ပျောက်ကွယ်လုလုဖြစ်နေတဲ့ ရှေးမနုဿ သီဟရုပ်တု အကြောင်း

Unicode

မွန်လူမျိုးတို့၏ရှေးပဝေဏီအစဉ်အဆက်ကိုးကွယ်ခဲ့ကြသောဘာသာမှာ ထေရဝါဒဗုဒ္ဓဘာသာဖြစ်သည်။ မွန်လူမျိုးတို့သည် မြန်မာနိင်ငံ တွင်ရှေးအကျဆုံးလူမျိုးဖြစ်သည်သာမက အိန္ဒိယပြည်မှဗုဒ္ဓသာသနာတော်နှင့်စာပေယဉ်ကျေးမှု အနုပညာများကို ရှေးဦးစွာရရှိခဲ့ကြပေသည်။

မနုဿ သီဟဆိုသည်မှာ မနုဿ = လူသား သီဟ =ခြင်္သေ့ လူဦးခေါင်းနှင့်ခြင်္သေ့ကိုယ်ပုံရှိသောသတ္တဝါဆန်းကိုမနုဿ သီဟဟုခေါ်ကြသည်။ အထူးသဖြင့်ရွှေတိဂုံဘုရားဖူးသွာရောက်သူတိုင်းမနုဿ သီဟရုပ်ထုကိုတွေ့မြင်ကြရမှာဖြစ်သည်။

စင်စစ်အားဖြင့် မနုဿ သီဟရုပ်ထုသည် ရာမညဌာနေမွန်တို့မြေမှဆင်းသက်လာခဲ့သော သမိုင်းဝင်ရှေးဟောင်အမွေအနစ်တစ်ခုဖြစ်ပါသည်။

မွန်တို့၏ ထူးခြာသောယုံကြည်မှုဆိုင်ရာ သင်္ကေတအဖြစ်လည်းကောင်း ပြောင်မြောက်သောဗိသုကာအနုပညာလက်ရာတစ်ရပ်အဖြစ် ရှေးဟောင်းသုတေသနပြုသူတို့လက်ခံခဲ့ကြသည်။မွန်တို့တည်ထားခဲ့သော ဘုရား ပုထိုး စေတီများ ဇရပ်တန်ဆောင် ကျောင်းများ မနုဿ သီဟရုပ်ထုကိုတွေ့ရှိနိင်တတ်သည်။

လွန်ခဲ့သောနှစ်ပေါင်း ၂၃၀၀ ကျော်က မွန်တို့ဌာနေ သုဝဏ္ဏဘူမိမြို့သည် အလွန်စည်ကာသောပင်လယ်ဆိပ်ကမ်းမြို့ဖြစ်ခဲ့ဖူသည်။ ထိုစဉ်က သုဝဏ္ဏဘူမိတိုင်း၌ အုပ်ချုပ်သောမင်းမှာ သိရိမာသောကရာဇာမင်းဖြစ်သည်။

သုဝဏ္ဏဘူမိမှာရှိတဲ့မွန်လူမျိုးတို့သည်စီးပွားရေအဆင်ပြေ၍ကိုယ်ချမ်းသာမှုနှင့်ပြည့်စုံသော်လည်း စိတ်ချမ်းသာမှုမရရှိကြပေ ။ အကြောင်းမှာ သုဝဏ္ဏဘူမိမြို့ပေါ်သို့ ရေသရဲ ( ကလော်ဍာ် ) များတက်လာကာမြို့နန်တွင်း၌မွေးဖွားသောခလေးများအား ဖမ်းစားနှောင့်ယှက်တတ်သောကြောင့်ဖြစ်သည်။

သာသနာသက္ကရာဇ် ၂၃၅ ၂၃၆ ( ဘီစီ ၃၁၀ ) ခန့်တွင် အိန္ဒိယပြည်၌ သိရိဓမ္မာသောကမင်းသည် အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်ကို အမှုးပြု၍ တတိယသင်္ဂါယနာ တင်တော်မူ၏။ ထို့နောက်မြတ်စွာဘုရား၏ သာသနာတော်ကို လွန်စွာထွန်းလင်းတောက်ပစေရန်အလို့ငှာ ကိုးတိုင်း ကိုးဌာနသို့ သာသနာပြုရန် မဟာထေရ်များ စေလွှတ်တော်မူသည်။

