဥ္ကစစ္ပြဲအေၾကာင္းေတြနဲ႔ သံတမန္ဆက္ဆံေရး အေၾကာင္းေတြကိုပါအေသးစိတ္ေလ့လာစိတ္ျဖာၿပီး ေရးသားခဲ့တာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ေဂ်ာ့ခ်္ဘုရင္ထံအေလာင္းမင္းတရားႀကီး ေပးပို႔တဲ့အခ်ိန္မွာ မင္းတရားႀကီး၏ ျမန္မာႏိုင္ငံေတာ္ဟာေျမာက္ပိုင္းကေနစလို႔ ေတာင္ပိုင္းအထိႏိုင္ငံေရးၿခိမ္းေျခာက္မႈေတြနဲ႔ ႀကဳံေတြ႕ေနရတယ္ လို႔ေဒါက္တာဂ်က္လိုင္ဒါက ဆိုပါတယ္။

၁၇၅၄ ခုႏွစ္မွာ အင္းဝေနျပည္ေတာ္ကို သိမ္းယူအၿပီး အထက္ျမန္မာျပည္ရဲ႕ေခါင္းေဆာင္ျဖစ္လာခဲ့တဲ့ အေလာင္းမင္းတရားႀကီးဟာ ေတာင္ပိုင္းကိုသိမ္းယူႏိုင္ဖို႔အတြက္ စစ္လက္ႏွက္ေတြ လိုအပ္တယ္လို႔ေတြးကာ အဂၤလိပ္ဘုရင္နဲ႔မိတ္ေဆြဖြဲ႕ရန္ ရည္႐ြယ္ၿပီး

အဲဒီအခ်ိန္တုန္းက လိုအပ္တဲ့ ေထာက္ပံ့မႈေတြအတြက္အားကိုးေနရတဲ့ အေရွ႕ အိႏၵိယ ကုမၺဏီကေနတစ္ဆင့္ အိႏၵိယႏိုင္ငံ မဒရပ္ၿမိဳ႕ကေန ၁၇ ၅၆ ခုႏွစ္ေမလမွာ ခ်စ္ၾကည္ေရး ေ႐ႊေပလႊာကိုေပးပို႔လိုက္ပါတယ္။

အဲဒီ ေ႐ႊေပလႊာကို ၁၇၅၈ ခုႏွစ္က်မွ အဂၤလန္ဘုရင္ဒုတိယေျမာက္ေဂ်ာ့ခ်္ထံကိုေရာက္ရွိခဲ့ပါတယ္၊ စာအိပ္ေပၚမွာလည္း မဒရပ္ကေန ေရာက္လာတဲ့ အိႏၵိယမင္းသားထံကစာဆိုၿပီး မွားယြင္းေဖာ္ျပထားပါတယ္တဲ့။

အဂၤလိပ္ဘုရင္ကလည္း စာမျပန္ခဲ့တဲ့အျပင္သူ႔ဇာတိ ဟန္ႏိုဗာၿမိဳ႕( Hanover )ကစာၾကည့္ တိုက္ ဆီသို႔ အဲဒီစာကို တန္းပို႔လိုက္ပါတယ္။ေဂ်ာ့ခ်္ဘုရင္ကလည္း တိုင္းတစ္ပါးကလာတဲ့ အႏုပညာ လက္ရာေျမာက္တဲ့စာအျဖစ္ေလာက္သာအသိ အမွတ္ျပဳခဲ့ၿပီး ႏိုင္ငံေရးအရေတာ့စိတ္ဝင္စားခဲ့ပုံမရပါဘူးတဲ့။

ေနာက္ၿပီးေတာ့ အဂၤလိပ္ ေဂ်ာ့ခ်္ဘုရင္က စာမျပန္တဲ့အတြက္အေလာင္းမင္းတရားႀကီး၏ ခ်စ္ၾကည္ေရး ပဏာမ ခ်ဥ္းကပ္မႈဟာ ပ်က္ျပယ္သြားခဲ့ရသလိုၾသဇာတိကၠမ ႀကီးမားတဲ့သူမို႔ သူ႔ကို အသိအမွတ္မျပဳဘူးဆိုၿပီး ထိခိုက္ခံစားရလိမ့္မယ္လို႔ယူဆရတယ္ လို႔ ေဒါက္တာ ဂ်က္လိုင္ဒါက ေျပာပါတယ္။

