ဆိုင်ရှင် ကောင်မလေး နဲ့ ဓါတ်ပုံ ရိုက်ချင်လို့ ဝယ်သူ များနေတဲ့ ဆိုင်လေ

Unicode

ဒီခေါက်ဆွဲ ကောင်းလွန်းလို့ စားတာလား ဆိုင်ရှင်လေး ချောလွန်းလို့ သွားတာလား ဆိုတဲ့ စိုင်းဆိုင်မောဝ် ရဲ့ သီချင်းလို ဗီယက်နမ်က လမ်းဘေဈေးသည် ကောင်မလေး တစ်ယောက် ဟာ အွန်လိုင်း သုံးစွဲသူ တွေရဲ့ကြား နာမည်ကြီးလို့ နေပါတယ် ။

လတ်ဆတ်တဲ့ သစ်သီး ဖျော်ရည် တွေရောင်းချတဲ့ သူမရဲ့ဆိုင်မှာ ပုရိသ အပေါင်းဟာ ရုန်းစု လို့နေ ပါတယ်။ ဖျော်ရည်ကို သောက်ချင် တာထက် ဆိုင်ရှင်လေးနဲ့ အတူတူ ဓါတ်ပုံရိုက် ချင်လို့ပါတဲ့။

ဓါတ်ပုံ ရိုက်ပေးရင် ဖျော်ရည် ဝယ်သောက် မယ်ဆိုတဲ့ တောင်းဆို ချက်တွေလဲ ရံဖန်ရံခါ ပြုလုပ်တတ် ကြပါသေးတယ် ။ ဆိုင်ပိုင်ရှင် မိန်းမချော လေးကတော့ ဖောက်သည် တွေနဲ့အတူကို မငြီးမညူ ဓါတ်ပုံရိုက် ပေးလေ့ရှိ ပါတယ်။

ဓါတ်ပုံရိုက်ခံရ ပါများလာတော့ ဘယ်လိုပို့စ် ပေးရမလဲ ဆိုတာ ကိုတောင် သိနေပြီဆိုတဲ့ ဆိုင်ရှင် မိန်းမချော လေးဟာ တကယ်ပဲ လှလား ပရိတ်သတ် တို့ပဲကြည့် သွားကြပါ တော့နော် … အဲဒီလို ဆိုင်မျိုး မြန် မာနိုင်ငံမှာ ရှိရင် ပရိ သတ်ကြီး တို့ကရော သွားဝယ် ကြမှာလား ? Credit

Zaw Gyi



