ကလေးတွေ အစားစားချင်စိတ်ဖြစ်အောင် ဂျပန်လူမျိူးတွေ အသုံးပြုတဲ့ နည်းလမ်း (၅) မျိုး

Unicode

မိဘတွေအတွက် ကလေးတွေကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာကို စားခိုင်းဖို့ဆိုတာမလွယ်ပါဘူး။ ကလေးက အချိုအချဉ်တွေပဲ ကြိုက်တတ်တာမို့ ကိုယ်ခံအားကောင်းတဲ့ အစားအစာတွေ၊

ခန္ဓာကိုယ်ဖွံ့ဖြိုးတဲ့အစားအစာတွေ ကျွေးရင် မစားချင်ကြပါဘူး။ ဒီလိုအစားအစာတွေက ခါးတဲ့အပြင် ရုပ်အဆင်းလဲမလှ ကလေးတိုင်းကလည်း မကြိုက်ကြပါဘူး။

ထူးခြားတာတစ်ခုက ဂျပန်ကကလေးတွေကတော့ ဂျီးမများ တတ်ကြတဲ့အပြင် ထမင်းစားပွဲဝိုင်းတွေမှာလည်း ညစ်ပတ်အောင် မလုပ်ကြပါဘူး။ ဒါကြောင့် ဂျပန်လူမျိုးတွေက သူတို့ရဲ့ကလေးတွေကို ဘယ်လိုထိန်းကျောင်းလဲဆိုတာကို ဒီနေ့မှာပြောပြပေးသွားပါမယ်နော်။

၁။ အရသာအသစ်အဆန်းတွေကို အမြဲတမ်းစားခိုင်းတယ်။

ကလေးလေးတွေဟာ အစားအစာတစ်ခုတည်းကို အမြဲတမ်း ကျွေးနေရင် ငြီးငွေ့လာပြီးနောက်ပိုင်း ဒီအရာကိုမစားချင်တော့ပါဘူး။ ကလေးတစ်ယောက်ဟာ အစားအစာအသစ်တွေကို အမြဲတမ်းစားနေရမယ်လို့ ဂျပန်လူမျိုးမိဘတွေက ခံယူထားကြပါတယ်။

ကျွမ်းကျင်သူတွေရဲ့ အဆိုအရကတော့ ကလေးတွေ ငယ်စဉ်ကတည်းက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို စားခိုင်းရင် ကြီးလာရင်လည်း အစားအသောက်ဂျီးမများဘဲ ကျန်းမာသန်စွမ်းတယ်လို့ပြောပါတယ်။

ကလေးတွေကို အရသာအသစ်မြည်းစမ်းခိုင်းတိုင်း အတွေ့အကြုံအသစ်တွေရပြီးတော့ အစားအသောက်တွေကိုလည်း ပိုမိုစိတ်ဝင်စားစေလာပါလိမ့်မယ်။

၂။ ကလေးစားချင်တာကိုပဲကျွေးပါ။

ကလေးတွေ အစာစားချင်စိတ်ပျောက်တဲ့ အရာတစ်ခုကလည်း သူတို့မစားချင်တာတွေကို ခဏခဏကျွေးနေတာကြောင့်လည်း ဖြစ်ပါတယ်။ ဒါကြောင့်ကလေးကို သူဘာတွေစားချင်လဲမေးပါ။

တကယ်လို့သူစားချင်တဲ့အရာက မကောင်းဘူးဆိုရင်လည်း ဘာကြောင့်မကောင်းဘူးဆိုတဲ့အချက်ကို သေချာရှင်းပြပါ။ ဒီလို လုပ်ခြင်းဟာ မိဘနဲ့ကလေးကြား ဘယ်အစားအသောက်တွေက မသင့်တော်ဘူးလဲဆိုတာကို ပိုသိလာစေပါတယ်။