၎င်းအနက် သုဝဏ္ဏဘူမိခေါ် သုဓမ္မဝတီသထုံပြည်သို့ ကြွရောက်လာသော မထေရ်နှစ်ပါးတို့ကား အရှင်သောဏထေရ် နှင့် အရှင်ဥတ္တရ နောက်ပါ မထေရ်သုံးပါးသို့သထုံပြည်၌ဆိုက်ရောက်စဉ်ကကြုံကြိုက်မှု အဖြစ်းအပျက်တစ်ရပ်ဖြစ်သည်။

ထို အတောအတွင်း နန်တွင်း၌မင်းကြီး၏ မိဘုရားခေါင်းကြီးမှ သားတော်တစ်ပါး ဖွားမြင်လေသည်။ ဤသို့ကလေးငယ်အသစ် မွေးဖွာသည်ဟု ကြားသိသော ရေသရဲတို့သည် ကလေးငယ်အားဖမ်းစားရန် ပင်လယ်မှတက်လာကြသည်။

မင်ကြီးလည်း ကြံရာမရဖြစ်ကာ အရှင်မထေရ် များအားအကူညီတောင်းလေသည်။ မထေရ်မြတ်တို့ကလည်း ငါတို့ကားဘီးလူသရဲမ၏ အဖေါ်အဖက်မဟုတ်။သီလနှင့်ပြည့်ဝသော ရဟန်းမြတ်များဖြစ်သည်။

ငါတို့ကာ လူ့အသက်ကိုညှဉ်းဆဲခြင်း စသောမကောင်းမှုကို ရှောင်ကြည့်ကြကုန်၏ ။ထိုသို့ ဟောပြောနေစဉ် ဘီလူးမနှင့် အခြံအရံများနှင့်တကွ ရေမှတက်လာ၍ လူတို့ကိုမြင်လျှင် အုတ်အုတ်ကျက်ကျက်အသံတို့ဖြင့် ကြွေးကြော် ကြကုန်၏။

ထိုအခါအရှင်မထေရ်မြတ်နှစ်ပါး ရေသရဲများကိုခြောက်လှန့်မောင်နှင်းရန်အတွတ် ဘီလူးမထက် နှစ်ဆမျှကြီးမားသော လူဦခေါင်းတစ်ခုနှင့် ခြင်္သေ့ကိုယ်နှစ်ခုရှိသော သတ္တဝါဆန်း ပုံသဏ္ဌာန်ဖန်ဆင်း၍ ရေသရဲများအားခြောက်လှန့်သည်တွင် ရေသရဲများအားကြောက်လန့်ထွတ် ပြေးကြလေသည်။

အရှင်မထေရ်မြတ် ဖန်းဆင်းယူခဲ့သည့် လူဦခေါင်းနှင့်ခြင်္သေ့ကိုယ်ရှိသော သတ္တဝါဆန်ကို မနုဿ သီဟဟုခေါ်သည်။မြို့သူမြို့သားများလည်း မထေရ်ကြီးတို့ တန်းခိုးကြီးသည်ကိုမြင်၍ ရွှင်လန်ဝမ်းမြောက်လှသဖြင့် အနားတို့ကပ်ကာ ဝန်းရံလျက် နေကုန်၏။

မဟာထေရ်မြတ်တို့လည်း ပရိသတ်တို့အား ဗြဟ္မဇာလသုတ်ကိုဟော၍ သရဏဂုံသီလ၌တည်စေကုန်၏ ။ ၆၀၀၀၀ သောသထုံပြည် သူပြည် သား များသည် သောတာပတ္တိဖိုလ်၌ တည်၍ များစွာသော မိန်းမ ယောကျာ်းတို့သည် ရဟန်းပြုကြကုန်၏ ထိုအခါမှစ၍ သုဝဏ္ဏဘူ မိမှာ ရှိတဲ့မွန်လူမျိုးများ အလွန်းယဉ်ကျေးလိမ္မာကြသည်။

ဖွားမြင်သော် သောဏုတ္တရ သတို့သားဟူသော အမည်ကိုမှည့်ကုန်၏ စသည်ဖြစ် အလွန်ရှေးကျသော အေဒီ ( ၄၀၀ ) စုရေ သိဟိုဠ်သမိုင်း၌ဖေါ်ပြပါရှိလေသည်။ထိုအချိန်မှစ၍မွန်လူမျိုးတို့သည် မနုဿသီဟရုပ်ကိုယုံကြည်မှုတစ်ရပ်လက်ခံခဲ့ကြသည်။

