တပြားတချပ်မှ မရှိပဲ အမေရိကတွင် ပညာသင်ယူရန် ရောက်ရှိခဲ့သော ပထမဆုံး မြန်မာကျောင်း

Unicode

၁၈၅၈ – ၁၉၂၉, အမေရိကတွင် ပညာသင်ယူရန် မြန်မာပြည်မှ ရောက်ရှိလာသော ပထမဆုံးကျောင်းသား..

အမေရိကကို ပထမဆုံးရောက်ရှိခဲ့သော မြန်မာကျောင်းသားမှာ မောင်ရှောလူးဖြစ်ပါသည်။ (အမေရိကကို ပထမဦးဆုံး ရောက်သော ဗမာလူမျိုးလည်း ဖြစ်နိုင်ပါသည်)

အမေရိကန် ပြည်တွင်းစစ် မဖြစ်ခင် ကာလ ၁၈၅၈ ခုနှစ်တွင် မောင်ရှောလူးသည် သူ၏ ဇာတိဖြစ်သော မော်လမြိုင်မြို့မှ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် (Pennsylvania) လူးဝစ္စဘာ့ဂ်မြို့ (Lewisburg) သို့ခရီးနှင်ခဲ့သည်။

ဖော်ပြပါပုံကို အင်ဒီယားနားပြည်နယ် ဂိုရှန်မြို့ကလေးတွင် ၁၈၆၅ ခုနှစ်ဝန်းကျင်က ရိုက်ကူးခဲ့သည်။

ကာလကတ္တားတွင် ပညာသင်ရန် အသက် ၁၇ နှစ်အရွယ် မောင်ရှောလူးသည် ၁၈၅၇ ခုနှစ်က မြန်မာပြည်မှ ထွက်လာခဲ့သည်။

၁၈၅၈ ခုနှစ်တွင် အိန္ဒိယတွင် ပုန်ကုန်ထကြွမှုများ ဖြစ်ပွားသည့်အခိုက် အမေရိကားသို့ သင်္ဘောခိုးစီးကာ လိုက်ပါသွားခဲ့သည်။ ဖမ်းမိခံရသည့်အခါ သင်္ဘောခန်းအစောင့်အဖြစ် အလုပ်လုပ်ပေးရင်း ဆက်လက်စီးနင်းနိုင်ခဲ့သည်။

တစ်ပြားတစ်ချပ်မှ မရှိဘဲ အမေရိကန်သို့ ရောက်ရှိသွားပြီး ကြုံရာကျပန်း အလုပ်လုပ်ကာ အသက်ဆက်ခဲ့ရမှာ တက္ကသိုလ်မတက်ခင်အထိ ဖြစ်၏။

မောင်ရှောလူးသည် ပန်ဆယ်ဗေးနီးယားပြည်နယ် (Pennsylvania) ရှိ လူဝစ်ဘာ့ခ်တက္ကသိုလ် University of Lewisburg (ယခု ဘက်ခ်နယ် Bucknell) တွင် ဂရိ၊ လက်တင်၊ ဒဿနိကဗေဒ၊ သမိုင်းနှင့် သိပ္ပံဘာသာရပ်များကို လေ့လာဆည်းပူးခဲ့သည်။

ဆက်လက်၍ ကလီဗလန် (Cleveland) ဆေးပညာကောလိပ်တွင် ဆက်လက်ပညာသင်ယူပြီး ဘွဲ့ရရှိခဲ့သည်။ ယင်းနောက်တွင်မူ အနောက်နိုင်ငံတွင် ဆေးပညာလေ့ကျင့်သင်ယူခဲ့သော ပထမဦးဆုံး မြန်မာလူမျိုး ဆရာဝန်ဖြစ်လာခဲ့သည်။

မောင်ရှောလူးသည် လူပေါင်းဆံ့သဖြင့် လူချစ်လူခင်ပေါ၏။ လောကကြီးက ဖန်တီးပေးသမျှ အခွင့်အလမ်းတိုင်းကို အကျိုးရှိရှိ အသုံးချနိုင်ခဲ့သူတစ်ယောက် ဖြစ်၏။

