အင်းဝခေတ်က သူခိုးကြီး ငတက်ပြား အကြောင်း

Unicode

မြန်မာသက္ကရာဇ် ၇၂၆-ခုတွင် အင်းဝမြို့ကို စတင်တည်ထောင်သူ သတိုးမင်းဖျားလက်ထက်တွင် စစ်ကိုင်း ရေဝန်းရပ်၌ ကျော်စောသော သူ ခိုးကြီးငတက်ပြားဟူ၍ ရှိ၏။

၎င်းသူခိုးကြီးသည် အလွန်စွမ်း၍ ညဉ့်အခါ၌ စစ်ကိုင်းဘက်မှနေ၍ လှေဖြင့်ကူးကာ အင်းဝမြို့ မီးသွေးတိုက်တံခါးမှ ဝင်ပြီးသော် ဆင်းရဲသားအိမ်များ မဟုတ်ဘဲ မှူးမတ်၊ သူဌေးသူကြွယ်အိမ်များကိုသာ တက်ပြီးမှ ပစ္စည်းများကို သင့်တန် ရုံခိုး၍ စားသောက်နေထိုင်လေ့ ရှိသည်။

မှူးမတ်စသည်တို့ သိ၍ ဖမ်းဆီးကြသော်လည်း မမိနိုင်ချေ။တစ်နေ့သော် သူခိုးကြီးငတက်ပြားသည် ဤသို့ ကြုံးဝါး၏။ငါ့ကို သတိုးမင်းဖျားရလျှင်သာ သတ်ရအံ့။ မရသော်ကား အဘယ် သူဝံ့အံ့နည်းဟုဆို၏။

ထိုစကားကို သတိုးမင်းဖျား ကြားသော် ဥပါယ်တမျဉ်ဖြင့် ဖမ်းအံ့ဟု ညဉ့်အခါ နန်းတော်ကဆင်းခဲ့၍ သူခိုးယောင်ဆောင်ပြီးလျှင် မီးသွေးတိုက်တံခါးမှ ထွက်လျက် ဧရာဝတီမြစ်ဆိပ်က သူခိုးငတက်ပြား အလာကို စောင့်နေလေသည်။

ငတက်ပြားလည်း လာနေကြလမ်းအတိုင်း လာ၍ မီးသွေးတိုက်ဆိပ်နားသို့ ရောက်သော် လှေပေါ်ကနေလျက်ဟေ့ ကုန်းပေါ်က ဘယ်သူလဲဟုမေးရာ၊ငါ ညဉ့်လူဟေ့ဟု သတိုးမင်းဖျားက ပြန်ပြော၏။

ကုန်းသို့တက်မိလျှင် သတိုးမင်းဖျားကဆရာကြီးနှင့် အတူလိုက်လိုပါ၍ စောင့်နေပါသည်ဟု ဆိုသောအခါ ငတက်ပြားလည်း အလွန်သဘောကျကာ နှစ်ယောက်လုံး မြို့တွင်းသို့ဝင်လျက် မှူးတော်၊ မတ်တော်များ၏ အိမ်သို့ဝင်၍ ပုတီး၊ နားတောင်း၊ လက်စွပ် စသည်များကို ခိုးယူပြီးလျှင် မြို့ပြင်မီးသွေးတိုက်သို့ ပြန်ခဲ့ကြသည်။

ထိုအခါ ငတက်ပြားလည်း အရက်သောက်လိုသည် ဖြစ်၍ သတိုးမင်းဖျားက အလွန်မူးယစ်အောင်တိုက်သဖြင့် လဲသောအခါမှ ခြေကျဉ်းခတ်၍ မီးသွေးတိုက်၌ သော့ခတ်ကာ ထားခဲ့၏။

နံနက်တွင် မှူးမတ်တို့ ပစ္စည်းပျောက်သည်ဟု အုတ်အုတ် ကျက်ကျက် ဖြစ်ကြကုန်၏။ သတိုးမင်းဖျားလည်း မှူးမတ်တို့၏ လက်စွပ်စသည်တို့ကို ဝတ်၍ ညီလာခံဝင်လေသည်။ မှူးမတ်တို့လည်း မိမိတို့လက်စွပ်ဟု သိသော်လည်း ဘုရင်ဖြစ်၍ မရိုးမစွပ်ဝံ့၊ တူသည်ဟူ၍သာ လျှောက်ကြကုန်၏။

သတိုးမင်းဖျားကနင်တို့ သူခိုးငတက်ပြားကို ရအောင်မဖမ်းနိုင်၊ ညဉ့်က ငါဖမ်းမိပြီ၊ မီးသွေးတိုက်တွင် ယူချေဟု စေလိုက်သည်။ ရှေ့တော်သို့ ငတက်ပြားရောက်သော် မင်းကြီးလည်းနင့်ကို ငါမိပြီ၊ ရဲတင်း၊ ပုဆိန်၊ ဓားလှံ၊ တံကျင် စသည်တို့တွင် အဘယ်ကို အလိုရှိသနည်းဟု မေးတော်မူ၏။

