အဝတ်တွေကိုဖက်ရှင်ကျကျဝတ်ဆင်ပြီး ဓာတ်ပုံများရိုက်ယူကာ တစ်လလျှင် သိန်း ၃၀၀ ဝင်ငွေရရှိနေတဲ့ စမတ်ကျလွန်းတဲ့ ခွေးလေး
Unicode
မထင်မှတ်ဘဲနာမည်ကျော်သွားတဲ့ ခွေးကလေးဟာ ကြော်ငြာကမ်းလှမ်းမှုများစွာကို လက်ခံရရှိခဲ့ပြီး အဆိုပါခွေးက လစဉ်လတိုင်းပင် သူရဲ့ဓာတ်ပုံအလုပ်နဲ့အတူ ဝင်ငွေသိန်း ၃၀၀ ရရှိပါတယ် ။
အဆိုပါခွေးဟာ ချစ်စရာကောင်းတဲ့အပြင် မျက်နှာအမူအရာနဲ့ မရိုးရှင်းတဲ့အမူအယာများစွာရှိတာကြောင့် ခွေးကပုံစံအမျိုးမျိုးဖြင့် ဓာတ်ပုံများစွာ ရိုက်နိုင်ခဲ့ပါတယ်။
တစ်ချိန်ကသူ့ရဲ့ပိုင်ရှင် Dave Fung နဲ့ Yena Kim တို့ ဇနီးမောင်နှံက Bodhi အမည်ရှိ အဆိုပါခွေးအတွက် ဖက်ရှင်ဓာတ်ပုံရိုက်ဖို့ စိတ်ကူးရှိခဲ့ပြီး လူမှုကွန်ရက်တွေမှာ ခွေးရဲ့ပုံကိုတင်တဲ့အခါ လူအများကို အဖျားတက်စေခဲ့ပါတယ် ။
Bodhi ခွေးက အထွတ်အထိပ်ဆွဲဆောင်မှုရှိတာကြောင့် အံဝင်ခွင်ကျဝတ်စုံများ ဝတ်ထားတဲ့အခါ ကြည့်ရှုသူကို အလွန်စိတ်လှုပ်ရှားစေခဲ့ပါတယ်။
ခွေးပိုင်ရှင်က “ လူတိုင်းရဲ့တုံ့ပြန်မှုကိုငါအရမ်းအံ့သြတယ် ပထမဓါတ်ပုံတွေရဲ့နောက်မှာ ငါတို့က Bodhi အတွက် menswear ဝတ်ထားတဲ့ ခွေးပုံတွေကို ဝေမျှဖို့သီးခြား blog တစ်ခုကိုဖန်တီးခဲ့တယ် ။
အရာအားလုံးပေါက်ကွဲခဲ့တယ် မဂ္ဂဇင်းတွေက ငါ့ကိုဆက်သွယ်လာပြီး Bodhi ရဲ့ကိုယ်ပိုင် instagram က နေ့တိုင်း follower ထောင်ချီနဲ့ ပေါက်ကွဲလုနီးနီးဖြစ်နေပါတယ်။ ငါတို့အရမ်းပျော်ပြီးဂုဏ်ယူတယ်။ ” လို့ ဆိုပါတယ် ။
ထိုအချိန်မှစပြီး Dave Fung နဲ့ Yena Kim တို့က သူတို့ရဲ့ အိမ်မွေးခွေးပုံများကို ဓာတ်ပုံရိုက်ရန်အချိန်ပိုကုန်ခဲ့ပြီး အထူးသဖြင့် ခွေးကထိုအရာကို အလွန်စိတ်ဝင်စားတာကြောင့် ခွေးကကွဲပြားခြားနားတဲ့ ဝတ်စုံများစွာဖြင့် တက်ကြွစွာဓာတ်ပုံရိုက်ခဲ့ပါတယ် ။
လူမှုကွန်ရက်များတွင် နာမည်ကျော်ကြားပြီးနောက် ကြောငြာတွေများစွာ လက်ခံရရှိပြီး Bodhi ရဲ့ဝင်ငွေက တစ်လလျှင် VND သန်း ၃၀၀ ခန့် အလွန်မြင့်မားခဲ့ပါတယ် ။
ယခုအချိန်မှာ ခွေးပိုင်ရှင်က ခွေးရဲ့အသက်မွေးဝမ်းကျောင်းတိုးတက်ရေးအတွက် အာရုံစိုက်ရန် သူရဲ့အလုပ်မှထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ သူရရှိတဲ့ဝင်ငွေကို သခင်ကတိရိစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့များသို့ ဆုံးဖြတ်ခဲ့ကြပါတယ် ။
JRose (Mckzone daily)
Reference : bestie
Zaw Gyi
JRose (Mckzone daily)
Reference : bestie