၁၈၆၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၏ ၁၇ ယောက်မြောက် သမ္မတ အန်ဒရူးဂျွန်ဆင် (Andrew Johnson)နှင့် တွေ့ဆုံခွင့် ရခဲ့သေးသည်။ သမ္မတအား မင်းတုန်းမင်းထံသို့ ထောက်ခံစာတစ်စောင် ရေးပေးရန်ပင် ဖျောင်းဖျနိုင်ခဲ့သည်။

မောင်ရှောလူး တဖြစ်လဲ ဒေါက်တာရှောလူးသည် မွေးရပ်မြေ မော်လမြိုင်သို့ ပြန်လာခဲ့ပြီး ဆရာဝန်တစ်ဖြစ်လဲ ကျောင်းဆရာအဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သည်။

၁၉ ၂၁ ခုနှစ်တွင် မောင်ရှောလူး ကွယ်လွန်ခဲ့သည်။ ၁၈၆၀ ပြည့်နှစ်များအတွင်း မောင်ရှောလူးသည် အမေရိကားတစ်ခွင် လှည့်လည်ကာ မြန်မာနိုင်ငံအကြောင်း ဟောပြောခဲ့သည်။ ထိုအတွက်ကြောင့်ပင် အင်ဒီယားနား၊ ဂိုရှန်မြို့သို့ ရောက်သွားခြင်း ဖြစ်နိုင်၏။

မြန်မာ့သမိုင်းစာအုပ်မှ

Zaw Gyi

၁၈၅၈ – ၁၉၂၉, အေမရိကတြင္ ပညာသင္ယူရန္ ျမန္မာျပည္မွ ေရာက္ရွိလာေသာ ပထမဆုံးေက်ာင္းသား..

အေမရိကကို ပထမဆုံးေရာက္ရွိခဲ့ေသာ ျမန္မာေက်ာင္းသားမွာ ေမာင္ေရွာလူးျဖစ္ပါသည္။ (အေမရိကကို ပထမဦးဆုံး ေရာက္ေသာ ဗမာလူမ်ိဳးလည္း ျဖစ္ႏိုင္ပါသည္)

အေမရိကန္ ျပည္တြင္းစစ္ မျဖစ္ခင္ ကာလ ၁၈၅၈ ခုႏွစ္တြင္ ေမာင္ေရွာလူးသည္ သူ၏ ဇာတိျဖစ္ေသာ ေမာ္လၿမိဳင္ၿမိဳ႕မွ ပင္ဆယ္လ္ေဗးနီးယားျပည္နယ္ (Pennsylvania) လူးဝစၥဘာ့ဂ္ၿမိဳ႕ (Lewisburg) သို႔ခရီးႏွင္ခဲ့သည္။

ေဖာ္ျပပါပုံကို အင္ဒီယားနားျပည္နယ္ ဂိုရွန္ၿမိဳ႕ကေလးတြင္ ၁၈၆၅ ခုႏွစ္ဝန္းက်င္က ႐ိုက္ကူးခဲ့သည္။

ကာလကတၱားတြင္ ပညာသင္ရန္ အသက္ ၁၇ ႏွစ္အ႐ြယ္ ေမာင္ေရွာလူးသည္ ၁၈၅၇ ခုႏွစ္က ျမန္မာျပည္မွ ထြက္လာခဲ့သည္။

၁၈၅၈ ခုႏွစ္တြင္ အိႏၵိယတြင္ ပုန္ကုန္ထႂကြမႈမ်ား ျဖစ္ပြားသည့္အခိုက္ အေမရိကားသို႔ သေဘၤာခိုးစီးကာ လိုက္ပါသြားခဲ့သည္။ ဖမ္းမိခံရသည့္အခါ သေဘၤာခန္းအေစာင့္အျဖစ္ အလုပ္လုပ္ေပးရင္း ဆက္လက္စီးနင္းႏိုင္ခဲ့သည္။