ငတက်ပြားလည်း `အရှင်မင်းကြီး ကျွနုပ်ကို မိပြီဖြစ်သည်။ အလိုရှိသလို သတ်တော်မူတော့၊ အကျွနုပ် အလိုကို လျှောက်ရမည်ဆိုသော် မင်းကြီး မိဖုရား စောဥမ္မာကို အလိုရှိ၏ဟု ရဲဝံ့ရွှင်ကြည်စွာ လျှောက်ပေသည်။

သတ္တိရှိသူကို နှစ်သက်သော သတိုးမင်းဖျားသည် အမျက်ရှိတော်မမူဘဲ ငတက်ပြား၏ သတ္တိရှိမှုကို ကြိုက်နှစ်သက်သည်က တစ်ကြောင်း၊ ညဉ့်အခါက တစ်ဦးအသက်ကို တစ်ဦး ကယ်ဆယ်တမ်းဟု ကတိရှိသည်ကတစ်ကြောင်း စသည်တို့ကြောင့် မသတ်ဘဲ ကျွေးမွေးထားပြီး နောင်တွင် တိုက်ပွဲရှိသော အမှုထမ်းစေဟု အမိန့်ချမှတ်ခဲ့လေသည်။

သူခိုးကြီးငတက်ပြားသည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နန်းဦးမြို့သစ်ရပ်ကွက်၊ မင်းဝံတောင်ညွန့် ကုန်းမြင့်အထက်တွင် မရှိခဏစေတီတော် ကို တည်ထားကိုးကွယ်ခဲ့သည်။

ကိုးကား ဦးဖိုးကျား၏ မြန်မာ့ဂုဏ်ရည်သူရဲကောင်းများ (သတ္တမအကြိမ်)

Credit wikipedia

Zaw Gyi

ျမန္မာသကၠရာဇ္ ၇၂၆-ခုတြင္ အင္းဝၿမိဳ႕ကို စတင္တည္ေထာင္သူ သတိုးမင္းဖ်ားလက္ထက္တြင္ စစ္ကိုင္း ေရဝန္းရပ္၌ ေက်ာ္ေစာေသာ သူ ခိုးႀကီးငတက္ျပားဟူ၍ ရွိ၏။

၎သူခိုးႀကီးသည္ အလြန္စြမ္း၍ ညဥ့္အခါ၌ စစ္ကိုင္းဘက္မွေန၍ ေလွျဖင့္ကူးကာ အင္းဝၿမိဳ႕ မီးေသြးတိုက္တံခါးမွ ဝင္ၿပီးေသာ္ ဆင္းရဲသားအိမ္မ်ား မဟုတ္ဘဲ မႉးမတ္၊ သူေဌးသူႂကြယ္အိမ္မ်ားကိုသာ တက္ၿပီးမွ ပစၥည္းမ်ားကို သင့္တန္ ႐ုံခိုး၍ စားေသာက္ေနထိုင္ေလ့ ရွိသည္။

မႉးမတ္စသည္တို႔ သိ၍ ဖမ္းဆီးၾကေသာ္လည္း မမိႏိုင္ေခ်။တစ္ေန႔ေသာ္ သူခိုးႀကီးငတက္ျပားသည္ ဤသို႔ ႀကဳံးဝါး၏။ငါ့ကို သတိုးမင္းဖ်ားရလွ်င္သာ သတ္ရအံ့။ မရေသာ္ကား အဘယ္ သူဝံ့အံ့နည္းဟုဆို၏။

ထိုစကားကို သတိုးမင္းဖ်ား ၾကားေသာ္ ဥပါယ္တမ်ဥ္ျဖင့္ ဖမ္းအံ့ဟု ညဥ့္အခါ နန္းေတာ္ကဆင္းခဲ့၍ သူခိုးေယာင္ေဆာင္ၿပီးလွ်င္ မီးေသြးတိုက္တံခါးမွ ထြက္လ်က္ ဧရာဝတီျမစ္ဆိပ္က သူခိုးငတက္ျပား အလာကို ေစာင့္ေနေလသည္။

ငတက္ျပားလည္း လာေနၾကလမ္းအတိုင္း လာ၍ မီးေသြးတိုက္ဆိပ္နားသို႔ ေရာက္ေသာ္ ေလွေပၚကေနလ်က္ေဟ့ ကုန္းေပၚက ဘယ္သူလဲဟုေမးရာ၊ငါ ညဥ့္လူေဟ့ဟု သတိုးမင္းဖ်ားက ျပန္ေျပာ၏။

