မိန်းမခိုးမည့်ညမှာ ဆက်ဖီဆွဲတတ်လွန်းတဲ့ ညီမသိသွားလို့ နွားဖြစ်မှန်းသိလိုက်ရတဲ့အဖြစ်
Unicode
မိန်းမခိုးမည့်ညမှာ ဆက်ဖီဆွဲတတ်လွန်းတဲ့ ညီမသိသွားလို့ နွားဖြစ်မှန်းသိလိုက်ရတဲ့အဖြစ်။
“ကိုရီးကုပ်ချောင်းချောင်းနဲ့ ဘာလုပ်နေတာလဲ” “ငင် ” လှည့်ကြည့်လိုက်တော့ ကျုပ်ညီမဗျ အိပ်ချင်မူးတူးနဲ့ သူ့အခန်းထဲကထွက်လာတယ်
” နင်ခုထိ မအိပ်သေးဘူးလား ” “အိပ်မက်ထဲမှာ ကိုရီးမိန်းမသွားခိုးမယ်လို့ မက်လို့လန့်နိုးလာတာ ” ” ငါ့နှယ်အဲဒါမက်တာနဲ့ လန့့်နိုးစရာလား ”
” နိုးတာပေါ့ကိုရီးနဲ့ညားပြီး ဘယ်ငတိမကံဆိုးမလဲပဲ စိတ်ပူနေရတာ ” ” ငိမ့် ” မောင်နှမအချင်းချင်းတောင် ကပ်ဖဲ့နေသေးတယ် “ကလေးနေရာ ကလေးနေစမ်းပါဟာ သွားအိပ်တော့ ”
“ဒါနဲ့ ကိုရီးက ဘယ်သွားမှာလဲ” “အဟိမ်း ” (ပီတိသံကြီးနဲ့ ) “မိန်းမသွားခိုးမလို့ ” “ဟယ် ဘယ်သူ့ကိုလဲ ” “ တောင်ပိုင်းကစက်သူဌေးသမီး အေးကြည် ”
“အားလားလား နေဦးဒါဆိုနေဦး ” ကျုပ်ညီမက အံ့ဩတဲ့ အသံကြီးနဲ့ အခန်းထဲပြန်ဝင်သွားပါလေရော ခဏနေတော့ သူ့ဖုန်းကြီးနဲ့ ပြန်ထွက်လာတယ်လေ
“ငင် အာ့ဘာလုပ်ဖို့တုန်း ” “ကိုရီးလူပျိုဖြစ်တဲ့ နောက်ဆုံးအချိန်လေး အမှတ်တရပေါ့ကွာ ” “အွင့်အရေးကြီးနေပါတယ်ဆိုမှ ဒီညီမကတစ်မှောင့်ကဲကွာ ရိုက်ရိုက် ”
ကိုယ်ကလည်းစိတ်မပါဘူး လက်ကလေးနှစ်ချောင်းတောင်ထောင်ပြလိုက်သေးတယ်။
ဒီလိုနဲ့ညီမဖြစ်သူကိုထားခဲ့ပြီး အိမ်ရှေ့ကလှေပေါ် တက်တာပေါ့ရွာမှာဆိုတော့ တောင်ပိုင်းကိုလှေနဲ့သွားရတာကိုး လှေထဲမှာက လှေလှော်မယ့်ငတိက အသင့် ။
” ဟျောင့်မင်းပုံစံက အလွင့်ကြီးပါလားဟ ” “မင်းကလည်းကွာ ငါဘာမှပြင်မထားပါဘူးဟ ” “ပုံထဲမှာ ပြောနေတာဟ ”
“ဘယ္ကပုံလဲ” “ခုလေးမှ မင်းညီမတင်ထားတဲ့ပုံလေ မင်းကိုတောင်တက် လုပ်ထားသေးတယ်။ ပြီးတော့စာတောင် ရေးထားသေးတယ် အေးကြည်မကို အစ်ကိုကြီးသွားမခိုးခင်တဲ့ ”
ငတိပြောတာ မယုံတာနဲ့ခါးကြားထဲက အိုင်ဖုန်း (ကလုန်း) ကြီးဆွဲထုတ်လိုက်တယ်။
ပြီးတော့ လိုင်းဖွင့်ကြည့်တာထိပ်ဆုံးမှာ ငတိမနဲ့ရိုက်လာတဲ့ပုံကြီးကို ပြူးလို့။ အမယ်ဟဟ ရီအက်တောင် ၁၆ ခုရနေပြီ ပြီးတော့ကွန်မန့် တိုင်ပင်လေးဝင်နေတာနဲ့ စောင့်ကြည့်နေလိုက်တယ်။
ငါ့သားလှေကို ဖြေးဖြေးလှော်သွားဦး ပုံမင်းအဖေသာဂွ အမယ် ထိပ်ဆုံးက ကျုပ်အဖေရေးတာဗျ။ အားကိုးရပြီဆိုတော့ လွှတ်ပျော်တာပေါ့ဗျာ မကြာဘူး နောက်ထပ် ကွန်မန့်တစ်ခုဝင်လာတယ်။
ဖိုက်တင်းသားရေ မရရအောင်ခိုး
ပုံ……မင်းအမေ ပူစူးမ