၃။ ပန်းကန်ပြားသေးသေးလှလှလေးတွေနဲ့ ကျွေးပါ။

ပန်းကန်ပြား သေးသေးလေးတွေနဲ့ ကလေးတွေကို ကျွေးသင့်တယ်ဆိုတဲ့အချက်ကတော့ ရိုးရှင်းပါတယ်။ သူတို့ကို ပန်းကန်ပြားအကြီးနဲ့ကျွေးတဲ့အခါ အစားအစာတွေက များလွန်းတယ် မကုန်နိုင်ဘူးလို့ တွေးတတ်လာကြပါတယ်။

တကယ်လို့ ပန်းကန်ပြားသေးသေး လှလှလေးတွေနဲ့ကျွေးရင်တော့ ဒီလောက်လေးကတော့ ငါစားလို့ကုန်တယ်ဆိုပြီး ကုန်အောင်စားမယ့်အပြင် နောက်ထပ်ပါထပ်တောင်းဦးမှာပါ။

အကြောင်းရင်းကတော့ လူကြီးတွေအတွက် ပန်းကန်ဆိုတာကတော့ ပုံမှန်ဖြစ်နေပေမယ့် ကလေးတွေအတွက် အရမ်းကြီးနေတဲ့အရွယ် ဖြစ်နေတာကြောင့်ပါ။

၄။ မိသားစုနဲ့ထမင်းဝိုင်းစားပါ။

ဂျပန်မိဘတွေဟာ အစားအသောက်ပိုင်းနဲ့ပတ်သက်ရင် စည်းကမ်းကြီးသလို သူတို့သားသမီးတွေကိုလည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာကိုပဲ ရွေးချယ်တတ်အောင် သင်ကြားပေးပါတယ်။

ထမင်းဟင်းချက်တဲ့အခါမှာလည်း အတူတူချက်ကြပြီးတော့ စားသောက်ရင်လည်း တူတူထိုင်စားကြပါတယ်။

ဒီလိုလုပ်ခြင်းက အစားအစာရဲ့တန်ဖိုးကို နားလည်စေတဲ့အပြင် သူတို့ကြိုက်တာမကြိုက်တာကိုလည်း ရွေးချယ်ခွင့်ရစေပါတယ်။ ကလေးကိုလည်း ဘယ်အစားအစာက ပိုစားကောင်းတယ်၊ ဘယ်အစားအစာက ကျန်းမာရေးနဲ့ညီညွတ်တယ် ဆိုတာကိုလည်း သိစေပါတယ်။

၅။ လေ့ကျင့်ခန်းများများလုပ်ခိုင်းပါ

ဂျပန်လူမျိုးတွေက စက်ဘီးစီးတာတွေ၊ တောင်တက်တာတွေ စတဲ့ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေကို အရမ်းကြိုက်ကြပါတယ်။ ပြီးတော့ကလေးတွေကိုလည်း ပြေးတာတွေ၊ ခုန်တာတွေ လုပ်ဖို့ အားပေးပါတယ်။

ဘာလို့လဲဆိုတော့ အစားအစာတွေကို စားချင်စိတ်ပေါက်အောင်လုပ်ဖို့အတွက် လေ့ကျင့်ခန်းတွေရဲ့ အရေးပါပုံကိုသိလို့ပါပဲ။

ကလေးတွေကို အိမ်ထဲမှာဂိမ်းကစားခိုင်းတာထက် မိဘတွေနဲ့လမ်းလျှောက်ထွက်တာတွေ၊ ပတ်ဝန်းကျင်ကကလေးတွေနဲ့ ဆော့တာတွေက ပိုကောင်းတယ် လို့တောင် သတ်မှတ်ထားကြပါတယ်။

မူရင်းရေးသူကို လေးစားစွာ credit ပေးပါသည်။

Photo ; Google

Zaw Gyi

မိဘေတြအတြက္ ကေလးေတြကို က်န္းမာေရးနဲ႔ညီၫြတ္တဲ့ အစားအစာကို စားခိုင္းဖို႔ဆိုတာမလြယ္ပါဘူး။ ကေလးက အခ်ိဳအခ်ဥ္ေတြပဲ ႀကိဳက္တတ္တာမို႔ ကိုယ္ခံအားေကာင္းတဲ့ အစားအစာေတြ၊