အၿငိမ္းစား စာၾကည့္တိုက္မႉးေဒါက္တာ ေသာ္ေကာင္းကလည္း အဂၤလိပ္ေဂ်ာ့ခ်္ဘုရင္ဟာ ျမန္မာဘုရင္ဘယ္ေလာက္ၾသဇာအာဏာရွိၿပီး ေအာင္ျမင္တယ္ဆိုတာ မသိတဲ့အျပင္ ဘုရင္တစ္ပါးကေနာက္ဘုရင္တစ္ပါးဆီ ခ်စ္ၾကည္ေရးစာ ကမ္းလွမ္းတဲ့အခါ စာျပန္ကို ျပန္သင့္တယ္လို႔သူ႔၏အျမင္ကိုဆိုခဲ့ပါေသးတယ္။

ခ်စ္ၾကည္ေရး စာလႊာဟာ မေအာင္ျမင္ခဲ့ဘူး၊ စာျပန္ျခင္းလည္း မခံခဲ့ရဘူး၊ဒီဘက္က စိတ္ရင္း ေစတနာေကာင္းနဲ႔ ကမ္းလွမ္းတာကို ဟိုဘက္က တန္ဖိုးမသိဘူး?အေရးႀကီးမွန္းလည္း မသိဘူး၊ အေလာင္းမင္းတရားႀကီးဘက္က ၾကည့္ျပန္ေတာ့လည္းငါလိုဘုရင္တစ္ပါးရဲ႕ စာကိုေတာင္ မျပန္ဘူးဆိုၿပီး ေတာ္ေတာ္ စိတ္နာသြားပုံရတယ္ လို႔ေျပာပါတယ္။

ေ႐ႊေပလႊာေပၚကစာကို အေလာင္းမင္းတရားႀကီးရဲ႕ ယုံၾကည္အားကိုးရတဲ့စာေရးဆရာ၊ ကဗ်ာဆရာ၊ မွတ္တမ္းေရးဆရာ လက္ဝဲေနာ္ရထာက ေရးခဲ့တာျဖစ္ပါတယ္။

အေလာင္းမင္းတရားႀကီး ေ႐ႊႏုတ္နဲ႔ မိန႔္တာကို သူက စာေခ်ာေအာင္ေပပုရပိုက္ေပၚမွာ ေရးခဲ့ပုံ ေပၚပါတယ္၊ ၿပီးေတာ့မွ ဘုရင့္အိမ္ေတာ္မွာ ကြၽမ္းက်င္တဲ့အမႈေတာ္ထမ္းေတြက ေ႐ႊအစစ္ေပၚမွာ လက္ဝဲေနာ္ရထာ စပ္ဆိုထားတဲ့စာကိုျပန္လည္ေရးထြင္းၿပီး ဆင္စြယ္နဲ႔ ျပဳလုပ္ထားတဲ့ ၾကဳတ္ထဲမွာ ထည့္ၿပီး ပို႔တာပါ လို႔ေဒါတာဂ်က္လိုင္ဒါ၏ ၁၄၁ မ်က္ႏွာပါတဲ့စာတမ္းမွာ ဆိုထားခဲ့ပါတယ္။

ဟန္ႏိုဗာၿမိဳ႕ Gottfried Wihelm Leibniz စာၾကည့္ တိုက္ မွာ ရွိတဲ့ အေလာင္းမင္းတရားႀကီးရဲ႕ ေ႐ႊေပလႊာကို ၂၀၁၅ ခုႏွစ္ မွာ ကမာၻ႔ မွတ္ တမ္း အေမြ အႏွစ္ အ ျဖစ္ သတ္မွတ္ ခဲ့ပါ တယ္ ။

Crd,