မွန်ဒေသများ၌ ခလေးငယ်များအိပ်ပျော်စဉ် လန့်ဖျပ် ပါက မနုဿ သီဟရုပ်ကို ထန်းရွတ် ပေရွတ်ပေါ်တွင် ရေးခြစ်၍ ပုခက်တွင်ချိတ်ဆွဲထားပေးတတ်ကြသည်။ အချို့အမျိုးသမီးများမှာ မနုဿ သီဟရုပ်ကို စက္ကူ ထန်းရွတ် ပေရွတ်တို့ပေါ်တွင် ရေးခြစ်ကာ ဦးခေါင်းထက်တွင် ပန်ဆင်ထားတတ်ကြသည်။

အိမ်အဝင်ဝ တံခါးပေါက်တွင်လည်း မနုဿ သီဟရုပ်ကိုချိတ်ဆွဲထားကြသည်။ မနုဿ သီဟအရုပ်ကို ဆောင်ထားခြင်းဖြင့် မကောင်းဆိုး ဝါးများ မကပ်ရောက်နိင်သည်ဟု အယူအစရှိသည်။ဘုရားစေတီများ တည်ထားရာ၌လည်း ရင်ပြင်ပေါ်ရှိ ပစ္စယံတွင် မနုဿ သီဟရုပ်ထုကို စေတီပတ်ပန်လည်ထည့်သွင်း ပြုလုပ်ထားလေ့ ရှိသည်။

မွန်ဘုန်းကြီးကျောင်းများ သာသနိကအဆောက်အဦးများ တံခါးဝများ စသည်ဖြင့် မနုဿ သီဟရုပ်တုပြုလုပ်ထားကြသည်။
မနုဿ သီဟရုပ်တုသည် ရှေးမွန်တို့၏ ယုံကြည်မှု ရှေးခေတ်မွန်တို့၏ဗိသုကာ အနုပညာလက်ရာ အဆင့်အတန်းကိုလည်း မှန်းဆကြည့် နိင်ရန်အတွတ် လည်းကောင်း မွန်တို့၏သမိုင်း ကြောင်းကိုလေ့လာရန်အတွတ်လည်ကောင်း များစွာအ ထောက်အကူပြုနိင်သည်။

မနုဿ သီဟရုပ်ထုကို မြင်တိုင်း တစ်ချိန်က သာသနာရောင်ဝါ ထွန်းလင်း၍ စည်ပင်ဝပြောခဲ့သော သုဝဏ္ဏဘူမိပြည်ကြီးကို အမှတ်ရစေသည်။

ထို့ပြင် မနုဿ သီဟရုပ်ထုသည် မွန်တို့ဌာနေ ရာမညမြေတွင် မွေးဖွားသန့်စင်လာသော ရှေးဟောင်းမွန်ရိုရာဓလေ့ ယုံကြသည်မှု တစ်ရပ်ဖြစ် သည် သာမက မွန်တို့၏ ယှု်ကျေးမှု အနုပညာ ဗိသုကာလက်ရာ တစ်စိတ်တစ်ပိုင်းကို လှစ်ဟပြနေသော ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည်ကို ငြင်းပယ်၍ မရနိင်ပေ ။

ထို့ကြောင့်အနယ်နယ်အရပ်ရပ်တွင်ရှိသော မွန်တို့၏မနုဿ သီဟ ရုပ်တု ရုပ်ပုံများကို မပျက်မစီး မပပျောက်ကွယ်အောင် ထိန်းသိမ်း စောင့်ရှောက်သွားကြရန် မွန်သွေးချင်းညီနောင်တို့အား တိုက်တွန်းလိုက်ရပေသည်။

Crd,

Zaw Gyi

မြန္လူမ်ိဳးတို႔၏ေရွးပေဝဏီအစဥ္အဆက္ကိုးကြယ္ခဲ့ၾကေသာဘာသာမွာ ေထရဝါဒဗုဒၶဘာသာျဖစ္သည္။ မြန္လူမ်ိဳးတို႔သည္ ျမန္မာနိင္ငံ တြင္ေရွးအက်ဆုံးလူမ်ိဳးျဖစ္သည္သာမက အိႏၵိယျပည္မွဗုဒၶသာသနာေတာ္ႏွင့္စာေပယဥ္ေက်းမႈ အႏုပညာမ်ားကို ေရွးဦးစြာရရွိခဲ့ၾကေပသည္။