ခႏၶာကိုယ္ဖြံ႕ၿဖိဳးတဲ့အစားအစာေတြ ေကြၽးရင္ မစားခ်င္ၾကပါဘူး။ ဒီလိုအစားအစာေတြက ခါးတဲ့အျပင္ ႐ုပ္အဆင္းလဲမလွ ကေလးတိုင္းကလည္း မႀကိဳက္ၾကပါဘူး။

ထူးျခားတာတစ္ခုက ဂ်ပန္ကကေလးေတြကေတာ့ ဂ်ီးမမ်ား တတ္ၾကတဲ့အျပင္ ထမင္းစားပြဲဝိုင္းေတြမွာလည္း ညစ္ပတ္ေအာင္ မလုပ္ၾကပါဘူး။ ဒါေၾကာင့္ ဂ်ပန္လူမ်ိဳးေတြက သူတို႔ရဲ႕ကေလးေတြကို ဘယ္လိုထိန္းေက်ာင္းလဲဆိုတာကို ဒီေန႔မွာေျပာျပေပးသြားပါမယ္ေနာ္။

၁။ အရသာအသစ္အဆန္းေတြကို အၿမဲတမ္းစားခိုင္းတယ္။

ကေလးေလးေတြဟာ အစားအစာတစ္ခုတည္းကို အၿမဲတမ္း ေကြၽးေနရင္ ၿငီးေငြ႕လာၿပီးေနာက္ပိုင္း ဒီအရာကိုမစားခ်င္ေတာ့ပါဘူး။ ကေလးတစ္ေယာက္ဟာ အစားအစာအသစ္ေတြကို အၿမဲတမ္းစားေနရမယ္လို႔ ဂ်ပန္လူမ်ိဳးမိဘေတြက ခံယူထားၾကပါတယ္။

ကြၽမ္းက်င္သူေတြရဲ႕ အဆိုအရကေတာ့ ကေလးေတြ ငယ္စဥ္ကတည္းက က်န္းမာေရးနဲ႔ညီၫြတ္တဲ့ အစားအေသာက္ေတြကို စားခိုင္းရင္ ႀကီးလာရင္လည္း အစားအေသာက္ဂ်ီးမမ်ားဘဲ က်န္းမာသန္စြမ္းတယ္လို႔ေျပာပါတယ္။

ကေလးေတြကို အရသာအသစ္ျမည္းစမ္းခိုင္းတိုင္း အေတြ႕အႀကဳံအသစ္ေတြရၿပီးေတာ့ အစားအေသာက္ေတြကိုလည္း ပိုမိုစိတ္ဝင္စားေစလာပါလိမ့္မယ္။

၂။ ကေလးစားခ်င္တာကိုပဲေကြၽးပါ။

ကေလးေတြ အစာစားခ်င္စိတ္ေပ်ာက္တဲ့ အရာတစ္ခုကလည္း သူတို႔မစားခ်င္တာေတြကို ခဏခဏေကြၽးေနတာေၾကာင့္လည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ကေလးကို သူဘာေတြစားခ်င္လဲေမးပါ။

တကယ္လို႔သူစားခ်င္တဲ့အရာက မေကာင္းဘူးဆိုရင္လည္း ဘာေၾကာင့္မေကာင္းဘူးဆိုတဲ့အခ်က္ကို ေသခ်ာရွင္းျပပါ။ ဒီလို လုပ္ျခင္းဟာ မိဘနဲ႔ကေလးၾကား ဘယ္အစားအေသာက္ေတြက မသင့္ေတာ္ဘူးလဲဆိုတာကို ပိုသိလာေစပါတယ္။

၃။ ပန္းကန္ျပားေသးေသးလွလွေလးေတြနဲ႔ ေကြၽးပါ။

ပန္းကန္ျပား ေသးေသးေလးေတြနဲ႔ ကေလးေတြကို ေကြၽးသင့္တယ္ဆိုတဲ့အခ်က္ကေတာ့ ႐ိုးရွင္းပါတယ္။ သူတို႔ကို ပန္းကန္ျပားအႀကီးနဲ႔ေကြၽးတဲ့အခါ အစားအစာေတြက မ်ားလြန္းတယ္ မကုန္ႏိုင္ဘူးလို႔ ေတြးတတ္လာၾကပါတယ္။