တစ္ျပားတစ္ခ်ပ္မွ မရွိဘဲ အေမရိကန္သို႔ ေရာက္ရွိသြားၿပီး ႀကဳံရာက်ပန္း အလုပ္လုပ္ကာ အသက္ဆက္ခဲ့ရမွာ တကၠသိုလ္မတက္ခင္အထိ ျဖစ္၏။

ေမာင္ေရွာလူးသည္ ပန္ဆယ္ေဗးနီးယားျပည္နယ္ (Pennsylvania) ရွိ လူဝစ္ဘာ့ခ္တကၠသိုလ္ University of Lewisburg (ယခု ဘက္ခ္နယ္ Bucknell) တြင္ ဂရိ၊ လက္တင္၊ ဒႆနိကေဗဒ၊ သမိုင္းႏွင့္ သိပၸံဘာသာရပ္မ်ားကို ေလ့လာဆည္းပူးခဲ့သည္။

ဆက္လက္၍ ကလီဗလန္ (Cleveland) ေဆးပညာေကာလိပ္တြင္ ဆက္လက္ပညာသင္ယူၿပီး ဘြဲ႕ရရွိခဲ့သည္။ ယင္းေနာက္တြင္မူ အေနာက္ႏိုင္ငံတြင္ ေဆးပညာေလ့က်င့္သင္ယူခဲ့ေသာ ပထမဦးဆုံး ျမန္မာလူမ်ိဳး ဆရာဝန္ျဖစ္လာခဲ့သည္။

ေမာင္ေရွာလူးသည္ လူေပါင္းဆံ့သျဖင့္ လူခ်စ္လူခင္ေပါ၏။ ေလာကႀကီးက ဖန္တီးေပးသမွ် အခြင့္အလမ္းတိုင္းကို အက်ိဳးရွိရွိ အသုံးခ်ႏိုင္ခဲ့သူတစ္ေယာက္ ျဖစ္၏။

၁၈၆၇ ခုႏွစ္တြင္ အေမရိကန္ျပည္ေထာင္စု၏ ၁၇ ေယာက္ေျမာက္ သမၼတ အန္ဒ႐ူးဂြၽန္ဆင္ (Andrew Johnson)ႏွင့္ ေတြ႕ဆုံခြင့္ ရခဲ့ေသးသည္။ သမၼတအား မင္းတုန္းမင္းထံသို႔ ေထာက္ခံစာတစ္ေစာင္ ေရးေပးရန္ပင္ ေဖ်ာင္းဖ်ႏိုင္ခဲ့သည္။

ေမာင္ေရွာလူး တျဖစ္လဲ ေဒါက္တာေရွာလူးသည္ ေမြးရပ္ေျမ ေမာ္လၿမိဳင္သို႔ ျပန္လာခဲ့ၿပီး ဆရာဝန္တစ္ျဖစ္လဲ ေက်ာင္းဆရာအျဖစ္ ႏွစ္ေပါင္းမ်ားစြာ ေဆာင္႐ြက္ခဲ့သည္။

၁၉ ၂၁ ခုႏွစ္တြင္ ေမာင္ေရွာလူး ကြယ္လြန္ခဲ့သည္။ ၁၈၆၀ ျပည့္ႏွစ္မ်ားအတြင္း ေမာင္ေရွာလူးသည္ အေမရိကားတစ္ခြင္ လွည့္လည္ကာ ျမန္မာႏိုင္ငံအေၾကာင္း ေဟာေျပာခဲ့သည္။ ထိုအတြက္ေၾကာင့္ပင္ အင္ဒီယားနား၊ ဂိုရွန္ၿမိဳ႕သို႔ ေရာက္သြားျခင္း ျဖစ္ႏိုင္၏။

ျမန္မာ့သမိုင္းစာအုပ္မွ