ပင်လယ်ကြမ်းပြင်အောက်မှာ ယနေ့တိုင်နစ်မြုပ်နေတဲ့ ထူးထူးဆန်းဆန်းယာဉ်ပျံ

Unicode

၂၀၁၁ ခုနှစ်က ဘောလ်တစ်ပင်လယ်အောက်ခြေမှ ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ထို ရုပ်ကြွင်းအား ပညာရှင်များက ကမ္ဘာမြေပြင်ကိုဝင်ရောက် တိုက်မိသော ယူအက်ဖ်အိုတစ်ခုမှ ပြင်ပဂြိုလ်သားတစ်ယောက် ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။

တချို့ပညာရှင်တွေကလည်း သဘာ၀ပထဝီဆိုင်ရာဖွဲ့စည်းမှုကြောင့် ဖြစ်လာသောအရာတစ်ခုလည်း ဖြစ်နိုင်ကြောင်း ပြောဆိုမှုများရှိခဲ့သည်။

ဘောလ်တစ်ပင်လယ်အောက်တွင် ယူအက်ဖ်အိုကို တွေ့ခဲ့သည်ဟုဆိုခဲ့တဲ့ ရေငုပ်အဖွဲ့ခေါင်းဆောင် ပီတာလင်းဒ်ဘာ့ဂ်ကတော့ ရေအောက်မည်သည့်နေရာတွင် ယူအက်ဖ်အိုကို တွေ့ခဲ့သည်ဆိုသည့်အချက်ကို အတိအကျမပြောပြနိုင်ခဲ့ပါဘူး။

ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းတက္ကသိုလ်မှ ဘူမိဗေဒတွဲဘက်ပါမောက္ခ ဘော်လ်ကာဘရူချတ်ကတော့ အဆိုပါရုပ်ကြွင်းဟာ ပုံမှန်မဟုတ်သော ဘောလ်တစ်ကျောက် အပိုင်းအစတစ်ခုသာဖြစ်ကြောင်း ရေခဲတောင်တစ်ခု တည်ရှိခဲ့သောနေရာမှ အနယ်ကျခဲ့ခြင်းဖြစ်နိုင်တယ်လို့ ပြောပြခဲ့ပါတယ်။

အဆိုပါဂြိုလ်သားယာဉ်ပျံနဲ့ပတ်သက်ပြီး ယခုအချိန်အထိ အပြန်အလှန်အငြင်းပွားနေကြပြီး ယနေ့အချိန်အထိ ဂဃနဏ အဖြေတစ်ခုကို မထုတ်ပေးနိုင်ကြသေးပါဘူး ။

ဂြိုလ်သားရှိတယ်လို့ မယုံကြည်တဲ့သူတွေကြား ယနေ့အချိန် အပြိုင်အဆိုင်ငြင်းနောကတုန်းပဲဖြစ်ပါတယ်။ စာဖတ်နေတဲ့ပရိသတ်ကြီးလည်း ဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားဆိုတာကတော့ မိမိဘာသာတွေးကြည့်ကြည့်ပါနော်။

Credit

Zaw Gyi

၂၀၁၁ ခုႏွစ္က ေဘာလ္တစ္ပင္လယ္ေအာက္ေျခမွ ေက်ာက္ျဖစ္႐ုပ္ႂကြင္းတစ္ခုကို ရွာေဖြေတြ႕ရွိခဲ့ၾကပါတယ္။ ထို ႐ုပ္ႂကြင္းအား ပညာရွင္မ်ားက ကမာၻေျမျပင္ကိုဝင္ေရာက္ တိုက္မိေသာ ယူအက္ဖ္အိုတစ္ခုမွ ျပင္ပၿဂိဳလ္သားတစ္ေယာက္ ျဖစ္ႏိုင္တယ္လို႔ ဆိုထားပါတယ္။

တခ်ိဳ႕ပညာရွင္ေတြကလည္း သဘာ၀ပထဝီဆိုင္ရာဖြဲ႕စည္းမႈေၾကာင့္ ျဖစ္လာေသာအရာတစ္ခုလည္း ျဖစ္ႏိုင္ေၾကာင္း ေျပာဆိုမႈမ်ားရွိခဲ့သည္။

ေဘာလ္တစ္ပင္လယ္ေအာက္တြင္ ယူအက္ဖ္အိုကို ေတြ႕ခဲ့သည္ဟုဆိုခဲ့တဲ့ ေရငုပ္အဖြဲ႕ေခါင္းေဆာင္ ပီတာလင္းဒ္ဘာ့ဂ္ကေတာ့ ေရေအာက္မည္သည့္ေနရာတြင္ ယူအက္ဖ္အိုကို ေတြ႕ခဲ့သည္ဆိုသည့္အခ်က္ကို အတိအက်မေျပာျပႏိုင္ခဲ့ပါဘူး။

ဆြီဒင္ႏိုင္ငံ၊ စေတာ့ဟုမ္းတကၠသိုလ္မွ ဘူမိေဗဒတြဲဘက္ပါေမာကၡ ေဘာ္လ္ကာဘ႐ူခ်တ္ကေတာ့ အဆိုပါ႐ုပ္ႂကြင္းဟာ ပုံမွန္မဟုတ္ေသာ ေဘာလ္တစ္ေက်ာက္ အပိုင္းအစတစ္ခုသာျဖစ္ေၾကာင္း ေရခဲေတာင္တစ္ခု တည္ရွိခဲ့ေသာေနရာမွ အနယ္က်ခဲ့ျခင္းျဖစ္ႏိုင္တယ္လို႔ ေျပာျပခဲ့ပါတယ္။

အဆိုပါၿဂိဳလ္သားယာဥ္ပ်ံနဲ႔ပတ္သက္ၿပီး ယခုအခ်ိန္အထိ အျပန္အလွန္အျငင္းပြားေနၾကၿပီး ယေန႔အခ်ိန္အထိ ဂဃနဏ အေျဖတစ္ခုကို မထုတ္ေပးႏိုင္ၾကေသးပါဘူး ။

ၿဂိဳလ္သားရွိတယ္လို႔ မယုံၾကည္တဲ့သူေတြၾကား ယေန႔အခ်ိန္ အၿပိဳင္အဆိုင္ျငင္းေနာကတုန္းပဲျဖစ္ပါတယ္။ စာဖတ္ေနတဲ့ပရိသတ္ႀကီးလည္း ျဖစ္ႏိုင္လားမျဖစ္ႏိုင္ဘူးလားဆိုတာကေတာ့ မိမိဘာသာေတြးၾကည့္ၾကည့္ပါေနာ္။ Credit