တကယ္လို႔ ပန္းကန္ျပားေသးေသး လွလွေလးေတြနဲ႔ေကြၽးရင္ေတာ့ ဒီေလာက္ေလးကေတာ့ ငါစားလို႔ကုန္တယ္ဆိုၿပီး ကုန္ေအာင္စားမယ့္အျပင္ ေနာက္ထပ္ပါထပ္ေတာင္းဦးမွာပါ။

အေၾကာင္းရင္းကေတာ့ လူႀကီးေတြအတြက္ ပန္းကန္ဆိုတာကေတာ့ ပုံမွန္ျဖစ္ေနေပမယ့္ ကေလးေတြအတြက္ အရမ္းႀကီးေနတဲ့အ႐ြယ္ ျဖစ္ေနတာေၾကာင့္ပါ။

၄။ မိသားစုနဲ႔ထမင္းဝိုင္းစားပါ။

ဂ်ပန္မိဘေတြဟာ အစားအေသာက္ပိုင္းနဲ႔ပတ္သက္ရင္ စည္းကမ္းႀကီးသလို သူတို႔သားသမီးေတြကိုလည္း က်န္းမာေရးနဲ႔ညီၫြတ္တဲ့ အစားအစာကိုပဲ ေ႐ြးခ်ယ္တတ္ေအာင္ သင္ၾကားေပးပါတယ္။

ထမင္းဟင္းခ်က္တဲ့အခါမွာလည္း အတူတူခ်က္ၾကၿပီးေတာ့ စားေသာက္ရင္လည္း တူတူထိုင္စားၾကပါတယ္။

ဒီလိုလုပ္ျခင္းက အစားအစာရဲ႕တန္ဖိုးကို နားလည္ေစတဲ့အျပင္ သူတို႔ႀကိဳက္တာမႀကိဳက္တာကိုလည္း ေ႐ြးခ်ယ္ခြင့္ရေစပါတယ္။ ကေလးကိုလည္း ဘယ္အစားအစာက ပိုစားေကာင္းတယ္၊ ဘယ္အစားအစာက က်န္းမာေရးနဲ႔ညီၫြတ္တယ္ ဆိုတာကိုလည္း သိေစပါတယ္။

၅။ ေလ့က်င့္ခန္းမ်ားမ်ားလုပ္ခိုင္းပါ

ဂ်ပန္လူမ်ိဳးေတြက စက္ဘီးစီးတာေတြ၊ ေတာင္တက္တာေတြ စတဲ့ကိုယ္လက္လႈပ္ရွား ေလ့က်င့္ခန္းေတြကို အရမ္းႀကိဳက္ၾကပါတယ္။ ၿပီးေတာ့ကေလးေတြကိုလည္း ေျပးတာေတြ၊ ခုန္တာေတြ လုပ္ဖို႔ အားေပးပါတယ္။

ဘာလို႔လဲဆိုေတာ့ အစားအစာေတြကို စားခ်င္စိတ္ေပါက္ေအာင္လုပ္ဖို႔အတြက္ ေလ့က်င့္ခန္းေတြရဲ႕ အေရးပါပုံကိုသိလို႔ပါပဲ။

ကေလးေတြကို အိမ္ထဲမွာဂိမ္းကစားခိုင္းတာထက္ မိဘေတြနဲ႔လမ္းေလွ်ာက္ထြက္တာေတြ၊ ပတ္ဝန္းက်င္ကကေလးေတြနဲ႔ ေဆာ့တာေတြက ပိုေကာင္းတယ္ လို႔ေတာင္ သတ္မွတ္ထားၾကပါတယ္။

မူရင္းေရးသူကို ေလးစားစြာ credit ေပးပါသည္။

Photo ; Google