ဒုတိယမြောက်က အမေကိုးဗျ မဆိုးဘူး တစ်အိမ်သားလုံးကကျုပ်မိန်းမရမှာကို အားပေးကြတယ် ဆိုတော့ အားတက်စရာဗျ။
ခဏနေတော့ အဖေနဲ့အမေ ကွန်မန့်တွေကို ဟဟရီအက်ရှင် ပေးပြီး ညီမလေးက ထပ်ရေးတယ်။
~~ကွန်ဂရစ် ကိုရီး
ပုံ…….ကိုရီးတစ်ဦးတည်းသောညီမ နှင်းမြ
ဒီလိုနဲ့ လှေကလည်း အေးကြည်မတို့ အိမ်ကိုလှမ်းမြင်ရတဲ့နား ရောက်လာပါလေရော။
အဲဒီအချိန်ကျမှ ကွန်မန့်တစ်ခု ထပ်ဝင်လာတယ်
~~ ကမ်းစပ်က ဓားနဲ့စောင့်နေတယ်
ပုံ……အေးကြည်မ အစ်ကိုအကြီးဆုံး တာတီး
အောင်မယ်ငီး ကြက်သီးတောင်ထတယ် တာတီးဆိုတဲ့ကောင်က တကယ်လုပ်တာဗျ။ အရပ်ထဲမှာလည်း သူသတ်ခဲ့တဲ့ ဝက်တွေ နည်းတာမဟုတ်ဘူးလေ။
ခဏနေတော့ ကွန်မန့်တစ်ခုထပ်ဝင်လာတယ်
~~~စိတ်မပူနဲ့ငြိမ်းမောင် တာတီးက ငါနဲ့အရက်ဝိုင်းမှာဟ
ပုံ……….မင်းအစ်ကို တစ်ဝမ်းကွဲလှဆောင်
“ဟူးတော်သေးလို့ သူငယ်ချင်းရေ ကိုလှဆောင်ကြီး ကယ်လို့ဟမဟုတ်ရင် တာတီးကမလွယ်ဘူး ” “ငါပါနေတာပဲ ငြိမ်းမောင်ရာ ဘာပူစရာရှိလို့လဲ ”
“ အေးပါကွာ ”
ခဏနေတော့ နောက်ဆုံးကနေပြီး ကွန်မန့်ထပ်ဝင်လာတယ်ဗျ
~~ကိုငြိမ်းမောင် မြန်မြန်လာခဲ့တော့ ဒီမှာဖေဖေတို့နိုးနေပြီလားမသိဘူး
ပုံ……နင့်ချစ်သူ အေးကြည်မ
ချစ်သူလေးကပါ ကွန်မန့်ဝင်ရေးတော့ အားတက်သွားတာပေါ့
” မြန်မြန်လှော်ပါဟ သူငယ်ချင်းရ ”
” လှော်နေတာပဲလေကွာ ဟိုမှာလှမ်းမြင်နေရပြီ ”
ကျုပ်လှမ်းကြည့်တော့ ကမ်းစပ်မှာအေးကြည်မက အဝတ်ထုပ်လေးပိုက်လို့။ ခဏနေတော့ အေးကြည်မကွန်မန့့်ကို သူ့အစ်ကိုငယ်က အန်ဂရီးရီအက်ရှင်ပေးပြီး ရီပလိုင်းပြန်ပါလေရော
~~ငါ့ညီမလာခိုးတဲ့ကောင်ကတော့ ငါ့ဓားစာမိမယ် အေးကြည်မနင်အထဲပြန်ဝင်စမ်း
ပုံ………..အေးကြည်မ အစ်ကိုလေး ဓားငသောင်း “ငိန် ” သေပြီနဲ့တူတယ် လှမ်းကြည့်တော့ ငတိကလည်းအိမ်ထဲကနေတကယ်ကြီးထွက်လာတာဗျ။ ကျုပ်တော့ဒီတစ်သက် မိန်းမမရတော့ဘူးနဲ့ တူပါတယ်။
မကြာဘူး အဲဒီရီပလိုင်းထဲမှာပဲ နောက်ကွန်မန့်တစ်ခု ဝင်လာရောဗျ
~ငသောင်း အိမ်ထဲပြန်ဝင် အေးကြည်မ ဂရုစိုက်ပြီးလိုက်သွား ဟိုကောင်ငြိမ်းမောင် ငါ့သမီးကိုသေသေချာချာစောင့်ရှောက်
ပုံ……….မင်းမတော်ရသေးတဲ့ ယောက္ခထီး စက်သူဌေးဘစိန်
အဲဒီကွန်မန့်ဝင်လာတာနဲ့ လှေကိုချက်ချင်းကမ်းကိုကပ် အေးကြည်မကို လှေပေါ်တင်ပြီး အသေလှော်လစ်တာပေါ့။
အိမ်နဲ့ဝေးလာမှ ယောက္ခမလောင်းကြီးကွန်မန့်ကို လက်ဖ်ရီအက်ရှင်ပေးပြီး ရီပလိုင်းပြန်လိုက်တယ်။
~ဟုတ်ကဲ့ခင်ဗျလို့လေ … ။
ဘလာ.ဘလာ . . ဘလာ . . .ဘလာ. . .