မႏုႆ သီဟဆိုသည္မွာ မႏုႆ = လူသား သီဟ =ျခေသၤ့ လူဦးေခါင္းႏွင့္ျခေသၤ့ကိုယ္ပုံရွိေသာသတၱဝါဆန္းကိုမႏုႆ သီဟဟုေခၚၾကသည္။ အထူးသျဖင့္ေ႐ႊတိဂုံဘုရားဖူးသြာေရာက္သူတိုင္းမႏုႆ သီဟ႐ုပ္ထုကိုေတြ႕ျမင္ၾကရမွာျဖစ္သည္။

စင္စစ္အားျဖင့္ မႏုႆ သီဟ႐ုပ္ထုသည္ ရာမညဌာေနမြန္တို႔ေျမမွဆင္းသက္လာခဲ့ေသာ သမိုင္းဝင္ေရွးေဟာင္အေမြအနစ္တစ္ခုျဖစ္ပါသည္။

မြန္တို႔၏ ထူးျခာေသာယုံၾကည္မႈဆိုင္ရာ သေကၤတအျဖစ္လည္းေကာင္း ေျပာင္ေျမာက္ေသာဗိသုကာအႏုပညာလက္ရာတစ္ရပ္အျဖစ္ ေရွးေဟာင္းသုေတသနျပဳသူတို႔လက္ခံခဲ့ၾကသည္။မြန္တို႔တည္ထားခဲ့ေသာ ဘုရား ပုထိုး ေစတီမ်ား ဇရပ္တန္ေဆာင္ ေက်ာင္းမ်ား မႏုႆ သီဟ႐ုပ္ထုကိုေတြ႕ရွိနိင္တတ္သည္။

လြန္ခဲ့ေသာႏွစ္ေပါင္း ၂၃၀၀ ေက်ာ္က မြန္တို႔ဌာေန သုဝဏၰဘူမိၿမိဳ႕သည္ အလြန္စည္ကာေသာပင္လယ္ဆိပ္ကမ္းၿမိဳ႕ျဖစ္ခဲ့ဖူသည္။ ထိုစဥ္က သုဝဏၰဘူမိတိုင္း၌ အုပ္ခ်ဳပ္ေသာမင္းမွာ သိရိမာေသာကရာဇာမင္းျဖစ္သည္။

သုဝဏၰဘူမိမွာရွိတဲ့မြန္လူမ်ိဳးတို႔သည္စီးပြားေရအဆင္ေျပ၍ကိုယ္ခ်မ္းသာမႈႏွင့္ျပည့္စုံေသာ္လည္း စိတ္ခ်မ္းသာမႈမရရွိၾကေပ ။ အေၾကာင္းမွာ သုဝဏၰဘူမိၿမိဳ႕ေပၚသို႔ ေရသရဲ ( ကေလာ္ဍာ္ ) မ်ားတက္လာကာၿမိဳ႕နန္တြင္း၌ေမြးဖြားေသာခေလးမ်ားအား ဖမ္းစားေႏွာင့္ယွက္တတ္ေသာေၾကာင့္ျဖစ္သည္။

သာသနာသကၠရာဇ္ ၂၃၅ ၂၃၆ ( ဘီစီ ၃၁၀ ) ခန႔္တြင္ အိႏၵိယျပည္၌ သိရိဓမၼာေသာကမင္းသည္ အရွင္ေမာဂၢလိပုတၱတိႆ မေထရ္ျမတ္ကို အမႈးျပဳ၍ တတိယသဂၤါယနာ တင္ေတာ္မူ၏။ ထို႔ေနာက္ျမတ္စြာဘုရား၏ သာသနာေတာ္ကို လြန္စြာထြန္းလင္းေတာက္ပေစရန္အလို႔ငွာ ကိုးတိုင္း ကိုးဌာနသို႔ သာသနာျပဳရန္ မဟာေထရ္မ်ား ေစလႊတ္ေတာ္မူသည္။

၎အနက္ သုဝဏၰဘူမိေခၚ သုဓမၼဝတီသထုံျပည္သို႔ ႂကြေရာက္လာေသာ မေထရ္ႏွစ္ပါးတို႔ကား အရွင္ေသာဏေထရ္ ႏွင့္ အရွင္ဥတၱရ ေနာက္ပါ မေထရ္သုံးပါးသို႔သထုံျပည္၌ဆိုက္ေရာက္စဥ္ကႀကဳံႀကိဳက္မႈ အျဖစ္းအပ်က္တစ္ရပ္ျဖစ္သည္။