ကုန္းသို႔တက္မိလွ်င္ သတိုးမင္းဖ်ားကဆရာႀကီးႏွင့္ အတူလိုက္လိုပါ၍ ေစာင့္ေနပါသည္ဟု ဆိုေသာအခါ ငတက္ျပားလည္း အလြန္သေဘာက်ကာ ႏွစ္ေယာက္လုံး ၿမိဳ႕တြင္းသို႔ဝင္လ်က္ မႉးေတာ္၊ မတ္ေတာ္မ်ား၏ အိမ္သို႔ဝင္၍ ပုတီး၊ နားေတာင္း၊ လက္စြပ္ စသည္မ်ားကို ခိုးယူၿပီးလွ်င္ ၿမိဳ႕ျပင္မီးေသြးတိုက္သို႔ ျပန္ခဲ့ၾကသည္။

ထိုအခါ ငတက္ျပားလည္း အရက္ေသာက္လိုသည္ ျဖစ္၍ သတိုးမင္းဖ်ားက အလြန္မူးယစ္ေအာင္တိုက္သျဖင့္ လဲေသာအခါမွ ေျခက်ဥ္းခတ္၍ မီးေသြးတိုက္၌ ေသာ့ခတ္ကာ ထားခဲ့၏။

နံနက္တြင္ မႉးမတ္တို႔ ပစၥည္းေပ်ာက္သည္ဟု အုတ္အုတ္ က်က္က်က္ ျဖစ္ၾကကုန္၏။ သတိုးမင္းဖ်ားလည္း မႉးမတ္တို႔၏ လက္စြပ္စသည္တို႔ကို ဝတ္၍ ညီလာခံဝင္ေလသည္။ မႉးမတ္တို႔လည္း မိမိတို႔လက္စြပ္ဟု သိေသာ္လည္း ဘုရင္ျဖစ္၍ မ႐ိုးမစြပ္ဝံ့၊ တူသည္ဟူ၍သာ ေလွ်ာက္ၾကကုန္၏။

သတိုးမင္းဖ်ားကနင္တို႔ သူခိုးငတက္ျပားကို ရေအာင္မဖမ္းႏိုင္၊ ညဥ့္က ငါဖမ္းမိၿပီ၊ မီးေသြးတိုက္တြင္ ယူေခ်ဟု ေစလိုက္သည္။ ေရွ႕ေတာ္သို႔ ငတက္ျပားေရာက္ေသာ္ မင္းႀကီးလည္းနင့္ကို ငါမိၿပီ၊ ရဲတင္း၊ ပုဆိန္၊ ဓားလွံ၊ တံက်င္ စသည္တို႔တြင္ အဘယ္ကို အလိုရွိသနည္းဟု ေမးေတာ္မူ၏။

ငတက္ျပားလည္း `အရွင္မင္းႀကီး ကြၽႏုပ္ကို မိၿပီျဖစ္သည္။ အလိုရွိသလို သတ္ေတာ္မူေတာ့၊ အကြၽႏုပ္ အလိုကို ေလွ်ာက္ရမည္ဆိုေသာ္ မင္းႀကီး မိဖုရား ေစာဥမၼာကို အလိုရွိ၏ဟု ရဲဝံ့႐ႊင္ၾကည္စြာ ေလွ်ာက္ေပသည္။

သတၱိရွိသူကို ႏွစ္သက္ေသာ သတိုးမင္းဖ်ားသည္ အမ်က္ရွိေတာ္မမူဘဲ ငတက္ျပား၏ သတၱိရွိမႈကို ႀကိဳက္ႏွစ္သက္သည္က တစ္ေၾကာင္း၊ ညဥ့္အခါက တစ္ဦးအသက္ကို တစ္ဦး ကယ္ဆယ္တမ္းဟု ကတိရွိသည္ကတစ္ေၾကာင္း စသည္တို႔ေၾကာင့္ မသတ္ဘဲ ေကြၽးေမြးထားၿပီး ေနာင္တြင္ တိုက္ပြဲရွိေသာ အမႈထမ္းေစဟု အမိန႔္ခ်မွတ္ခဲ့ေလသည္။

သူခိုးႀကီးငတက္ျပားသည္ စစ္ကိုင္းတိုင္းေဒသႀကီး၊ စစ္ကိုင္းၿမိဳ႕၊ နန္းဦးၿမိဳ႕သစ္ရပ္ကြက္၊ မင္းဝံေတာင္ၫြန႔္ ကုန္းျမင့္အထက္တြင္ မရွိခဏေစတီေတာ္ ကို တည္ထားကိုးကြယ္ခဲ့သည္။

ကိုးကား ဦးဖိုးက်ား၏ ျမန္မာ့ဂုဏ္ရည္သူရဲေကာင္းမ်ား (သတၱမအႀကိမ္)

Credit wikipedia