လိမ္မော်သီး ဝယ်ယူစားသုံးရာမှာ အရည်အသွေးကောင်းတဲ့ အသီးကို ရွေးချယ်နည်း..

Unicode

လိမ္မော်သီး ဝယ်ယူစားသုံးရာမှာ အရည်အသွေးကောင်းတဲ့ အသီးကို ရွေးချယ်နည်း..

လိမ္မော်သီး ဝယ်ယူစားသုံးရာမှာ အရည်အသွေးကောင်းတဲ့အသီးကို ရွေးချယ်ဝယ်ယူနိုင်ဖို့ ဂရုပြုရမယ့်အချက်တွေ ရှိပါတယ်။

(၁) အပြင်ပန်းကြည့်တဲ့အခါ အရောင်အသွေးတောက်ပြောင်ပြီး တင်းနေရင် ပိုပြီးလတ်ဆတ်ကြောင်း သိနိုင်ပါတယ်။ အခွံတွေမှိန်ပြီး ရှုံ့နေရင် ခူးထားတာကြာပြီး ရေဓာတ်တွေဆုံးရှုံးကာ အမှည့်လွန်နေပြီလို့ ဆိုနိုင်ပါတယ်။

အသီးအခွံမှာ မှိုလိုအစက်အပြောက်တွေရှိရင် အမျိုးအစားညံ့ဖျင်းတယ်လို့ သတ်မှတ်ပါတယ်။

(၂) အသီးအရွယ်အစားနဲ့ သင့်တော်တဲ့အလေးချိန် ရှိရပါမယ်။ လေးရင်အရည်ရွှမ်းပြီး ကောင်းပါတယ်.. ပေါ့နေရင် အရည်တွေ ခမ်းခြောက်ပြီး စားမကောင်းတော့ပါဘူး။

(၃) လိမ္မော်သီးရဲ့ အညှာချက်တိုင်ကြီးလေလေ ပိုပြီးကောင်းလေလေ၊ ပိုချိုလေလေပါပဲ။ ချက်တိုင်ကြီးပြီး အသီးအတွက် အာဟာရဓာတ်တွေ ပိုရတဲ့သဘောကို ဆောင်ပါတယ်။ ချက်တိုင်သေးရင်တော့ အာဟာရဓာတ် ရရှိမှုနည်းလို့ အသီးရဲ့အရည်အသွေး ညံ့ပါတယ်။

ဒေါက်တာခင်မောင်လွင် (FAME)

Zaw Gyi

လိေမၼာ္သီး ဝယ္ယူစားသုံးရာမွာ အရည္အေသြးေကာင္းတဲ့ အသီးကို ေ႐ြးခ်ယ္နည္း..

လိေမၼာ္သီး ဝယ္ယူစားသုံးရာမွာ အရည္အေသြးေကာင္းတဲ့အသီးကို ေ႐ြးခ်ယ္ဝယ္ယူႏိုင္ဖို႔ ဂ႐ုျပဳရမယ့္အခ်က္ေတြ ရွိပါတယ္။

(၁) အျပင္ပန္းၾကည့္တဲ့အခါ အေရာင္အေသြးေတာက္ေျပာင္ၿပီး တင္းေနရင္ ပိုၿပီးလတ္ဆတ္ေၾကာင္း သိႏိုင္ပါတယ္။ အခြံေတြမွိန္ၿပီး ရႈံ႕ေနရင္ ခူးထားတာၾကာၿပီး ေရဓာတ္ေတြဆုံးရႈံးကာ အမွည့္လြန္ေနၿပီလို႔ ဆိုႏိုင္ပါတယ္။

အသီးအခြံမွာ မႈိလိုအစက္အေျပာက္ေတြရွိရင္ အမ်ိဳးအစားညံ့ဖ်င္းတယ္လို႔ သတ္မွတ္ပါတယ္။

(၂) အသီးအ႐ြယ္အစားနဲ႔ သင့္ေတာ္တဲ့အေလးခ်ိန္ ရွိရပါမယ္။ ေလးရင္အရည္႐ႊမ္းၿပီး ေကာင္းပါတယ္.. ေပါ့ေနရင္ အရည္ေတြ ခမ္းေျခာက္ၿပီး စားမေကာင္းေတာ့ပါဘူး။

(၃) လိေမၼာ္သီးရဲ႕ အညႇာခ်က္တိုင္ႀကီးေလေလ ပိုၿပီးေကာင္းေလေလ၊ ပိုခ်ိဳေလေလပါပဲ။ ခ်က္တိုင္ႀကီးၿပီး အသီးအတြက္ အာဟာရဓာတ္ေတြ ပိုရတဲ့သေဘာကို ေဆာင္ပါတယ္။ ခ်က္တိုင္ေသးရင္ေတာ့ အာဟာရဓာတ္ ရရွိမႈနည္းလို႔ အသီးရဲ႕အရည္အေသြး ညံ့ပါတယ္။

ေဒါက္တာခင္ေမာင္လြင္ (FAME)