ထို အေတာအတြင္း နန္တြင္း၌မင္းႀကီး၏ မိဘုရားေခါင္းႀကီးမွ သားေတာ္တစ္ပါး ဖြားျမင္ေလသည္။ ဤသို႔ကေလးငယ္အသစ္ ေမြးဖြာသည္ဟု ၾကားသိေသာ ေရသရဲတို႔သည္ ကေလးငယ္အားဖမ္းစားရန္ ပင္လယ္မွတက္လာၾကသည္။

မင္ႀကီးလည္း ႀကံရာမရျဖစ္ကာ အရွင္မေထရ္ မ်ားအားအကူညီေတာင္းေလသည္။ မေထရ္ျမတ္တို႔ကလည္း ငါတို႔ကားဘီးလူသရဲမ၏ အေဖၚအဖက္မဟုတ္။သီလႏွင့္ျပည့္ဝေသာ ရဟန္းျမတ္မ်ားျဖစ္သည္။

ငါတို႔ကာ လူ႔အသက္ကိုညႇဥ္းဆဲျခင္း စေသာမေကာင္းမႈကို ေရွာင္ၾကည့္ၾကကုန္၏ ။ထိုသို႔ ေဟာေျပာေနစဥ္ ဘီလူးမႏွင့္ အၿခံအရံမ်ားႏွင့္တကြ ေရမွတက္လာ၍ လူတို႔ကိုျမင္လွ်င္ အုတ္အုတ္က်က္က်က္အသံတို႔ျဖင့္ ေႂကြးေၾကာ္ ၾကကုန္၏။

ထိုအခါအရွင္မေထရ္ျမတ္ႏွစ္ပါး ေရသရဲမ်ားကိုေျခာက္လွန႔္ေမာင္ႏွင္းရန္အတြတ္ ဘီလူးမထက္ ႏွစ္ဆမွ်ႀကီးမားေသာ လူဦေခါင္းတစ္ခုႏွင့္ ျခေသၤ့ကိုယ္ႏွစ္ခုရွိေသာ သတၱဝါဆန္း ပုံသဏၭာန္ဖန္ဆင္း၍ ေရသရဲမ်ားအားေျခာက္လွန႔္သည္တြင္ ေရသရဲမ်ားအားေၾကာက္လန႔္ထြတ္ ေျပးၾကေလသည္။

အရွင္မေထရ္ျမတ္ ဖန္းဆင္းယူခဲ့သည့္ လူဦေခါင္းႏွင့္ျခေသၤ့ကိုယ္ရွိေသာ သတၱဝါဆန္ကို မႏုႆ သီဟဟုေခၚသည္။ၿမိဳ႕သူၿမိဳ႕သားမ်ားလည္း မေထရ္ႀကီးတို႔ တန္းခိုးႀကီးသည္ကိုျမင္၍ ႐ႊင္လန္ဝမ္းေျမာက္လွသျဖင့္ အနားတို႔ကပ္ကာ ဝန္းရံလ်က္ ေနကုန္၏။

မဟာေထရ္ျမတ္တို႔လည္း ပရိသတ္တို႔အား ျဗဟၼဇာလသုတ္ကိုေဟာ၍ သရဏဂုံသီလ၌တည္ေစကုန္၏ ။ ၆၀၀၀၀ ေသာသထုံျပည္ သူျပည္ သား မ်ားသည္ ေသာတာပတၱိဖိုလ္၌ တည္၍ မ်ားစြာေသာ မိန္းမ ေယာက်ာ္းတို႔သည္ ရဟန္းျပဳၾကကုန္၏ ထိုအခါမွစ၍ သုဝဏၰဘူ မိမွာ ရွိတဲ့မြန္လူမ်ိဳးမ်ား အလြန္းယဥ္ေက်းလိမၼာၾကသည္။

ဖြားျမင္ေသာ္ ေသာဏုတၱရ သတို႔သားဟူေသာ အမည္ကိုမွည့္ကုန္၏ စသည္ျဖစ္ အလြန္ေရွးက်ေသာ ေအဒီ ( ၄၀၀ ) စုေရ သိဟိုဠ္သမိုင္း၌ေဖၚျပပါရွိေလသည္။ထိုအခ်ိန္မွစ၍မြန္လူမ်ိဳးတို႔သည္ မႏုႆသီဟ႐ုပ္ကိုယုံၾကည္မႈတစ္ရပ္လက္ခံခဲ့ၾကသည္။

