လျှပ်စစ်ထမင်းပေါင်းအိုးတွေပျက်ရင် လွှင့်မပစ်ကြပါနဲ့ ဒီနည်းလေးအတိုင်းပြန်ပြင်သုံးလို့ရပါတယ်

Unicode

လျှပ်စစ်မီးရတဲ့နေရာတိုင်းမှာ အသုံးများကြတဲ့ လျှပ်စစ်ထမင်းပေါင်းအိုး ပျက်စီးသွားတဲ့အခါ ပြန်ပြင်သုံးလို့ရတဲ့နည်းလမ်းလေးကို မျှဝေပေးပါမယ်။ ပေါင်းအိုးပြစ်ချက်များကတော့ Power supply မီးအဝင်ခေါင်း အရည်ပျော်နေတယ်။ ခလုတ်(check point) မကြာခနတက်နေတယ်။

ပြစ်ချက် (၁) အတွက် အောက်ခံကြွေသားပါတဲ့ မီးအဝင်ခေါင်း ဆော့ကက်အထိုင်ကို လျှပ်စစ်အပိုပစ္စည်းဆိုင်တွေမှာ ၅၀ဝိ နဲ့ ဝယ်ပြီးပုံမှာပြထားသလို လဲပေးလိုက်ရင် ရေရှည်အသုံးခံတဲ့ခေါင်းဖြစ်မယ်။ ယိုးဒယားဒယ်အိုးအနီ သုံးတဲ့ခေါင်းကြိုးတပ်သးလို့ရသွားပြီ။

အထိုင်ပေါက်ကအတူတူဘဲ နတ်ကြပ်ရုံပါ အော်ရီဂျင်နယ်သုံးပေါက်ခေါင်းကြိုးနဲ့ အထိုင်ခေါင်းတွေကအပူဒဏ်မခံနိုင်ဘဲ မကြာခနအရည်ပျော် shock ဖြစ်နေတာကို အခုလိုကြွေခေါင်းခံပေးရင် ရေရှည်စိတ်ချသုံးလို့ရပြီ။

ပြစ်ချက် (၂) အတွက်က သာမိုစတက်ခလုတ်မောင်းကိုအော်တိုဖြုတ်ပေးတဲ အပူကွိုင်အလည်က သံလိုက်ခလုတ်အုံ check point ကိုလဲပေးရင် ပေါင်းအိုးမကြာခနခလုတ်တက်နေတာ ကာင်းသွားမယ်။

ဒီပေါင်းအိုးက သူတို့ကလိထားတော ထမင်းကျက်ပြီးနှပ်တဲ့ circuit ကြိုးတွေမပါလာဘူး။ ဒါပေမဲ့ချက်လို့ရအောင် ပြင်ပေးလိုက်တယ်။

အိမ်ရှင်မများသို့အကြံပြုချက် တရုတ်ပေါင်းအးများဟာ ပစ္စည်း အရည်အသွေး အလွန်ညံ့ပါတယ်။ ဖြစ်နိုင်ရင် ယိုးဒယားကလာတဲ့ ထမင်းပေါင်းအိုးများကိုသုံးစေခြင်ပါတယ်။

Sharp,National,Toshiba,Mitshushita (ယိုးဒယားမြင်းတံဆိပ်) Hanabishi (ဟာနာဘီရှီ)စသည်ဖြင့် လာပါတယ်။ ရေရှည်အသုံးခံပါတယ်။ တရုတ်ပေါင်အိုးများက ပစ္စည်းညံလို့မီးဘေးအနတရယ် စိုးရိမ်ရပါတယ်။

ကျနော်သုံးနေတဲ့ Sharp ထမင်းပေါင်း အိုးဟာ ဆန်သားလှသလို မိနစ်၂၀ဝ ဝန်းကျင်နဲ့ ထမင်းကျက်ပါတယ်။ (volt အားပြည့်လို့ပါ) တရုတ်အိုးက မိနစ်၃၀ဝန်းကျင်ပါ။ မီးအားကျနေရင်မသုံးသင့်ပါ။ အန္တရယ်ရှိနိုင်လို့ပါ။

ပေါင်းအိုးဆော့ကက်ခေါင်းများကို မကြာခနစစ်ဆေးပေးပါချောင်နေ/လှုပ်နေလျှင် စံနစ်တကျပြန်တပ်ပြီးမှသုံးပါ။ ပေသုံးပါက အရည်ပျော် shock ဖြစ်ပြီး အန္တရယ်ရှိနိုင်လိုပါ။

ပေါင်းအိုးတည်လျှင် အိုးဘေးမှရေများကို အဝတ်ဖြင့်ခြောက်အောင်သုတ်ပြီးမှ အိုးကိုထည့ပါ။ ခလုတ်တက်နေတာ ကိုဒုတ်နဲ့ထိုးပြး တခုခုနဲ့ဖိထားပြီးမသုံးပါနဲ့ အရမ်းအန္တရယ်ကြီးပါတယ်။ အပူကွိုင်အလည်က သံလိုက်ခလုတ်အုံ check point လဲရင် ကောင်းသွားတယ်။