မနက်လင်းတော့ ဘာတွေများရေးထားမလဲလို့ Facebook လေးဖွင့်ကြည့်လိုက်တယ်။
(အေးကြည်မကတော့ အိပ်ကောင်းနေတုန်း ညကပင်ပန်းထားတာကိုး. . . ငိငိ..) အကောင့်စိမ်းတစ်ခုက Commemt လာရေးထားတယ်. “ဟျောင့် မင်းတော့နွားဖြစ်ပီ” တဲ့ သေရောဗျာ. ရယ်မောခြင်းဖြင့် အသက်ရှည်ကြပါစေ။
Credit
Zaw Gyi
မိန္းမခိုးမည့္ညမွာ ဆက္ဖီဆြဲတတ္လြန္းတဲ့ ညီမသိသြားလို႔ ႏြားျဖစ္မွန္းသိလိုက္ရတဲ့အျဖစ္။
“ကိုရီးကုပ္ေခ်ာင္းေခ်ာင္းနဲ႔ ဘာလုပ္ေနတာလဲ” “ငင္ ” လွည့္ၾကည့္လိုက္ေတာ့ က်ဳပ္ညီမဗ် အိပ္ခ်င္မူးတူးနဲ႔ သူ႔အခန္းထဲကထြက္လာတယ္
” နင္ခုထိ မအိပ္ေသးဘူးလား ” “အိပ္မက္ထဲမွာ ကိုရီးမိန္းမသြားခိုးမယ္လို႔ မက္လို႔လန႔္ႏိုးလာတာ ” ” ငါ့ႏွယ္အဲဒါမက္တာနဲ႔ လန႔့္ႏိုးစရာလား ”
” ႏိုးတာေပါ့ကိုရီးနဲ႔ညားၿပီး ဘယ္ငတိမကံဆိုးမလဲပဲ စိတ္ပူေနရတာ ” ” ငိမ့္ ” ေမာင္ႏွမအခ်င္းခ်င္းေတာင္ ကပ္ဖဲ့ေနေသးတယ္ “ကေလးေနရာ ကေလးေနစမ္းပါဟာ သြားအိပ္ေတာ့ ”
“ဒါနဲ႔ ကိုရီးက ဘယ္သြားမွာလဲ” “အဟိမ္း ” (ပီတိသံႀကီးနဲ႔ ) “မိန္းမသြားခိုးမလို႔ ” “ဟယ္ ဘယ္သူ႔ကိုလဲ ” “ ေတာင္ပိုင္းကစက္သူေဌးသမီး ေအးၾကည္ ”
“အားလားလား ေနဦးဒါဆိုေနဦး ” က်ဳပ္ညီမက အံ့ဩတဲ့ အသံႀကီးနဲ႔ အခန္းထဲျပန္ဝင္သြားပါေလေရာ ခဏေနေတာ့ သူ႔ဖုန္းႀကီးနဲ႔ ျပန္ထြက္လာတယ္ေလ
“ငင္ အာ့ဘာလုပ္ဖို႔တုန္း ” “ကိုရီးလူပ်ိဳျဖစ္တဲ့ ေနာက္ဆုံးအခ်ိန္ေလး အမွတ္တရေပါ့ကြာ ” “အြင့္အေရးႀကီးေနပါတယ္ဆိုမွ ဒီညီမကတစ္ေမွာင့္ကဲကြာ ႐ိုက္႐ိုက္ ”
ကိုယ္ကလည္းစိတ္မပါဘူး လက္ကေလးႏွစ္ေခ်ာင္းေတာင္ေထာင္ျပလိုက္ေသးတယ္။
ဒီလိုနဲ႔ညီမျဖစ္သူကိုထားခဲ့ၿပီး အိမ္ေရွ႕ကေလွေပၚ တက္တာေပါ့႐ြာမွာဆိုေတာ့ ေတာင္ပိုင္းကိုေလွနဲ႔သြားရတာကိုး ေလွထဲမွာက ေလွေလွာ္မယ့္ငတိက အသင့္ ။