မြန္ေဒသမ်ား၌ ခေလးငယ္မ်ားအိပ္ေပ်ာ္စဥ္ လန႔္ဖ်ပ္ ပါက မႏုႆ သီဟ႐ုပ္ကို ထန္း႐ြတ္ ေပ႐ြတ္ေပၚတြင္ ေရးျခစ္၍ ပုခက္တြင္ခ်ိတ္ဆြဲထားေပးတတ္ၾကသည္။ အခ်ိဳ႕အမ်ိဳးသမီးမ်ားမွာ မႏုႆ သီဟ႐ုပ္ကို စကၠဴ ထန္း႐ြတ္ ေပ႐ြတ္တို႔ေပၚတြင္ ေရးျခစ္ကာ ဦးေခါင္းထက္တြင္ ပန္ဆင္ထားတတ္ၾကသည္။

အိမ္အဝင္ဝ တံခါးေပါက္တြင္လည္း မႏုႆ သီဟ႐ုပ္ကိုခ်ိတ္ဆြဲထားၾကသည္။ မႏုႆ သီဟအ႐ုပ္ကို ေဆာင္ထားျခင္းျဖင့္ မေကာင္းဆိုး ဝါးမ်ား မကပ္ေရာက္နိင္သည္ဟု အယူအစရွိသည္။ဘုရားေစတီမ်ား တည္ထားရာ၌လည္း ရင္ျပင္ေပၚရွိ ပစၥယံတြင္ မႏုႆ သီဟ႐ုပ္ထုကို ေစတီပတ္ပန္လည္ထည့္သြင္း ျပဳလုပ္ထားေလ့ ရွိသည္။

မြန္ဘုန္းႀကီးေက်ာင္းမ်ား သာသနိကအေဆာက္အဦးမ်ား တံခါးဝမ်ား စသည္ျဖင့္ မႏုႆ သီဟ႐ုပ္တုျပဳလုပ္ထားၾကသည္။
မႏုႆ သီဟ႐ုပ္တုသည္ ေရွးမြန္တို႔၏ ယုံၾကည္မႈ ေရွးေခတ္မြန္တို႔၏ဗိသုကာ အႏုပညာလက္ရာ အဆင့္အတန္းကိုလည္း မွန္းဆၾကည့္ နိင္ရန္အတြတ္ လည္းေကာင္း မြန္တို႔၏သမိုင္း ေၾကာင္းကိုေလ့လာရန္အတြတ္လည္ေကာင္း မ်ားစြာအ ေထာက္အကူျပဳနိင္သည္။

မႏုႆ သီဟ႐ုပ္ထုကို ျမင္တိုင္း တစ္ခ်ိန္က သာသနာေရာင္ဝါ ထြန္းလင္း၍ စည္ပင္ဝေျပာခဲ့ေသာ သုဝဏၰဘူမိျပည္ႀကီးကို အမွတ္ရေစသည္။

ထို႔ျပင္ မႏုႆ သီဟ႐ုပ္ထုသည္ မြန္တို႔ဌာေန ရာမညေျမတြင္ ေမြးဖြားသန႔္စင္လာေသာ ေရွးေဟာင္းမြန္႐ိုရာဓေလ့ ယုံၾကသည္မႈ တစ္ရပ္ျဖစ္ သည္ သာမက မြန္တို႔၏ ယႈ္ေက်းမႈ အႏုပညာ ဗိသုကာလက္ရာ တစ္စိတ္တစ္ပိုင္းကို လွစ္ဟျပေနေသာ ေရွးေဟာင္းသမိုင္းဝင္ ယဥ္ေက်းမႈ အေမြအႏွစ္ျဖစ္သည္ကို ျငင္းပယ္၍ မရနိင္ေပ ။

ထို႔ေၾကာင့္အနယ္နယ္အရပ္ရပ္တြင္ရွိေသာ မြန္တို႔၏မႏုႆ သီဟ ႐ုပ္တု ႐ုပ္ပုံမ်ားကို မပ်က္မစီး မပေပ်ာက္ကြယ္ေအာင္ ထိန္းသိမ္း ေစာင့္ေရွာက္သြားၾကရန္ မြန္ေသြးခ်င္းညီေနာင္တို႔အား တိုက္တြန္းလိုက္ရေပသည္။

Crd,