တည်မဲ့ဆန်နဲလို့ ဥပမာခလုပ်တက်ရင်တော့ ၁ ဘူးဘဲတည်ရင်အဖုံးအပေါ်က တခုခုတင်လိုက်ရင်အဆင်ပြေပါတယ်။ တခါတလေ ဒန်အိုးကသိပ်ကြာနေပြီး အလည်ကခွက်နေရငလည် းခလတ်နဲ့အထိုင်မကျ fitting မဖြစ်ဘဲ ခလုတ်တက်လရှိပါတယ်။

ဒန်အိုးဖငကို မူလအတိုင်းပြင်ပေးရင်ရပါတယ်။ ဒါကိုမလုပ်ပါနဲ့ ထမင်းပေါင်းအိုးထဲမှာ တခြားအိုးထဲ့ပြီး ရေနွေးကျိုခြင်း တခြား fitting မကျတဲ့ အိုးတွေထည့်ပြီး တည်တာမလုပ်ရပါဘူးဗျာ။

ပေါင်းအိုးပျက်တတ်လို့ပါ မိတ်ဆွေများ မိမိတိကိုယ်တိုင်ပြုပြင်ပြီး အိမ်သုံးစရိတ် ချွေတာနိုင်ကြပါစေဗျာ။ ပြုလုပ်ရမယ့် အဆင့်တွေကတော့- ၁။ အလည်သံလိုက်ခလုတ်အုံ အသစ်တပ်ဆင်ခြင်း။

၂။ powersupply မီးအဝင်ကြွေခေါင်းတပ်ဆင်။

၃။ မီးအဝင်ကြွေခေါင်း စံနစ်တကျတပ်ဆင်ခြင်း။

၄။ မီးကြိုးများ စံနစ်တကျတပ်ဆင်ပြီးနောက် သာမိုစတက်မောင်းတံနှင့်အလည်ခလုတ်အုံအား စံနစ်တကျချိတ်ဆက်တပ်ဆင်ပေးခြင်းဖြင့် ပြန်လည်အသုံးပြုလို့ရပါပြီ။

credit – ကိုတင်လေးဇော်

Zaw Gyi

လွ်ပ္စစ္မီးရတဲ့ေနရာတိုင္းမွာ အသုံးမ်ားၾကတဲ့ လွ်ပ္စစ္ထမင္းေပါင္းအိုး ပ်က္စီးသြားတဲ့အခါ ျပန္ျပင္သုံးလို႔ရတဲ့နည္းလမ္းေလးကို မွ်ေဝေပးပါမယ္။ ေပါင္းအိုးျပစ္ခ်က္မ်ားကေတာ့ Power supply မီးအဝင္ေခါင္း အရည္ေပ်ာ္ေနတယ္။ ခလုတ္(check point) မၾကာခနတက္ေနတယ္။

ျပစ္ခ်က္ (၁) အတြက္ ေအာက္ခံေႂကြသားပါတဲ့ မီးအဝင္ေခါင္း ေဆာ့ကက္အထိုင္ကို လွ်ပ္စစ္အပိုပစၥည္းဆိုင္ေတြမွာ ၅၀ဝိ နဲ႔ ဝယ္ၿပီးပုံမွာျပထားသလို လဲေပးလိုက္ရင္ ေရရွည္အသုံးခံတဲ့ေခါင္းျဖစ္မယ္။ ယိုးဒယားဒယ္အိုးအနီ သုံးတဲ့ေခါင္းႀကိဳးတပ္သးလို႔ရသြားၿပီ။

အထိုင္ေပါက္ကအတူတူဘဲ နတ္ၾကပ္႐ုံပါ ေအာ္ရီဂ်င္နယ္သုံးေပါက္ေခါင္းႀကိဳးနဲ႔ အထိုင္ေခါင္းေတြကအပူဒဏ္မခံႏိုင္ဘဲ မၾကာခနအရည္ေပ်ာ္ shock ျဖစ္ေနတာကို အခုလိုေႂကြေခါင္းခံေပးရင္ ေရရွည္စိတ္ခ်သုံးလို႔ရၿပီ။

ျပစ္ခ်က္ (၂) အတြက္က သာမိုစတက္ခလုတ္ေမာင္းကိုေအာ္တိုျဖဳတ္ေပးတဲ အပူကြိဳင္အလည္က သံလိုက္ခလုတ္အုံ check point ကိုလဲေပးရင္ ေပါင္းအိုးမၾကာခနခလုတ္တက္ေနတာ ကာင္းသြားမယ္။

ဒီေပါင္းအိုးက သူတို႔ကလိထားေတာ ထမင္းက်က္ၿပီးႏွပ္တဲ့ circuit ႀကိဳးေတြမပါလာဘူး။ ဒါေပမဲ့ခ်က္လို႔ရေအာင္ ျပင္ေပးလိုက္တယ္။