” ေဟ်ာင့္မင္းပုံစံက အလြင့္ႀကီးပါလားဟ ” “မင္းကလည္းကြာ ငါဘာမွျပင္မထားပါဘူးဟ ” “ပုံထဲမွာ ေျပာေနတာဟ ”
“ဘယၠပုံလဲ” “ခုေလးမွ မင္းညီမတင္ထားတဲ့ပုံေလ မင္းကိုေတာင္တက္ လုပ္ထားေသးတယ္။ ၿပီးေတာ့စာေတာင္ ေရးထားေသးတယ္ ေအးၾကည္မကို အစ္ကိုႀကီးသြားမခိုးခင္တဲ့ ”
ငတိေျပာတာ မယုံတာနဲ႔ခါးၾကားထဲက အိုင္ဖုန္း (ကလုန္း) ႀကီးဆြဲထုတ္လိုက္တယ္။
ၿပီးေတာ့ လိုင္းဖြင့္ၾကည့္တာထိပ္ဆုံးမွာ ငတိမနဲ႔႐ိုက္လာတဲ့ပုံႀကီးကို ျပဴးလို႔။ အမယ္ဟဟ ရီအက္ေတာင္ ၁၆ ခုရေနၿပီ ၿပီးေတာ့ကြန္မန႔္ တိုင္ပင္ေလးဝင္ေနတာနဲ႔ ေစာင့္ၾကည့္ေနလိုက္တယ္။
ငါ့သားေလွကို ေျဖးေျဖးေလွာ္သြားဦး ပုံမင္းအေဖသာဂြ အမယ္ ထိပ္ဆုံးက က်ဳပ္အေဖေရးတာဗ်။ အားကိုးရၿပီဆိုေတာ့ လႊတ္ေပ်ာ္တာေပါ့ဗ်ာ မၾကာဘူး ေနာက္ထပ္ ကြန္မန႔္တစ္ခုဝင္လာတယ္။
ဖိုက္တင္းသားေရ မရရေအာင္ခိုး
ပုံ……မင္းအေမ ပူစူးမ
ဒုတိယေျမာက္က အေမကိုးဗ် မဆိုးဘူး တစ္အိမ္သားလုံးကက်ဳပ္မိန္းမရမွာကို အားေပးၾကတယ္ ဆိုေတာ့ အားတက္စရာဗ်။
ခဏေနေတာ့ အေဖနဲ႔အေမ ကြန္မန႔္ေတြကို ဟဟရီအက္ရွင္ ေပးၿပီး ညီမေလးက ထပ္ေရးတယ္။
~~ကြန္ဂရစ္ ကိုရီး
ပုံ…….ကိုရီးတစ္ဦးတည္းေသာညီမ ႏွင္းျမ
ဒီလိုနဲ႔ ေလွကလည္း ေအးၾကည္မတို႔ အိမ္ကိုလွမ္းျမင္ရတဲ့နား ေရာက္လာပါေလေရာ။
အဲဒီအခ်ိန္က်မွ ကြန္မန႔္တစ္ခု ထပ္ဝင္လာတယ္
~~ ကမ္းစပ္က ဓားနဲ႔ေစာင့္ေနတယ္
ပုံ……ေအးၾကည္မ အစ္ကိုအႀကီးဆုံး တာတီး
ေအာင္မယ္ငီး ၾကက္သီးေတာင္ထတယ္ တာတီးဆိုတဲ့ေကာင္က တကယ္လုပ္တာဗ်။ အရပ္ထဲမွာလည္း သူသတ္ခဲ့တဲ့ ဝက္ေတြ နည္းတာမဟုတ္ဘူးေလ။
ခဏေနေတာ့ ကြန္မန႔္တစ္ခုထပ္ဝင္လာတယ္
~~~စိတ္မပူနဲ႔ၿငိမ္းေမာင္ တာတီးက ငါနဲ႔အရက္ဝိုင္းမွာဟ
ပုံ……….မင္းအစ္ကို တစ္ဝမ္းကြဲလွေဆာင္
“ဟူးေတာ္ေသးလို႔ သူငယ္ခ်င္းေရ ကိုလွေဆာင္ႀကီး ကယ္လို႔ဟမဟုတ္ရင္ တာတီးကမလြယ္ဘူး ” “ငါပါေနတာပဲ ၿငိမ္းေမာင္ရာ ဘာပူစရာရွိလို႔လဲ ”
“ ေအးပါကြာ ”
ခဏေနေတာ့ ေနာက္ဆုံးကေနၿပီး ကြန္မန႔္ထပ္ဝင္လာတယ္ဗ်
~~ကိုၿငိမ္းေမာင္ ျမန္ျမန္လာခဲ့ေတာ့ ဒီမွာေဖေဖတို႔ႏိုးေနၿပီလားမသိဘူး
ပုံ……နင့္ခ်စ္သူ ေအးၾကည္မ
ခ်စ္သူေလးကပါ ကြန္မန႔္ဝင္ေရးေတာ့ အားတက္သြားတာေပါ့
” ျမန္ျမန္ေလွာ္ပါဟ သူငယ္ခ်င္းရ ”
” ေလွာ္ေနတာပဲေလကြာ ဟိုမွာလွမ္းျမင္ေနရၿပီ ”
က်ဳပ္လွမ္းၾကည့္ေတာ့ ကမ္းစပ္မွာေအးၾကည္မက အဝတ္ထုပ္ေလးပိုက္လို႔။ ခဏေနေတာ့ ေအးၾကည္မကြန္မန႔့္ကို သူ႔အစ္ကိုငယ္က အန္ဂရီးရီအက္ရွင္ေပးၿပီး ရီပလိုင္းျပန္ပါေလေရာ
~~ငါ့ညီမလာခိုးတဲ့ေကာင္ကေတာ့ ငါ့ဓားစာမိမယ္ ေအးၾကည္မနင္အထဲျပန္ဝင္စမ္း
ပုံ………..ေအးၾကည္မ အစ္ကိုေလး ဓားငေသာင္း “ငိန္ ” ေသၿပီနဲ႔တူတယ္ လွမ္းၾကည့္ေတာ့ ငတိကလည္းအိမ္ထဲကေနတကယ္ႀကီးထြက္လာတာဗ်။ က်ဳပ္ေတာ့ဒီတစ္သက္ မိန္းမမရေတာ့ဘူးနဲ႔ တူပါတယ္။
မၾကာဘူး အဲဒီရီပလိုင္းထဲမွာပဲ ေနာက္ကြန္မန႔္တစ္ခု ဝင္လာေရာဗ်
~ငေသာင္း အိမ္ထဲျပန္ဝင္ ေအးၾကည္မ ဂ႐ုစိုက္ၿပီးလိုက္သြား ဟိုေကာင္ၿငိမ္းေမာင္ ငါ့သမီးကိုေသေသခ်ာခ်ာေစာင့္ေရွာက္
ပုံ……….မင္းမေတာ္ရေသးတဲ့ ေယာကၡထီး စက္သူေဌးဘစိန္
အဲဒီကြန္မန႔္ဝင္လာတာနဲ႔ ေလွကိုခ်က္ခ်င္းကမ္းကိုကပ္ ေအးၾကည္မကို ေလွေပၚတင္ၿပီး အေသေလွာ္လစ္တာေပါ့။
အိမ္နဲ႔ေဝးလာမွ ေယာကၡမေလာင္းႀကီးကြန္မန႔္ကို လက္ဖ္ရီအက္ရွင္ေပးၿပီး ရီပလိုင္းျပန္လိုက္တယ္။
~ဟုတ္ကဲ့ခင္ဗ်လို႔ေလ … ။
ဘလာ.ဘလာ . . ဘလာ . . .ဘလာ. . .
မနက္လင္းေတာ့ ဘာေတြမ်ားေရးထားမလဲလို႔ Facebook ေလးဖြင့္ၾကည့္လိုက္တယ္။
(ေအးၾကည္မကေတာ့ အိပ္ေကာင္းေနတုန္း ညကပင္ပန္းထားတာကိုး. . . ငိငိ..) အေကာင့္စိမ္းတစ္ခုက Commemt လာေရးထားတယ္. “ေဟ်ာင့္ မင္းေတာ့ႏြားျဖစ္ပီ” တဲ့ ေသေရာဗ်ာ. ရယ္ေမာျခင္းျဖင့္ အသက္ရွည္ၾကပါေစ။
Credit