အိမ္ရွင္မမ်ားသို႔အႀကံျပဳခ်က္ တ႐ုတ္ေပါင္းအးမ်ားဟာ ပစၥည္း အရည္အေသြး အလြန္ညံ့ပါတယ္။ ျဖစ္ႏိုင္ရင္ ယိုးဒယားကလာတဲ့ ထမင္းေပါင္းအိုးမ်ားကိုသုံးေစျခင္ပါတယ္။

Sharp,National,Toshiba,Mitshushita (ယိုးဒယားျမင္းတံဆိပ္) Hanabishi (ဟာနာဘီရွီ)စသည္ျဖင့္ လာပါတယ္။ ေရရွည္အသုံးခံပါတယ္။ တ႐ုတ္ေပါင္အိုးမ်ားက ပစၥည္းညံလို႔မီးေဘးအနတရယ္ စိုးရိမ္ရပါတယ္။

က်ေနာ္သုံးေနတဲ့ Sharp ထမင္းေပါင္း အိုးဟာ ဆန္သားလွသလို မိနစ္၂၀ဝ ဝန္းက်င္နဲ႔ ထမင္းက်က္ပါတယ္။ (volt အားျပည့္လို႔ပါ) တ႐ုတ္အိုးက မိနစ္၃၀ဝန္းက်င္ပါ။ မီးအားက်ေနရင္မသုံးသင့္ပါ။ အႏၲရယ္ရွိႏိုင္လို႔ပါ။

ေပါင္းအိုးေဆာ့ကက္ေခါင္းမ်ားကို မၾကာခနစစ္ေဆးေပးပါေခ်ာင္ေန/လႈပ္ေနလွ်င္ စံနစ္တက်ျပန္တပ္ၿပီးမွသုံးပါ။ ေပသုံးပါက အရည္ေပ်ာ္ shock ျဖစ္ၿပီး အႏၲရယ္ရွိႏိုင္လိုပါ။

ေပါင္းအိုးတည္လွ်င္ အိုးေဘးမွေရမ်ားကို အဝတ္ျဖင့္ေျခာက္ေအာင္သုတ္ၿပီးမွ အိုးကိုထည့ပါ။ ခလုတ္တက္ေနတာ ကိုဒုတ္နဲ႔ထိုးျပး တခုခုနဲ႔ဖိထားၿပီးမသုံးပါနဲ႔ အရမ္းအႏၲရယ္ႀကီးပါတယ္။ အပူကြိဳင္အလည္က သံလိုက္ခလုတ္အုံ check point လဲရင္ ေကာင္းသြားတယ္။

တည္မဲ့ဆန္နဲလို႔ ဥပမာခလုပ္တက္ရင္ေတာ့ ၁ ဘူးဘဲတည္ရင္အဖုံးအေပၚက တခုခုတင္လိုက္ရင္အဆင္ေျပပါတယ္။ တခါတေလ ဒန္အိုးကသိပ္ၾကာေနၿပီး အလည္ကခြက္ေနရငလည္ းခလတ္နဲ႔အထိုင္မက် fitting မျဖစ္ဘဲ ခလုတ္တက္လရွိပါတယ္။

ဒန္အိုးဖငကို မူလအတိုင္းျပင္ေပးရင္ရပါတယ္။ ဒါကိုမလုပ္ပါနဲ႔ ထမင္းေပါင္းအိုးထဲမွာ တျခားအိုးထဲ့ၿပီး ေရေႏြးက်ိဳျခင္း တျခား fitting မက်တဲ့ အိုးေတြထည့္ၿပီး တည္တာမလုပ္ရပါဘူးဗ်ာ။

ေပါင္းအိုးပ်က္တတ္လို႔ပါ မိတ္ေဆြမ်ား မိမိတိကိုယ္တိုင္ျပဳျပင္ၿပီး အိမ္သုံးစရိတ္ ေခြၽတာႏိုင္ၾကပါေစဗ်ာ။ ျပဳလုပ္ရမယ့္ အဆင့္ေတြကေတာ့- ၁။ အလည္သံလိုက္ခလုတ္အုံ အသစ္တပ္ဆင္ျခင္း။

၂။ powersupply မီးအဝင္ေႂကြေခါင္းတပ္ဆင္။

၃။ မီးအဝင္ေႂကြေခါင္း စံနစ္တက်တပ္ဆင္ျခင္း။

၄။ မီးႀကိဳးမ်ား စံနစ္တက်တပ္ဆင္ၿပီးေနာက္ သာမိုစတက္ေမာင္းတံႏွင့္အလည္ခလုတ္အုံအား စံနစ္တက်ခ်ိတ္ဆက္တပ္ဆင္ေပးျခင္းျဖင့္ ျပန္လည္အသုံးျပဳလို႔ရပါၿပီ။

credit – ကိုတင္ေလးေဇာ္